ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

ပြန်ကြားရေးဒုဝန်ကြီးကိုယ်စားလှယ်အဖွဲ့အား ဒီမိုကရက်တစ်မြန်မာအသံမှ ဖိတ်ခေါ်




From : နော်စေးဖောဝါး
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့ သည် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှဖိတ်ကြားချက် အရ ဇွန်လ ၁၁ ရက်မှ ၁၉ ရက်နေ့အတွင်း စကင်ဒီနေးဗီးယားနိုင်ငံများသို့ မီဒီယာနှင့် ဆက်စပ်လုပ်ငန်းများ လေ့လာရန် သွားရောက်နေကြကြောင်း DVB နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပူးတွဲ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
လေ့လာရေး သွားရောက်သော ဒုဝန်ကြီးနှင့်အဖွဲ့တွင် MRTV-4ချယ်နယ်အကြီးအကဲ ဦးဝင်းမော် အပါအ၀င် စကိုင်းနက်ရုပ်သံလိုင်း များ ထုတ်လွှင့်နေသော ရွှေသံလွင်မီဒီယာ၊ မြန်မာ့ ရုပ်သံနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိများ လိုက်ပါသွားသည်။
ခရီးစဉ်အတွင်း မီဒီယာနှင့် ပတ်သက်သော ကျင့်ဝတ်များ၊ ဥပဒေ၊ လိုင်စင်နှင့် ဒီမိုကရေစီ အဖွဲ့အစည်းတွင် ကျင့်သုံး နေသည့် စာနယ်ဇင်း ကောင်စီများ၊ ဂျာနယ်လစ် သမဂ္ဂများ စသည်တို့ကို လေ့လာသွားမည်သည်။
ထိုခရီးစဉ်တွင် နိုင်ငံရေးသမားများ၊ ပါလီမန် အမတ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အစိုးရ အပြောင်း အလဲ ဖြစ်ပေါ်ပြီးနောက် နိုင်ငံရေး ပြန်လည်ပွင့်လန်းလာချိန်တွင် ဒီမိုက ရက်တစ်မြန်မာ့အသံမှ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လိုသောကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်များအနေဖြင့်လည်း ယခုခရီးစဉ်မှာ ၎င်းတို့အတွက် ရလဒ်ကောင်းများ ရနိုင်မည်ဟု ယုံကြည်ထားကြသည်။
ဒီမိုကရက်တစ်မြန်မာ့အသံမှာ နော်ဝေနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာ နိုင်ငံအတွက် အသံလွှင့်လုပ်ငန်းလုပ် ကိုင်နေသည်မှာ ဆယ်စုနှစ်စုခန့်ရှိနေပြီ ဖြစ်သည်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း ပြည်တွင်းမှ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ပအခြေစိုက် DVB တို့ မီဒီယာဆိုင်ရာ အပြန်အလှန်ဖိတ်ခေါ် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည်မှာ ပထမဦး ဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment