ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 31, 2012

ကျောက်မီးသွေးဖြင့် ကော့သောင်းနှင့် မြိတ်၌ ၂၄ နာရီ မီးပေးရန်စီစဉ်နေ



From :အောင်ထက်


ကျောက်မီးသွေးသုံးစက်ဖြင့် ၂၄ နာရီ လျှပ်စစ်သုံးစွဲနိုင်ရန် ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် ပြုလုပ်နေပြီဟု အဆိုပါ စီမံကိန်းမှ သိရသည်။ 

KIA ဗဟိုမှနယ်စပ်ရှိ ရုံး၊ လမ်းတံတား၊ လျှပ်စစ်တာဝါတိုင်နှင့် မြ၀တီထပ်ဆင့်အသံလွှင့်စက်ရုံအား မိုင်းခွဲရန်ညွှန်ကြား..........



From : ကချင်လူငယ်တစ်ဦး


KIA မှ စစ်ဦးစီးချုပ် ဂမ်ရှောင် က KIA စစ်ဗျူဟာဌာနမှ ဗိုလ်မှူး ဂမ်ဆိုင်းနဲ့ EEDY အဖွဲ့ ခေါင်းဆောင် ဆိုင်းလီတို့ကို မေ ၁၇ ရက်နေ့ ညနေ ၃နာရီလောက်မှာ တပ်မဟာ (၅) ဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်က လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်သွားမည်



From : ခေတ်လူငယ်


အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရန်ကုန်တိုင်းဒေသကြီးတွင် Center Point တစ်ခုအဖြစ် သတ်မှတ်ထားရှိကာ လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများကို ပေးအပ်သွားရန်ရှိနေကြောင်း သိရသည်။

လျှပ်စစ် တာဝါတိုင်များ ပြုပြင်မှု မှာ နောက်ဆုံး ပြုပြင်ရန် တိုင်တစ်တိုင်သာ ကျန်ရှိ



From : MRTV4


အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက်များ အရ KIA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့
တာဝါတိုင်များ ပြန်လည် ပြုပြင် မှုတွေမှာ ယခုအခါ ပြုပြင်ဖို့ တာဝါတိုင် အမှတ် ၂၀၇ တစ်ခုသာ ပြုပြင်ဖို့ အနည်းငယ် ကျန်ရှိ တော့တယ်လို့ သိရပါတယ်။

Wednesday, May 30, 2012

Eleven Media ကို အားပေးကြပါတယ်



Eleven Media ၏ အောက်တန်းကျစွာ စွပ်စွဲမှုကို ဦးရဲထွဋ် မှ လူကြီးလူကောင်းဆန်စွာ ဖြေရှင်း ထားသည့် ပိုစ့် အောက်တွင် တွေ့ရသော ပြည်သူ့ကြားက ပြည်သူ့အသံများ
  • Richard Htun အလကား မန်တက် နေ တာ ဒီ Eleven က...

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၁)



by Ye Htut

စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနေသည့်နိုင်ငံအတော်များများတွင် တွေ့နိုင်သောအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ဒီမိုကရေစီနိုင်ငံအများစုတွင်စာနယ်ဇင်းကောင်စီရှိသည်ဖြစ်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်၏ အင်္ဂါရပ် တစ်ခုအဖြစ် လည်းဆိုနိုင်ပါသည်။

စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများအားလိုက်လံဖျက်ဆီးနေသူ (ပေးစာ - ၁၄၄)



From : စိုးဝင်းမောင်




 မိန်းကလေးများအား စိတ်ကြွဆေးပြားများဖြင့် လိုက်လံဖျက်ဆီးနေသူ မုံရွာမြို့နယ်မှ ကိုစိုးမိုး

ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊
ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၂)



by Ye Htut

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ရမည်



From : ခေတ်လူငယ်


၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Wrieless Broadband စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ကုမ္ပဏီများပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မ.ထ.သ ၁၂၄ ယာဉ်လိုင်းတွင် i-pay ကဒ် တပ်ဆင်မှု ထပ်မံပြုလုပ် သွားမည်



From : MRTV4


ယာဉ်လိုင်း တချို့မှာ တပ်ဆင် အသုံးပြု လျက်ရှိတဲ့ i-pay ကဒ် တပ်ဆင်မှုကို လာမယ့် ဇွန်လ အတွင်းမှာ မ.ထ.သ ယာဉ်လိုင်း တစ်ခုဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း
ခရိုင် ယာဉ်လိုင်းမှာ တပ်ဆင် တော့မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းလေဆိပ်တွင် VIP ထွက်ပေါက်မှ ထွက်ခွင့်မပြု ပဲ ရိုးရိုး သာမန် ခရီးသည် ဂိတ် ၁၀ က သာ ထွက်ခွင့်ပြု


ဖြစ်သလိုသွား၊ ဖြစ်သလို ပြော နေရတဲ့ ဒေါ်စု

From : http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html?_r=3&ref=world


NLD့ ပါတီ ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတော့ သံတမန်ရေးလုပ်ငန်းတွေ အတွက်ဘာမှမသိ ထိုင်းလေဆိပ် တွင်လဲ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် vip ဂိတ်ပေါက်မှထွက်ခွင့်မရခဲ့ကာ ရိုးရိုး ခရီးသည် ဂိတ် နံပတ် ၁၀ မှ ထွက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက် စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။

Tuesday, May 29, 2012

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားလိုအပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ် ဓါတ်ငွေ့တာဘိုင် သုံးလုံး ဂျပန်က ငှားရမ်းမည်



From : ခေတ်လူငယ်ဂျပန်နိုင်ငံ Nikkei Inc: နှင့် ဂျပန်စီးပွားရေးသုတေသန ဗဟိုဌာန (Japan Center for Economic Research) တို့က တာဝန်ခံ၍ ဂျပန်နိုင်ငံ တိုကျိုမြို့၌ မေ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပသော 18th International Conference on the Future of Asia သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တက်ရောက်ခဲ့သည်။

ဥရောပ-အာရှ သတင်းအချက်အလက် ကွန်ရက်တွင် ပါဝင်ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က စီစဉ်


From : ခေတ်လူငယ်
မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ သတင်းအချက်အလက်ကွန်ရက် (The Third Generation of Trans Eurasia Information Network-TEIN3) သို့ ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က စီစဉ်ခဲ့ကြောင်း သိရသည်။

မကြာမီ ရောက်ရှိ လာတော့မည့် ဓါတ်အား တိုးမြှင့် ပေးနိုင်ရန် ပြည်ပမှ မှာယူ ထားသည့် မီးစက်များ



From : MRTV4


ပြည်တွင်းမှာ ဖြန့်ဖြူး ပေးနေတဲ့ ဓါတ်အားပေး ရေးတွေ လုံလောက်မှု မရှိတဲ့အတွက် ဓါတ်အား တိုးမြှင့် ဖြန့်ဖြူး ပေးနိုင်ဖို့ ပြည်ပ ကနေ မီးစက်တွေနဲ့ ဓါတ်အားပေး
စက်တွေ မှာယူထားပြီး ဒီလို မှာယူထားတဲ့ မီးစက် တွေဟာ မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ရန်ကုန် တက္ကသိုလ်၏ အရေးကိစ္စသည် အမျိုးသားရေး တေးသံဖြစ်သည်ဟု ဆိုလိုက်သည့် နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်၏ ပြည်သူသို့ အိတ်ဖွင့်ပေးစာ


From : Popular


နိုင်ငံတော် သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ဒေါက်တာဦးမြင့် က ‘ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူ သို့ အိတ်ဖွင့် ပေးစာ’ ကို အမျိုးသားစိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြား ပွဲမှာ ဖြန့်ဝေခဲ့ရာမှ အစပြုပြီး ပြည်တွင်းမှာ ရော၊ ပြည်ပမှာ ပါ အတော်လေး စိတ်ဝင်စားဖွယ် သတင်းဖြစ်ခဲ့တယ်။

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို



From : အောင်ဘုန်း


၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင် ရရှိရေးကဏ္ဍတို့အား အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်



From : ခေတ်လူငယ်


မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍများ၌ ပြုပြင်ပြောင်းလဲနေသည့်အချိန် ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အမြန်ဆုံး ထိရောက်နိုင်ရန်အတွက် ပြည်သူလူထု အကျိုးရှိမည့် လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင်ရရှိရေး ကဏ္ဍတို့အား ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် အချိန်တိုတိုအတွင်း ထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်၌ ကျင်းပပြုလုပ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အောက်စဖို့တက္ကသိုလ်မှ စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။

မြစ်ကြီးနားသို့ကျောင်းတက်ရန်သွားသည့်ကားကို KIA မှပစ်ခတ်...


From : ကချင်ပြည်သူတစ်ဦး


မနေ့ နေ့လည်၁၂နာရီလောက်က ဆဒုံးမြို့နယ်ခွဲ ဝေမိုးရွာ တွင်နေထိုင်သော ကျောင်းသား ကျောင်းသူလေးများကို မြစ်ကြီးနား တွင်ကျောင်းတက်ရန်အတွက် ကားဖြင့် မြစ်ကြီးနား-ကန်ပိုက်တီးလမ်း အတိုင်းလာစဉ်အတွင်းမှာ ဆဒုံးမြို့နယ် လနပါ ရေတံခွန်နဲ့ ဆနာရွာကြားမှာ KIA က လမ်းဘေး ကနေ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။

ပြည်သူချစ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သားအိမ်ခေါင်းကင်ဆာရောဂါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမည်







 သစ်ထူးလွင်ဘလော့တွင် ဖော်ပြထားသည့် ပို့စ်

၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှစတင် ပေးအပ်မည့် ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး


From : MRTV4


ယခု ၂၀၁၂-၂၀၁၃ ပညာသင် နှစ်က စတင်ပြီး အခြေခံပညာ ကျောင်းသူ၊ ကျောင်းသား များကို ပညာသင်ဆုနဲ့ ပညာသင် ထောက်ပံ့ကြေး ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေမှု အပြီးသတ်လျှောက်လဲချက်ပေး



From : မြန်မာတိုင်းမ်


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ ထုံးတမ်းဓလေ့ ဥပဒေအရ အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင် ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး (အစ်ကိုဖြစ်သူ)က လျှောက်ထား တရားစွဲ ဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး၏ရုံးတွင် ယနေ့ နှစ်ဖက်အကျိုးဆောင် များက အပြီးသတ်လျှောက်လဲချက်များ ပေးကြသည်။

နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်ဟု ပညာရှင်အချို့က ခန့်မှန်း



From : ပြည်မြန်မာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များ အသိုင်း အဝိုင်းတွင် သတင်းထွက်ပေါ်နေပြီး အမှန်တကယ် ရရှိရန်လည်း ထိုက်တန်သူ ဖြစ်ကြောင်း ပညာရှင်အချို့နှင့် ပြည်သူများက သုံးသပ် ပြောကြားမှုများ ရှိနေသည်ကို ၂၂-၅-၂၀၁၂ရက်က ကြားရသည်။

အိန္ဒိယ က လာတဲ့ လူတွေနဲ့ တွေ့ရတာ ဥရောပ က လာတဲ့ လူတွေနဲ့ တွေ့ရတာလောက် ပျော်ဖို့ မကောင်းဟု ဒေါ်စုပြော



ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နဲ့တွေ့ဆုံရတာဟာ ဥရောပက လူတွေနဲ့ တွေ့ရတာလောက် ပျော်စရာမကောင်းဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ကြောင်း အမည်မဖော်လိုသူ NLD ပါတီဝင် တစ်ဦးက ဆိုပါတယ်။

Wednesday, May 23, 2012

တပ်မတော်လေ့ ကျင့် ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်းတပ်မတော် ကျောင်းအုပ်ကြီးမှ လာရောက်တွေ့ဆုံ ဂါရဝပြု


တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အာဆီယံနိုင်ငံများမှ ရဲချုပ်များ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ လာရောက်တွေ့ဆုံ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် နေပြည်တော်၌ ကျင်းပသည့်(၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များအစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံရဲချုပ် များနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ၊

၂၄ နာရီ လျှပ်စစ်မီးရရှိစေဖို့ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ချက်ချင်း အကောင်ထည်ဖော်စို့



From : http://doctorsatephwar.blogspot.com/2012/04/blog-post_9634.html

၂၄ နာရီ လျှပ်စစ်မီးရရှိစေဖို့ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ချက်ချင်း အကောင်ထည်ဖော်စို့...

နိုင်ငံတော်သမ္မတကြီး ဖတ်မိစေလိုပါသည်


အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်တစ်လွှားမှာ ဒီလို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီး ၂၀ ကျော်နဲ့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၇၀ ကျော် ထုတ်လုပ်ကာ လူနေအဆောက်အဦးနဲ့ စက်ရုံအလုပ်ရုံပေါင်း ၄ သန်းကျော်ကို လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ First Energy ကုမ္ပဏီကြီးရဲ့ ကျောက်မီးသွေးသုံးစက်ရုံအလုပ်လုပ်ပုံနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ထိန်းသိမ်းထားနိုင်ပုံကို သရုပ်ဖေါ်ထားတဲ့
3D animated coal plant tour လေးပါခင်ဗျား...။

ပွဲလန့်တုန်းဖျာဝင်ခင်း ဆိုသည့်စကားပုံအတိုင်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်







အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှ စတင်ကာ လျှပ်စစ်မီး ရရှိရေးဆိုသည့်ခေါင်းစဉ်ဖြင့် ဖယောင်းတိုင်များကိုယ်စီကိုင်ဆောင်ကာ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမူများပြုလုပ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေးဗစ်လှမြင့်တို့၏သမီးကို ပဲရစ်ဟီလ်တန် ခင်ရွှန်းလဲ့ဝေဟုခေါ်ဆိုကြ (ပေးစာ - ၁၄၀)



ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေးဗစ်လှမြင့် တို့ရဲ့သမီး ခင်ရွှန်းလဲ့ဝေ ကိုဖခင် ဖြစ်သူ
ဒေးဗစ်လှမြင့်မှ သူပိုင်ဆိုင်သော အမွေပစ္စည်းများ ကို သမီးဖြစ်သူ ခင်ရွှန်းလဲ့ဝေ ထံသို့ပေးပို့
လွဲပြောင်းပေးအပ်ခဲ့ပါတယ်

Facebook နှင့် အွန်လိုင်းမီဒီယာ ဥပဒေ ပေါ်လာလျှင် Eleven Media ကို ပထမဆုံး အရေးယူနိုင်



Facebook နှင့် အွန်လိုင်းမီဒီယာ ဥပဒေ ပေါ်လာလျှင် Eleven Media ကို ပထမဆုံး အရေးယူနိုင် တဲ့အကြောင်းကို အင်တာနက်ပေါ်တွင် ဂရုဖွဲ့၍ သတင်းဖြန့်ဝေသူ ဦးဦးမှော်ဆရာက ပြောလိုက်ပါတယ်။

မြန်မာပြည်သူ/သားတွေ အမှန်တကယ်ဆန္ဒပြရမှာ ဘယ်သူတွေကိုလဲ






 ယခုရက်ပိုင်းအတွင်းတွင် လျှပ်စစ်မီး ပုံမှန်မလာသောကြောင့် ရန်ကုန်၊မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်ဝန်ကြီးဌာန အဆောက်အအုံများရှေ့တွင် ဖယောင်းတိုင်ကိုယ်စီကိုင်ဆောင်ကာ ဆန္ဒပြနေကြသည်။

ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်း စက်လှေကားအသစ်များ တပ်ဆင်မည်



From : ခေတ်လူငယ်


သက်တမ်းနှစ်၂၀ ဝန်းကျင် ကြာမြင့်ပြီဖြစ်သော ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းရှိ စက်လှေကား ခြောက်စင်းကို ဘုရားဖူးများ အန္တရာယ်မဖြစ်စေရန်အတွက် စီးနင်းခွင့်မပြုဘဲ ပိတ်ထားသည်မှာ သုံးလခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရေအောက်ဥမင်လမ်း အပါအဝင် ရန်ကုန်တွင် မြစ်ကူးတံတားလေးစင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့် အကုန်အကျခံ တည်ဆောက်မည်



From : ခေတ်လူငယ်


ရန်ကုန်မြစ်ကူး ရေအောက်ဥမင်လမ်း အပါအဝင် မြစ်ကူးတံတားလေးစင်းကို ရန်ကုန်တွင် ကန်ဒေါ်လာသန်း ၁၀၀နီးပါးအကုန်အကျခံကာတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အမှုဆောင်အင်ဂျင်နီယာ ဦးသက်ဇော်ဝင်းက ထုတ်ဖော်ပြာကြားသည်။

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ကုန်တင်ယာဉ် ၂ စီးအား ဆက်ကြေးတောင်းခံပြီး ဗုံးခွဲဖျက်ဆီး



From : ခေတ်လူငယ်


မေ ၁၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် မူဆယ်မြို့နယ် နန့်ပေါ်တံတားနှင့် နမ့်အွန်ရွာအကြား ထင်ရှုးတောအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ မူဆယ်မှ လားရှိုးသို့ ယာဉ်မောင်းသောင်းထွေးနှင့်

မြန်မာ့ လေယာဉ်မှူး သင်တန်း စတင် သင်ကြား



From : MRTV4


နယူးဇီလန် Golden Wings Flight Co,LTD နဲ့ JENKO တို့ အကျိုးတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ လေယာဉ်မှူး သင်တန်းကို မေလ ၂ ရက်နေ့ မှစပြီး ဖွင့်လှစ်
သင်ကြား နေပြီ ဖြစ်ပါတယ်။

Tuesday, May 22, 2012

လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါက မည်သည့်အချိန်က ဖြစ်ရပ်မဆို လူ့အခွင့်အရေး စိစစ်ရေးကော်မတီသို့ တိုင်ကြားနိုင်



From : ခေတ်လူငယ်


မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သည်၊ မည်သည့်အကြောင်းအရာနှင့် ပတ်သက်သော လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများကို မဆို ခိုင်လုံသော အထောက်အထားဖြင့် လာရောက်တိုင်ကြားနိုင်ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

အမှောင်လှိုင်းထဲက ငမွဲတို့တိုင်းပြည်



From : http://doctorsatephwar.blogspot.com/2012/04/blog-post_05.html
(ဇန်န၀ါရီလ ၉ ရက်နေ့က ရေးထားတဲ့ ဆောင်းပါးလေးကို ခုလိုမီးတွေပျက်နေချိန်မှာ သတိရလာလို့ ပြန်တင်ပေးလိုက်ပါတယ်)

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။

အမေရိကန်မှ စီးပွားပိတ်ဆို့မှု ဖွင့်ပေးခြင်းကြောင့် ပြည်ပအခြေစိုက် မြန်မာအတိုက်အခံများ ခွက်ပျောက်မှာ စိုးရိမ်နေ



အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တားမြစ်ချက် ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ အမေရိကန်အခြေစိုက် အစိုးရအတိုက်အခံများက စားခွက်ပျောက်မှာ စိုးရိမ်နေကြကြောင်း သတင်းရရှိပါတယ်။

လိင်တူချစ်သူများနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပ



ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု အား ဆန့်ကျင်ရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို ကမ္ဘာတ၀န်းမှာ နှစ်စဉ် ကျင်းပကြသလို အခုနှစ်မှာ မြန်မာနိုင်ငံတွင်းမှာလည်း ပထမဆုံး အကြိမ် ကျင်းပပါတယ်။


မိုဘိုင်းဖုန်းလိုင်းများကို ပုံမှန်ဈေးထက်ပိုမိုရောင်းချပါက အရေးယူသွားမည်ဟုဆို



From : Internet
မြန်မာ့ဆက်သွယ်ရေးမှ ဈေးနှုန်းသက်မှတ်ထားသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းမြင့်တင်ရောင်းချနေပါက အရေးယူဆောင် ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ ““အခု အရေးယူဆောင် ရွက်ဖို့လုပ်နေပြီ။ ကတ်တွေကိုလည်း လိုသလောက် ထုက်ပေးတော့မယ်။ ဈေးလည်း ပိုပြီးမရောင်းရဘူး။ ရောင်းရင် အရေးယူမယ်။

နိုက်ကလပ် တက်မှ ဂုဏ်ရှိတယ်ထင်တဲ့မမများဖတ်ဖြစ်အောင်ဖတ်



ကျွဲနှစ်ကောင်ကြားက မြေစာပင်



မြန်မာ့နိုင်ငံရေးလောကမှာ ကြံ့ခိုင်ရေးနဲ့ NLD ဆိုပြီးပါတီ(၂)ခုကလွှမ်းမိုးထားပါတယ်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအင်အားစုရဲ့ ထောက်ခံမှုကို ရရှိ ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် အစရှိတဲ့ အနောက်နိုင်ငံများမှ ထိပ်တန်းအရာရှိတွေလာရောက်ခဲ့ပါတယ်။

စင်ကာပူမှာ အချိန်ပိုင်းအလုပ်လုပ်နေသူများ နှင့် စတေးရှောင်လိုသူများအထူးသတိထား။



မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများရဲ့ စီးပွားပိတ်ဆို့မှုများကြောင့် စိတ်ပျက်ပြီး နီးစပ်ရာနိုင်များသို့ထွက်ကြသည်။ စင်ကာပူသို့လာရောက်သူများနှင့် မလေးရှားသို့လာရောက်သူများ သည် ယခင်နှစ်များက ထက်ပိုမိုများပြားလာပြီဖြစ်သည်။

အရေးပေါ်လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီးပေးနိုင်ရန် မီးစက်များထားရှိ



From : ခေတ်လူငယ်


အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေးမီး၊ လမ်းမီးများ ပေးနိုင်ရန် မီးစက်များထားရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော်

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်



From : ခေတ်လူငယ်
 

ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်

Monday, May 21, 2012

ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်မည်



From : ပြည်မြန်မာ

ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်

ဒီကနေ့ လျှပ်စစ်မီး ပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ ထားဝယ် ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို တည်ဆောက်စို့


From : http://www.doctorsatephwar.blogspot.com/2012/01/blog-post_05.html
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ခေတ်မီဖို့ ဆိုတာဟာ လျှပ်စစ်စွမ်းအင်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျ အရေးပါလှတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ၊ ဒါကြောင့် မြန်မာနိုင်ငံခေတ်မီချင်ရင် လုံလောက်တဲ့ လျှပ်စစ်ရှိရမယ်ဆိုတာ သေချာနေပါပြီ ၊ ဒါဆိုရင် နိုင်ငံမှာလျှပ်စစ်လုံလောက်အောင် ဘယ်လို လုပ်ကြမလဲ မစဉ်းစားခင် တစ်ကမ္ဘာလုံးမှာလျှပ်စစ်စွမ်းအင်ကို ဘယ်လိုအရင်းအမြစ်တွေကနေ ထုတ်ကြသလဲဆိုတာ အရင် လေ့လာကြည့်ရအောင်ပါ ....

လျှပ်စစ်ဓာတ်အား ခြိုးခြံသုံးစွဲရေး ဂျပန်အစိုးရ ပန်ကြား




နျူကလီးယားဓာတ်အားပေးစက်ရုံများ ပိတ်လိုက်သည့်အတွက် လျှပ်စစ်ဓာတ်အား လျော့နည်းမှုနှင့် မီးမှောင်ကျမှုအရေးကို စိုးရိမ်ပူပန်နေကြစဉ် ပြည်သူများ၏ အိုးအိမ်များ၊ စီးပွားရေးလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၁၅ ရာခိုင်နှုန်းဖြတ်တောက်ရန် ဂျပန်အစိုးရက မေ ၁၈ ရက်တွင် ပန်ကြားခဲ့သည်။

၂၄ နာရီ လျှပ်စစ်မီး အပြည့်ရရှိစေဖို့ ရုရှားနိုင်ငံ ပြန် နူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓတ်အားပေးစနစ် အကြောင်း ပညာတော်သင် များကို အားကိုးစို့


From : http://dsa47intake.blogspot.com/2011/09/uranium.html

နျူကလီးယားဓာတ်ပေါင်းဖို ( Nuclear Reactors ) များတွင် 235U ကို Fission reaction ဖြစ်စေသောအခါ ထွတ်လာသော အပူစွမ်းအင် ( Thermal energy ) ဖြင့် ရေကို အငွေ့ပျံစေသောအခါ ထွတ်ပေါ်လာသော ရေနွေးငွေ့များဖြင့် တာဘိုင် ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ရရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ 17% ကို နျူကလီးယားစက်ရုံများ မှရရှိသည်။ ၂၃၅ ဂရမ် 235U ပြိုကွဲခြင်းမှ ထွတ်လာတဲ့ စွမ်းအင်ပမာဏသည် လူငါးသန်းနေထိုင်ရာ မြို့တစ်မြို့ကို ညလုံးပေါက် မီးအလင်းပေးနိုင်သည်။

လူရွှင်တော်ကြီး ဇာဂနာ သို့

၂၄ နာရီ မီးအပြည့်ရစေဖို့ ထားဝယ် ကျောက်မီးသွေး လျှပ်စစ် စက်ရုံစီမံကိန်းကို ထောက်ခံစို့


၂၄ နာရီ မီးအပြည့်ရစေဖို့ မြစ်ဆုံရေအားလျှပ်စစ် အား အကောင်ထည်ဖော်စို့





မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...

မြန်မာ အစိုးရ ခေါင်းဆောင်များကို G-8 ခေါင်းဆောင်တွေ ချီးကျူး




သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာ အစိုးရ ခေါင်းဆောင်များကို G-8 စက်မှုထိပ်သီး ၈ နိုင်ငံက ခေါင်းဆောင်တွေက ချီးကျူး ပြောကြားလိုက်ပါတယ်။