ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

SSPP/SSA အဖွဲ့အတွင်း မူးယစ်ဆေးဝါးနှင့် မိန်းမပြဿနာကြောင့် လက်အောက်မှ အထက်ကို ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၅၊ လားရှိုး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကျေးသီးမြို့နယ်၊ ကျိုင်းလွန်းကျေးရွာနားမှာ SSPP/SSA လက်အောက်အဖွဲ့ဝင်တွေကနေ သူတို့အထက်ကို ပြန်လည်ပစ်ခတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ SSPP/SSA  တပ်ဖွဲ့ဝင် အိုက်နေနဲ့ အိုက်ယုံ ဆိုသူ ၂ ဦးက ပစ်ခတ်လို့ သူတို့အထက်က

နိုင်ဂျီးရီးယား၌ ဆီတင်ယာဉ် ပေါက်ကွဲ လူ ၁၀၀ ကျော်သေဆုံး၊ အများအပြား ဒဏ်ရာရ


နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၂ ရက်က လောင်စာဆီတင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ ဆီတင်ယာဉ်သည် တိမ်းမှောက်ပြီးပြီးချင်း မီးတောက်မီးလျှံများအဖြစ် လောင်ကျွမ်း ပေါက်ကွဲခြင်းမရှိဘဲ ရွာသားများ

ခရီးသွားဒေသသစ်များ ပေးထွက်လာစေရေး ဟိုတယ်/ခရီး ဆွေးနွေးပွဲ ပြုလုပ်မည်


မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အညီ ခရီးစဉ်ဒေသသစ်များ ပေါ်ထွက်လာစေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ဦးဆောင်၍ ယခုလ ၂၃ ရက်နေ့တွင် ‘မြန်မာနိုင်ငံ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Eco Tourism) ခရီးစဉ် ဖော်ထုတ်ခြင်းနှင့်

ပုဂ္ဂလိက အာမခံလုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ပြုတော့မည်


မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားစေခဲ့ရာ လျှောက်လွှာ ပိတ်ချိန်တွင် လျှောက်လွှာ ၁၈၀ အနက် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူ ၂၀ ဦးသာရှိကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားလာသော

စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရေး ပြည်သူ့လွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် အတည်ပြု


မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အဟန့်အတားဖြစ်စေသော စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ

မြန်မာမီနီ ဆလွန်ကား စီးရေ ၂၀၀ ရောင်းချပြီး



From : MRTV-4
ပြည်တွင်းမှာ ထုတ်လုပ် လျက်ရှိတဲ့ မြန်မာ မီနီဆလွန်းကား တွေကို အခု ဘဏ္ဍာနှစ် အတွင်း ရောင်းချမှုမှာ စီးရေ ၂၀၀ ခန့်ရောင်းချပြီး ဖြစ်တယ်လို့
စက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို မြန်မာ

ဆွေးနွေးပွဲနီးရင် ပိုကြောက်နေတဲ့သူများ . . .


From : KDN
ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ အလွတ်သဘောဆွေးနွေးခဲ့တာ (၃)ကြိမ်ရှိခဲ့ပါပြီ။ သို့သော် လည်း နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက် ရေရာတဲ့အဖြေမရရှိသေးတဲ့အပြင် ဆွေးနွေးပွဲနီးရင်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



From : ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် စင်ကာပူသမ္မတနိုင်ငံဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်ဦးဆောင်သော အဖွဲ့အား ယနေ့ညနေ ၆ နာရီ ၁၅ မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေးခန်းမဆောင်၍ လက်ခံတွေ့

မြန်မာသံရုံးရှေ့ မွတ်ဆလင် များ ဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထားတင်းမာသူ မွတ်စလင် အဖွဲ့ဝင် တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစ္စလမ် ကာကွယ်ရေးတပ်ဦး ( FPT ) နဲ့ ( JAT ) စတဲ့ အဖွဲ့တွေက လူ

လေကြောင်း ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ တည်ထောင် သွားမည်



From : MRTV-4
လေဆိပ် လုပ်ငန်းများ တွင်ကျယ် လာစေဖို့နဲ့ လေကြောင်း ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ဖို့ အတွက် လေကြောင်း
ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ တည်ထောင် သွားရန် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း ဆိုင်ရာ

တာမွေရာပြည့်ဈေး ၁၂ ထပ် ဆောက်မည်


From : The Voice
ရန်ကုန်မြို့ တာမွေအဝိုင်း အနီးရှိ ရာပြည့်ဈေး ဖျက်သိမ်းပြီး ဈေးအပါအဝင် ၁၂ ထပ် အဆင့်မြင့် အဆောက်အဦးကို ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ခွင့်ရ ကုမ္ပဏီထံမှ သိရသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပံ့ပိုးထောက်ပံ့မည့် ကုမ္ပဏီများအား ဖိတ်ခေါ်



From : ခေတ်လူငယ်၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးထောက်ပံ့ပေးမည့် ကုမ္ပဏီ (စပွန်ဆာ) များအား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ အားကစားဝန်ကြီးဌာနက စပွန်ဆာ

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မည်




မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မယ့် အစီအစဉ်တရပ်ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဇူလိုင် လ ၁၃ ရက်၊ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ဒေသတွင်းအစည်းအဝေးနဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု မြင့်တက်



From : ခေတ်လူငယ်ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို) အောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆမှုမှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း ယာဉ်မတော်တဆမှု အကြိမ်ပေါင်း (၁၃၀) ရှိရာ (၆၄) ဦး သေဆုံးပြီး (၄၁၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့

စိန်ခေါ်မှုကြီးလို့ သမ္မတကြီးပြော



From : 7 dayဒီမိုကရက်တစ်အလေ့အထများ ကွယ်ပျောက်နေခဲ့သည့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှုများက စိန်ခေါ်မှုကြီးဖြစ်ဟု သမ္မတပြောကြား ဆီရမ်ရိ ကမ္ဘောဒီယား-ဇူလိုင်-၁၃ ဒီမိုကရက်တစ် အလေ့အထများ ကွယ်ပျောက်နေခဲ့သည့် မြန်မာနိုင်ငံအတွက်

ရွေးကောက်ပွဲ လုပ်စဉ်က ကား၊ ရုံး၊ ဆိုင် တွေမှာ ဗိုလ်ချုပ်ပုံတွေ ကပ်ခဲ့သော်လည်း လွှတ်တော် အမတ်ဖြစ်ပြီးနောက် ဒေါ်စု အာဇာနည်နေ့အခမ်းအနား မတက်တော့



လွှတ်တော်အမတ်မဖြစ်ခင်တု နိုင်ငံခြားတွင် မိုက်ကယ်အဲရစ်နှင့် နေထိုင်စဉ် က ဒေါ်ခင်ကြည် အသက်ရှိနေသေးသဖြင့် အာဇာနည်နေ့ အခမ်းအနားကို လာရောက်တတ်သော ဒေါ်အောင်ဆန်း စုကြည် ဟာ ယခု ဒေါ်ခင်ကြည်လည်း သေပြီး၊ လွှတ်တော်အမတ်လည်း ဖြစ်ပြီးချိန်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်တော့မှာ မဟုတ်တော့ဘူးလို့ သတင်းရရှိပါတယ်။

KIA နှင့် မူဆယ်တွင် ဆွေးနွေးရန် တပ်မတော် ထပ်မံကမ်းလှမ်း



From : ခေတ်လူငယ်
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စတုတ္ထအကြိမ် ဆွေးနွေးရန် အစိုးရတပ်မတော်က ထပ်မံကမ်းလှမ်းခဲ့ကြောင်း

မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များမှ စီးပွားရေး ဆောင်ရွက်မှု များနှင့် ပတ်သက်ပြီး တစ်ဦးချင်း သီးသန့် ဆွေးနွေး သွားမည်



From : MRTV-4
Global Business Link Co.,Ltd (GBL) ကြီးမှူးပြီး ထိုင်းနိုင်ငံမှ နိုင်ငံခြား စက်မှု ကုန်ထုတ် လုပ်ငန်းရှင် များနဲ့ ပြည်တွင်းမှ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် တွေဟာ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေး ဆောင်ရွက် နိုင်မှုတွေနဲ့ ပတ်သက်

ဘာသာရေး ခေါင်းဆောင်များ နိုင်ငံရေး မလုပ်သင့်ဟု KNU ကဆို

ကရင် လက်နက်ကိုင် အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ကြရန် တားမြစ်သည့် ညှိနှိုင်း ဆွေးနွေးပွဲကို စီစဉ်ခဲ့သော ဘာသာရေး ခေါင်းဆောင်များကို အရေးယူရန် ကရင် အမျိုးသား အစည်းအရုံး (KNU) က အကြောင်းကြားစာ ပို့ခဲ့သည်ဟု အရေးယူ ခံရဖွယ် ရှိသည့် သင်းအုပ် ဆရာ တဦးက ဆိုပါသည်။

မြန်မာနှင့် အမေရိကန် စီးပွားရေး တစ်ကျော့ပြန်


From : The Voice

ရန်ကုန်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံကို နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာ စီးပွားရေး ပိတ်ဆို့ထားသော အမေရိကန်တို့ ပထမဆုံး လာရောက် စီးပွားရေး လုပ်ကိုင်သည့် အနေဖြင့် အမေရိကန် ကျန်းမာရေးလုပ်ငန်း တစ်ခုနှင့် ဆက်စပ်၍ စတင် စာချုပ်ချုပ်ဆို လိုက်ပြီ ဖြစ်သည်။

နေ့စဉ် ရေဂါလန် ၄၅ သန်း ပေးမည့် ငမိုးရိပ် စီမံကိန်း ၂၀၁၃ တွင် ပြီးမည်



From : The Voice
ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်း အနီးရှိ ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း ငမိုးရိပ် ရေသန့်စင်စက်ရုံမှ ဒုတိယအဆင့် စီမံကိန်း တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အချောသပ် ပြီးစီးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်

ဘဏ်ရုံးခွဲ ဖွင့်လှစ်မှု အတွက် နိုင်ငံပေါင်း ၂၀ ကျော်မှ လာရောက် ဆွေးနွေး



From : MRTV-4
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှာ နိုင်ငံခြား ဘဏ်ရုံးခွဲများ ဖွင့်လှစ်နိုင်ဖို့ အတွက် နိုင်ငံပေါင်း ၂၀ ကျော်မှ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ လာရောက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီလို လာရောက် ဆွေးနွေး လျက်ရှိတဲ့ နိုင်ငံတွေ ကတော့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန် စတဲ့

ရွှေတိဂုံ စေတီတော်ကြီးမှ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ ရရှိသော ၀င်ငွေကျပ် သိန်းပေါင်း တစ်သောင်း ကျော်ရှိ



From : MRTV-4
ရွှေတိဂုံ စေတီတော်ကြီးရဲ့ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ တစ်နှစ်လျှင် ၀င်ငွေ ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင် လေးရာ ခုနစ်ဆယ့် လေးသိန်းကျော်
ရရှိတယ်လို့ ရွှေတိဂုံ မီဒီယာ တွေ့ဆုံပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ ရရှိသော ၀င်ငွေများကို ရွှေတိဂုံ စေတီတော်မှ ၀န်ထမ်း များကို

ရန်ကုန်မြို့တွင်း (တက္ကစီ) အငှားယာဉ်များ သိသိသာသာ များပြားလာ



From : ခေတ်လူငယ်ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်နှင့် ပတ်သက်သော စည်းမျဉ်းသတ်မှတ်ချက်များ ပြောင်းလဲအပြီး ၁၀ လတာ ကာလအတွင်း (တက္ကစီ) အငှားယာဉ် သိသိသာသာ များပြားလာပြီး ခရီးသည် ဝေစုရရှိမှုမှာလည်း သိသိသာသာ လျော့နည်းလာသည့်အတွက် (တက္ကစီ) အငှားယာဉ်များ၏ အုံနာခကို ပိုင်ရှင်များက

မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေကို သနားလှပါတယ်ဆိုတဲ့ UNHCR က ယခင် ဖောရှော ဒုက္ခသည်များထက် ပိုဆိုးသည့် နေစရာမြေတောင် မရှိသူများကိုတော့ မကူညီ၊ မခေါ်ချင်တော့



မြန်မာနိုင်ငံထဲက အိမ်မရှိ၊ အလုပ်မရှိ၊ ပညာမရှိ၊ စားစရာမရှိတဲ့ ဒုက္ခသည်တွေကို သနားလှပါတယ်ဆိုပြီး အစိုးရကို အပြစ်တင်ကာ နာမည်ကောင်းယူ ကူညီနေတဲ့ UNHCR နဲ့ တတိယ နိုင်ငံများ က မြန်မာနိုင်ငံမှ သနားစရာ ယခင် ဖောရှော ဒုက္ခသည်များထက် ပိုဆိုးသူ နေစရာမြေတောင် မရှိသူများကိုတော့ မကူညီ၊ မခေါ်ချင်တော့ တာကြောင့် တတိယနိုင်ငံသို့ ပို့ပေးရန် မဖြစ်နိုင်ဟု ဆိုပါတယ်။