From : MRTV4ရွှေမြင့်မိုရ်
ဆရာတော်ကြီး အပါအ၀င် ကျောင်းဒယကာ၊ ဒယကာမ များနဲ့ ထိုင်းနိုင်ငံသို့
ရောက်ရှိ နေတဲ့ မြန်မာပြည်သူ၊ ပြည်သားများမှ စုပေါင်းပြီး ရခိုင်
တိုင်းရင်းသား
သွေးချင်း ဒုက္ခသည်များကို အလှူငွေ သိန်း ၁၁၀ ကျော် လှူဒါန်းမှု
အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ
ရွှေမြင့်မိုရ် ကျောင်းမှ ရေစက်ချ လှူဒါန်းမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
ဒီလို လှူဒါန်းရာ မှာတော့ ရွှေမြင့်မိုရ် ကျောင်းဆရာတော်မှ ငါးပါးသီလ
ခံယူစေပြီး အ၀တ်အထည်များ၊ စာရေးကိရိယာ အိတ်ကြီး ၅ အိတ်နဲ့ စုစုပေါင်း
အိတ်ပေါင်း ၂၂ အိတ်ကျော် ပါဝင် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။