ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 22, 2012

လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါက မည်သည့်အချိန်က ဖြစ်ရပ်မဆို လူ့အခွင့်အရေး စိစစ်ရေးကော်မတီသို့ တိုင်ကြားနိုင်



From : ခေတ်လူငယ်


မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သည်၊ မည်သည့်အကြောင်းအရာနှင့် ပတ်သက်သော လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများကို မဆို ခိုင်လုံသော အထောက်အထားဖြင့် လာရောက်တိုင်ကြားနိုင်ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

အမှောင်လှိုင်းထဲက ငမွဲတို့တိုင်းပြည်



From : http://doctorsatephwar.blogspot.com/2012/04/blog-post_05.html
(ဇန်န၀ါရီလ ၉ ရက်နေ့က ရေးထားတဲ့ ဆောင်းပါးလေးကို ခုလိုမီးတွေပျက်နေချိန်မှာ သတိရလာလို့ ပြန်တင်ပေးလိုက်ပါတယ်)

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။

အမေရိကန်မှ စီးပွားပိတ်ဆို့မှု ဖွင့်ပေးခြင်းကြောင့် ပြည်ပအခြေစိုက် မြန်မာအတိုက်အခံများ ခွက်ပျောက်မှာ စိုးရိမ်နေ



အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တားမြစ်ချက် ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ အမေရိကန်အခြေစိုက် အစိုးရအတိုက်အခံများက စားခွက်ပျောက်မှာ စိုးရိမ်နေကြကြောင်း သတင်းရရှိပါတယ်။

လိင်တူချစ်သူများနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပ



ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု အား ဆန့်ကျင်ရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ကို ကမ္ဘာတ၀န်းမှာ နှစ်စဉ် ကျင်းပကြသလို အခုနှစ်မှာ မြန်မာနိုင်ငံတွင်းမှာလည်း ပထမဆုံး အကြိမ် ကျင်းပပါတယ်။


မိုဘိုင်းဖုန်းလိုင်းများကို ပုံမှန်ဈေးထက်ပိုမိုရောင်းချပါက အရေးယူသွားမည်ဟုဆို



From : Internet
မြန်မာ့ဆက်သွယ်ရေးမှ ဈေးနှုန်းသက်မှတ်ထားသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းမြင့်တင်ရောင်းချနေပါက အရေးယူဆောင် ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ ““အခု အရေးယူဆောင် ရွက်ဖို့လုပ်နေပြီ။ ကတ်တွေကိုလည်း လိုသလောက် ထုက်ပေးတော့မယ်။ ဈေးလည်း ပိုပြီးမရောင်းရဘူး။ ရောင်းရင် အရေးယူမယ်။

နိုက်ကလပ် တက်မှ ဂုဏ်ရှိတယ်ထင်တဲ့မမများဖတ်ဖြစ်အောင်ဖတ်



ကျွဲနှစ်ကောင်ကြားက မြေစာပင်



မြန်မာ့နိုင်ငံရေးလောကမှာ ကြံ့ခိုင်ရေးနဲ့ NLD ဆိုပြီးပါတီ(၂)ခုကလွှမ်းမိုးထားပါတယ်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအင်အားစုရဲ့ ထောက်ခံမှုကို ရရှိ ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် အစရှိတဲ့ အနောက်နိုင်ငံများမှ ထိပ်တန်းအရာရှိတွေလာရောက်ခဲ့ပါတယ်။

စင်ကာပူမှာ အချိန်ပိုင်းအလုပ်လုပ်နေသူများ နှင့် စတေးရှောင်လိုသူများအထူးသတိထား။



မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများရဲ့ စီးပွားပိတ်ဆို့မှုများကြောင့် စိတ်ပျက်ပြီး နီးစပ်ရာနိုင်များသို့ထွက်ကြသည်။ စင်ကာပူသို့လာရောက်သူများနှင့် မလေးရှားသို့လာရောက်သူများ သည် ယခင်နှစ်များက ထက်ပိုမိုများပြားလာပြီဖြစ်သည်။

အရေးပေါ်လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီးပေးနိုင်ရန် မီးစက်များထားရှိ



From : ခေတ်လူငယ်


အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေးမီး၊ လမ်းမီးများ ပေးနိုင်ရန် မီးစက်များထားရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော်

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်



From : ခေတ်လူငယ်
 

ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်