Tuesday, September 18, 2012
ရီးယဲလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မယ့် ချန်ပီယံလိဂ် ပထမနေ့
၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ် ပထမဆုံး အုပ်စုပွဲစဉ်များကို ယနေ့ည
စတင်ကျင်းပတော့မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းအနေနဲ့ လက်လွတ်မခံသင့်တဲ့
ပွဲကတော့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်တွေဖြစ်ပြီး အင်္ဂလန်
ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းဟာလည်း ပြင်သစ်မြေမှာ မောင့်ပယ်လီယာ
အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ခြေစွာတတ်တဲ့
အေစီမီလန် အသင်းကတော့
ABSDF မြောက်ပိုင်း သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တက်ရောက်မည် ဟုဆို
မြန်မာ
နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ
ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ် ခံခဲ့ရမှုကို
ပြည်တွင်းတွင် ဥပဒေနှင့် အညီ တရားစွဲရန် ပြင်ဆင်လျက် ရှိပြီး အကြောင်း
အမျိုးမျိုးကြောင့် တရားစီရင်ခြင်း မခံရပါက အပြည်ပြည် ဆိုင်ရာ တရားရုံးထိ
တက်ရောက် တရားစွဲဆိုရန် ကြိုးပမ်း စီစဉ်သွားမည်ဟု ယင်းစွပ်စွဲ သတ်ဖြတ
်ခံခဲ့ခြင်းမှ
နိုင်ငံရေးအကျဉ်းသား ၈၈ ဦး လွတ်မြောက်လာဟု AAPP အတည်ပြု
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က
လွတ်မြောက်လာကြသည့် အကျဉ်းသား ၅၁၄ ဦး အနက် နိုင်ငံရေးအကျဉ်းသား ၈၈ ဦး
ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား
ကူညီစောင့်ရှောက်ရေးအသင်း AAPP စုဆောင်း အတည်ပြုထားသည့် စာရင်းအရ
သိရှိရသည်။
အင်္ဂါနေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အထိ AAPP မှ ပြုစုထားသည့် စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး တွင် နိုင်/ကျဉ်း ၃၉၆ ဦး ရှိသည်ဖြစ်၍ ၃ဝ၈ ဦး ကျန်ရှိနေဦးမည် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု စာရင်းများကိုလည်း နာရီနှင့် အမျှ စိစစ်နေမည်ဟုလည်း AAPP မှ ဆိုသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းမှာ ၂၈ဝ ဦး
ထိုင်း ၈၃ ဦး လွတ်မြောက်လာ
မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီး
ထောင်ချခံနေရသော ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးကို တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ကော့သောင်း ထောင်မှ လွတ်မြောက်လာမည့် ၎င်းတို့အား ထိုင်းနိုင်ငံ ရနောင်း ဘက်ကမ်းသို့ ပို့ဆောင်ပေးရန်အတွက် လိုအပ်သော စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် ထိုင်းသံအရာရှိများလည်း ကော့သောင်းမြို့သို့ ရောက်ရှိနေကြကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင်

လာမည့်လွှတ်တော်အစည်းအဝေး၌ အမျိုးသမီးဘ၀လုံခြုံရေး ဥပဒေသစ်တစ်ရပ်တင်သွင်းမည်
အမျိုးသမီးများကို
ကာကွယ်ပေးရန်အတွက် ဥပဒေသစ်ပေါ်ထွက်လာရန် လာမည့် လွှတ်တော်အစည်းအဝေးတွင်
တင်ပြသွား မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် (NLD) ပါတီ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။
“အမျိုးသမီးတွေက
အကြမ်းဖက်မှုခံနေရတယ်။ ဒါတွေကို ကာကွယ်ဖို့ ဥပဒေမရှိဘူး။ ဒါကြောင့်
လွှတ်တော်မှာ ဥပဒေအတည်ပြုပြဋ္ဌာန်းဖို့လိုတယ်။ အမျိုးသမီးတွေကို ကာကွယ်ဖို့
ဥပဒေပါ။” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ပြီးခဲ့သည့်
လွှတ်တော်အစည်းအဝေးတွင် အဆို(၁၀၀)နီးပါးခန့် ကိုယ်စားလှယ်များက
တင်သွင်းခဲ့သော်လည်း အမျိုးသမီးများအတွက် လုံခြုံရေးကို
ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်
လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံခြားသား ၄၀၀ ခန့် ပြန်လွတ်
စက်တင်ဘာ
၁၇ ရက်က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၀၀ ကျော်မှာ
၄၀၀ လောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး၊ အဲဒီထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
အများစုဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက
ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာလို့ လ၀က ဥပဒေအရ အရေးယူခံရပြီး အကျဉ်းထောင်တွေထဲ ရောက်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာမှာ တရားမ၀င် ၀င်ရောက်နေထိုင်နေကြတဲ့ ထိုင်းလူမျိုးတွေလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဦးကျော်ဝင်းက

သတင်းစာထုတ်ဝေခွင့်နှင့်ပတ်သက်ပြီး ကန့်သတ်ချက်မထားသင့်ဟု ဆို
အစိုးရအနေနဲ့
သတင်းစာထုတ်ဝေခွင့်ပြုရာမှာ ကန့်သတ်ချက်တွေ မထားဘဲ နိုင်ငံသားအားလုံးကို
တပြေးညီ ခွင့်ပြုသင့်ကြောင်း ရန်ကုန်မီဒီယာဂရုဖ် အကြီးအကဲ ဦးကိုကို (စက်မှု)
က ပြောပါတယ်။
မီဒီယာလုပ်ငန်းပိုင်ရှင်တချို့က သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိမှ၊ ၀န်ထမ်းအင်အား ဘယ်လောက်ရှိမှ၊ မြေပိုင်ဆိုင်မှု ဘယ်လောက်ရှိမှ ထုတ်ဝေခွင့်ပြုသင့်တယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြထားတဲ့အပေါ် ဦးကိုကို (စက်မှု) က ခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဦးကိုကိုက ထုတ်ဝေလိုတဲ့ နိုင်ငံသားတိုင်းကို ထုတ်ဝေခွင့်ပြုသင့်ပြီး ဈေးကွက်စီးပွားရေး သဘောအရ ပြိုင်ဆိုင်ရင်း သတင်းစာဖတ် ပရိသတ်က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ကြောင်း ပြော ဆိုပါတယ်။

from DVB
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များဖိုရမ်တွင် မြန်မာကို လက်ခံ
အရှေ့တောင်အာရှ
အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်ရဲ့ န၀မအကြိမ်မြောက် အစည်းအဝေး ကနေ
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်ပြီ
လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကျင်းပတဲ့ ဖိုရမ် အစည်းအဝေးမှာ ဖိုရမ်အဖွဲ့ဝင် ၅ နိုင်ငံက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဖိုရမ်အဖွဲ့ဝင် လျှောက်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး လက်ခံဖို့ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။
ဒီဖိုရမ်ရဲ့ အဓိကရည်မှန်းချက်က အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ လူသားတွေရဲ့

ရန်ရန်ချန်း တို့အဖွဲ့ အတုယူရမည့် သူတောင်းစား တစ်ဦး
အိန္ဒိယနိုင်ငံသားတစ်ယောက်ပါ။
တောင်းရမ်းစားပါတယ်။
ဒါပေမယ့်သူကနိုင်ငံတော်သီချင်းသံကြားတာနဲ့အမြဲတမ်းထပြီးအလေးပြုပါတယ်။
လူတွေကသူ့ကိုရူးနေတယ်လို့ထင်ကြပါတယ်။
သူ့ကိုသတင်းထောက်တွေကစိတ်ဝင်တစားနဲအင်တာဗျူးတောသူပြန်ပြောပုံကမှတ်သားစရာပါ
"တောင်းရမ်းစားသောက်သူအတွက်နိုင်ငံတော်ကိုသစ္စာစောင့်သိနိုင်တာဒီတစ်နည်းပဲရှိပါတယ်တဲ့ဗျာ။"
from - Myanmar Express
ဆီးရီးယားတွင် စစ်ရာဇ၀တ်မှု သံသယရှိသူများ၏စာရင်း ပြုစုထားဟု ကုလပြောကြား
စစ်ရာဇ၀တ်မှုအတွက်
သံသယရှိတဲ့သူတွေရဲ့ စာရင်းကို လျှို့ဝှက် ပြုစုထားတယ်လို့
ဆီးရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်
စစ်ဆေးစုံစမ်းနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အကြီးအကဲက
ပြောဆိုလိုက်ပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို စုံစမ်းရေးအကြီးအကဲ ပေါ်လို ဆာဂျီရို ပီညဲရိုး (Paulo Sergio Pinheiro) က ဦးဆောင်ခဲ့တာဖြစ်ပြီး အလွန်ခိုင်လုံပြီး ထူးခြားတဲ့ သက်သေအထောက်အထား အများအပြားကို ရထားတယ်လို့ ဆိုပါတယ်။

စုံစမ်းရေးအကြီးအကဲ ပေါ်လို ဆာဂျီရို ပီညဲရိုး (Paulo Sergio Pinheiro)
ဆီးရီးယားအခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့
ကုလသမဂ္ဂ ထန်တလန်မြို့နယ် လျှပ်စစ်မှူးက မီတာဘုတ် ၃၀ ကို အလွဲသုံးစားလုပ်
ချင်းပြည်နယ်
ထန်တလန်မြို့ အတွက် အစိုးရမှ ချပေးသည့် လျှပ်စစ် မီတာဘုတ် ၃၀ ကို
သက်ဆိုင်ရာ လျှပ်စစ်မှူးက ဖ လမ်းမြို့သို့ ပို့ခိုင်း လိုက်ကြောင်း သိရသည်။
“ထန်တလန်မြို့နယ် လျှပ်စစ်မှူးကို လျှပ်စစ်မီတာဘုတ် ၃၀ လာယူခိုင်းတာ သူက ထန်တလန်မှာ ၀ယ်ယူနိုင်မည့် လူရှိမှာ မဟုတ်ဘူး၊ ဖလမ်း ကို ပေးလိုက်ကြပါ လို့ ပြောလိုက်တယ်” ဟု ဟားခါးမြို့မှ လျှပ်စစ် ၀န်ထမ်းတဦးက ပြောသည်။
ထန်တလန်မြို့ပေါ်တွင် တပတ် အတွင်း ၄ ရက်ခန့်သာလျှပ်စစ်မီး မီးရရှိကြောင်း၊ ထို့ ကြောင့် ကျောင်းသူ ကျောင်းသား

မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦး စစ်တွေ အကျဉ်းထောင်မှ လွှတ်
ထွန်းထွန်း
ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦးတို့ လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံသား ၅၂ ဦးထဲတွင် ၄၈ ဦးမှာ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်မြောက်လာသူများ မဟုတ်ဘဲ အယူခံဖြင့် လွှတ်မြောက်လာသူများ ဖြစ်ကြောင်း သိရသည်။ ကျန် ၄ ဦးထဲတွင် မြန်မာနိုင်ငံသား (၃) ဦးနှင့် နိုင်ငံခြားသား တစ်ဦး ဖြစ်ကြောင်း သိရသည်။
မြန်မာ သမ္မတ ဦးသိန်းစိန်မှ အကျဉ်းသား ၅၁၇ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ကျေညာပြီးနောက်

“၀ါးတူ” အသုံးပြုခြင်း နှင့် ကျန်းမာရေးဆိုးကျိုးများ။
ကိုယ်ပိုင် "တူ" ကို အသုံးပြုခြင်းကသင့် ကျန်းမာရေးအတွက်
ကောင်းပါတယ်သစ်တောတွေ ပြုန်းတီးမှု ကို လျော့နည်းစေပါတယ်သဘာဝ ပတ်ဝန်းကျင်ကို
ထိန်းသိမ်းခြင်း လည်း ဖြစ်ပါ တယ်
ကျွန်တော် တို့တွေဟာ လက်နဲ့စားတဲ့ အလေ့အထ၊ဇွန်း ခက်ရင်းနဲ့စားတဲ့ အလေ့အထနည်းတူ (တူ)ကို အသုံးပြုပြီး စား လာကြတဲ့ အလေ့အထပေါ်ပေါက်လာခဲ့တာလည်း အတော်လေးကို ကြာခဲ့ပါပြီ။ လူနေမှု အဆင့်အတန်းလဲ မြင့်စေခဲ့တာ
လဲ အမှန်ပါပဲ။ (တူ) ကိုအသုံးပြုတဲ့ အခါမှာလည်းတစ်ခါသုံးဝါးတူ အသုံးပြုမှုဟာ အများဆုံးပါပဲ။ ရှမ်းခေါက်ဆွဲဆိုင်၊ကြေးအိုးဆိုင်တွေမှာ အသုံးပြုရာက စလို့ အခုဆိုရင် ဇွန်းခက်ရင်း အသုံးပြုလေ့ပြုထရှိတဲ့

အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး
ရန်ကုန်မြို့
ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး
လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က
တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ
အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဓိက
ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က
ခုလို ပြောပြပါတယ်။
မေး ။ ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက
ဆူဇူကီးဖလားပြိုင်ပွဲအား ဒစ်ဂျစ်တယ် လက်မှတ်ဖြင့် ကြည့်ရှုနိုင်မည့် အကြောင်း သတင်းစာရှင်းလင်းမည်
မြန်မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် အောက်တိုဘာလ ၅ရက် မှ ၁၃ရက် အထိလက်ခံကျင်းပပြုလုပ်မည့်
2012 AFF Suzuki Cup ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ်များအား Digital
Ticketing System ဖြင့် ၀ယ် ယူကြည့်ရှုစေမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့်
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ရက် နံနက် ၁၁နာရီတွင်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်သွားမည်
ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိကာ အသက် ၁၂ နှစ်အောက်
ဘောလုံးကစားများအား ၄ ရက်ကြာ လေ့ကျင့်သင်ကြားပေးမည့် အင်္ဂလန်နှင့်
လီဗာပူးလ် ဂန္ထ၀င် ကစားသမားဟောင်း John Barnes နှင့်ပတ်သက်သည့်
သတင်းစာရှင်းလင်းပွဲကိုလည်း နံနက် ၉း၃၀ အချိန်တွင် ကျင်းပပြု လုပ်မည်
ဖြစ်ကြောင်းသိရသည်။
from : popular
MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်
မန္တလေးမြို့
ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ (MWDC
အရက်စက်ရုံ)တွင် အလုပ်သမား အဖွဲ့အစည်း မှခေါင်းဆောင်သူအချို့ကို အလုပ်မှ ရပ်နား စေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့
ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ
၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။
ကိုမင်းကိုနိုင်၊
ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၅ ဦးဟာ အစိုးရတပ်နဲ့
ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို
ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ
တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့
ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့
ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ
ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့
တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ်
ရပ်စဲသွားတယ်။
“ဒီနေ့ထိ သေနတ်သံတွေ
လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန်နဲ့ ၀ါရှင်တန်မှာရှိတဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ
ဒေသ စံတော်ချိန် မနက် ၈ နာရီခွဲ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံတဲ့ အစည်းအဝေး အစီအစဉ်နဲ့ပတ်သက်လို့ မရရှိသေးပေမယ့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ တခြားအရေးကြီးတဲ့ နိုင်ငံရေးအပြောင်းလဲတွေ ကို ဆွေးနွေးကောင်း ဆွေးနွေး နိုင်တယ်လို့ အမေရိကန်သတင်းစာတွေမှာ ခန့်မှန်းနေကြပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက ဟီလာရီကလင်တန်နဲ့ တက္ကရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်
Subscribe to:
Posts (Atom)