ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 19, 2012

ရန်ကုန်မြို့တော် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် ကြိုးပမ်း



ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်ရင်းနှီး

ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်းအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်၊ ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူကာ TRANSPORTATION PLAN များ ရေးဆွဲဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများ ရှိနေ




ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတား အမှတ်(၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တံတားစီမံကိန်းများမှာ (၁)ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးသို့ ဆက်သွယ်သွားလာနိုင်မည့် ရန်ကုန်မြစ်ဖြတ်တံတား၊ (၂) ကြည့်မြင်တိုင်နှင့် တစ်ဖက်ကမ်းရှိ အေးရွာသို့

နီပေါ အမျိုးသမီးများရဲ့ လူ့အခွင့်အရေး တိုက်ပွဲ


နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အကြားမှာ တည်ရှိတဲ့နိုင်ငံငယ် လေးတခုပါ။ ၁၈ ရာစုမှာ စစ်ဘုရင်နရယန်ရှာက အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံငယ်လေးတွေ ကို စုစည်းပြီး နီပေါနိုင်ငံကို ထူထောင် ခဲ့ပါတယ်။ (၁၈၄၇) မှာ မြေရှင် ရာနာစ့်က ဘုရင်ဆီက အာဏာ သိမ်းယူပြီး နီပေါကို အုပ်ချုပ်ခဲ့ပါတယ်။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရာနာစ့် မျိုးနွယ်စု အဆက်ဆက်ကပဲ ဘုရင်အဖြစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြပါတယ်။ (၁၉၅၁) ကျတော့ ပြည်သူလူထုက ဘုရင်ကို ပုန်ကန်တော်လှန် ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို ဘုရင်က လက်ခံလိုက်ရပြီး (၁၉၅၉) ခုမှာ အထွေထွေ ရွေးကောက်ပွဲ ထွက်ပေါ် လာပါတယ်။ နီပေါပြည်သူလူထုဟာ ပထမဆုံး အနေနဲ့ နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရကို ရွေးချယ်ခွင့်ရခဲ့ကြတယ်။
ဒါပေမယ့်လဲ နိုင်ငံရေး တိုးတက်မှု အရှိန်က အချိန်မကြာလိုက်ပါဘူး။ နှစ်နှစ်အတွင်းမှာပဲ

မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်


မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း Look East Organization (Myanmar) မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြား သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် မန္တလေးမြို့ရှိ 78 Shopping Mall တတိယထပ်ရှိ Promotion Area တွင် တစ်ရက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကျင်းပမယ့် အလုပ်အကိုင်ပြပွဲမှာ ရန်ကုန်က ကုမ္ပဏီတွေလည်း ပါမယ်။ မန္တလေးမှာကျတော့ ကမ္ပဏီလုပ်ငန်း

ဝန်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစု တွေ့ ဆုံဆွေးနွေး


မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ မှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ က ၀ါရှင်တန်ဒီစီ ရှိ မြန်မာမိသားစုများနဲ့ တွေ့ ဆုံခဲ့ပါတယ်။
ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။
မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊

ဒီမိုကရေစီပြောင်းလဲရေး တပ်မတော်ပါသရွေ့ နောက်ကြောင်းပြန်မလှည့်နိုင်


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။
အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ

မိုဘိုင်းဖုန်း အသုံးပြုရာတွင် အနည်းဆုံး အနေဖြင့် 3G ကွန်ရက်ကို သုံးနိုင်ရန် ဆောင်ရွက်မည်



ပြည်တွင်း၌ မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် အနည်းဆုံးအားဖြင့် 3G ကွန်ရက်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ 3G ကွန်ရက်အဖြစ် Voice နှင့် Data တစ်ပါတည်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုရာတွင် မြို့ပြဒေသတွင် မကဘဲ ကျေးလက်ဒေသများတွင်ပါ အသုံးပြုနိုင်မည် ဖြစ်ကြောင်း

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး


ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ် လို့ နိုင်ငံတကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက် ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်း

မျိုးစပါးနှင့် အကူအညီ အချိန်မီမရောက်သဖြင့် လယ်ပြန်မစိုက်နိုင်



ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်းတွေကို ပြန် စိုက်ပျိုးဖို့ မျိုးစပါးနဲ့ အကူညီတွေ အချိန်မီ မရောက်တဲ့အတွက် လယ်သမားတွေ အခက်အခဲဖြစ်နေကြ ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ကို သွားရောက်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်း ပြန် စိုက်နိုင်ရေး မျိုးစပါး တင်း ၈ သောင်းကျော်ကို တိုင်းအစိုးရအဖွဲ့ဆီကို ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့် မျိုးစပါး အချိန်မီမရောက်တဲ့အတွက်

Tuesday, September 18, 2012

ဘင်္ဂလားဒေ့ခ်ျတွင် YouTube ကိုစတင် ပိတ်ပင်

မြန်မာ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် အစိုးရမှ YouTube ကို ယမန်နေ့ ညနေမှ စတင် ပိတ်လိုက်ပြီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ

ရီးယဲလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မယ့် ချန်ပီယံလိဂ် ပထမနေ့

 
၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ် ပထမဆုံး အုပ်စုပွဲစဉ်များကို ယနေ့ည စတင်ကျင်းပတော့မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းအနေနဲ့ လက်လွတ်မခံသင့်တဲ့ ပွဲကတော့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်တွေဖြစ်ပြီး အင်္ဂလန် ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းဟာလည်း ပြင်သစ်မြေမှာ မောင့်ပယ်လီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ခြေစွာတတ်တဲ့ အေစီမီလန် အသင်းကတော့

ABSDF မြောက်ပိုင်း သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တက်ရောက်မည် ဟုဆို



မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ် ခံခဲ့ရမှုကို ပြည်တွင်းတွင် ဥပဒေနှင့် အညီ တရားစွဲရန် ပြင်ဆင်လျက် ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် တရားစီရင်ခြင်း မခံရပါက အပြည်ပြည် ဆိုင်ရာ တရားရုံးထိ တက်ရောက် တရားစွဲဆိုရန် ကြိုးပမ်း စီစဉ်သွားမည်ဟု ယင်းစွပ်စွဲ သတ်ဖြတ်ခံခဲ့ခြင်းမှ

နိုင်ငံရေးအကျဉ်းသား ၈၈ ဦး လွတ်မြောက်လာဟု AAPP အတည်ပြု

 နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က လွတ်မြောက်လာကြသည့် အကျဉ်းသား ၅၁၄ ဦး အနက် နိုင်ငံရေးအကျဉ်းသား ၈၈ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP စုဆောင်း အတည်ပြုထားသည့် စာရင်းအရ သိရှိရသည်။

အင်္ဂါနေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အထိ AAPP မှ ပြုစုထားသည့် စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး တွင် နိုင်/ကျဉ်း ၃၉၆ ဦး ရှိသည်ဖြစ်၍ ၃ဝ၈ ဦး ကျန်ရှိနေဦးမည် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု စာရင်းများကိုလည်း နာရီနှင့် အမျှ စိစစ်နေမည်ဟုလည်း AAPP မှ ဆိုသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းမှာ ၂၈ဝ ဦး

ထိုင်း ၈၃ ဦး လွတ်မြောက်လာ


 မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီး
ထောင်ချခံနေရသော ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးကို တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကော့သောင်း ထောင်မှ လွတ်မြောက်လာမည့် ၎င်းတို့အား ထိုင်းနိုင်ငံ ရနောင်း ဘက်ကမ်းသို့ ပို့ဆောင်ပေးရန်အတွက် လိုအပ်သော စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် ထိုင်းသံအရာရှိများလည်း ကော့သောင်းမြို့သို့ ရောက်ရှိနေကြကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင်

လာမည့်လွှတ်တော်အစည်းအဝေး၌ အမျိုးသမီးဘ၀လုံခြုံရေး ဥပဒေသစ်တစ်ရပ်တင်သွင်းမည်

အမျိုးသမီးများကို ကာကွယ်ပေးရန်အတွက် ဥပဒေသစ်ပေါ်ထွက်လာရန် လာမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြသွား မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် (NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။
“အမျိုးသမီးတွေက အကြမ်းဖက်မှုခံနေရတယ်။ ဒါတွေကို ကာကွယ်ဖို့ ဥပဒေမရှိဘူး။ ဒါကြောင့် လွှတ်တော်မှာ ဥပဒေအတည်ပြုပြဋ္ဌာန်းဖို့လိုတယ်။ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေပါ။” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အဆို(၁၀၀)နီးပါးခန့် ကိုယ်စားလှယ်များက တင်သွင်းခဲ့သော်လည်း အမျိုးသမီးများအတွက် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်

လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံခြားသား ၄၀၀ ခန့် ပြန်လွတ်

စက်တင်ဘာ ၁၇ ရက်က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၀၀ ကျော်မှာ ၄၀၀ လောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး၊ အဲဒီထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာလို့ လ၀က ဥပဒေအရ အရေးယူခံရပြီး အကျဉ်းထောင်တွေထဲ ရောက်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာမှာ တရားမ၀င် ၀င်ရောက်နေထိုင်နေကြတဲ့ ထိုင်းလူမျိုးတွေလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဦးကျော်ဝင်းက

သတင်းစာထုတ်ဝေခွင့်နှင့်ပတ်သက်ပြီး ကန့်သတ်ချက်မထားသင့်ဟု ဆို

အစိုးရအနေနဲ့ သတင်းစာထုတ်ဝေခွင့်ပြုရာမှာ ကန့်သတ်ချက်တွေ မထားဘဲ နိုင်ငံသားအားလုံးကို တပြေးညီ ခွင့်ပြုသင့်ကြောင်း ရန်ကုန်မီဒီယာဂရုဖ် အကြီးအကဲ ဦးကိုကို (စက်မှု) က ပြောပါတယ်။
မီဒီယာလုပ်ငန်းပိုင်ရှင်တချို့က သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိမှ၊ ၀န်ထမ်းအင်အား ဘယ်လောက်ရှိမှ၊ မြေပိုင်ဆိုင်မှု ဘယ်လောက်ရှိမှ ထုတ်ဝေခွင့်ပြုသင့်တယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြထားတဲ့အပေါ် ဦးကိုကို (စက်မှု) က ခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဦးကိုကိုက ထုတ်ဝေလိုတဲ့ နိုင်ငံသားတိုင်းကို ထုတ်ဝေခွင့်ပြုသင့်ပြီး ဈေးကွက်စီးပွားရေး သဘောအရ ပြိုင်ဆိုင်ရင်း သတင်းစာဖတ် ပရိသတ်က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ကြောင်း ပြော ဆိုပါတယ်။

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များဖိုရမ်တွင် မြန်မာကို လက်ခံ

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်ရဲ့ န၀မအကြိမ်မြောက် အစည်းအဝေး ကနေ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်ပြီ လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကျင်းပတဲ့ ဖိုရမ် အစည်းအဝေးမှာ ဖိုရမ်အဖွဲ့ဝင် ၅ နိုင်ငံက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဖိုရမ်အဖွဲ့ဝင် လျှောက်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး လက်ခံဖို့ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။
ဒီဖိုရမ်ရဲ့ အဓိကရည်မှန်းချက်က အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ လူသားတွေရဲ့

ရန်ရန်ချန်း တို့အဖွဲ့ အတုယူရမည့် သူတောင်းစား တစ်ဦး


အိန္ဒိယနိုင်ငံသားတစ်ယောက်ပါ
တောင်းရမ်းစားပါတယ်။
ဒါပေမယ
့်သူကနိုင်ငံတော်သီချင်းသံကြားတာနဲ့အမြဲတမ်းထပြီးအလေးပြုပါတယ်။
လူတွေကသူ့ကိုရူးနေတ
ယ်လို့ထင်ကြပါတယ်။
သူ့ကိုသတင
်းထောက်တွေကစိတ်ဝင်တစားနဲအင်တာဗျူးတောသူပြန်ပြောပုံကမှတ်သားစရာပါ
"တောင်းရမ်းစားသောက်သူအတွက်
နိုင်ငံတော်ကိုသစ္စာစောင့်သိနိုင်တာဒီတစ်နည်းပဲရှိပါတယ်တဲ့ဗျာ။"
from - Myanmar Express

ဆီးရီးယားတွင် စစ်ရာဇ၀တ်မှု သံသယရှိသူများ၏စာရင်း ပြုစုထားဟု ကုလပြောကြား


စစ်ရာဇ၀တ်မှုအတွက် သံသယရှိတဲ့သူတွေရဲ့ စာရင်းကို လျှို့ဝှက် ပြုစုထားတယ်လို့ ဆီးရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်ဆေးစုံစမ်းနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို စုံစမ်းရေးအကြီးအကဲ ပေါ်လို ဆာဂျီရို ပီညဲရိုး (Paulo Sergio Pinheiro) က ဦးဆောင်ခဲ့တာဖြစ်ပြီး အလွန်ခိုင်လုံပြီး ထူးခြားတဲ့ သက်သေအထောက်အထား အများအပြားကို ရထားတယ်လို့ ဆိုပါတယ်။
စုံစမ်းရေးအကြီးအကဲ ပေါ်လို ဆာဂျီရို ပီညဲရိုး (Paulo Sergio Pinheiro)
ဆီးရီးယားအခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ

ထန်တလန်မြို့နယ် လျှပ်စစ်မှူးက မီတာဘုတ် ၃၀ ကို အလွဲသုံးစားလုပ်

ချင်းပြည်နယ် ထန်တလန်မြို့ အတွက် အစိုးရမှ ချပေးသည့် လျှပ်စစ် မီတာဘုတ် ၃၀ ကို သက်ဆိုင်ရာ လျှပ်စစ်မှူးက ဖ လမ်းမြို့သို့ ပို့ခိုင်း လိုက်ကြောင်း သိရသည်။
“ထန်တလန်မြို့နယ် လျှပ်စစ်မှူးကို လျှပ်စစ်မီတာဘုတ် ၃၀ လာယူခိုင်းတာ သူက ထန်တလန်မှာ ၀ယ်ယူနိုင်မည့် လူရှိမှာ မဟုတ်ဘူး၊ ဖလမ်း ကို ပေးလိုက်ကြပါ လို့ ပြောလိုက်တယ်” ဟု ဟားခါးမြို့မှ လျှပ်စစ် ၀န်ထမ်းတဦးက ပြောသည်။
ထန်တလန်မြို့ပေါ်တွင် တပတ် အတွင်း ၄ ရက်ခန့်သာလျှပ်စစ်မီး မီးရရှိကြောင်း၊ ထို့ ကြောင့် ကျောင်းသူ ကျောင်းသား

မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင် ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းေ ဆာင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောဆိုလိုက်သည်။

ပွင့်လင့်မြင်သာမှုမရှိပါက မှန်ကန်စွာပါဝင်ဆွေးနွေးနိုင်ခြင်း

တရုတ် နဲ့ ဂျပန် တကယ် ချတော့မှာလား



တရုတ်အစိုးရ၏ ရေတပ်သင်္ဘော ၁၁ စင်းသည် ဂျပန်နိုင်ငံ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော ကျွန်စုများအနီးပတ်ဝန်းကျင်သို့ ချဉ်းကပ်ရောက်ရှိလာကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က   ပြောကြားသည်။
  တရုတ်သင်္ဘောများသည် ဂျပန်ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်ခြင်းမရှိသော်လည်း နိုင်ငံတ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦး စစ်တွေ အကျဉ်းထောင်မှ လွှတ်

ထွန်းထွန်း
ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦးတို့ လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံသား ၅၂ ဦးထဲတွင် ၄၈ ဦးမှာ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်မြောက်လာသူများ မဟုတ်ဘဲ အယူခံဖြင့် လွှတ်မြောက်လာသူများ ဖြစ်ကြောင်း သိရသည်။ ကျန် ၄ ဦးထဲတွင် မြန်မာနိုင်ငံသား (၃) ဦးနှင့် နိုင်ငံခြားသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်မှ အကျဉ်းသား ၅၁၇ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ကျေညာပြီးနောက်

“၀ါးတူ” အသုံးပြုခြင်း နှင့် ကျန်းမာရေးဆိုးကျိုးများ။

ကိုယ်ပိုင် "တူ" ကို အသုံးပြုခြင်းကသင့် ကျန်းမာရေးအတွက် ကောင်းပါတယ်သစ်တောတွေ ပြုန်းတီးမှု ကို လျော့နည်းစေပါတယ်သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း လည်း ဖြစ်ပါ တယ်
ကျွန်တော် တို့တွေဟာ လက်နဲ့စားတဲ့ အလေ့အထ၊ဇွန်း ခက်ရင်းနဲ့စားတဲ့ အလေ့အထနည်းတူ (တူ)ကို အသုံးပြုပြီး စား လာကြတဲ့ အလေ့အထပေါ်ပေါက်လာခဲ့တာလည်း အတော်လေးကို ကြာခဲ့ပါပြီ။ လူနေမှု အဆင့်အတန်းလဲ မြင့်စေခဲ့တာ

လဲ အမှန်ပါပဲ။ (တူ) ကိုအသုံးပြုတဲ့ အခါမှာလည်းတစ်ခါသုံးဝါးတူ အသုံးပြုမှုဟာ အများဆုံးပါပဲ။ ရှမ်းခေါက်ဆွဲဆိုင်၊ကြေးအိုးဆိုင်တွေမှာ အသုံးပြုရာက စလို့ အခုဆိုရင် ဇွန်းခက်ရင်း အသုံးပြုလေ့ပြုထရှိတဲ့

အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က  တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ  မေးမြန်းခွင့်ရခဲ့ပါတယ်။  အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။
မေး ။  ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက

ဆူဇူကီးဖလားပြိုင်ပွဲအား ဒစ်ဂျစ်တယ် လက်မှတ်ဖြင့် ကြည့်ရှုနိုင်မည့် အကြောင်း သတင်းစာရှင်းလင်းမည်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် အောက်တိုဘာလ ၅ရက် မှ ၁၃ရက် အထိလက်ခံကျင်းပပြုလုပ်မည့် 2012 AFF Suzuki Cup ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ်များအား Digital Ticketing System ဖြင့်    ၀ယ် ယူကြည့်ရှုစေမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ရက် နံနက် ၁၁နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်သွားမည်   ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိကာ အသက် ၁၂ နှစ်အောက် ဘောလုံးကစားများအား ၄ ရက်ကြာ လေ့ကျင့်သင်ကြားပေးမည့် အင်္ဂလန်နှင့် လီဗာပူးလ် ဂန္ထ၀င် ကစားသမားဟောင်း John Barnes နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း နံနက် ၉း၃၀ အချိန်တွင် ကျင်းပပြု လုပ်မည် ဖြစ်ကြောင်းသိရသည်။
 from : popular

MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ (MWDC အရက်စက်ရုံ)တွင် အလုပ်သမား အဖွဲ့အစည်း မှခေါင်းဆောင်သူအချို့ကို အလုပ်မှ ရပ်နား စေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။

အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့

ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ

၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား  ၅ ဦးဟာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့ ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့ ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့ တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ် ရပ်စဲသွားတယ်။
“ဒီနေ့ထိ သေနတ်သံတွေ လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ

စင်ကာပူမှာ PASSPORT စာအုပ်တအုပ်.."BUGIS"..နားက..ကောက်၇ထားပါတယ်.


စင်ကာပူမှာ PASSPORT စာအုပ်တအုပ်.."BUGIS"..နားက..ကောက်၇ ထားပါတယ်.။YAMIN THIRI..M599613..၀ိုင်းပြီး..share လုပ်ပေးကြပါအုန်း။ CALL TO 91884658..

from - Myanmar Express

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ၀ါရှင်တန်မှာရှိတဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ ဒေသ စံတော်ချိန် မနက် ၈ နာရီခွဲ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံတဲ့ အစည်းအဝေး အစီအစဉ်နဲ့ပတ်သက်လို့ မရရှိသေးပေမယ့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ တခြားအရေးကြီးတဲ့ နိုင်ငံရေးအပြောင်းလဲတွေ ကို ဆွေးနွေးကောင်း ဆွေးနွေး နိုင်တယ်လို့ အမေရိကန်သတင်းစာတွေမှာ ခန့်မှန်းနေကြပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက ဟီလာရီကလင်တန်နဲ့ တက္ကရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်

Saturday, September 15, 2012

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကြောင့် တိုင်းရင်းသားကျေးရွာတရွာ မပြိုပျက်စေလို (ပေးစာ)

ကျွန်တော်တို့  ရခိုင်ပြည်နယ် မောင်တောမြို့မှ ၂၂ မိုင်ဝေးကွာသော လောင်းဒုံ တိုင်းရင်းသား ကျေးရွာတွင် ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ဆိုသူ တဦးကြောင့် ကျေးရွာပျက်စီးမည့် အခြေ အနေကို ဆိုက်ရောက် နေသဖြင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များမှ အချိန်မှီ ကာကွယ် ပေးရန် အယ်ဒီတာမှတဆင့် တင်ပြအပ်ပါ သည်။
ကျွန်တော်တို့ လောင်းဒုံ တိုင်းရင်းသားကျေးရွာသည် မူဆလင်ကျေးရွာများကြားထဲတွင် တည်ရှိသဖြင့်

မိုဟာမက် အား စော်ကားသည့် ဗွီဒီယို ရိုက်ကူးဖြန့်ချီမှုကြောင့် အမေရိကန်အား ဆန့်ကျင်မှု အရှေ့အလည်ပိုင်းတွင် ပြင်ထန်လာ

တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော်
တမ်းရိုက်ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော
အစ္စလာမ်ဘာသာဝင်အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ
အမေရိကန်သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ယီမင်နိုင်ငံမြို့တော် ဆနာမြို့ရှိ အမေရိကန်သံရုံးဂိတ်ပေါက်အား ဆန္ဒပြသူတို့ကျော်ဖြတ်ရန်ကြိုးစားကြစဉ်။
နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင်

ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့


ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့သမ္မတ ဦးသိန်းစိန် စက်တင်ဘာ လကုန်တွင် အမေရိကသို့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်သည် မြန်မာ-အမေရိက ဆက်ဆံရေးတွင် အရေးကြီးသော အချိုးအကွေ့ ဖြစ်သောေ ကြာင့် ထိုခရီးစဉ်ကို နှစ်ဘက်စလုံးက ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်သည်။တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငြံ ဖစ်ပြီး နိုင်ငံတကာ တွင် သြဇာကြီးမား လှသည့်
အမေရိကန်၏ မီးစိမ်းသည် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ နိုင်ငံတကာ စံနှုန်း ဖြစ်နေသောကြောင့် မြန်မာ့ ပြုပြင် ပြောင်းလဲရေး နိုင်ငံတကာ ယုံကြည် စိတ်ချမှု ရရန်၊ ရင်းနှီးမြုပ်နှံမှုနှင့် အကူအညီများ ဝင်လာရန် အမေရိကန်၏ အသိအမှတ်ပြုမှု

NDFပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ်

NDF ပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ်
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကို အာရှတိုက် နိုင်ငံရေး ပါတီ များ အသင်းဝင် အဖြစ် ဝင်ရောက်ရန်ဖိတ်ခေါ်ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံ မှ နိုင်ငံတကာ ဆက်ဆံရေး ဒုတိယဝန်ကြီး Mr.Ai Ping က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီဝင်နှင့် နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr.Ai Ping သည် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် NDF

၁၀၀% လာရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ စိုးရိမ်ချက်

 မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများသည် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိရန် မျှော်လင့်နေကြောင်း ပြည်ပလုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများစုမှာ ဘဏ်လုပ်ငန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ စွမ်းအင်နှင့် ခရီးသွားကဏ္ဍများကို အများဆုံး စိတ်ဝင်စားလျက်ရှိကြပြီး ယင်းလုပ်ငန်းများတွင် ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ရရှိလိုကြောင်း မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ကိုင်နေသော Yoma Strategic Holdings မှာ အမှုဆောင်ဥက္ကဋ္ဌ Mr. Serge Pun ကနေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်း စင်တာတွင်

မြန်မာပြည်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေ ကျေးဇူးသိတတ်ပါစေ



From : အောင်သော်
အီရန်မှာ အမျိုးသမီးတွေကို စာသင်ခွင့်ပိတ်လိုက်ပြီ။ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်မရဘူး။
ဒီလိုမွတ်ဆလင်နိုင်ငံတွေက မြန်မာပြည်ကို လူ့အခွင့်အရေးချိုးဖောက်တယ်စွပ်စွဲတာ ရယ်စရာ အလွန် ကောင်းတယ်။ တကိုယ်လုံးချီးတွေ သေးတွေ အံဖတ်တွေပေနေတဲ့လူတွေက သူများမျက်လုံးက မျက်ချေး နည်းနည်း ရှိတာကို အပြစ်ပြောနေတဲ့လူတွေနဲ့တူတယ်။မြန်မာပြည်မှာ အမျိုးသမီးက ကြိုးစားရင် တော်ရင် နိုင်ငံခေါင်းဆောင်လည်း ဖြစ်နိုင်တယ်။ ၀န်ကြီးလည်း ဖြစ်နိုင်တယ်။ ပါတီခေါင်းဆောင်လည်း ဖြစ်နိုင်တယ်။ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်နိုင်တယ်။ သာသနာပြုပုဂ္ဂိုလ်လည်း ဖြစ်နိုင်တယ်။ပညာလိုလားရင် ဒေါက်တာဘွဲ့ရအောင်လည်း သင်နိုင်တယ်

ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို

အိအိတိုးလွင် အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်းဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသားများ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း ငြင်းဆိုလိုက်သည်။
ယင်းဂျာနယ်၏ ဖော်ပြချက်အရ ဏှီု ဆိုသောအဖွဲ့အစည်းမှတဆင့် ၈၈ မျိုးဆက်ကျောင်းသားများထံသို့ ဒေါ်လာခြောက်သန်းစီးဆင်း နေပြီ ဆိုခြင်းမှာ ၈၈ မျိုးဆက်ကျောင်းသား များထံမှအတည်ပြုချက်မယူဘဲ ဖော်ပြ လိုက်ခြင်းသာဖြစ်ပြီး ထိုဖော်ပြချက် သည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း

မောင်းတောမှာ ရခိုင်တိုင်းရင်းသား တစ်ဦးကို ဘင်္ဂါလီ ကုလားတွေ ၀ိုင်းရိုက်


ဓားဖြင့်အခုတ်ခံရသူအမည်မှာ ဦးအောင်လှဖြူ၊ အသက်(၆၂)နှစ် ဦးခေါင်းဒါးဒဏ်ရာရှိပါသည်။ ယခုလက်ရှိ မောင်တောဆေးရုံကိုရောက်ရှိနေပါသည်။ သတင်းအား ဆက်လက်စုံစမ်းရာ ယာတဲစောင့်နေသူမှာ ဦးအောင်လှဖြူ တစ်ဦးတည်းမဟုတ်ပဲ ဇနီးဖြစ်သူပါပါရှိကြောင်းသိရသည်။ 


ဇနီးဖြစ်သူ၏ ပြောကြားချက်မှာ ယနေ့(14-9-2012 နေ့ ညပိုင်း ၇

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်း များမှာ ယာဉ်မောင်းတွေ အနေနဲ့ မော်တော်ယာဉ်မောင်း နေစဉ် အတွင်း ဖုန်းပြောဆိုခြင်းများ ပြုလုပ်မှုကို ယခုလက စတင်ပြီး ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အခုလို အရေးယူမှုတွေ ဆောင်ရွက်ဖို့ စီစဉ်ရတာဟာ ယာဉ်မောင်းသူ တွေရဲ့ ဖုန်းပြောမှုကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရ တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အတွက်

KIA ( ကချင် ) သောင်းကျန်းသူအဖွဲ့ မှ မိုင်ထောင်ဖောက်ခွဲယုံသာ မကပဲ ပြည်သူများ ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်လာ



နိုင်ငံတော် အစိုးရသည် ပြည်သူလူထု လွယ်ကူချောမွေ့ စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက် လမ်းတံတားများအား ဘဏ္ဍာငွေ မြောက်များစွာ ကုန်ကျခံ၍ ဖောက်လုပ်ပေးလျှက် ရှိသော်လည်း KIA ( ကချင် ) သောင်းကျန်းသူအဖွဲ့ အနေနှင့် လမ်းတံတားများအား စဉ်ဆက်မပြတ် မိုင်းထောင် ဖောက်ခွဲ ဖျက်စီး နေပါတယ် ။

ဧပြီလ ၂၉ ရက် နံနက် နံနက် ၁ နာရီခန့် က မြစ်ကြီးနား-နန့် စီးအောင်

ဝမ်းချုပ်ခြင်းနှင့် ပတ်သက်သော အယူအဆများ

ဝမ်းချုပ်တာက လူတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီး လူတွေကြားမှာ ပျံ့နှံ့နေတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။  ဒါကြောင့် ဝမ်းချုပ်တဲ့ အကြောင်းကို အမှန်သိစေဖို့ ရေးသားလိုက်ရပါတယ်။
အယူအဆ  -  နေ့စဉ်ဝမ်းမသွားရင် ခန္ဓာကိုယ်ဟာ အဆိပ်တွေကို စုပ်ယူရရှိနိုင်တယ်။
အမှန်  - တချို့လူတွေက ဝမ်းမသွားတာကြောင့် ဝမ်းထဲက အဆိပ်ရှိတဲ့ အရာတွေကို ခန္ဓာကိုယ်ကနေ

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အဖွင့်ပွဲ မြန်မာအသင်း ဂိုးပြတ်နိုင်


ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စု(က) အဖွင့် ပွဲစဉ်တွင် မြန်မာအသင်းက ဖီလစ်ပိုင် အသင်းအား သုံးဂိုးပြတ် အနိုင် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။
မြန်မာအသင်း၏ အဖွင့်ဂိုးကို ပထမပိုင်း ပွဲအစ ငါးမိနစ်တွင် စန်းစန်းမော်က ၁၈ ကိုက်စည်း အတွင်း

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒလိုင်လားမား ပွင့်ပွင့်လင်းလင်းပြောကြား

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား။(ဓာတ်ပုံ -ဗွီအိုအေ)
 မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ အလွန်အမင်းချိုးဖောက်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ပြောကြားလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရခေါင်းဆောင်များနှင့်

“ရိုဟင်ဂျာအမည်ခံ ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်နေဆဲ”

ဒီကနေ့ (၁၄-၉-၂၀၁၂)ရက်နေ့မှ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊ ပေါက်တောရွာမှာ ခိုးဝင် ဘင်္ဂလီကုလား(၁၀)ယောက် ဖမ်းမိကြောင်း သိရပါတယ်။
အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသာတစ်ယောက်ကတွေ့လို့ သတင်းပို့ရာမှ ရွာဥက္ကဋ္ဌ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း၊ ပေါက်တောရွာဥက္ကဋ္ဌအိမ်မှာ ဖမ်းထားပြီး ကလေးမြို့ရဲစခန်းကို သတင်းပို့ရာ ရဲစခန်းမှ စက်လှေဖြင့်

OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီး၊ ရွှေတိဂုံ ဘုရားစေတီအား ဒိုင်းနမိုင်း ဖြင့်မ ဖောက်ခွဲရန် ဘယ်သူ အာမခံမလဲ.?(ပေးစာ - ၁၆၉)


၁။ ။OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်းသည် ရွှေတိဂုံ ဘုရားစေတီအား ဒိုင်းနမိုင်း ဖြင့် ဖောက်ခွဲရန် ဖိတ်ခေါ်နေခြင်း ဖြစ်ပါတယ်။
၂။ ။ဗုဒ္ဓဘာသာတိုင်းပြည်နဲ့ OICရုံးနဲ့ဘာမှမဆိုင်ပါဘူး။ဒါမြန်မာပြည်ကိုလာဖျက်ဆီးတာပါ။ အကြမ်းဖက်လုပ်ရပ်ကိုမြှောက်ပင့်ပေးဖို့နဲ့ အကြမ်းဖက်သမားခိုအောင်းဖို့ပဲအသုံးဝင်မှာပါ။
၃။ ။OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မှာ ကို လုံးဝ (လုံးဝ)

တရားစွဲခံ ရသေ့တောင်မှ လယ်သမား ၄၅ ဦး အမူ ယခုလတွင် ထပ်မံ စစ်ဆေးမည်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် စစ်တပ်ပိုင် လယ်မြေများအား ကျူးကျော်မှုဖြင့် တရားစွဲ ခံထားရသော လယ်သမား ၄၅ ဦးကို ယခု လအတွင်း ရုံးတင် စစ်ဆေးမည်ဟု သတင်းရရှိသည်။


ရုံးထုတ် စစ်ဆေးမည့် လယ်သမားများမှာ အုပ်စု (၂) စု ဖြစ်ပြီး တစ်စုမှာ ၂၆ ဦးပါဝင်ပြီး ၂၀၁၂ ခု ဇန္န၀ါရီလ ၁၂ ရက်နေ့က တရားစွဲခံရကာ နောက် အုပ်စု တစ်ခုမှာ ၁၉ ဦးပါဝင်ပြီး ၂၀၁၂ ခု စက်တင်္ဘာလ ၇

မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်
သုဝဏ္ဏရှိ အရှေ့ပိုင်းခရိုင် တရား ရုံး၌
 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ
စစ်ဆေး လျက်ရှိသော မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီလမ်းထိပ်၌ ဖြစ်ပွားခဲ့ သော

 လူသတ်မှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှ စီရင်ပိုင် ခွင့်တူညီသော သင့်တော်ရာ
ခရိုင်တရားရုံးတစ်ခုခုသို့ လုံခြုံရေးအရ ပြောင်းရွှေ့စစ်ဆေးခွင့်ပြု ပါရန် ရန်ကုန်
တိုင်းဒေသကြီး တရား လွှတ်တော်သို့ သက်ဆိုင်ရာက ဩဂုတ်လ ပထမသီတင်းပတ်

ဂျပန်ထုတ်ကုန်ပစ္စည်းများ ပြသမည်

ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် Myanmar Professioinal Services Company Limited မှ Executive Director ဒေါက်တာ ဇာနည်မောင်မောင်က ပြောသည်။
ထိုပွဲတွင် ဂျပန်နိုင်ငံမှ Sony, Fuji Films စသည် ကုမ္ပဏီ ၄ဝ ခန့်မှ လျှပ်စစ်ပစ္စည်း၊ ကင်မရာ၊ ပရင်တာ၊ အဝတ်အထည်၊ ကားအပိုပစ္စည်း၊ အိုင်တီပစ္စည်းများ ပါဝင်ပြသ ရောင်းချမည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်နေသော ပြည်တွင်းမှ ကုမ္ပဏီများလည်း ပါဝင်မည်ဖြစ်သည်။
ဂျန်ပန်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ဈေးကွက်ချဲ့တွင်မှု ခြေလှမ်းဖြစ်သည့် အဆိုပါ ပြပွဲသည် ၂ဝ၁၂

၂၀၁၂ ရှုံးထွက်ဖလား မဲခွဲမှု ပြုလုပ် ~ လက်ရှိ ချန်ပီယံ ရန်ကုန်တို့ မကွေးနှင့် ရင်ဆိုင်ရမည်

 

MFF Digicel Cup 2012 မဲခွဲမှုအား စက်တင်ဘာ ၁၄ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ကျင်းပခဲ့ရာ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် မကွေး အသင်းနှင့် ရှုံးထွက် အဆင့်တွင် စတင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

မဲခွဲမှု အရ ၂၀၁၀ ချန်ပီယံ ဟံသာဝတီ ယူနိုက်တက် အသင်းမှာမူ ဆောက်သမ်း မြန်မာအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ နာမည်ကြီး အသင်းတစ်သင်း ဖြစ်သည့် ရတနာပုံ အသင်းမှာမူ မနောမြေနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ကမ္ဘောဇ အသင်းမှာမူ ချင်း

အတွေ့အကြုံ တိုးပွားစေရန် ဘာကလေကို ရှက်ဖီးလ်သို့ အဲဗာတန် အငှားစေလွှတ်

အဲဗာတန် အသင်းမှ လူငယ် ကွင်းလယ် ကစားသမားလေး ရော့စ်ဘာကလေသည် ပွဲထွက် ကစားခွင့် အတွေ့အကြုံ ရှာမှီးရန်အတွက် ချန်ပီယံရှစ် ကလပ်အသင်း ရှက်ဖီးလ် ဝက်နက်စ်ဒေးသို့ အငှား ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
အသက်(၁၈)နှစ်ရှိ ဘာကလေသည် ဝိန်းရွန်နီ နောက်ပိုင်းတွင် အဲဗာတန် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အတောက်ပဆုံး သွေးသစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပွဲထွက်နေရာ ပျောက်ဆုံးကာ မှေးမှိန်လာခဲ့ရသည်။ အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက ပထမ အသင်း ပွဲထွက် လူစာရင်းတွင် အသုံးပြုခဲ့သော

ကလေးမြို့နယ်ထဲမှာ ခိုးဝင်ဘင်္ဂလီ ဆယ်ယောက်ကို ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊
 ပေါက်တောရွာမှာ ခိုးဝင်လာသူ ဘင်္ဂလီကုလား
အယောက် သုံးဆယ် အနက်က ဆယ်ယောက်ကို
မနေ့က စက်တင်ဘာလ ၁၄-ရက်နေ့
ညခုနစ်နာရီခန့်မှာ ဖမ်းမိခဲ့တယ်။

အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသားတစ်ယောက်ကတွေ့လို့ သတင်းပို့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေက

ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးရေဘေးဒုက္ခသည်နှင့်တွေ့

စက်တင်ဘာ ၁၄ ရက် ယနေ့  ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ရောက်ရှိ ကာ ရေဘေးဒုက္ခသည် ဒေသခံများ နှင့်တွေ့ဆုံခဲ့ကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။
ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း

“သျှမ်းစာပေယဉ်ကျေးမှု ရုံးမှာရေဘေးဒုက္ခသည်တွေနဲ့တွေ့တယ်။ ပိုက်ဆံတယောက် သုံးသောင်းပေးတယ်။ ဆန်အိတ်ကိုတော့ ၅၀ လာချထားပေးတယ်။ မခွဲပေးသေးဘူး။ ဒုသမ္မတနဲ့အတူ

ရန်ကုန်မြို့တွင်း ၁၄ မြို့နယ် သုံးရက်ကြာ ဂျိုးဖြူရေ ပြတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေများကို ဖြန့်ဝေရာ နေရာတစ်ခုဖြစ်သော လှော်ကား ရေပေး
ဝေကန်မှ ရေပို့ပိုက်ကြီး ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်း ၁၄ မြို့နယ်တွင် သုံးရက်ကြာ ရေပြတ်တောက် မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရေပြတ်တောက်မှုမှာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီက စတင်ကာ လှော်ကားရေပေး
ဝေရေး စခန်းမှ ရေဖြန့်ဝေသည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ တာမွေ၊ ရန်ကင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ သာကေတနှင့် ဗိုလ်တထောင်မြို့

ကလေးမြို့၊ သမ္မတထောက်ခံပွဲ အောင်မြင်

 ယခုနှစ် ဇွန်လ (၈) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တဲ့၊ ဘင်္ဂါလီအကြမ်းဖက်သမားတို့ရဲ့ အကြမ်းဖက်မှုနှင့်ပက်သက်ပြီး နိုင်ငံတော်သမ္မတကြီး ဦး သိန်းစိန်ရဲ့ရပ်တည်ချက်ကိုထောက်ခံသည့် ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ၁၃-၉-၂၀၁၂ ရက် ၁၃၇၄ ခု ဝါခေါင်လဆုတ် (၁၂) ရက် ကြာ သာပတေးနေ့ မွန်းတည့် (၁၂) နာရီမှာ ကျင်းပခဲ့ကြောင်းသိရပါတယ်။
မနက် (၁၁) နာရီမှာ ကလေးမြို့၊ မင်္ဂလာဥယျာဉ်စာသင်တိုက်မှာ လူစုကြပြီး မွန်းတည့် (၁၂) နာရီမှာ

Thursday, September 13, 2012

အာရပ်ကမ္ဘာတဝှမ်း ဆန္ဒပြမှုတွေ ပြန့်


အာရပ်ကမ္ဘာတဝှမ်း ဆန္ဒပြမှုတွေ ပြန့်နေ
BBC News, 13September 2012  —-  အစ္စလမ်ဘာသာဝင်တို့ အလေးအမြတ်ထားရာ တမန်တော် မိုဟာမက်ကို လှောင်ပြောင်ထားတယ်ဆိုတဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ အာရပ် ကမ္ဘာ တဝှမ်းမှာ ဒေါသတကြီး ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။
ယီမင်နိုင်ငံက ဆာနာ မြို့တော်မှာ ဆန္ဒပြသူတွေက အမေရိကန် သံရုံးဝင်းထဲကို အတင်းဝင်ရောက်ခဲ့ကြပြီး ကားတွေကို မီးရှို့ခဲ့ကြလို့ လုံခြုံရေးတွေက သံရုံးဝင်းထဲက ထွက်သွားအောင် ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ် မောင်းထုတ်ခဲ့ရပါတယ်။
အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာလည်း အမေရိကန် သံရုံး အပြင်ဘက်မှာ အကြမ်းဖက်မှုတွေ

အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။


Freedom News Group (Burma) , 13September 2012  —-  တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော်
တမ်းရိုက်ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော
အစ္စလာမ်ဘာသာဝင်အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ
အမေရိကန်သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင် အစ္စလာမ်ဘာသာဝင် ၅၀၀၀ကျော်ခန့်သည်
အမေရိကန်သံရုံအားဆန္ဒပြရင်း ပြင်းထန်စွာတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြသည်။ ဆန္ဒပြလူငယ်

Samsung Galaxy/Tablet တွေကို Root စရာမလိုဘဲ မြန်မာဖောင့်သွင်းနည်း

Samsung Galaxy/tablet တွေမှာမြန်မာဖောင့်သွင်းဖို့ဆိုရင်တော့ root စရာမလိုဘဲနဲ့သွင်းလို့ရပါတယ် ဒါပေမယ့် Facebook မှာတော့မြန်မာဖောင့်အဆင်မပြေတတ်ပါဘူးအဲဒါကြောင့် facebook သုံးမယ်ဆိုရင် friend caster for facebook လေးကိုသုံးမှမြန်မာဖောင့်အဆင်ပြေမှာဖြစ်ပါတယ် Samsung S3 မှာ မြန်မာဖောင့် keyboard အတွက်ကတော့ ဒီမှာယူပါ ပြီးရင်တော့မြန်မာဖောင့်ကိုမြင် ရဖို့အတွက် ထပ်ပြီးဒေါင်းရပါဦးမယ်ဒီမှာယူပါပြီးရင်တော့ အဲဒီပာာနှစ်ခုစလုံးကို SD card ထဲထည့်ပြီး install လုပ်လိုက်ပါပြီးပြီဆိုရင်တော့setting>Display>fontstyle>ထဲမှာ ၀င်ရွေးပေးလိုက် ပါ။ပြီးရင်ပြန်ထွက်
လိုက်ပါ နောက်တစ်ဆင့်ကတော့setting>Language & keyboard မှာမြန်မာကီးဘုတ်လေးကို

"လူဟောင်း လူသစ် အားပြိုင်မှုတွေက အတော်ကို အားကြီးတယ်"


အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင် နဲ့ မေးခွန်းများ
အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ စည်းရုံးရေး အတော် ခရီးရောက်နေပြီလား။ ညီလာခံလုပ်မယ်ဆိုကာမှ အချင်းချင်းတွေကြား ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ ကြားနေရတယ်။၁၉၈၈ နောက်ပိုင်း၊ ပါတီကို ထူထောင်ပြီးနောက်မှာ ပါတီညီလာခံတွေ လုပ်ဖို့ ကျိုးစားခဲ့တယ်။ အဲဒီလုပ်ငန်းတွေကို စစ်အစိုးရက ဖြိုခွဲတားဆီးခဲ့တယ်။ ပါတီ ညီလာခံလိုင်းတွေ မအောင်မြင်ခဲ့တော့ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ပဲ ဆက်ပြီး ဦးဆောင် မှုပေးပြီးလုပ်ခဲ့ရတယ်။ အဲသည်နောက်က ပါတီဝင်တွေက ရှိပြီးသား စုဖွဲ့မှုနဲ့ပဲ နောက်ကလိုက်ကြရတယ်။
ဒီလိုပဲ ရုန်းရုန်း၊ ရူန်းရုနူ်းနဲ့ ဖြတ်သန်းလာခဲ့ကြတယ်။ အပေါ်ပိုင်းက ခေါင်းဆောင်တွေ က ပြောင်းလဲမှုမ ရှိပေမယ့်၊ အောက်ခြေအ ဆင့်ဆင့်မှာတော့ သူ့ဖာသာသူ အပြောင်းအလဲတွေတော့ ရှိခဲ့တယ်။
အဲသည်လိုနဲ့ ပါတီကို ၂၀၁၀ စက်တင်ဘာ ရွေးကောက်ပွဲမတိုင်မီမှာ တဖက်သတ် ဖျက်သိမ်းခံရတာမျိုး

တရုတ် ပိတ်ထားသည့်အမဲသား တင်ပို့ခွင့် နှစ်မကူးခင် ပြန်ဖွင့်အောင် ကြိုးစားမည်

နှစ်လကျော် ကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံက ပိတ်ပင်ထားသော မြန်မာနိုင်ငံမှ အအေးရိုက် အမဲသားတင်သွင်းခွင့်ကို ယခုနှစ်ထဲမှာပင် ပြန်လည် ဖွင့်ပေးအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ပြောကြားလိုက်သည်။
“ဒီနှစ်မကုန်ခင်တရုတ်ကို အေးခဲအမဲသား တင်ပို့နိုင်ဖို့ လောလောဆယ် နှစ်ဖက် တိရိစ္ဆာန်ဆေးကုဌာနတွေ အချင်းချင်းညှိနေတယ်။ ပြီးတော့ ဒီက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်” ဟု မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကျွဲ ၊နွား ခွာနာ လျှာနာ ကင်းစင်မှုမရှိသော်လည်း တစ်နိုင်ငံလုံးအနေနှင့်မကြည့်ဘဲ နိုင်ငံတွင်း ကင်းရှင်းဧရိယာ တစ်ခုအပေါ် တရုတ်နိုင်ငံနှင့် ညှိနှိုင်းပါက ပြေလည်နိုင်လိမ့်မည်ဟု မျှော်လင့်ကာ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေနှင့်

ဂျပန်ဘဏ္ဍာရေးဝန်ကြီး မိမိကိုယ်မိမိ အဆုံးစီရင်


ဂျပန်ဘဏ္ဍာရေး ဝန်ကြီး တာဒါဟီရို မစ်စူရှီတာသည် ၄င်း၏ နေအိမ်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို စက်တင်ဘာ ၁ဝ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
မစ်စူရှီတာသည် လက်ရှိ အာဏာရ အစိုးရအဖွဲ့တွင် ပါဝင်သည့် ပြည်သူ့ ပါတီသစ် ပါတီမှ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ၄င်းအား ဇွန်လအတွင်းက အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၃ နှစ်ရှိ မစ်စူရှီတာသည် စာတိုက်စနစ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုင်ရာ ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရသည်။
၎င်း၏ သေဆုံးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
From : မြဝတီ

၉ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီးသို့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် ၃၅၀ နီးပါး သွားရောက်မည်

၉ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အယောက် ၃၀၀ မှ ၃၅၀ အထိ
သွားရောက် ပြသမှုများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကွမ်းရှိးကျွမ်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ နန့်နင်းမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

အဆိုပါ ကုန်စည်ပြပွဲ မှာတော့ အဖွဲ့ဝင် နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံ တစ်ခုကို ဂုဏ်ထူးဆောင် တိုင်းပြည် အဖြစ် ရွေးချယ် သတ်မှတ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား ဦးဆောင်နိုင်ငံ အဖြစ် ရွေးချယ် သတ်မှတ်ခြင်းကို အာဆီယံ နိုင်ငံများထဲမှ အင်္ဂလိပ် အက္ခရာ အစီအစဉ်အရ ဆောင်ရွက်

မြန်မာ့အလင်း သတင်းစာ အောက်တိုဘာလတွင် ရောင်စုံထုတ်ဝေမည်


မြန်မာ့အလင်း သတင်းစာကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး အဖြူအမည်းဖြင့် မဟုတ်ဘဲ ရောင်စုံစာမျက်နှာ များဖြင့် ထုတ်ဝေမည်ဟု သိရသည်။ မြန်မာ့အလင်း သတင်းစာ ၁၆ မျက်နှာကို ရောင်စုံကာလာဖြင့် ပုံနှိပ်ထုတ်ဝေ မည်ဖြစ်ပြီး ကြော်ငြာလေးမျက်နှာကို အဖြူအမည်းဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းမှ ပုံနှိပ်ထုတ်ဝေလျက် ရှိသော ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar သတင်းစာများကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြောင်းလဲထုတ်ဝေရေး အစီအစဉ်အရ ကြေးမုံနှင့် The New Light of Myanmar တို့ကိုလည်း မကြာမီ ဆက်လက်ထုတ်ဝေမည်ဟု သိရသည်။ ကြေးမုံ သတင်းစာတိုက်တွင် စက်တင်ဘာ ၇ ရက်မှ စတင်၍ သတင်းစာဖတ် ပရိသတ်များ နံနက်စောစော ဖတ်နိုင်ရန် ၅၂ လမ်း သတင်းစာတိုက် တည်နေရာတွင် လူတစ်ဦးလျှင် တစ်စောင် ၅၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
from - ခေတ်လူငယ်

သမ္မတရှေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ ဦးသိန်းစိန် ပြောခဲ့ဟု ဆို


သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။

From : Hmuu Zaw

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့် အမေရိကန် သံအမတ်ကြီး အသတ်ခံရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှု ကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ ငြိမ်နေ

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့် အမေရိကန် သံအမတ်ကြီး အသတ်ခံရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှု ကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ အမေရိကန် သံရုံးရှေ့တောင် လူစုဖြင့် မသွားရဲကြပေ။
မိုဟာမက် ကို စော်ကား သည့် ဗွီဒီယိုကြောင့် လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော အစ္စလန် ဘာသာဝင်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း

ကလေး မြို့ ဦးသိန်းစိန် ထောက်ခံသည့် ဆန္ဒပြပွဲ လူတစ်သောင်းကျော်


မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သမ္မတ ထောက်ခံ ဆန္ဒပြမှု အပြီး ကလေးမြို့တွင်လည်း သမ္မတထောက်ခံ ဆန္ဒ ဖော်ထုတ်ပွဲကို ယနေ့ ပြုလုပ်ခဲ့ရာ ဒေသခံ လူထု တစ်
သောင်းကျော် ပါဝင် အင်အား ဖြည့်ခဲ့ကြကြောင်း ဒေသခံများ ထံမှ သိရသည်။
အဆိုပါ လူထုသည် ( သမ္မတကြီး၏ အဆိုကို ထောက်ခံခြင်းဖြင့် အမိ မြန်မာပြည်ကို ကာကွယ်ကြပါ) ဟုသော ကြွေးကြော်သံ နှင့် နိုင်ငံတော် သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြား နေကြကြောင်း ၄င်းက ဆိုသည်။
ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့) စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍

လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်


လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်
အပိုင်း(၁)

ဦးပြည့်စုံ                 ဗျို့ ဦးကောင်းမွန် ဘယ်နေ့က ပြန်ရောက်လည်းဗျ .. နေကောင်းကျန်းမာရဲ့လား။
ဦးကောင်းမွန်           ကောင်းပါတယ်ဗျာ စက်တင်ဘာ ၇ ရက်နေ့က လွှတ်တော်နားတယ်လေဗျာ
မနေ့က ပြန်ရောက်တာဗျ.. ခင်ဗျားကော နေကောင်းရဲ့လား။
ဦးပြည့်စုံ                 ကောင်းပါတယ်ဗျာ ဒီတစ်ခေါက် ခင်ဗျားတို့ ကိုယ်စားလှယ်ကြီးတွေ လွှတ်တော်
ထဲမှာ အကြိတ်အနယ်ကို ဆွေးနွေးနေကြပါလားဗျ။
ဦးကောင်းမွန်           ဟုတ်တယ်ဗျ လွှတ်တော်နားခါနီးလေးမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ အသက်ဝင်
လာတယ် ပြောရမှာပေါ့ဗျာ။
ဦးပြည့်စုံ                 အသက်ဝင်လာတာတော့ဟုတ်ပါပြီဗျာ… တိုင်းပြည်အတွက်လည်းမဟုတ် ပြည်သူ
အတွက်လည်းမဟုတ် အကြိတ်အနယ် ဆွေးနွေးတာကလည်း ကိုယ့်အတွက်
ကိုယ် ပြည်ထောင်စုအဆင့် သတ်မှတ်ခိုင်းနေကြပါလားဗျ။

ဦးကောင်းမွန်           ဒါကတော့ဗျာ အခြေခံဥပဒေနဲ့ လုပ်ကြတာလေဗျာ။
ဦးပြည့်စုံ                 ဟုတ်တော့ဟုတ်နေပြီဗျို့ ခင်ဗျားတို့ကိုယ်စားလှယ်တွေကလည်း အခြေခံဥပဒေ

စေ့စပ်ဆဲကာလမှာပင် သဘောထားကွဲလွဲနေသည့် ပုသိမ်NLD

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲကာလမှာပင် NLD ပါတီ(ဗဟို)မှ မြို့နယ်ရုံးခန်းကိစ္စထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား သဘောထားကွဲလွဲမှုများ ထပ်မံဖြစ်ပေါ် လာကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရေဘေးလှူဒါန်းရန် ပုသိမ်သို့လာရောက်ခဲ့စဉ်က မြို့နယ်ပါတီဝင်များအား တွေ့ဆုံပြီးနောက် ပုသိမ်မြို့နယ် NLD ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်တွင် ပါတီဗဟိုမှ မြို့နယ်ရုံးခန်းကိစ္စ ထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား

(၈၈)မျိုးဆက်ကျောင်းသား လူငယ်များ ပါတီ နောက်ခံပြု၍ မြေကွက်များလိမ်လည် ရောင်းစားသူအမျိုးသမီးကို အမှုဖွင့်အရေးယူလိုက်ပြီ


(၈၈)မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာ နိုင်ငံတော်ပါတီကို နောက်ခံပြု အရှိန်အ၀ါကိုသုံးကာ အပြစ်မဲ့ ပြည်သူတစ်ဦး၏ မြေကွက်များ အား လိမ်လည်လှည့်ဖြားရောင်း စားခြင်းအမှုကို ကျူးလွန်သူမအေး အေးမာ (ရွှေပြည်သာမြို့နယ် တာဝန်ခံ၊ (၈၈)မျိုးဆက်ကျောင်း သားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီအား ရွှေပြည် သာ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပ/၉၆၅၊ ပုဒ်မ (၄၂၀)အရ၊ ၂၈- ၈-၂၀၁၂နေ့တွင် အမှုဖွင့်အရေး ယူလိုက်ကြောင်းသိရသည်။
အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၆၁/ခ)မဲခေါင်လမ်း၊ ၆/၁၂ရပ်ကွက်နေ

ဒီမိုကရေစီကို ဈေးပေါအောင် မလုပ်ကြပါနဲ့ (မောင်ဝံသ)



စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေဖွင့်ကြ၊ ကာရာအိုကေတွေဆိုကြ၊ လူတွေမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တားနှိပ်ကွက်ရမယ့်အစား ဒေသ တာဝန်ရှိသူတချို့က .လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ်မဟုတ်လား။ ဒီမိုကရေစီ ရရင်ဒီလိုဖြစ်ကုန်မယ်ဆိုတာ အကြောင်းသိအောင် ကျုပ်တို့ကတော့ လက်ပိုက်ကြည့်နေလိုက်တယ်…  လို့ ပြောတာကို ကျွန်တော်နားနဲ့ ဆတ်ဆတ်ကြား ဖူးလိုက်ရပါသဗျ။
ဟော အခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြလုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီး ဒါတင်မက ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကိုဈေးပေါအောင် လုပ်နေရော့သလားလို့ စိုးရိမ်မိတယ်ဗျ။