ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

စက်တင်ဘာ(၁)ရက်နေ့တွင် တစ်သိန်းဖုန်းထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

စက်တင်ဘာလ(၁)ရက်နေ့တွင် ကျပ်တစ်သိန်းတန် မိုဘိုင်းဖုန်းများအား ချထားပေးမည်ဟု ပြည်သူများ အကြား သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဈေးနှုန်း အပြောင်းအလဲရှိပါက တရာဝင်ကြေ ညာချက် ထုတ်ပြန်မည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်းကာ ကျပ်ရှစ်သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်းကိုလည်း  သိရှိရသည်။
CDMA ဖုန်းများကို ရှစ်သောင်းကျပ်ဖြင့် ချထားပေးမည်ဟု ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အရေးယူနိုင်ကြောင်းကိုလည်း သိရှိရသည်။
”ဒီသတင်းက ကောလဟလပါ ၊ တဖြည်းဖြည်းခြင်း လျှော့ချလာမှာပါ၊တကယ်လို့ တရားဝင်ဆိုရင် လည်း

ရခိုင်ပြည် စုံးစမ်းစစ်ဆေးရေး ကော်မရှင် နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က သမာသမတ်ကျ ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး ဆို


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သာ အဓိကရုဏ်းကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က မိမိတို့ ဦးဆောင်မှု မပြုလုပ်ဘဲ တတ်သိပညာရှင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းမှ ခေါင်းဆောင်တွေနဲ့
လွတ်လပ် သော စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခွင့် ပေးလိုက်ခြင်းအပေါ် ဘင်္ဂလာဒေ့ခ်ျ့အခြေစိုက် ရခိုင်အမျိုး သမီးများ အစည်းအရုံး(RWU)က သမာသမတ်ကျသည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။
" ပြဿနာကို ဖြေရှင်းရာမှာလဲ အစိုးရ၊ စုံးစမ်းစစ်ဆေး သူလည်း အစိုးရဆိုတော့ မသင့်တော်ကြောင်း အစိုးရအနေနဲ့ စဉ်းစားပုံရပါတယ်။ ဒီတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံးစမ်းတာမျိုးက ပိုသင့်တော်တယ်လို့ သေချာစဉ်းစားပြီး အစိုးရမပါဘဲ လွတ်လပ်တဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက် တာဖြစ်နိုင်တယ်လို့ ပြောချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လူမှူးရေးအဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ၊ တချို့ပညာရှင်နဲ့ ဖွဲ့စည်းတာဟာ သမာသမတ်ကျပြီးတော့ နှစ်ဖက်ပြဿနာဖြစ်သူ တွေအကြား အဖြစ်မှန်ကို ရှာဖွေဖေါ်ထုတ်နိုင်လိမ့်မည်လို့

တရုတ်အလှမယ် Miss World သရဖူ ဆွတ်ခူး


တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသ အော်ဒေါ့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့အလှဆုံးမယ် ရွေးချယ်ပွဲ တွင် အိမ်ရှင်တရုတ်အလှမယ် မစ္စယူဝမ်ရှားက မယ်ကမ္ဘာသရဖူ ကို ဆွတ်ခူးသွားခဲ့သည်။
ဂိုဘီသဲကန္တာရ အစပ်ရှိ သတ္တုတွင်းလုပ်ငန်းများကြီးစိုးရာ အော်ဒေါ့စ်မြို့ရှိ အလှမယ်ရွေး ချယ်ပွဲ ခန်းမကြီးထဲတွင် တရုတ်အလှမယ် ယူတစ်ယောက် ပထမရရှိကြောင်း ကြေညာလိုက်ချိန်တွင် တရုတ်နိုင်ငံသားများ အများ စုပါဝင်သော ပရိသတ်ကြီးမှာ တစ်ခဲနက် အားပေးကြပြီး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားခဲ့သည်။
“ကျွန်မငယ်ငယ်တုန်းက လူတွေအများကြီးက ကျွန်မကိုကူညီခဲ့လို့ ကံကောင်းတယ်လို့ ကျွန်မခံစားခဲ့ရပါတယ်။ အနာဂတ်မှာ ကလေးတွေကို ကံကောင်းတယ်လို့ခံစားရအောင်

တရုတ် တင်းနစ်မယ်လီနာ စင်စင်နတီ အိုးပင်း တင်းနစ် ဗိုလ်လုပွဲသို့ တက်ရောက်


ပြင်သစ် အိုးပင်း ချန်ပီယံဟောင်း တရုတ် တင်းနစ်မယ် လီနာသည် သြဂုတ် ၁၈ ရက်က ကျင်းပသော စင်စင်နတီ အိုးပင်း ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အမေရိကန်မှ ဗီးနပ်စ် ဝီလီယံအား (၇-၅)၊ (၃-၆)၊ (၆-၁) ဖြင့် အနိုင်ရ ရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။
တရုတ် တင်းနစ်မယ် လီနာသည် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပသော မွန်ထရီရက် ဗိုလ်လုပွဲ စဉ်တွင် ရှုံးနိမ့်ထား သူဖြစ်ပြီး ယခု ကစားရမည့် ဗိုလ်လုပွဲ တွင်မူ ဂျာမနီမှ အင်ဂျက်လိ ကာဘာ သို့မဟုတ် ချက်သမ္မတ နိုင်ငံမှ ပီထရာ ကေဗစ်တိုဗာနှင့် ယှဉ်ပြိုင် ကစားရ မည်ဖြစ်သည်။
ဗီးနပ်စ်သည် နောက်ကျောတွင် ဒဏ်ရာရ ရှိထားပြီး သူမသည် အမှန်ပင် မကစားနိုင် ခဲ့ကြောင်း၊ မိမိသည် သူမအတွက် အလွန်ပင် စိတ်မကောင်း ဖြစ်မိကြောင်း လီနာက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်ဟု သိရသည်။    
 
from-MWD   

ဒေးဗစ် ဘက်ခမ်း၏ နေရာတွင် အစားထိုး ဝင်ရောက်ဖွယ် ရှိသည့် ရီးယဲလ် ကွင်းလယ် ဖန်တီးရှင် ကာကာ


ဘရာဇီး လက်ရွေးစင် ကစားသမား ကာကာကို လော့စ်အိန်ဂျ လိစ်ဂလက် ဆီအသင်းက ဒေးဗစ်ဘက် ခမ်း၏ နေရာတွင် အစားထိုး နိုင်ဖွယ်ရှိသော ကစားသမား တစ်ဦးအဖြစ် ခေါ်ယူရန် ကြိုးပမ်းလျက် ရှိသည်ဟု သတင်း ထုတ်ပြန်ချက် များအရ သိရသည်။
အဆိုပါ အမေရိကန် ကလပ်အသင်း သည် ရီးယဲလ် ကွင်းလယ် ဖန်တီးရှင် ကာကာကို ဘက်ခမ်း၏ တာဝန် ကို လွှဲပြောင်း ယူမည့်သူအဖြစ် ကျိန်းသေ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းတို့၏ သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။  
အသက် ၃၇ နှစ်ရှိ ဘက်ခမ်းသည် ၎င်း၏လက်ရှိ စာချုပ် သက်တမ်း တိုးမြှင့်ရေးနှင့် ပတ်သက်၍

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်



(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။



(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းများ ပြင်ဆင် မွမ်းမံသွားမည်



အိန္ဒိယနဲ့ မြန်မာ နှစ်ဘက်နယ်စပ်အကြား ကုန်သွယ်ရေးလမ်းတွေကို ပြုပြင်မွန်းမံဖို့ မကြာခင် ဆောင်ရွက်သွားတော့မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောလိုက်ပါတယ်။
ဒီလမ်းတွေဟာ အိန္ဒိယနိုင်ငံ အတွက်  မြန်မာနိုင်ငံတင်မဟုတ်ဘဲ အခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့လည်း ဆက်သွယ် သွားနိုင်မယ့် ကုန်းတွင်းပိုင်း လမ်းကြောင်း ဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မနိပူ ပြည်နယ်ဟာ မြန်မာနဲ့ နယ်ချင်းကပ်ပြီး၊ ကုန်သွယ်ရေးအရလည်း အချက်အချာဖြစ်နေတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ မနီပူပြည်နယ်မြို့တော် အင်ဖာ မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ပါတယ်။ မနိပူပြည်နယ်က

ကြွေးပြန်မဆပ်နိုင်သည့် ရွာသားများ မြေသိမ်းခံရဖွယ်ရှိ

မြေကို အပေါင်ထားပြီး အတိုးနဲ့ ငွေချေးခဲ့တဲ့ ရွာသား ၅၀၀ ကျော်ဟာ သတ်မှတ်ချိန်အတွင်းမှာ အတိုးရော အရင်းပါ ပြန်မဆပ်နိုင်တဲ့အတွက် မြေသိမ်းခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကျေးရွာတွေမှာနေတဲ့ ရွာသား ၅၀၀ ကျော်ဟာ ၂၀၁၀ နှစ်လယ်လောက် မြိတ်မြို့ပေါ်မှာနေတဲ့ ကြွေးရှင်တယောက်ဆီကနေ ၁၀၀ ကို ၇ ကျပ်တိုးနဲ့ ငွေချေးခဲ့ပြီးနောက် ၂ နှစ်ကျော် အကြာမှာ အကြွေးမဆပ်နိုင်တော့ဘဲ မြေသိမ်းခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
မြေသိမ်းခံရမယ့်အရေးမှာ ရွာသားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ မြိတ်မြို့ခံတဦးက “၁ သိန်းလောက်ချေးတဲ့သူက သိန်း ၂၀ ကျော်၊ ၃၀ ကျော်လောက် ဖြစ်နေပြီ။ သူက အတိုးတွေပါ ဆက် ပေါင်းထားတာပေါ့။ ၇ ရာခိုင်နှုန်း အတိုးနဲ့ချေးတယ်။ အခု အတိုးရော အရင်းရော ပေါင်းပြီးတော့

ငါးမွေးကန်ကျိုးပေါက် ဇီးကုန်းရေကြီး




ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့ (၂၄)ရပ်ကွက် ဇီးကုန်း အင်းပေါက်စုအပိုင်းတွင် သြဂုတ် လ (၁၉)ရက်နေ့က အိမ်ခြေ ၃၀၀ခန့် ရေတက်၍ တချို့နေရာ တွင် (၂ပေ-၃ပေ)ခန့် တချို့နေရာ တွင် (၄ပေ-၅ပေ)ခန့် ရေကြီးခဲ့ပါ သည်။

ဖြစ်စဉ်မှာ ၁၉ ရက်နေ့နံနက် (၃)နာရီခန့်တွင် မင်္ဂလာဆေး တက္ကသိုလ်၏ ၅ဧကခန့်ရှိ ရေကန် သည် ၁၀ပေအကျယ်ခန့် ကျိုး ပေါက်ခဲ့ရာမှ အနိမ့်ပိုင်းဖြစ်သော ဇီးကုန်းအင်းပေါက်စုအပိုင်းသို့ ရေများရောက်ရှိခဲ့ပြီး မင်္ဂလာဒုံ တပ်မတော် ဆေးတက္ကသိုလ်ရှေ့

ပဲခူးတိုင်း သဲကုန်းတွင် တောင်သူလယ်သမားကွန်ရက်ဖွဲ့

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့မှာ တောင်သူလယ်သမားအထောက်အကူပြု ကွန်ရက်ကို လယ်သမား ၅၀ ခန့် စုဝေးတိုင်ပင်ပြီး ဒီနေ့ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ကွန်ရက်ဥက္ကဋ္ဌ ဦးအုန်းဟန်က ပြောပါတယ်။

ကွန်ရက်မှာပါတဲ့ လယ်သမားတွေဟာ အုတ်ဖိုအုပ်စု အောင်ကုန်းရွာနဲ့ သင်တောရွာ၊ စောက်ခြုံကြီးအုပ်စု စောက်ခြုံကြီးရွာနဲ့ ကျပင်းရွာ၊ မင်းလှအုပ်စု မင်းလှရွာ စတာတွေအပါအ၀င် သဲကုန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၃ စုက လယ်သမားတွေ ဆွေးနွေးဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
လယ်သမားတွေ အကျိုးအတွက် ပြောဆိုတင်ပြနိုင်အောင် ဖွဲ့စည်းခဲ့တာလို့ ရှင်းပြပါတယ်။ လတ်တလော လယ်သမားတွေ ကြုံနေရတာကိုလည်း ဦးအုန်းဟန်က အခုလို ပြောပါတယ်။
“သဲကုန်းမြို့နယ်အတွင်းမှာ လယ်ယာမြေသိမ်းဆည်းခံရခြင်း၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေများရေနစ်မြုပ်ခြင်း၊ ရွာများအတွင်းရေလွှမ်းခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီမရခြင်းတို့ကြောင့် နိုင်ငံတော်အဆင့်ဆင့်ကို တင်ပြတောင်းဆိုခဲ့တယ်။ အခုအချိန်ထိ

သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များအပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ်အားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲ


လက်ရှိထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များအနက် ထုတ်/တင် စနစ်သို့ြေ ပာင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များ အပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ် အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရပါသည်။ 
ထိုသို့ပြောင်းလဲလိုက်သည့် အကြောင်းကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 

ထုတ်/တင် စနစ်ဖြင့် ပြောင်းလဲလိုက်ခြင်းအရ သတင်းဂျာနယ်၊ ဘာသာရေး ဂျာနယ် (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးဆိုင်ရာ စာမူများ၊ ဘာသာရေးဆိုင်ရာ စာမူများ (ဂမ္ဘီရ အပါအ၀င်)၊

ထိုင်း ခရီးသွား ၉၀၀၀၀ ခန့် မြန်မာသို့ လည်ပတ်ဖွယ်ရှိ

ထိုင်း ခရီးသွား ၉၀၀၀၀ ခန့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း သွားရောက် လည်ပတ်ဖွယ်ရှိကြောင်း ထိုင်း သုတေသန ဌာန  Kasikorn Research Centre က ခန့်မှန်းလိုက်သည်။ ယင်း အရေအတွက်သည်
ယမန်နှစ်ကထက် ၃၀ ရာခိုင်နှုန်းပိုမိုပြီး ၀င်ငွေဘတ် ၁.၁ ဘီလီယံ ၀န်းကျင် ရရှိနိုင်ကြောင်း ၊ ၁၈ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား ခရီးသွား ၅ သိန်းခန့် ဖြစ်နိုင်ပြီး ၀င်ငွေ ၁၂ ဘီလီယံ ဘတ် မျှော်လင့်ရကြောင်း ယင်းသုတေသနဌာန၏ ခန့်မှန်းချက်ကို ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံသို့ အများဆုံးလာရောက်သူများမှာ တရုတ်၊ ထိုင်း ၊ မလေးရှား ၊ တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံများမှ ဖြစ်ကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံ သို့ ခရီးသွား ၃၉၁ ၁၇၆ ဦးလာရောက်ခဲ့ပြီး ၂၀၁၀ က ထက် ၂၅ ရာခိုင်နှုန်းပိုများကြောင်း၊ ၂၀၁၀ တွင် ၃၁၁ ၀၀၀ ဦး လာရောက် ကြောင်းလည်း သိရသည်။

from-ဧရာဝတီ

တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သင့်



သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ
ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင်
ရဟန်းတော်များလည်း ပါဝင် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်အား နိရဉ္စရာမှ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊

မွတ်ဆလင် ဆန့်ကျင်ရေး စာများ ဖြန့်ဝေ၍ ဖမ်းဆီးခံ သံတွဲမှ ကျောင်းသားသုံးဦးကို ရုံးထုတ်

 
ရခိုင်ပြည်နယ် သံတွဲမြို့တွင် မွတ်ဆလင် ဆန့်ကျင်ရေးစာရွက်စာတမ်း ဖြန့်ဝေမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထား ရသောကျောင်းသား (၃) ဦးကို သြဂတ်စ်လ ၁၄ ရက်နေ့ကသံတွဲမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။“ သူတို့က ဘယ်လို ပြောမလဲ။ သူတို့ဖြန့်တာက မွတ်ဆလင် ဆန့်ကျင်တဲ့ စာတော့ မဟုတ်ပါဘူး။ မွတ်ဆလင် တစ်ဦးက ဗုဒ္ဓဘာဝင် အမျိုးသမီး တစ်ဦးကို လက်ထပ်နိုင်ရင် ပိုက်ဆံ ဘယ်လောက် ပေးမယ်။
 ဘွဲ့ရ ပညာတတ် ဆိုရင် ဘယ်လောက်ပေးမယ် စသဖြင့် အဲသလို ရေးထားတဲ့ စာတွေကို သံတွဲမှာ ဖြန့်တဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နယ်စပ်အမြောက်တပ် ကြည့်ရှုစစ်ဆေး


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့်  အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့် မှုများ မပြုလုပ်မီ နယ်စပ်ရှိ အမြောက်တပ် စခန်းကို စစ်ဆေးခဲ့ကြောင်း သြဂုတ် ၁၈ ရက်က သတင်းမီဒီယာတွင် ဖော်ပြ ထားသည်။
ကင်ဂျုံအွန်သည် မြောက်ကိုရီးယား နယ်စပ်မူ ကျွန်းစုအပေါ်တွင် တပ်စွဲထားသည့် ကိုရီးယားပြည်သူ့တပ် မတော်မှ အမြောက် တပ်ဖွဲ့ကို စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ တပ်ဖွဲ့ဝင် များအား ချီးကျူးခဲ့ သည်ဟု သိရသည်။

တောင်ကို ရီးယားနှင့် အမေရိကန် နိုင်ငံတို့သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ ဖြစ်သည့် စစ်ရေးလေ့ကျင့် မှုကို နှစ်စဉ် သြဂုတ် ၂ဝ ရက်မှ ၃၁ ရက်အတွင်း ပြုလုပ်လေ့ရှိပြီး အဆိုပါ စစ်ရေးလေ့ကျင့် မှုတွင် တောင်ကိုရီးယား နိုင်ငံမှ တပ်ဖွဲ့ဝင် ၅၆ဝဝဝ ဦးနှင့် အမေရိကန် စစ်သည် ၃ဝဝဝဝ  ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

from-မြ၀တီ

စပိန်လဆင်းယာဉ် ၂ဝ၁၄ တွင် တရုတ်လွှတ်တင်မည်


တရုတ်နိုင်ငံ၏ ဂရိတ်ဝေါ ကော်ပိုရေးရှင်းသည် စပိန်လဆင်းယာဉ်ကို ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း လွှတ်တင် မည်ဖြစ်ကြောင်း ဂူဂဲလ်၏ Lunar X Prize ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ဘာစီလိုနာလ အသင်းကို ကြီးကြပ်သည့် Galactic Suite ကုမ္ပဏီက ပြောကြားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာ အသင်းသည် ဂူဂဲလ်၏ Lunar X Prize ပြိုင်ပွဲတွင် ပါဝင် ည့် စပိန်နိုင်ငံ၏ တစ်ခုတည်းသော အသင်းဖြစ်ပြီး ၄င်းပြိုင်ပွဲ၏ သတ်မှတ်ချက်အရ လဆင်းယာဉ် တစ်စင်းကို ဖန်တီးပြုလုပ်ပြီး လပေါ်သို့စေ လွှတ်ရမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ လပေါ်မှ တိုက်ရိုက်ပုံရိပ်များပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလဆင်းယာဉ်ကို Long March 2C/ CTS-2 ဒုံးပျံဖြင့် စီချွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။

from-မြ၀တီ

ကုန်ပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များအား ပြည်တွင်း/ပြည်ပကုမ္ပဏီများ စိတ်ဝင်စားနေ



မြန်မာ့ပိုင်နက်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းတွေအတွက် အာရှနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကုမ္ပဏီအမြောက်အများ လာရောက် ဆွေးနွေးနေကြတယ်လို့ စွမ်းအင် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကုန်းပိုင်းလုပ်ကွက်တွေမှာ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်းကုမ္ပဏီ ၆၀ ကျော်က လည်း လာ‌ရောက်ကမ်းလှမ်း ထားတယ်လို့ ဆိုပါတယ်။
ကုန်းပိုင်းလုပ်ကွက်တွေအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူဖို့ရှိပြီး တင်ဒါခေါ်ဆိုပါက နေ့စဉ်ထုတ် သတင်းစာတွေကသာမကဘဲ စွမ်းအင်ဝန်ကြီးဌာန ဆိုင်ရာ ၀က်ဘ်ဆိုဒ်နဲ့ ဘလော့တွေထဲမှာလည်း ထည့်သွင်းကြေညာသွားမယ်လို့ ဒီလဆန်းပိုင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
တွေ့ရှိတဲ့သယံဇာတတွေကို ဒေသခံအပါအ၀င် ပြည်သူတရပ်လုံး အကျိုးရှိ ထိရောက်ဆုံး သုံးစွဲမှု ဖြစ်စေရေး မူဝါဒ ကိုင်စွဲပြီး လုပ်နေတယ်လို့ ဆိုပါတယ်။  ပြည်ပကုမ္ပဏီတွေအနေနဲ့ ကုန်းပိုင်းနဲ့ကမ်းလွန် လုပ်ကွက် ၂

အမှိုက်အမျိုးအစားမခွဲပါက စက်တင်ဘာလမှစ၍ ဒဏ်ငွေကျပ်(၁)သောင်း ပေးဆောင်ရမည်


ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ(၁)ရက်နေ့မှစတင်၍ စွန့်ပစ်အမှိုက်များအားအမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှုမရှိပါက
ဒဏ်ငွေ (၁)သောင်းကျပ် ပေးဆောင် စနစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။  ''ရန်ကုန်တိုင်းဒေသကြီးက အတည်ပြုချက်နဲ့ ဒဏ်ကြေး(၁)သောင်း တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ နဂိုကတည်းက

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်(၄၅ဝ)နှင့်အထက် ရရှိသူများ ကွန်ပျူတာတက္ကသိုလ်သို့ ထပ်မံလျှောက်ထားနိုင်



၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မှတ် (၄၅ဝ)နှင့်အထက်ရရှိထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးပါကလည်း
ရန်ကုန်နှင့် မန္တလေးရှိအဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များတွင်ထပ်မံလျှောက် ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက
သိရသည်။
“ရမှတ် (၄၅ဝ)နဲ့အထက်ရတဲ့သူတွေက အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်အတွက် လျှောက်ချင်သေး တယ်ဆိုရင်   လျှောက်ထား  လို့ရပါတယ်။ မူလလျှောက်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်ဦးစားပေးလျှောက် ထားတာတော့ ဦးစားပေး (၂)ဖြစ်သွားမှာပေါ့။ အရင်လျှောက်တဲ့ စာအိတ်နံပါတ်တော့ မှန်ဖို့လိုမယ်။ ဒါမှပြန်ချိတ်ဆက်လို့ရမှာ” ဟု မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာမီမီသက်တင်

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရမိ


သြဂုတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ အား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။ “ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု

ငွေတိုးမပေးနိုင်သူ များ၏ သမီးတွေ ကို မယား အဖြစ် သိမ်းဆည်း


ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစား သူများက ငွေတိုး မပေးနိုင်သူ များ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေ သည်ဟု သိရသည်။ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်း အုပ် ဆရာကြီး ထာဟု န်းတို့က ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက် လိုက် ကြောင်း ဒေသခံဆ လိုင်းပိုင်စိုးက ပြောသည်ဟု ပါရှိသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွား ရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ

လွတ်လ ပ်သော ရိုဟင် ဂျြာ ပည်ေ ထာင်စု ကြေငြာခြင်း


အလ္လာ၏ နှုတ်တော်ထွက်စကားများအောက်ရှိSWT မှ ကျွန်ုပ်တို့ ရိုဟင်ဂျာပြည်သူများသည်ကျွန်ုပ်တို့၏လွတ်လပ်သော အမိမြေအဖြစ်
ဤနည်းလမ်းအားဖြင့် ထုတ်ဖော်ကြေငြာလိုက်သည်။

…ကျွန်ုပ်တို့ ကိုင်စွဲထားသည့် အမှန်တရားများမှာ ပကတိအတိုင်း ရှင်းလင်းနေပြီးဖြစ်သဖြင့်ယောင်္ကျား၊ မိန်းမတိုင်း တူညီစွာဖန်တီးနိုင်ခွင့်၊ အဖြူ၊ အမည်းခွဲခြားခြင်းမရှိ တသားတည်းဖြစ်ရမည်ဟုအလ္လာရှင်မြတ်၏ ဆုံးမသွန်သင်မှုအောက်မှ ယုံမှားဖွယ်မရှိသော အလေ့အထနှင့်
ထပ်တူညီသော ဘ၀အခွင့်အရေးများ ရရှိမည်ဖြစ်သည်။လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းတို့အတွက်

ကျောင်းသားများနှင့် လိင်မှုပြုခဲ့သော ဆရာမအား ထောင်(၅)နှစ်ချ


 
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် အထက်တန်းကျောင်းတွင် ၂၀၁၁ ခုနှစ်က ကျောင်းသားများနှင့် မိမိ၏နေအိမ်တွင် အုပ်စုလိုက် လိင်မှုပြုခဲ့သော ဆရာမအား တရားသူကြီးက ထောင်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆရာမက ၂၀၁၁ခုနှစ်တွင် နှစ်လတာကာလအတွင်း သူမယောက်ျားစစ်မှုထမ်းနေစဉ် သူမ၏နေအိမ်၌ ထိုအချိန်က(၁၈)နှစ်အရွယ် ကျောင်းသားငါးယောက်ကိုခေါ်၍ အုပ်စုလိုက် လိင်အမှုပြုခဲ့တာဖြစ်ကြောင်း

လားရှိုးတွ င်ရေကြီး စစ်တပ် မှသွားရောက် ကူညီ(ဓာတ်ပုံ)




စာနယ်ဇင်းများအားလုံး စာပေစိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရပြီ


မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသောစာနယ်ဇင်းများနှင့်ထုတ်ဝေစာများအားလုံး သြဂုတ်၂၀ရက်နေမှစ ပြီး စာပေစိစစ်ရေးသို့တင်စရာမလိုဘဲထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနက   ပြောကြား  သည်။
နိုင်ငံရေးနဲ့ဘာသာရေး ထုတ်ဝေစာများကို ယနေ့ကစပြီး စာပေစိစစ်တင်စရာမလိုဘဲ ထုတ်ဝေ ခွင့်ပြုမှာဖြစ်ပါတယ်။အဲဒါကြောင့် အခုဆိုရင် ပုံနှိပ်ထုတ်ဝေစာအားလုံး စာပေစိစစ်ခံစရာမလိုတော့ဘဲ ထုတ်ဝေနိုင်တော့မှာဖြစ်ပါတယ်`ဟု ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန အကြီးအကဲ

ABSDF မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်


ဒီကနေ့ ညနေအချိန်က လက်ဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။
ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကနေ မြစ်ကြီးနားကိုသွားမဲ့ ကားလမ်းနဘေးရှိ တောင်ကုန်းပေါ်မှာ အစိုးရတပ် ခလရ ၄၀ တပ်ရင်း တပ်စွဲထားတာဖြစ်ပါတယ်။
အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း ကျောင်းသားအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးပုံကို မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ခုလိုပြောပြပါတယ်။
“ခလရ ၄၀ ဆင်းလာတာ အဲဒါကြောင့် ကျနော်တို့ဆီကဟာနဲ့ ထိပ်တိုက် တွေ့ကြတာပေါ့။ ဒါပေမဲ့

မြန်မာနိုင်ငံအ တွက်လျှပ် စစ်ရရှိေ ရးထ ပ်မံပြည့်ဝေ အာင်လုပ်ဆော င်သွားမည်

မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိရေးကိစ္စများကို ထပ်မံပြည့်ဝအောင်လုပ်ဆောင်သွားရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကပြောသည်။ယခင်ထက် စွမ်းအင်ပြည့်ဝရန် အကြံဥာဏ်များစဉ်းစားနေကြောင်း၊နိုင်ငံခြားတိုင်းပြည်များနှင့် ချုပ်ဆိုထားသော စာချုပ်ကိစ္စများရှိနေသေးကြောင်း ၄င်းက ထပ်လောင်းပြောသည်။ပထမ အကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပရာ၌ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာတင်ရွှေ၏ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သောအခြေအနေနှင့် ပတ်သတ်၍ သဘာဝဓါတ်ငွေ့နှင့်လေဆီများထွက်သည့်အောင်သင်္ခ(၂) ၊ရှာဖွေရေးတွင်းအား ထိုင်းနိုင်ငံ

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ


 
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ်မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူသန်းခြောက်ဆယ်၏ မျက်နှာ ကိုထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်းလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါကပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။
နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင်

လွှတ်တော်ေ က်ာမတီ ကော်မရှင်းများသည် ပြည်ထော င်စုအဆင့်ဟြုေ ပာပြချက်သည် ကလော င်ချွန် ရေးသားထားခြင်း ဟု ဦးသိန်ုးစိုးပြောကြား



လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များ သည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ပြောကြားလိုက်ကြောင်းသိရှိရပါသည်
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး အပါအ၀င် ခုံရုံး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်နိုင်သည့် အချက် ၅ ချက်ရှိကြောင်း၊ ၎င်းအချက် ၅ ချက်မှာ၁) နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှု