ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 23, 2012

ခုနစ်လအတွင်း (၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ် ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ မော်ဒယ်မြင့် ကားသစ်တစ်စီး ထပ်မံခိုးယူခံရ



ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အတွင်း(၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ်ကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မော်ဒယ်မြင့်ကား သစ်တစ်စီး ထပ်မံခိုးယူခံရခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်များအနက် သုံးမှုကို ဖော်ထုတ်အရေးယူခဲ့ပြီး ကျန်အမှုများကို စစ်ဆေးစုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်



Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ

သမ္မတကြီးရဲ့ပုံ တွေကို မဖွယ်မရာ လုပ်ထားပြီး ဓါးကိုင် ကြိမ်းဝါးနေတဲ့ ယုတ်မာရိုင်းစိုင်ကြသော ဘင်္ဂလီများ (AP Photo/Adel Hana) AP
googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ UNHCR မဟာမင်းကြီးနဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန်တိုက် ခိုက်နေကြတဲ့ သတင်းတွေ၊ သမ္မတကြီးရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ နိုင်ငံတော်အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့ သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။

ချင်းဝိသေသတိုင်း ဥပဒေ ပြင်ဆင်ရန် ဆွေးနွေး

၁၉၄၇ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ ၌ ကျင်းပသော ယင်းဆွေးနွေးပွဲတွင် အခြားသော ဥပဒေ ဆိုင်ရာများ ကိုလည်း ဆွေးနွေးကြောင်း၊ ဥပဒေများကို ခေတ်ကာလနှင့် ကျင့်သုံးနိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် လွှတ် တော် ဥက္ကဌ ဦးဟောက်ခင်ခမ်း နှင့် မြို့နယ်အလိုက် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာ က ဖော်ပြသည်။

သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး

ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။

သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ်နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2)

မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုး


ယနေ့ ဇွန်လိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်နိုင်ငံ အစိုးရအိမ်တော်တွင် ပြုလုပ်တဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် တို့အား Yingluck Shinawatra facebook မှာတွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို သမိုင်းအမှန်တွေနဲ့ပဲ သမိုင်းတွင်စေလို

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့ကိုပေးပို့ထားတဲ့မေးလ်လို့ ဆိုပါတယ်။ မြန်မာ့ သားကောင်းကိုလဲ ပေးပို့လာတဲ့ အတွက် ဖေါ်ပြလိုက်ပါသည်။ ပေးပို့လာသူရဲ့ အာဘော် ဖြစ်ပါတယ်။
သမိုင်းသုတေသီတစ်ဦး။
နိုင်ငံတကာကို ကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ ပြည်သူ တွေ ချစ်ခင် လေးစားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ သမိုင်း  မှတ်တမ်းတွေကို ရုပ်ရှင်၊ ဗွီဒီယိုတွေ ရိုက်ကူးပြီး မှတ်တမ်းတင် ဂုဏ်ပြုကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ပြည်သူတွေ လေးစား ချစ်ခင်ရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်း သမိုင်း ရုပ်ရှင်ရိုက်ကူးမယ်လို့ ကြားသိ လိုက်ရတော့ နိုင်ငံ့ သမိုင်းကို ပေါ်လွင် ထင်ဟပ်စေမဲ့ ဇာတ်ကား ဖြစ်တာကြောင့် အလွန်ပဲ အရေးပါတာကို သိလိုက် ရပါတယ်။
ပီပီပြင်ပြင်နဲ့ သမိုင်းရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ပေါ်ထွက် လာဖို့ အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့( Bogyoke  Aung  San  Film Executive  Board)ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် ဒေါ်စု ကဆောင်ရွက်ပါတယ်။ သမိုင်းရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် သမိုင်းအမှားတွေ မဖြစ်ရအောင် သမိုင်းပညာရှင် များလည်း ပါဝင်တယ်လို့ သိရတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် တကယ့်ကို ရာဇ၀င်တွင်မယ့် ဇာတ်ကားကြီး ဖြစ်မှာပါ။

ပြည်တော်ပြန်ကြမယ့် ထင်ရှားသူတချို့

ဓာတ်ပုံ- ကိုမီုးသီးဇွန်,ကိုထွန်းအောင်ကျော်

အခုတလော သမ္မတကြီးကလည်း ပြည်ပရောက် မြန်မာတွေ အနေနဲ့ တိုင်းပြည် ပြန်လည် ထူထောင်ရေး အတွက် တတတ် တအား ပါဝင်ဖို့ ပြည်တော် ပြန်လာကြဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်မှုတွေနဲ့ အတူ ပြည်ပရောက် မြန်မာ တွေကလည်း ပြည်ဝင်ခွင့်တွေ လျှောက်ထားခဲ့ကြပါတယ်။