ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး


 အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့သူ့ရဲ့ဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်ဥရောပခရီးစဉ်ကပြန်လာပြီး နောက်ပိုင်းဒုက္ခရောက်နေတဲ့ရခိုင်ပြည်သူတွေကိုတော့
 တွေ့ဆုံအားပေးစကားပြောဖို့သွားရောက်ခြင်းမရှိခဲ့ပါဘူး။လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်နေ
ပေမယ့်အနုပညာရှင်တစ်ယောက်လောက်တောင်မှ နှစ်သိမ်မှု မပေးနိုင်ခဲ့ပါဘူး။

NGO အထောက်အပံ့ ရခိုင်ဒုက္ခသည်စခန်းလက်မခံ

NGO အထောက်အပံ့ ရခိုင်ဒုက္ခသည်စခန်းလက်မခံ

နိုင်ငံခြား NGO အဖွဲ့တွေကနေ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဆူပူအကြမ်းဖက်မှုဘေးကနေ တိမ်းရှောင်လာတဲ့ ဒုက္ခသည်စခန်း (၇) ခုကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးခဲ့ပေမဲ့ စခန်းကြီးကြပ်သူတွေက လက်မခံဘူးလို့ ဆိုပါတယ်။ နိုင်ငံခြား NGO အဖွဲ့တွေဟာ ယခင်က ဘင်္ဂါလီ ဒုက္ခသည်တွေကိုသာ ကူညီခဲ့တဲ့အနေအထားကြောင့် အခုလို လာရောက်လှူဒါန်းတာဟာလည်း သံသယဖြစ်စရာအနေအထားမှာ ရှိနေတယ်လို့လည်း စခန်းကြီးကြပ်သူ သံဃာတော်တွေက ပြောပါတယ်။ ရခိုင်နိုင်ငံရေးပါတီကတော့ ဒုက္ခသည်တွေ အကူညီလိုအပ်နေတဲ့ကာလမှာ အခုလို အကူအညီ ပေးတာကို ငြင်းပယ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

စစ်တွေရဲစခန်း တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦး ရုံးထုတ်၊ လက်ခံ မရ

စစ်တွေ ရဲစခန်းအား တိုက်ခိုက်ရာတွင် အဓိက နေရာက ပါဝင်သူများဟု စွပ်စွဲခံထားရသူ ရခိုင်အမျိုးသား ၁၈ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သည်။
ရဲစခန်းရှေ့တွင် ဆန္ဒပြနေကြစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
သူတို့အား ပုဒ်မ ၆(၁) ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးမူဖြင့် တရားစွဲဆိုခဲ့ပြီး လက်ခံပေးရန် တရားရုံးက ငြင်းဆိုခဲ့သည်ဟု  ဆိုသည်။
“ ဟုတ်ပါတယ်။ သူတို့ကို လက်ခံ မပေးဘူး။ ရမန်ယူသွားတယ်။ ဇူလိုင်လ ၁၂ ရက်နေ့ထိပါဘဲ” စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကင်တားနား ကြို


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
“အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ရှေ့ရှုပြီး အစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ တဆင့်ချင်း လုပ်ဆောင်မှုတွေ ကြောင့် အားတက်မိပါတယ်” - လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ

ဒီမိုကရက်တစ်မြန်မာ့အသံ ၀က်ဘ်ဆိုက် အဟက်ခံရပုံပေါ်



ယနေ့ နံနက်ပိုင်း ဒီမိုကရက်တစ်မြန်မာ့အသံ၏ အင်တာနက်စာမျက်နှာ (မြန်မာပိုင်း) ကို ဖွင့်ကြည့်ရာတွင် မူလစာမျက်နှာနှင့် သတင်းစာမျက်နှာ နေရာများတွင် ပုံမှန်မြင်တွေ့နေကျမဟုတ်သော နောက်ပြောင်ရေးသားထားသည့် အင်္ဂလိပ်စာသားနှင့် ပုံများကို အောက်ပါအတိုင်း တွေ့မြင်ရလေ၏။

ဘင်္ဂလီများနှင့် မြန်မာ လူ့အဖွဲ့အစည်း အပိုင်း(၁)

001_R_2ပထမဦးဆုံး အနေနဲ့ ကိုရဲရင့်သစ္စာရဲ့ နောက်ဆုံးပြန်ကြားချက်ထဲမှာ ကျွန်တော်ရှေ့မှာ ပြန်ကြားခဲ့တဲ့ ပြန်ကြားချက် တွေထဲက နားလည်မှု \လွဲမှားတဲ့ အချက်တွေကို ထောက်ပြပေးထားတဲ့ အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောကြားပါရစေ။ ကျွန်တော် ရေးသား တင်ပြ သွားတာတွေကို ပညာရှင် ပီသတယ်လို့ ကိုရဲရင့်သစ္စာ ချီးမွှမ်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ ကိုရဲရင့်သစ္စာလိုမျိုး ကျမ်းတစ်စောင်၊ စာတမ်းတစ်ခုတလေမှ မပြုစုဖူးသေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် မခံယူဝံ့ ပါဘူး။ ကိုရဲရင့်သစ္စာက ကိုယ့်ကိုယ်ကို လေ့လာဆည်းပူးဆဲ လူတစ်ယောက်အဖြစ် နှိမ့်ချ ပြောဆိုသွားတာ တွေ့ရတော့ တကယ်ပဲ ရင်ထဲက လှိုက်လှဲစွာ လေးစားမိပါတယ်။
ကိုရဲရင့်သစ္စာလို ပုဂ္ဂိုလ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင်

သတိရှိပါ ဒို့မြန်မာ

ပြင်သစ်တပ်ဖွဲ့များအာဖဂန်လုံခြုံရေးအား လွှဲပြောင်းပေးခြင်း

ပြင်သစ်စစ်ဘက်သည် အာဖဂန်၏ အဓိကကျသော ကက်ပီဆာပြည်နယ်ဆိုင်ရာ ကွပ်ကဲထိန်းချုပ်မှု အားအာဖဂန် တပ်ဖွဲ့များထံသို့ ဇူလိုင်လ ၄ ရက်နေ့တွင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ လွှဲပြောင်းပေးအပ်မှုသည် အာဖဂန်မှပြင်သစ်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး အတွက် အရေးကြီးသော အဆင့်တစ် ရပ်ဖြစ်ကြောင်း၊ ပြင်သစ်သမ္မတ ဖရန်ကိုစစ်ဟော်လန်ဒီသည်

ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သူတွေ့ပါက ဥပဒေအရ အရေးယူမည်



ရခိုင်ပြည်နယ်တွင် မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက

ကျောက်ဖြူတွင် ရေကန် အဆိပ်ခတ်မှု ဖြစ်ပွား



From : The Voice

ဒေသတွင်း အခြေအနေများ ငြိမ်းချမ်းမှု အပြည့်အဝ မရရှိသေးသော ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ မြို့နယ်နှင့် ဆယ်မိုင်ခန့် ဝေးကွာသော ကပိုင်ချောင်းကျေးရွာ ဉာဏ်တောပြင် သောက်ရေကန်ကို အဆိပ်ခတ်မှု ဇူလိုင်လ ၄ ရက်နေ့ ညဦးပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများက The Voice Weekly သို့ ပြောကြားသည်။

အများပြည်သူများအားလုံးနှင့် သက်ဆိုင်သည့် အများပိုင်စားသုံးဆီကုမ္ပဏီ ပေါ်ထွက်လာတော့မည်



From : ခေတ်လူငယ်
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အများပိုင်စားသုံးဆီ ကုမ္ပဏီတစ်ခု တည်ထောင်သွားရန်ရှိကြောင်း အဆိုပါအသင်းမှ သတင်းရရှိသည်။ “အသင်းဝင်တွေရဲ့ ဆန္ဒအရ မကြာခင်မှာဘဲ သက်ဆိုင်ရာကို တင်ပြပြီး အများပိုင်စားသုံးဆီ ကုမ္ပဏီအဖြစ် တည်ထောင်သွားမှာ ဖြစ်ပါတယ်။ စားသုံးဆီနဲ့ ပတ်သက်တဲ့ စီးပွားရေးတွေကို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီအဖွဲ့နှင့် ပါတီ ကိုယ်စားပြု ပြည်နယ်၊ တိုင်းဒေသကြီးများမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး အစည်းအဝေး ခန်းမကြီး၌ ကျင်းပရာသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားစဉ်

နိုင်ငံခြား အန်ဂျီအိုများ အကူအညီ ဒေသခံ တိုင်းရင်းသားများ ငြင်းပယ်



From : မောင်အေး ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်း(၇) ခုသည် နိုင်ငံခြား အန်ဂျီအိုများမှ လာရောက် လှူဒါန်းသော အကူအညီများကို လက်မခံဘဲ ငြင်းပယ်လိုက်သည်ဟု သတင်း ရရှိသည်။
မောင်တောမြို့ဒုက္ခသည်စခန်းတခုမှ မြင်ကွင်း
ယခုကဲ့သို့ ငြင်းပယ်ရခြင်းမှာ မရိုးသားမူများ ရှိနေ၍ ဖြစ်ကြောင်း ဒုက္ခသည်များ အဓိက ခိုလုံရာ နေရာ ဖြစ်သည့် အလိုတော်ပြည့်ကျောင်း ဆရာတော်က မိန့်ကြားသည်။
“ သူတို့ရဲ့ လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် လူမျိုးမရွေး ဘာသာမရွေး

ဒေါ်အောင်ဆန်းစုကြည်မပါ ပဲ အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၀ ဦး မှ ရခိုင်ဒုက္ခသည်များကို အကူအညီပေးမည်



ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄ ရာ့ ၁ဝ ဦးဟာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ အတွက် အကူအညီတွေ ပေးအပ် လှူဒါန်းမယ်လို့ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တဦးစီက သူတို့ရဲ့ ၃ ရက်စာ နေ့တွက် စရိတ်တွေကို ထည့်ဝင် လှူဒါန်းကြမယ်လို့ ဆိုပါတယ်။

တရုတ်မင်းသား ကို မန္တလေးလူထု သောင်းသောင်းဖျဖျကြိုဆို




တရုတ်မင်းသား ဂျက်ကီချမ်းကို ကို မန္တလေးလူထု က သောင်းသောင်းဖျဖျကြိုဆို ကြောင်း သတင်းရရှိပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စေတနာ့ ဝန်ထမ်း သံအမတ်ကြီး တဦးဖြစ်တဲ့ ဟောလိဝုဒ် အက်ရှင်မင်းသား ဂျက်ကီချန်းဟာ ဒီကနေ့ မန္တလေးမြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ဦးရေ ၂၅၂၈ ဦးကို ဒဏ်ရိုက် အရေးယူခဲ့



From : MRTV-4 ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများကို သက်ဆိုင်ရာ ကနေ အရေးယူ ဆောင်ရွက် လျက်ရှိရာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း လူဦးရေ နှစ်ထောင့် ငါးရာ
နှစ်ဆယ့် ရှစ်ဦးကို ဒဏ်ရိုက် အရေးယူ ခဲ့တယ်လို့ သက်ဆိုင်ရာ ဌာနက သိရပါတယ်။ အခုလို လမ်းဖြတ်ကူးမှု တွေကိုတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ ဇန်န၀ါရီလ အတွင်း ၁၉၂၅ ဦး၊ ဖေဖော်ဝါရီလမှာ ၃၃၉၃ ဦး၊ မတ်လမှာ ၃၂၅၆ ဦး၊ ဧပြီလမှာ ၂၁၅၉ ဦးနဲ့ မေလ အတွင်း ၃၇၁၆ ဦးကို အရေးယူ ဆောင်ရွက်

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစားထိုးပြောင်းလဲ



From : ခေတ်လူငယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း၊ ကြေညာချက်အမှတ်(၃၃/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅ ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင် ၃ ရက်) တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ

မြစ်ဆုံရေကာတာပြန်စနိုင်ရန် တရုတ် အစိုးရကုမ္ပဏီမှ ဒေသခံများကိုစည်းရုံးနေ


ဇူလိုင် ၅ရက်
          မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဆိုင်းငံ့ထားသော ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းအား ပြန်လည် တည်ဆောက်နိုင်ရန် တရုတ်အစိုးရ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)ကုမ္မဏီမှ တာဝန်ရှိသူများသည် စီမံကိန်း ကြောင့်ပြောင်းရွှေ့ခံထားရသော အောင်မြင်သာ စံပြကျေးရွာ ဒေသခံများအား စည်းရုံးမှု ပြုလုပ်နေကြောင်းသိရသည်။ မြစ်ဆုံရေကာတာတည်ဆောက်ရန် ကြိုးပမ်းနေသည့် တရုတ်အစိုးရ CPI (China Power Investment) ကုမ္ပဏီမှ တာဝန်ရှိသူ ၁၀ ဦးကျော်သည် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံများနေအိမ်သို့ ၀င်ရောက်ကာ ဇူလိုင် ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ၃ ရက်ကြာ စည်းရုံးခဲ့ကြောင်း ဒေသခံများပြောသည်။ အောင်မြင်သာစံပြကျေးရွာရှိ နေအိမ်များသို့ တစ်အိမ်တက် တစ်အိမ်ဆင်း ဒေသခံများ၏ အသေးစိတ် လိုအပ်ချက်မှအစ မေးမြန်း၍ စည်းရုံးပြောဆို သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။

 “မင်းတို့တွေ ဒီရေအားလျှပ်စစ် စီမံကိန်းလုပ်တာကို သဘောမတူဘူးလား။ မင်းတို့သဘော တူရင် မင်းတို့ကို လိုလေသေးမရှိအောင် ကူညီပေးမယ်။ မင်းတို့ဘယ်လိုသဘောရလဲ ဒီစီမံကိန်း ပြီးသွားရင် မင်းတို့ဘာမှ ပူစရာမလိုတော့ဘူး။ အခုက ငါတို့အားလုံး ကြိုးအားပြီး တောင်တက်နေတာ။ တောင်ထိပ်ရောက်သွားမယ်ဆိုရင် ငါတို့အားလုံးပျော်ပြီ။ လူဆိုတာ ဒုက္ခရောက်တာကို ကျော်လွှားနိုင်ပြီးမှ ပျော်ရွှင်မှုကို ရတာလို့ပြောတယ်” ဟု CPI ကုမ္မဏီမှ တာဝန်ရှိသူများပြောဆိုခဲ့ကြောင်းပြောသည်။ ထို့ပြင် အောင်မြင်သာစံပြကျေးရွာတွင် ဆောက်လုပ်ထားပေးသော ဒေသခံများ၏ နေအိမ်သစ်များကိုလည်း ခိုင်ခံ့မှုရှိမရှိ အခြေနေများမေးမြန်းခဲ့ရာ ဒေသခံများသည် မြစ်ဆုံစီမံကိန်း ရပ်နားပြီးနောက် မိမိနေရပ်သို့သာ ပြန်၍ လုပ်ကိုင်စားသောက်လိုကြောင်း ၄င်းတို့ပြောင်းရွှေ့ထားပေးသော နေရာတွင် အသက်မွေး ၀မ်းကျောင်းရန် အခက်ခဲကြုံနေရကြောင်း ငြင်းဆိုခဲ့သည်ဟု ဒေသခံဆက်ပြောသည်။  “ကျွန်တော်တို့ ကတော့ ဘယ်လိုမှသဘောမတူနိုင်ဘူး။ အရင်က တန်ဖရဲကျေးရွာ (Tang Hpre mare) မှာနေခဲ့တဲ့ချိန် ကလေး ၁၀ ယောက် ဆိုလည်းကျွေးနိုင်တယ်။ အခုဒီမှာကတော့ ဘာမှလုပ်စားလို့မရတဲ့အတွက် ကလေး ၁ ယောက်တောင် ကျွေးမွေးဖို့အရမ်းခက်နေတယ်။ ကျွန်တော်တို့ကိုဆောက်ထားပေးတဲ့အိမ်တွေကလည်း အပြင်ကကြည့်မှပဲ လှတယ်။ အထဲမှာဆို ဘာမှရစရာမရှိဘူး။ နေလို့လည်းမရဘူး။ ခိုင်လည်းမခိုင်ဘူး။ မင်းတို့တစ်သက်လုံး အရမ်းပျော်အောင်ထားမယ် လိုလေသေးမရှိ ကူညီမယ်ဆိုရင်တောင် ကျွန်တော်တို့ စဉ်းစားကြည့်အုံးမယ်လို့ ပြောလိုက်တယ်။ ကျွန်တော်တို့က မင်းတို့တရုတ်တွေလို ကလေး ၁ ယောက်ထဲရတာမဟုတ်ဘူး။ ကလေးတွေအများကြီးရှိတယ်။ လိုချင်သလောက် တစ်အိမ်ထောင် ၁၀ ယောက်လဲရှိတယ်။ သူတို့တွေကို ကြည့်ဖို့အတွက် ဒီမှာနေပြီးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့” အောင်မြင်သာဒေသခံတစ်ဦး KDNသတင်းဌာနသို့ ပြောခဲ့ခြင်းဖြစ်သည်။
           မြစ်ဆုံစီမံကိန်းအား သမ္မတမှရပ်ဆိုင်းထားသည်ဟုဆိုသော်လည်း ဆက်လက်တည်ဆောက်ရန် တရုတ်အစိုးရဖက်မှ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်တည်ဆောက်ဖို့က တရုတ်ကုမ္ပဏီဘက်မှာလည်း ဆည်စီမံကိန်းကိုရပ်တန့်ပြီ။ မလုပ်တော့ဘူးဆိုတာ မရှိဘူး။ ခုလောလောဆယ်က စစ်ဖြစ်နေသောကြောင့် ရပ်ဆိုင်းနေတာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ဒီဆည်စီမံကိန်းကို ပြန်လုပ်လာမယ်လို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်မှာလည်း ရပ်တန့်ပြီဆိုတဲ့ တရားဝင်စာထုတ် ထားတာမရှိဘူး။ အဲ့ဒီနေရာမှာလည်း အရင်ကလို စက်ကြီးနဲ့ အလုပ်သမားများရှိနေတာကြောင့် ပြန်လုပ်လာမယ်လို့ မျှော်လင့်တယ် ဟုပြောသည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းကိစ္စနှင့်ပတ်သက်၍ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌ Mr. Lu Qizhou အား တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက မေးမြန်းခဲ့ရာတွင် လည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ပြောခြင်းသည် တည်ဆောက်မှုများရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ထိုကြောင့် သမ္မတမှ ရပ်ဆိုင်း ထားသော်လည်း တရုတ်အစိုးရ၏ စီမံကိန်း ပြန်လည်တည်ဆောက်ရန် ပြင်ဆင်ကြိုးပမ်းမှုများကြောင့် ဒေသခံများသည် စီးပွားရေး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးအန္တရာယ်များ ဆက်လက် ရင်ဆိုင် ရမည်ကို စိုးရိမ်ပူပန်နေကြသည်။

အမေရိကန်နိုင်ငံတွင် မီးရှူးမီးပန်းဖောက်ရာမှ မီးလောင်မှုဖြစ်



From: popular

အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယားပြည်နယ်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးဒဏ်ရာရရှိသွားကြောင်း AP သတင်းက ပြောကြားသည်။

ရဲတပ်ဖွဲ့၏အဆိုအရ အင်္ဂါနေ့ညပိုင်းတွင် လူဦးရေ ၁၃,၀၀၀ ခန့် နေထိုင်ကြသည့် Pelham မြို့ရှိ နေအိမ်တစ်အိမ်အတွင်းနှင့် ၎င်းနေအိမ်ပတ်ဝန်းကျင်တွင် မီရှူးမီးပန်း အများအပြား ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ကနဦးသတင်းများအရ

ဒုက္ခသည်စခန်းမှဒုက္ခသည်များ ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိ



ဇူလိုင် ၅ရက်
          KIA နဲ့ အစိုးရတပ်တွေရဲ့တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေကြရသော စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရပါတယ်။ ယင်း ဒုက္ခသည် စခန်းများသည် KIO ၏ ထိန်းချုပ်မှု အောက်ရှိ စခန်း များ ဖြစ်နေကြ ပါတယ်။ ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားမှုမှာ မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့် နှင့် ဂျေယန့် စခန်းများတွင် အဓိက ဖြစ်ပွားနေပြီး ဒုက္ခသည် ၇၀၀၀ ကျော်ရှိသော

ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည်


From : မိုးဝေ (မြစ်မခ)
လွန်ခဲ့သည့်(၂)ပါတ်အကြာကတည်းကပိ
တ်ထားရသောစစ်တွေမြို့မဈေးကြီးကိုဇွန်လ(၄)ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရှိရရှိသည်။

“ဈေးအတွင်းမှာရှိတဲ့ဘင်္ဂလီတွေပိုင်တဲ့ဆိုင်ခန်းတွေကပစ္စည်းတွေကိုထုတ်လိုက်ပါပြီ၊ရခိုင်ဆိုင်ခန်းတွေပဲ ကျန်ပါတော့တယ်’’ဟု မြို့မဈေး အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့တွင်စစ်တွေမြို့မြို့မဈေး၌တာဝန်ရှိသူတို့အစည်းဝေးပြုလုပ်၍ဇွန်လ(၄)ရက်နေ့ဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ခဲ့ပြီးစစ်တွေမြို့မဈေး အတွင်းရှိဘင်္ဂလီဆိုင်ခန်းများမှပစ္စည်းများကိုပိုင်ရှင်များသို့ပေးအပ်ခဲ့ပြီးနောက်ဈးကို ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

“မနက်ဖြန် မနက် ၈နာရီမှာ သံဃာတော်တွေပင့်ပြီးတော့ ဈေးကို ပရိတ်နာပါမယ်၊ နေ့လည်ပိုင်းလောက် မှာတော့ ဖွင့်ဖြစ်ဖို့ များပါတယ်၊အခု စည်ပင်က လူကြီးတွေနဲ့ ဈေးက တာဝန်ရှိသူတစ်ချို့ အစည်းဝေး လုပ်ကြ ပါတယ်”ဟု စစ်တွေမြို့မဈေးကြီးတွင် တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။

လူမျိုးရေးအဓိကရုဏ်းများကြောင့်စစ်တွေမြို့ မြို့မဈေးကြီးကိုယခုလ (၈)ရက်နေ့က အရေးပေါ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

“စစ်တွေအခြေနေမှာတည်ငြိမ်နေပါတယ်၊ပထမတော့ဈေးကိုဘင်္ဂလီတွေလာပြီးမီးရှို့မယ်ဆိုတဲ့သတင်းတွေထွက် လာကြောင့် မြို့မဈေးကို မဖွင့်ပါဘူး၊ အခုဆိုရင် မြို့မဈေးမှာဘင်္ဂလီဈေးဆိုင်ခန်းတွေက ပစ္စည်းတွေ ကို ပိုင်ရှင်တွေနဲ့ထုတ်ယူပြီး ဘင်္ဂလီတွေနေထိုင် တဲ့နေရာတွေဆီ ရွှေ့ပြောင်းလိုက်ပါပြီ၊ ဒါကြောင့် ဈေးဆိုင်ကို လည်းဖွင့်ဖို့အတွက် တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ’’ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဒေသခံအများစုကမူစစ်တွေမြို့မဈေးကြီးအမြန်ဖွင့်ရန် လိုလားနေကြကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့မဈေးကြီးအတွင်း လုံခြုံရေးချထားဆဲဖြစ်သည်။

“မေယုဈေးတော့ဖွင့်ထားပါပြီ မြို့မဈေးကြီးပဲဖွင့်ဖို့ကျန်ပါတော့တယ်’’ဟုမေယုဈေးတွင်း ဈေးရောင်းနေသူ ဦးလှဝင်းကပြောသည်။

KIA မှဒုစစ်ဦးချုပ် နဲ့ အစိုးရတပ်မှ ဒုစစ်ဦးချုပ်တို့ ၂ဦးတွေ့ဆုံမည်


          အစိုးရ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ် များသည် တင်းမာ နေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားတယ် လို့  သိရသည်။ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ် တို့ကို အဆိုပြုထားပြီး ဒီလ ၉ ရက်နေ့ နောက်ပိုင်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုး ဆောင် ဦးဆန်းအောင်က ပြောသည်။ အစိုးရဘက်က ဗန်းမော်မြို့နယ်တွင် တွေ့ဆုံဆွေးနွေးရန် ဒီလ ဆန်းပိုင်းက ကမ်းလှမ်းခဲ့သော်လည်း စစ်ရေး တင်းမာနေချိန်

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် အထူးကု ဆရာဝန်ကြီးများ သွားရောက် ကုသ 13:01 Myanmar Express Group No comments From : MRTV-4 ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင် နေကြရတဲ့ ပြည်သူတွေ အတွက် ကျန်းမာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီးရဲ့ လမ်းညွှန်မှု၊ ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး အဖွဲ့တွေကို စေလွှတ်ကာ ကုသပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို သွားရောက် ကုသရာမှာ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး ၄ ဦးက သွားရောက် ကုသပေး လျက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကုသရာ မှာတော့ ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းတွေ မှာရှိတဲ့ ပြည်သူ အားလုံးရဲ့ကျန်းမာရေး လိုအပ်ချက်တွေ အားလုံးကို ကုသ စောင့်ရှောက် ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျန်းမာရေး ၀န်ကြီး ဌာနရဲ့ အစီအစဉ်နဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ကုပေး နေမှုတွေ သာမက မြန်မာနိုင်ငံ ဆရာဝန် အသင်း ရန်ကုန်မှ ဆရာဝန် ၁၇ ဦး ကလည်း ဇွန်လ ၂၂ ရက်နေ့ ကတည်းက သွားရောက်ကာ ကျန်းမာရေး ကုသ စောင့်ရှောက်မှုတွေ ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆရာဝန် အသင်းက အခုလို သွားရောက် ကုသမှုမှာ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ၁၅ ရက်ကြာ ပြုလုပ်ပေး သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဆရာဝန် အသင်း မန္တလေး ကလည်း လိုအပ်သလို ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေကို ဆက်လက် ပြုလုပ် ပေးသွားဖို့စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်


From : MRTV-4 ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင် နေကြရတဲ့ ပြည်သူတွေ အတွက် ကျန်းမာရေး ၀န်ကြီး ဌာန၊
ပြည်ထောင်စု ၀န်ကြီးရဲ့ လမ်းညွှန်မှု၊ ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး အဖွဲ့တွေကို စေလွှတ်ကာ ကုသပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို သွားရောက် ကုသရာမှာ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး ၄ ဦးက သွားရောက် ကုသပေး လျက်ရှိတာ ဖြစ်ပါတယ်။

ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှဖမ်းဆီးသွားသော တပ်ဖွဲ့ဝင်တစ်ဦးအပေါ် ဗဟိုမှလုပ်ဆောင်နေမှုအား KIA အရာရှိတစ်ဦးမှပေးပို့ချက်

          ဒီနေ့မနက် လိုင်ဇာမြို့မှာရှိတဲ့ KIA အရာရှိတစ်ဦးမှ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှ အစိုးရကဖမ်းမိသွားတဲ့ တပ်ကြပ်ကြီး လထော်ဘရန်ရှောင်အား အသုံးချ၍ နိုင်ငံရေးနဲ့စစ်ရေးအမြတ်ထုတ်အောင် လုပ်ဆောင်နေမှုများကို ပေးပို့ခဲ့ပါတယ်။ တပ်ကြပ်ကြီး လထော်ဘရန်ရှောင် ဟာKIA တပ်ဖွဲ့အပေါ်မှာ သစ္စာရှိပြီး လိမ္မာပါးနပ်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ တရုတ်စကားနဲ့ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး လူမှုဆက်ဆံရေးကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူ့ကို အရေးကြီးတဲ့ တရုတ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းလုပ်ငန်းများနဲ့ တခြားသော

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သူ ပြင်သစ် သမ္မတဟောင်း နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များ ရှာဖွေ


From : The Voice

တရားမဝင် ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး ပြင်သစ် သမ္မတဟောင်း ဆာကိုဇီ၏ နေအိမ်နှင့် ရုံးခန်းကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဖားကန့်မြို့နယ်လုံးခင်းရွာတွင် KIA မှရွာသားတစ်ဦးအား ပစ်သတ်ခဲ့


          ည ၈နာရီခွဲလောက်က ဖားကန့်မြို့နယ် လုံးခင်းရွာ၊ သို့ KIA ရင်း(၆)မှ အဖွဲ့ဝင် ၃ဦး ဟာ လူသစ် စုဆောင်းရန် ရောက်လာခဲ့ပါတယ်။ ငြိမ်းချမ်းသာယာရပ်ကွက်မှ ဦးဇော်မင်း(ခ) ဖန်းသီး ကိုဖမ်းဆီးရာ ၎င်းမှ ရုန်းကန် ထွက်ပြေးခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ KIA အဖွဲ့ဟာ ဖားကန့်မှာ ကျောက်စိမ်းကုမ္ပဏီကြီးတွေဆီက အခွန်ငွေ အဆမတန်တောင်းခဲ့သဖြင့် ကုမ္ပဏီကြီးတွေက မလုပ်နိုင်ဘဲ ပြန်လည်ရုပ်သိမ်းသွားသလို၊ ရွှေကျင်တဲ့ ရွှေမှော်တွေဆီကလည်း အခွန်ငွေတွေ ကောက်ခံတာကြောင့်မလုပ်နိုင်တော့ဘဲ ဖားကန့်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းခဲ့ရပါတယ်။

စစ်တွေရဲစခန်း တိုက်ခိုက်မူ ဖမ်းဆီးခံရသူ ၁၈ ဦးကို ဇူလိုင် ၅ ရက်နေ့ ရုံးတင်မည်


From : နိရဉ္စရာ

စစ်တွေမြို့ မြို့မ ရဲစခန်းအား တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦးကို ဇူလိုင်လ ၅ ရက်နေ့ တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
demonstration-in-front-police-station-in-sittwe
သူတို့အား ၆ (၁) ပုဒ်မ ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးမူဖြင့် တရားစွဲဆိုမည်ကြောင်း အမည်မဖေါ်လိုသူ ဥပဒေ၀န်ထမ်း တစ်ဦးက ပြောသည်။

သီတဂူဆရာတော် မှ ကချင်ပြည်နယ်သို့ ကွန်ပျူတာနဲ့ဆေးရုံးသုံးပစ္စည်းများပစ္စည်းလှူဒါန်း

          သီတဂူဆရာတော် ဒေါက်တာဦးဥာဏိဿရသည် မနေ့နေ့လည် ၁၁နာရီခွဲလောက်မှာ လေယာဉ်ဖြင့် မြစ်ကြီးနားသို့ရောက်ရှိလာခဲ့ပါပြီး ယုဇနရပ်ကွက်မှာရှိတဲ့ သိမဒ္ဓေါယသီလာရှင်းကျောင်းတွင် နေ့လည်ဆွမ်းဘုန်း ပေးပြီး  ဆမားဒူဝါဆင်ဝါးနော်ခန်းမ သို့သွားရောက်ပြီး ကချင်ပြည်နယ်အစိုးရအား ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ ကိုလှူဒါန်းခဲ့ပါတယ်။ အဲဒီလှူဒါန်းတဲ့နေရာသို့ ဦးဇင်ဝိုင်းတို့ ရုပ်ရှင်အစည်းအရုံးမှအဖွဲ့မှလည်းလာရောက်ခဲ့ကြ ပါတယ်။

အင်္ဂလန်မှ အတိုက်အခံ များရဲ့ အရှုတ်တော်ပုံများကို ဆက်လက်ဖွင့်ချမည်



From : http://simpleviewsonmyland.blogspot.co.uk/2012/07/come-to-uk-to-get-asylum.html

တကယ်တော့ ဒီပို.စ်ကို ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာတွေနဲ. တွေ.ဆုံပွဲပြီးကတည်း အစပျိုးထားခဲ့ပြီး အကြောင်းကြောင်းကြောင့် လက်စမသတ်ဖြစ်ခဲ့ပါဘူး ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေးအဖြေတွေနဲ. ပါတ်သတ်ပြီး အားလုံးလည်း သိပြီးသားတွေ ဖြစ်ကြတဲ့အတွက် အထူးတလည် ရေးစရာ မလိုတော့ပေမယ့် လန်ဒန်မှာ ရှိတဲ့ နိုင်ငံရေးသမားဆိုတဲ့

တရုတ်နိုင်ငံသို့တရားမ၀င်ခိုးဝင်သူများအား ထောင်ဒဏ်ချမှတ်လျက်ရှိ

          တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ၊ လားရင်းရွာတွင် တရုတ်နယ်ခြားစောင့်တပ်နဲ့  လားရင်းရွာက တရုတ်ရဲ တွေက နယ်စပ်မှာ လှည့်ကင်း၊ ပတ်ကင်းတွေကို ပိုမိုပြုလုပ်နေပါတယ်။ KIA နဲ့ အစိုးရတပ်တို့ စတင် တိုက်ပွဲဖြစ် ကတည်းက တရုတ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ချထားတာဖြစ်ပါတယ်။ မြန်မာဘက်ကလာတဲ့ယာဉ်နဲ့ လူအ၀င် အထွက်ကို သေခြာစစ်ဆေးနေပြီး၊ တရားမ၀င်လမ်းကြောင်းမှဝင်ရောက်လာတဲ့သူတွေကို တရုတ်ယွမ်ငွေ ၃၀၀၀ မှ ၆၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၃နှစ်မှ ၅နှစ် အထိချမှတ်အရေးယူနေတယ်လို့သိရပါတယ်။ ဒီနှစ် ဇွန်လအတွင်းမှဘဲ တရုတ်နိုင်သို့တရားမ၀င်ခိုးဝင်လာသူ ၆၅ ယောက်ခန့်ကို အရေးယူထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခု ကမ်းလှမ်း



From : ခေတ်လူငယ်

လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် သက်ဆိုင်ရာနှင့် လာရောက်ညှိနှိုင်းမှု ပြုလုပ်ထားသော နိုင်ငံတကာ လေကြောင်းလိုင်း ခုနစ်လိုင်းအထိ ရှိကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံအခြေစိုက် ANA၊ ကာတာနိုင်ငံအခြေစိုက် Qatar ၊ ဂျာမနီအခြေစိုက် Condor ၊ ကိုရီးယားလေကြောင်း၊ ဟောင်ကောင် အခြေစိုက် PIA လေကြောင်း၊ ထိုင်ဝမ်အခြေစိုက်