ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 19, 2012

ရန်ကုန်မြို့တော် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် ကြိုးပမ်း



ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်ရင်းနှီး

ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်းအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်၊ ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူကာ TRANSPORTATION PLAN များ ရေးဆွဲဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများ ရှိနေ




ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တံတားစီမံကိန်းများမှာ (၁)ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးသို့ ဆက်သွယ်သွားလာနိုင်မည့် ရန်ကုန်မြစ်ဖြတ်တံတား၊ (၂) ကြည့်မြင်တိုင်နှင့် တစ်ဖက်ကမ်းရှိ အေးရွာသို့

နီပေါ အမျိုးသမီးများရဲ့ လူ့အခွင့်အရေး တိုက်ပွဲ


နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အကြားမှာ တည်ရှိတဲ့နိုင်ငံငယ် လေးတခုပါ။ ၁၈ ရာစုမှာ စစ်ဘုရင်နရယန်ရှာက အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံငယ်လေးတွေ ကို စုစည်းပြီး နီပေါနိုင်ငံကို ထူထောင် ခဲ့ပါတယ်။ (၁၈၄၇) မှာ မြေရှင် ရာနာစ့်က ဘုရင်ဆီက အာဏာ သိမ်းယူပြီး နီပေါကို အုပ်ချုပ်ခဲ့ပါတယ်။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရာနာစ့် မျိုးနွယ်စု အဆက်ဆက်ကပဲ ဘုရင်အဖြစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြပါတယ်။ (၁၉၅၁) ကျတော့ ပြည်သူလူထုက ဘုရင်ကို ပုန်ကန်တော်လှန် ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို ဘုရင်က လက်ခံလိုက်ရပြီး (၁၉၅၉) ခုမှာ အထွေထွေ ရွေးကောက်ပွဲ ထွက်ပေါ် လာပါတယ်။ နီပေါပြည်သူလူထုဟာ ပထမဆုံး အနေနဲ့ နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရကို ရွေးချယ်ခွင့်ရခဲ့ကြတယ်။
ဒါပေမယ့်လဲ နိုင်ငံရေး တိုးတက်မှု အရှိန်က အချိန်မကြာလိုက်ပါဘူး။ နှစ်နှစ်အတွင်းမှာပဲ

မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်


မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း Look East Organization (Myanmar) မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြား သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် မန္တလေးမြို့ရှိ 78 Shopping Mall တတိယထပ်ရှိ Promotion Area တွင် တစ်ရက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကျင်းပမယ့် အလုပ်အကိုင်ပြပွဲမှာ ရန်ကုန်က ကုမ္ပဏီတွေလည်း ပါမယ်။ မန္တလေးမှာကျတော့ ကမ္ပဏီလုပ်ငန်း

ဝန်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစု တွေ့ ဆုံဆွေးနွေး


မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ မှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ က ၀ါရှင်တန်ဒီစီ ရှိ မြန်မာမိသားစုများနဲ့ တွေ့ ဆုံခဲ့ပါတယ်။
ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။
မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊

ဒီမိုကရေစီပြောင်းလဲရေး တပ်မတော်ပါသရွေ့ နောက်ကြောင်းပြန်မလှည့်နိုင်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။
အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ

မိုဘိုင်းဖုန်း အသုံးပြုရာတွင် အနည်းဆုံး အနေဖြင့် 3G ကွန်ရက်ကို သုံးနိုင်ရန် ဆောင်ရွက်မည်



ပြည်တွင်း၌ မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် အနည်းဆုံးအားဖြင့် 3G ကွန်ရက်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ 3G ကွန်ရက်အဖြစ် Voice နှင့် Data တစ်ပါတည်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုရာတွင် မြို့ပြဒေသတွင် မကဘဲ ကျေးလက်ဒေသများတွင်ပါ အသုံးပြုနိုင်မည် ဖြစ်ကြောင်း

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး


ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ် လို့ နိုင်ငံတကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက် ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်း

မျိုးစပါးနှင့် အကူအညီ အချိန်မီမရောက်သဖြင့် လယ်ပြန်မစိုက်နိုင်



ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်းတွေကို ပြန် စိုက်ပျိုးဖို့ မျိုးစပါးနဲ့ အကူညီတွေ အချိန်မီ မရောက်တဲ့အတွက် လယ်သမားတွေ အခက်အခဲဖြစ်နေကြ ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ကို သွားရောက်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်း ပြန် စိုက်နိုင်ရေး မျိုးစပါး တင်း ၈ သောင်းကျော်ကို တိုင်းအစိုးရအဖွဲ့ဆီကို ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့် မျိုးစပါး အချိန်မီမရောက်တဲ့အတွက်