ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, June 01, 2012

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍တိုင်ကြားပါက စုံစမ်းဖော်ထုတ်အရေးယူမည်



From : မြန်မာတိုင်းမ်


အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ လိပ်မူတိုင်ကြားပါက အရေးယူ စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုး ဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက ပြောသည်။
" corruption နဲ့ပတ်သက်ပြီး ပြည်သူ တစ်ယောက်က ကျွန်တော်တို့ဌာနကို တိုင်ကြားရင် အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ လိပ်စာ အနေနဲ့ "သို့ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ နေပြည်တော်" ဆိုရင် ရပါတယ်။

ပျက်စီးတာဝါတိုင်များ ပြုပြင်ပြီးစီးရန် အနည်းငယ်သာကျန်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့် ပြန်ပေးနိုင်တော့မည်



From : ခေတ်လူငယ်


မေ ၁၈ ရက်နှင့် ၁၉ ရက်များက ဖောက်ခွဲဖျက်ဆီသူများကြောင့် ပျက်စီးသွားရသော ရွှေလီ-မန်စံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈ တို့မှာ မေလကုန် ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

Y-talk calling စနစ်ကို အင်တာနက်ဆိုင် အများစုမှာ အသုံးပြုလာ



From : MRTV4


လက်ရှိ အင်တာနက် ဆိုင်တွေ အများစုမှာ့ Y-talk calling စနစ်တွေ အသုံးပြုမှု ရှိလာတယ်လို့ VMG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ
သိရပါတယ်။ ယခင်က P-Fingo ကို အသုံးပြုကြ ပေမယ့် မေလမှ စတင်ကာ Y-talk ခေါ်ဆိုခတွေ လျော့ချပြီး နောက်ပိုင်း မှာတော့ အင်တာနက်ဆိုင် အများစုမှာ ယခင်ကထက် အသုံးပြုမှုတွေ ပိုများ လာတယ်လို့ သိရပါတယ်။

KIA ထောင်ထားသောမိုင်းကို နင်းမိသောကားအား KIA မှ မိုင်းဖိုးငွေပြန်တောင်း



From : ကိုစိုးကြည်


မေ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီ လောက်မှာ ပူတာအိုမှ မြစ်ကြီးနား သို့လာတဲ့ ကုန်တင်ယာဉ် ၂စီးဟာ က၀ပန်ရွာ နားမှာ KIA ထောင်ထားသော မိုင်းတစ်လုံးစီနင်းမိပြီး ယာဉ်၏ တာယာတွေပွင့်ထွက်သွားပေမယ့် လူကတော့ထိခိုက်မှုမရှိခဲ့ပါဘူး။

ထက်ထက်မိုးဦးထက် ဆိုးတဲ့ ဂျက်စတင် ဘီဘာ


From : Planet

ဓာတ်ပုံဆရာတစ်ဦးအား ဂျက်စတင်ဘီဘာ ထိုးကြိတ်တိုက်ခိုက်ခဲ့လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့သည် ဂျက်စတင်ဘီဘာနှင့် ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် ဘီဘာထံမှ ဖြေရှင်းချက်ကို စောင့်မျှော်နေကြောင်း သိရှိရသည်။ 911ကို ဖုန်းခေါ်တိုင်ကြားမှု တစ်ခုအရ ဘီဘာသည် ဓာတ်ပုံဆရာ တစ်ဦးကို ထိုးကြိတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသည်။ ဘီဘာသည် မိမိ၏ မျက်နှာနှင့် ရင်ဘတ်တို့အား ထိုးကြိတ်ခဲ့ကြောင်း တိုင်ကြားသူက ဆိုသည်။ ဘီဘာသည် ထိုအချိန်တွင် ချစ်သူ ဆယ်လီနာ ဂိုမက်ဇ်နှင့်အတူ ရှိနေပြီး ထွက်ပေါ်နေသည့် သတင်းဓာတ်ပုံများအရ အလွန် စိတ်ဆိုးနေဟန် ရှိသည်ကို တွေ့ရသည်။ သို့သော် ဘီဘာသည် အဆိုပါ အခြေအနေ အားလုံးကို ရဲတပ်ဖွဲ့ထံ မည်သို့မျှ ဖြေရှင်းထားမှု မရှိသေးပေ။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဂျာမန်လွှတ်တော်ဒုတိယဥက္ကဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဂျာမနီနိုင်ငံ ဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အော်တိုစွမ်လ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မနေ့က နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

မြန်မာမိန်းကလေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ မုဒိမ်းကျင့်ကာ ဓားဖြင့်ထိုးသတ်မှုအား ထူးချွန်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ညတွင်းခြင်း တရားခံများဖမ်းဆီးခဲ့


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ထူးချွန်ပြောင်မြောက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ညတွင်းချင်း ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၃)



From : ရဲထွဋ်လုပ်ပိုင်ခွင့်

စာနယ်ဇင်းကောင်စီဖွဲ့စည်းပြီးသည်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရသကဲ့သို့ စာနယ်ဇင်းအချင်းချင်းအငြင်းပွားမှုများ၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်နှင့် မကိုက်ညီသော ရေးသားမှုများ၊ အပြုအမူများအပေါ် စာဖတ်ပရိသတ်က ကန့်ကွက်တိုင်ကြားမှုများကို ဖြေရှင်းပေးရတော့မည်ဖြစ်သည်။