Written by ရွှေဟင်္သာသတင်းဌာန
အပစ်အခတ် ရပ်စဲရေး အခြေအနေကို မွန်ပြည်သူ လူထုအား ရှင်းလင်း တင်ပြပြီး၊ အကြံညာဏ် ရရယူရန် ဇွန်လမှ စတင်ခဲ့သော မွန်ပြည်သစ် ပါတီ၏ ရှင်းလင်းရေး ခရီးစဉ်များသည် ယခု ပြီးဆုံး သွားပြီးဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။
“မွန်ပြည်သူ
များကတော့ စစ်တပ်မှ သိမ်းထားသည့် လယ်ယာ ခြံမြေများ ပြန်လည် ရရှိရေး ကိစ္စ
အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စရပ်များကို
တင်ပြတောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ရေးမြို့နယ်
မော်လမြိုင်၊ ကျိုက်မရောနဲ့ အခြား နေရာတွေမှာ စစ်တပ်က သိမ်းထားတဲ့
မြေတွေကို ပြန်လည် ရရှိဖို့ ဝိုင်းလုပ် ပေးဖို့ တင်ပြ ထားပါတယ်” ဟု ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) မှ ပြောပါသည်။
၁၉၉၅ ခုနှစ် မှ၂၀၁၂ ခုနှစ်အထိ အစိုးရမှ မြေယာ သိမ်းဆည်းမှု ဧကပေါင်း (၂၀၀၀၀) ခန့် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Human Rights Foundation of Mon Land မှ လှုပ်ရှား ဆောင်ရွက်သူ တစ်ဦးဖြစ်သည့် နိုင်အဲမွန်က ပြောဆိုခဲ့ပါသည်။