ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 12, 2012

Facebook အကောင့် ၈၃ သန်းမှာ အတုအယောင် တည်ရှိနေခြင်းဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်



လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူဦးရေ ၉၉၅ သန်းအထိ မြင့်မားလာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတုအယောင် တည်ရှိမှုများ ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။ ထိုပမာဏမှာ လက်ရှိ Facebook အသုံးပြုသူ၏ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး အသုံးပြုသူတစ်ဦးလျှင် အကောင့်များစွာ ရှိနိုင်သည့်နည်းတူ အိမ်မွေးတိရစ္ဆာန်

ကမ္ဘာ့ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ပထမဆုံး ပါဝင်ခွင့်ရပြီ



ပေါ်တူဂီနိုင်ငံတွင် ကျင်းပမည်ဖြစ်သော ကမ္ဘာ့ ဖူဆယ် ဘောလုံးပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ACE ဖူဆယ် ဘောလုံးအသင်းဟာ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ရပ်အသွင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ၆-၈-၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သော အဆိုပါပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်ဆင့် လျှောက်ထားခဲ့ရာ ပါဝင်ခွင့်ကို သြဂုတ်လ ပထမပတ်အတွင်းမှာ ရရှိသွားခဲ့ကြောင်း သိရသည်။ “ဘောလုံးအဖွဲ့ချုပ်က မေးတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရပြီ။ ဝင်ပြိုင်မှာလားလို့ မေးတယ်။ ကျွန်တော်တို့လည်း ဝင်ပြိုင်ဖို့အတွက် အားကစားသမားအားလုံးကို ပတ်စပို့စပြီး လုပ်ခိုင်းနေပါပြီ” ဟု ACE

ရခိုင် နှင့် အာသံ အတွက် အိန္ဒိယတွင် မွတ်ဆလင်များ ဆန္ဒပြ၊ ၂ ဦး သေပြီး ၅၀ ကျော် ဒဏ်ရာရ




မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဆန္ဒပြပွဲ ကျင်းပခဲ့ရာမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် အနည်းဆုံး လူနှစ်ယောက် သေဆုံးပြီး (၅၀)

အီရန် ငလျင် လူ ၁၈၀ ကျော် သေ၊ ၁၃၀၀ ကျော် ဒဏ်ရာရ



အီရန်နိုင်ငံမြောက်ပိုင်း အေဟာမြို့အနီးတွင် ဒေသစံတော်ချိန် ယနေ့ညနေ ၄း၅၃ နာရီက Magnitude 6.4 နှင့် Magnitude 6.3 အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၈၀ ကျော် ၁၃၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ငလျင်လှုပ်ခတ်ရာ ဒေသတွင်းရှိ ရွာပေါင်း ၆၀ မှာ

စစ်သားလည်းလူပဲလေ ဒါလေးတွေဖြစ်နေတဲ.စစ်သားကို ဘယ်လိုမှမမုန်းနိုင်ပါ


ဘယ်ချိန်ကစပြီး ဘယ်သူ.ဆီက စပြီး ပြောတာကို ကြားလိုက်ရသလဲ ဆိုတာ မမှတ်မိတော.ဘူး
( စစ်သားတွေက မကောင်းဘူး မချစ်ရဘူး ဝေးဝေးရှောင်ပါ) လို.ပြောတဲ.စကားကိုပေါ.
ဒါပေမယ်. တချို. စစ်သား တွေ မှာ လည်းဖြူစင်တဲ.နှလုံးသားရှိ ပါတယ်လေ
စစ်သားလည်းလူပဲလေ ဒါလေးတွေဖြစ်နေတဲ.စစ်သားကို ဘယ်လိုမှမမုန်းနိုင်ပါ
၁=တိုင်းပြည် ဘေးရန်ကင်းရေးအတွက် တိုက်ပွဲမှာ ခြေထောက်ကျိုးနေတဲ.စစ်သား
၂=သဘာဝဘေးဒဏ်ကြောင်. ပြည်သူပြည်သားတွေကို ကယ်ဆယ်နေတဲ.စစ်သား

စစ်တွေတွင် ညမထွက်ရအမိန့်ကို လျော့ချပြီ



ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို တစ်နာရီလျော့ ချသတ်မှတ် လိုက်ကြောင်း သိရသည်။

ွ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ညမထွက်ရ အမိန့်ကို စစ်တွေမြို့တွင် ၂၀၁၂ ခုနစ် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ရာ ယခုအခါ ၂ လတိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင်လည်း ည ၆ နာရီ မနက် ၆ နာရီအထိ ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို

ရခိုင်ဒုက္ခသည်များ စား၊ ဝတ်၊ နေ၊ ပညာသင် အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေရ ဆဲ ကာလ တွင် ဒေါ်စု မှ နေပြည်တော်မှ NLD ကို မဲထည့်ခဲ့သူများကိုသာ အခက်အခဲ သွားမေးနေ

အထွေထွေ လိုအပ်လျှက် ရှိနေစဲ ဖြစ်ပြီး စားသောက်ရေး၊ နေထိုင်ရေး၊ ဝတ်စားရေး အပြင် ကျောင်းများလည်း ပြန်မဖွင့်နိုင်သေးတဲ့ အတွက် ပညာသင်ဖို့ပါ အခက်အခဲ ဖြစ်နေသော ရခိုင်ပြည်နယ်သို့ တိုင်းရင်းသားများ ဒုက္ခရောက်နေမှု ၂ လ ကျော် ကြာသည့် တိုင်အောင်ပင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ လှည့်ကြည့်ခြင်း မရှိပဲ နေပြည်တော်မှ NLD ကို မဲပေးခဲ့သူများကို ဘာအခက်အခဲ ရှိလဲ သွားပေးနေတယ်လို့ သတင်းရရှိပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ NLD ပါတီကို မဲပေးခဲ့သည့် ဒေသခံကျေးရွာပြည်သူတွေနဲ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ မဲအပြတ်အသက်နိုင်ပြီး လွှတ်တော်ထဲ အမတ်များရောက်လာပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ အမတ်များအိပ်ငိုက် မနေကြရန်သတိပေးလာရ



ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ မဲအပြတ်အသက်နိုင်ပြီး လွှတ်တော်ထဲ အမတ်များရောက်လာပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ လွှတ်တော်အမတ်များအိပ်ငိုက် မနေကြရန်သတိပေးလာရကြောင်း သတင်းရရှိသည်။

အမျိုးသားလွှတ်တော်စတုတ္ထအကြိမ်တွင်ထွင်ကျန် ရစ်ခဲ့သော အဖြစ်အပျက်တစ်ခုအဖြစ် (၂၄ )ရက် မြောက်နေ့တွင် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခြား သမိုင်း တွင်သည့် စကားတစ်ခွန်းကို

အထက်ပေါင်းလောင်း ဆည်ကြောင့်ဒေသခံ နစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို

၂၀၁၂ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည်ဖြစ်သောသျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ်မှ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာ ၂၃ရွာမှာ အန္တရာယ်ကြုံတွေ့နိုင်ပြီး နစ်နာမှု များရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ် -KNGY က မန္တလေးမြို့၌ ယနေ့ ပြောဆိုလိုက်သည်။


မန္တလေးမြို့ ၇၁လမ်း၊ လမ်း ၃၀ထောင့်၊ ယူနီဆမ်လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်ခဲ့သည့် KNGY ၏ သတင်းစာရှင်းလင်းပွဲ၌အထက်ပေါင်းလောင်းဆည် တည်ဆောက်ခြင်းကြောင့်ရွာ ၂၃ရွာမှ လူ

ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်၌ နောက်အပတ်တွင်ဆွေးနွေးတော့မည်


မျှော်တလင့်လင့် စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို လွှတ်တော် တွင် နောက်အပတ်၌ ဆွေးနွေးကြ တော့မည် ဖြစ်ပြီး၊ သမ္မတက ယခုလအတွင်း လက်မှတ်ရေးဖွယ်ရှိ သည်ဟု ဥပဒေပြုလုပ်ငန်းစဉ်နှင့် နီးစပ်သူများက သောကြာနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မတ်လက အာဏာရလာသော အရပ်ဖက်တစ်ပိုင်းအစိုးရက နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တသီတတန်း ပြုလုပ်ပြခြင်းကြောင့်၊

နီပါးဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးတစ်မျိုး အမေရိကန်သိပ္ပံပညာရှင်များ ထုတ်လုပ်

အမေရိကန်သိပ္ပံပညာရှင်များသည်လူကိုသေစေနိုင်လောက်သောနီပါးဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိရောက် စွာ ကာကွယ်နိုင်မည့်ကာကွယ်ဆေးတစ်မျိုးကိုထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိရာ ယခုအခါ အောင်မြင်မှုရရှိရန် နီးစပ်လာပြီ ဖြစ်ကြောင်း သြဂုတ် ၈ ရက်က ဆေးဝါးသိပ္ပံဆိုင်ရာ ဂျာနယ်တစ်စောင်   ၌ ဖော်ပြထားသည်။
အဆိုပါကာကွယ်ဆေးသည်ကြာင်များကိုနီပါးဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင် သည့်အပြင်  မြွေ ပါက တိုးဖြူများနှင့် မြင်းများကိုလည်း ဟန်ဒရာဗိုင်း ရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာ ရှင်များ က တွေ့ရှိခဲ့ကြသည်။ ယင်းတွေ့ရှိချက်များသည်

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။



ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့်

ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေးကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေး ၁/၁၂ ကို ယခုလ ၁၅ ရက်နေ့မှစတင်ကာ ၃ ရက်တာ ကျင်းပမည်ဖြစ်ပြီး ရေးရာကော်မတီ ၈ ခုနှင့် အမြဲတမ်းကော်မတီ ၃ ခုတို့၏ အစီရင်ခံစာ ကိုဖတ်ကြားမည်ဟု လွှတ်တော် ပြန်ကြာျးရးဌာနက ဦးအောင်ဟိန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် တိုင်းဒေသကြီး ၀န်ကြီးဌာနများ အပြောင်းအလဲပြုလုပ်စဉ်က အရေးပေါ်အထူးအစည်းအဝေးတစ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ယခုအထူးအစည်းအဝေးတွင် လယ်ယာမြေ ကိစ္စများ ပါဆွေးနွေး  ရန်ရှိကြောင်းသိရသည်။

၈ သောင်းတန် CDMA ဖုန်းများ ချထား ပေးရန် စီစဉ်

လာမည့် ၂၀၁၅ မတိုင်မှီ မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်း ထုတ်ပြန်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ၈သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly ကိုပြောကြားသည်။
CDMA ဖုန်းများကို ရှစ်သောင်းဖြင့် ချထားပေးမည်ဟု ဆိုသည့် သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင်

ပါရှန်ပင်လယ်ကွေ့တွင် ဒုံးကျည်ကာကွယ်ရေး အမေရိကန်တိုးမြှင့်မည်

ပါရှန်ပင်လယ်ကွေ့တွင် ဒုံးကျည်များ၏အန္တရာယ် ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိသဖြင့် အမေရိကန်အစိုးရက ဒုံးကျည် ကာကွယ်ရေးများကို တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။
ဒုံးကျည်အန္တရာယ်သည် ပါရှန်ပင်လယ်ကွေ့အနီး အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများ

မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ကျာက်အစုအဝေးတစ်ခုပစိဖိတ်သမုဒ္ဒရာတွင်းမျာပါ လျက်ရှိ

ရေအောက် မီးတောင် ပေါက်ကွဲခြင်း ကြောင့်  ထွက်ပေါ် လာသည့် အရှည် ရေမိုင်၂၅ဝ နှင့် အနံမိုင် ၃ဝ ခန့် ပမာဏ ရှိ ပေါ့ပါးသော ကျောက်များ (Pumice)  သည် နယူးဇီလန် ကမ်းခြေ မှ မိုင် ၆ဝဝ ခန့်အကွာ ပစိဖိတ် သမုဒ္ဒရာ အတွင်း မျောပါနေ သည်ကို လေတပ် လေယာဉ် တစ်စင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါ ပေါ့ပါးသည့် မီးတောင် ကျောက်များသည်  စတုရန်း ကီလိုမီတာ ၂၆ဝဝဝ ခန့်ရှိပြီး ပစိဖိတ်

တရားဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်း ကိုကာကွယ်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


တရားဥပဒေဆိုသည်မှာ လူအဖွဲ့အစည်းကို ထိန်းချုပ်ရန်မဟုတ်၊ လူ့အဖွဲ့အစည်းကို ကာကွယ်ရန်သာဖြစ်သည်ဟု ယုံကြည်ကြောင်း တရားဥပ ဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ကြောင်း လွတ်တော်သတင်းများအရ သိရသည်။
အဆိုပါကော်မတီကို ယခုလ (၇)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင် ၁၃ဦးနှင့် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေး မှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်တော်၏ (၂၀)ခုမြောက်ကော်မတီဖြစ်ကြောင်း၊

စစ်ထောက်ချုပ်ရာထူးနေရာ စစ်တပ်အတွင်း အခက်ကြုံ

တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ ရာထူးနေရာ အတွက် မြန်မာစစ်တပ်အတွင်း ရာထူးခန့် အပ်ခြင်း အမိန့်များကို ပြန်လည်ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ထောက်ချုပ်ရာထူးနေရာအတွက် စစ်ဌာနချုပ်တိုင်းမှူးတဦးကို ခန့်ထားသည့်အမိန့် ထွက်ရှိပြီးဖြစ်သည့်အပြင် အဆိုပါစစ်တိုင်းမှူးနေရာ အပါအဝင် ကျန်လစ်လပ်သွားသည့်

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင်  မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး

စားသောက်ဆိုင်များနှင့် ဘီယာဘားများတွင် သုံးနိုင်သည့် Restaurant Master ဆော့ဖ်ဝဲ ထွက်ရှိ

ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို Excellent Software  & Game ဈေးကွက်ဖြန့်ချိခြင်း ဖြစ်ပြီး ယခင်ထွက်ရှိခဲ့ သည့် ဈေးရောင်းချမှု ဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့ သို့ပင် လူတိုင်း အသုံးပြု နိုင်ရန် အရိုး ရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်းသိရသည်။
မိမိဆိုင်အခြေအနေအလိုက် အခန်းများနှင့် စားပွဲဝိုင်း အရေအတွက်၊ ဟင်းလျာအမည်များ၊ အစားအစာများနှင့် အဖျော်ယမကာများ စသည်တို့ကို စိတ်ကြိုက် Setting များချိန်ညှိ၍

စင်ကာပူနန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရန် မြန်မာကျောင်းသူ နှစ်ဦး ရွေးချယ်ခံရ


စင်ကာပူနိုင်ငံရှိ နန့်ယမ်းနည်းပညာတက္ကသိုလ်တွင် ကွန်ပျူတာ   သိပ္ပံ ဘွဲ့ကြို သင်တန်း တက်ရောက်ရန် မြန်မာ ကျောင်းသူနှစ်ဦးကို စင်ကာပူအစိုးရက ပညာသင်ဆု ရွေး ချယ်ပေးအပ် လိုက်ကြောင်း စင်ကာပူသံရုံးမှ သတင်းထုတ်ပြန်သည်။


မန္တလေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်တွင် ပညာသင်ယူနေသော မပပခင်နှင့် မုံရွာမြို့ ကွန်ပျူတာတက္ကသိုလ် တွင် ပညာသင်ယူနေသော မဝင်းမို့မို့မောင်တို့ သည် စင်ကာပူနိုင်ငံရှိ နန့်ယမ်း နည်းပညာတက္ကသိုလ်တွင် ကွန်ပျူ တာသိပ္ပံဘာသာရပ်ကိုသွားရောက်

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ


အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသား ထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ

တိုင်းရင်းသားများ ညီလာခံ စက်တင်ဘာလ၌ ကျင်းပမည်




စံခလပူရီ (မဇ္ဈိမ)။   ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ ကြီးမှူး၍ တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တရပ်ကို လာမည့် စက်တင်ဘာ လလယ် ခန့်တွင်ခေါ်ယူကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက  ပြောသည်။

တိုင်းရင်းသားညီလာခံကျင်းပရေးအဖွဲ့ခေါင်းဆောင်၊မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး  နိုင်ဟံသာ။

“အစိုးရက ခေါ်ဆိုမယ့် ပင်လုံကဲ့သို့သော ကျယ်ပြန့်တဲ့ ညီလာခံနဲ့တော့ မဆိုင်ပါဘူး။ ဒီညီလာခံကလည်း ကျနော်တို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အပိုင်းမှာ တိုင်းရင်းသားတွေအနေနဲ့

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်


ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ် ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင် ယာရေးကော်မီ က ပြောသည်။


“အဲဒီအမှိုက်တွေကို မီးရှိုပြီး လျှပ်စစ်ထုတ်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် Nedo အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး

ဒုသမ္မတအသစ်တစ်ယောက် ရွေးလိုက်ကြရအောင်


 
      သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရသစ်အဖွဲ့မှာ ဒုသမ္မတ တစ်ယောက်အနားယူသွားလို့ တစ်နေရာ လစ်လပ်နေတာ အခုဆိုရင် တစ်လကျော်ရှိသွားပါပြီ။ အဲဒီဒုသမ္မတက စစ်တပ်ကိုယ်စားပြု စစ်တပ်က ရွေးချယ်ပေးထားတဲ့ တစ်ချိန်က ဗိုလ်ချုပ်ကြီးရာထူးယူထားတဲ့ ဦးတင်အောင်မြင့်ဦးဖြစ်ပါတယ်။
မထင်မှတ်ဘဲ ကျန်းမာရေးအခြေအနေကြောင့် အနားယူသွားလို့ သူ့နေရာကို စစ်တပ်ကတစ်ယောက်  ရွးချယ်ပေးဖို့ရှိနေပြီး တပ်မတော်တာဝန် ထမ်းဆောင်ခဲ့သူ (သို့) လက်ရှိတပ်မတော်မှာ တာဝန် ထမ်းဆောင်နေသူတွေထဲက တစ်ယောက်ယောက်ဖြစ်လာဖို့ရှိနေပါတယ်။ 
လစ်လပ်နေတဲ့ ဒုသမ္မတတစ်နေရာနဲ့ ပက်သက်ပြီးတော့လည်း လွှတ်တော်၊ ကိုယ်စားလှယ်တွေ နဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေကြားမှာ ပြောဆိုနေကြတာတွေ ထင်ကြေးနဲ့ရွေးချယ်ပေးနေကြတာတွေ၊ ကိုယ့်အကြိုက်နဲ့ကိုယ် ဖြစ်စေချင်နေတာတွေ ရွေးချယ်ပေးနေကြတာတွေကို ကြားနေ သိနေရပါတယ်။
ပထမတုန်းက ကြားရတာကတော့ ဒုဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ရန်ကုန်းတိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သားကိုယ်းစားလှယ် ဒုသမ္မတအဖြစ် လွှတ်တော်မှာအဆိုပြုထားတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူ့နာမည်လည်း ငြိမ်ချက်သားကောင်းနေပါတယ်။
အခုတစ်ဖန် နောက်ထပ် ဒုသမ္မတဖြစ်နိုင်ချေရှိတဲ့လူတွေကို လွှတ်တော်ထဲမှာ တီးတိုးပြောနေသံ ကြားနေရပါတယ်။ သူတို့တွေကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် ရွေးကောက်ပွဲဥက္ကဌ ဦးတင်အေးတို့ဖြစ်ပါတယ်။
သင်ရော ဘယ်သူ့ကို ရွေးချယ်ချင်ပါသလဲ?
 
 From-  amayeainn.blogspot.com  

ဘင်္ဂလားဒေရှ် မှာ ပလီ ကို မိုးကြိုးပစ် ၁၃ ဦး သေဆုံး

ဘင်္ဂလား ဒေရှ် နိုင်ငံ အရှေ့ မြောက် ပိုင်း ရှိ ဝေးလံ ခေါင်းသီ သော ကျေး ရွာ တစ်ခု မှ ဗလီ တစ်
ခု အား မိုးကြိုး ပြစ် ရာ ၁၃ ဦးသေဆုံး သွား ပြီး ၊ ၂၀ ကျော် ဒဏ်ရာ ရရှိသည်။
မွတ်ဆလင် ဘာသာ ၀င် တို့  အထွတ် အမြတ် ထား ရာ ရာမာဒန် ဥပုတ် ကာ လ တွင် သောကြာ
နေ့  ဉ် ဆုတောင်းမှု ပြု လုပ် နေ စဉ် လျှပ် နွယ် ၊ လျှပ် ပန်း များ မိုးလုံး ပြည့် ဗျူဟာဆင် ပြီး နောက်
တွင် လူ လေး ဆယ် နီး ပါ စုဝေး ဆု တောင်း နေသည့် ဆွာရာဝတီ ရွာ မှ ဗလီ ကို ပြစ် ချလိုက် ခြင်း
ဖြစ်သည်။
ဘင်္ဂလားဒေရှ် နိုင်ငံ တွင် ယခု ရက် ပိုင်း အတွင်း မိုးသည်း ထန် စွာ ရွာ သွန်း  ပြီး ရေ ကြီး မြေပြိုမှု

အမျိုးသား ကျန်းမာရေးကော်မတီ အစည်းအဝေး (၁/၂ဝ၁၂) ကျင်းပ


အမျိုးသားကျန်းမာရေးကော်မတီ အစည်းအဝေး (၁/၂ဝ၁၂) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားကျန်းမာရေး ကော်မတီဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် တက်ရောက်၍ အမှာစကားပြောကြားရာတွင် ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် အောက်ခြေအဆင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကျေးလက် ကျန်းမာရေး ဌာန၊ တိုက်နယ်ဆေးရုံမှ မြို့နယ်ဆေးရုံ၊ ခရိုင်ပြည်သူ့ဆေးရုံ၊

အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ အသစ်ပြဋ္ဌာန်းရေး ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ အသစ်ပြဋ္ဌာန်းရေး ဒုတိယ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အမှာစကားပြောကြား ရာတွင် လက်ရှိ အချိန်တွင် မိမိနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု၊ လူမျိုး၊ ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ယုံကြည်ချက်များ၊ သဘာဝ ထွက်ကုန်များ၊ ထုတ်ကုန်ပစ္စည်းများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ

ဘရာဇီးကို အနိုင်ယူ၍ အိုလံပစ် ရွှေတံဆိပ် ရယူသွားတဲ့ မက္ကဆီကို ဘောလုံးအသင်း

3084-mexico-win-gold-olympic-soccerလန်ဒန်အိုလံပစ် ပြိုင်ပွဲကြီး၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို ယနေ့ ကျင်းပရာ မက္ကဆီကို အသင်းမှ Oribe Peralta က ပွဲစပြီး ၂၉ စက္ကန့်တွင် ဦးဆောင်ဂိုးကို စသွင်းခဲ့ပြီး ဒုတိယပိုင်းတွင် အနိုင်ဂိုးကို ထပ်မံ သွင်းပေးခဲ့ခြင်းကြောင်း မက္ကဆီကိုအသင်းက ဘရာဇီးအသင်း ကို ၂ – ၁ ဂိုးဖြင့် အနိုင်ရပြီး မက္ကဆီကို ဘောလုံးအသင်း၏ ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ဆုကြီးကို ဆွတ်ခူး သွားခဲ့သည်။
Peralta သည် ပွဲစလျှင် စခြင်းပင် ဘရာဇီးနောက်တန်း ကစားသမားတစ်ဦး၏ အမှားကို အသုံးချကာ ဘရာဇီး ဂိုးပိုက် အတွင်းသို့ ညာခြေဖြင့် အနိမ့်ဘော ကန်သွင်းလိုက်ခြင်းဖြင့် ၁၉၇၆ ခုနှစ်မှ စတင်၍ FIFA

လူ့သမိုင်းအကြို သတ္တဝါ တစ်မျိုး၏ ရုပ်ကြွင်းတွေ့ရှိ

နိုင်ငံတကာမှ သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ တစ်ခုမှာ လူ့သမိုင်း အကြို သတ္တဝါ မျိုးစိတ် ၂ မျိုးတို့မှာ အာဖရိက တိုက်တွင် လွန်ခဲ့သည့်နှစ် ၂ သန်းခန့်က နေထိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အမေရိကန် ၊ ဂျာမန်နှင့် ဗြိတိန် နိုင်ငံသား လူသားဆင့်ကဲ ပြောင်းလဲ ဖြစ်တည်မှု ဗေဒ ပညာရှင်များမှ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန် သိပ္ပံ မဂ္ဂဇင်း ဖြစ်သည့် Nature တွင် ရေးသား ဖော်ပြခဲ့သည်။
၎င်းတို့အဖွဲ့မှာ အဆိုပါ လူသားများ၏ သွားရိုး ကျောက်ဖြစ်ရုပ်ကြွင်း ၃ ခုကို ကင်ညာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ခဲ့ရပြီးနောက် ယခုလို ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရိုးများမှာ သိပ္ပံအခေါ် Homo erectus ခေါ် ရှေးလူသားများ၏ အရိုးစု ဖြစ်ကြောင်း

မြန်မာ့ အကြီးဆုံး မိုဘိုင်းဖုန်းဇုန် နိုင်ငံခြား ကုမ္ပဏီ သုံးခု ရင်းနှီး မြှုပ်နှံမည် ဟုဆို

 
မြန်မာ့ ဒုတိယ အကြီးဆုံး မြို့တော် Great Wall Centre တွင် အသစ် ဖွင့်လှစ်မည့် မြန်မာ့ အကြီးဆုံး မိုဘိုင်းဖုန်းဇုံ၌ နိုင်ငံခြား ဖုန်း ကုမ္ပဏီ သုံးခု ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Mobile Trading Group မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းသန့်က The Voice Weekly သို့ ပြောကြားသည်။
တကယ်တမ်း ရင်းနှီး မြှုပ်နှံမှုတွေက ၂၀၁၄၊ ၂၀၁၅ လောက်မှ စကြမှာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ က ခုကတည်းက စတင် ဖိတ်ခေါ်ပြီး လုပ်ထား ကြတာပါ ဟု ဦးမင်းသန့်က ဆိုသည်။
ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သုံးခုမှာ- တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ U-Pad Company၊ I-Phone, Android ဖုန်းအမျိုးအစား သီးသန့် ရောင်းချမည့် ကုမ္ပဏီနှင့် ပြင်သစ် နိုင်ငံထုတ် ALCATEL One Touch