ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 02, 2012

ယခုနှစ် သင်္ကြန်နှင့် နွေရာသီ၌ ရေလုံလောက်စွာ ရရှိရန် ဆောင်ရွက် ထား

အခုနှစ် သင်္ကြန်မှာ ရေကို လုံလောက်အောင် ကစားနိုင်ရုံ သာမကဘဲ နွေအခါ မှာလည်း ရေပူစရာ မလိုအောင် ရန်ကုန်တိုင်း ဒေသကြီး မှာရှိတဲ့ ရေလှောင်ကန်ကြီး
တွေမှာ ရေလုံလောက်စွာ သိုလှောင် ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေး ဌာမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က လှော်ကားကန်မှာ ရေအမြင့်ပေ ၄၅ ပေကျော် သာရှိခဲ့ရာက အခုနှစ် မှာတော့ ၅၅ ပေ ရှိတာကြောင့် ၁၀ ပေခန့် မြင့်တက် ခဲ့တာ ဖြစ်ပြီး၊ ဂျိုးဖြူကန် မှာတော့ မနှစ်က ၁၈၈ ပေ ကျော်ရှိခဲ့ပြီး ဒီနှစ် မှာတော့ ပေ ၂၀၀ ကျော်ရှိတဲ့ အတွက် ၁၂ ပေခန့် မြင့်တက် ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖူးကြီးကန် မှာတော့ အရင်နှစ်က ၁၀၂ ပေကျော် ရှိခဲ့ပြီး ဒီနှစ် မှာတော့ ၁၀၉ ပေကျော်ရှိတဲ့ အတွက် ၇ ပေခွဲမြင့်တက် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အတွက် အခုနှစ် သင်္ကြန်နဲ့ နွေရာသီ မှာတော့ ရေကို လုံလောက်အောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ရက် အတွင်း မဏ္ဍပ်တွေ အတွက် ရေအသုံးပြုခ ကတော့ တစ်လက်မ ပိုက်နဲ့ တစ်လက်မခွဲ ပိုက်အတွက် ကျပ် ၈ သောင်း၊ ၂ လက်မပိုက် အတွက် ကတော့ ကျပ်တစ်သိန်း နှစ်သောင်းနဲ့ ၃ လက်မ ပိုက်အတွက် ကတော့ ကျပ်၂ သိန်း ၂ သောင်း ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ သိစေရန်

မဲရုံအချို့တွင် NLD အနိုင်ရရှိနေပြီး ယခု ကြားဖြတ်ရွေးကောက်ပွဲက မသမာ မှုတွေ ရှိနေကြောင်း သတင်းများထွက်ပေါ်နေ


ဒီကနေ့ ကျင်းပ ပြီးဆုံးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲများရေတွက်ရာတွင် အချို့နေရာများတွင် NLD ပါတီမှ ကိုယ်စားလှယ်များ အနိုင်ရရှိနေပေမယ့်

NLD ဒေါ်စန္ဒာမင်း ရှုံးပြီ


နေပြည်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်ဌေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်စန္ဒာမင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ဦးဝင်းဌေးမှ ၃၇၈ မဲ၊ ဒေါ်စန္ဒာမင်းက ၈၁ မဲ ဖြင့် ပြည်ခိုင်ဖြိုးမှ NLD ကို အပြတ်အသတ် အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

မဲပေးမှုဓာတ်ပုံများ (၆)

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုး မဲအပြတ်အသတ်နိုင်


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တွင် ပြည်ခိုင်ဖြိုးပါတီမှ NLD ပါတီအား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကြောင်း သိရှိရသည်။ကျေးရွာများ တွင်လည်း ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိနေကြောင်းသိရှိရသည်။

မော်လမြိုင်တွင် ပြည်ခိုင်ဖြိုးပါတီမှ အပြတ်အသတ်နိုင်


မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ် ဖြစ်သည့် မော်လမြိုင်ရှိ ဈေးချို မဲရုံ အမှတ် ၆၊ ၇၊ ၈ မဲရုံ ၃ ရုံတွင်

လားရိုးမြို့နယ်တွင် ကျားဖြူပါတီ အပြတ်သတ်နိုင်


လားရိုးမြို့ အတွင်းရှိကျေးရွာ ခုနှစ်ရွာတွင် ကျားဖြူပါတီမှ အခြားပါတီများအား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကြောင်း သတင်းရရှိသည်။

ကျောက်ပန်းတောင်းတွင် NLD ရှုံး


ကျောက်ပန်းတောင်းတပ်နယ်တွင် NLD ရှူံးနိမ့်နေကြောင်း သတင်းရရှိသည်။ မကွေး

မိတ္ထီလာမြို့နယ် ကြံ့ခိုင်ရေးပါတီနိုင်


မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်

နေပြည်တော်တိုင်းဒေသကြီး ဥတ္တရသီရိမြို့ ကြံခိုင်ရေးပါတီနိုင်

 နေပြည်တော်တိုင်းဒေသကြီး ဥတ္တသီရိ မြို့နယ် မဲဆန္ဒနယ်တွင် ယနေ့နံနက် ၉ နာရီ ခန့်တွင် ပိတ်သွားခဲ့ရာ NLD ပါတီက မဲ ၁၆၀၊ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊တစည ၁၅ မဲ၊ပယ်မဲ ၂၇ မဲ ဖြစ်ကြောင်းသိရှိခဲ့ရသည်။ အောင်သပြေ လစခ(၈)နှင့်လစခ (၂) မဲရုံများမှ ဖြစ်သည်။