ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

လာရှိုးရေကြီးမှု့ စိုးရိမ်ရ



ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်


ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ၀န်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။

မျိုးစပါး ဖြန့်ဖြူးဖို့အတွက် ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို အရင်ကောက်ယူမှာ ဖြစ်ပါတယ် ။ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ရွာပေါင်း ၆၆ ရွာ၊ ဝေါမြို့နယ်မှာရွာပေါင်း ၅၂ ရွာနဲ့ က၀မြို့နယ်က ရွာပေါင်း ၉၆ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေက လယ်ယာမြေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ လယ်ဧက

ဒါမျိုးလေးတွေ သိထားပါ



“ကျမအမေ နှလုံးရောဂါနဲ့ အသည်းအသန် ဖြစ်တော့ ကိုယ့်မြို့ကိုပြန်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ကျမကို ပို့ပေးမယ့်လူကို စောင့်နေရင်းနဲ့ ကျမအမေကို မမှီလိုက်ပါဘူး။”

ဆော်ဒီအာရေးဗျီးယားနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ၀ါဂျိဟာ အယ် ဟူဝေဒါ က သူ့အမေမသေခင် နောက်ဆုံးမျက်နှာကို မမြင်လိုက်ရတာကို ပြန်ပြောင်းပြောပြခြင်း ဖြစ်ပါတယ်။ တကယ်လို့သာ သူ့မှာ ကားမောင်းပိုင်ခွင့်ရှိပြီး ယောင်္ကျားအုပ်ထိန်းသူ မပါပဲသာ သွာ
းခွင့်ရခဲ့မယ်ဆိုရင် သူ့အမေအသည်းအသန်ဖြစ်နေတုန်း ချက်ချင်းလိုက်သွားပြီး တွေ့ခွင့်ရခဲ့မှာပါ။

ဟူဝေဒါ ကြုံတွေ့ရသလိုမျိုး အဖြစ်အပျက်တွေဟာ ဆော်ဒီအာရေးဗျီးယားနိုင်ငံအဖို့ မစိမ်းလှပါဘူး။ လက်ရှိအာဏာရှင် ဆော်ဒီဘုရင်ဟာ အခုအချိန်အထိ အမျိုးသမီးများ မဲပေးပိုင်ခွင့်၊

KIA မှ မုန်ဆန်ယန်သင်တန်းကျောင်းတွင် လက်နက်ကြီးများစမ်းသပ်ပစ်ခတ်





KIA  မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ လက်နက်ကြီးတပ်ရင်းတွေက ကေအိုင်အေ အရာရှိကြီးများပါ ၀င်တဲ့ အဖွဲ့ဟာ သြဂုတ်လ (၁၈) ရက်နေ့က မုန်ဆန်ယန်ကျေးရွာမှာရှိတဲ့ မုန်ဆန်ယန်သင်တန်းကျောင်းကို သွားရောက်ပြီး လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်နေမှုကို ကြည့်ရှုခဲ့တယ်လို့ သတင်းရရှိပါတယ်။

          စမ်းသပ်ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကို လိုင်ဇာဗဟိုဌာနချုပ်မှာထုတ်လုပ်ခဲ့ပြီး ၊ “၀” အဖွဲ့အစည်း တွေရဲ့ နည်းပညာနဲ့ထုတ်လုပ်ထားပြီး မီတာ (၁၀၀၀) ကနေ (၁၂၀၀)အထိ ပစ်ခတ်နိုင်တယ် လို့ KIA တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောဆိုခဲ့ပါတယ်။
          ယခုလအတောအတွင်း မြန်မာအစိုးရစစ်တပ်တွေ အင်အားအလုံးအရင်းနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ ကို ထိုးစစ်ဆင်နေပြီး လိုင်ဇာဌာနချုပ်အနားကို နီးကပ်လာချိန်မှာ ယခုလိုအမြောက်တွေ စမ်းသပ်ပစ်ခတ်ပြ

ကမ္ဘာကျာ် အိုဆာကာ တက္ကသိုလ် မြန်မာနိုင်ငံတွင် လာဖွင့်မည်




ဂျပန်နိုင်ငံမှ ကမ္ဘာကျော် အိုဆာကာ တက္ကသိုလ်ကြီးကို မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဂျပန်ကားကုမ္ပဏီ လီမိတက်မှ သိရသည်။ “တက္ကသိုလ်မှာ ကားအကြောင်းပဲ အထူးပြုသင်မှာပါ။ ဘွဲ့ပေးမယ်။ နောက်ပိုင်း ဂျပန်ကိုသွားပြီး
မာစတာဘွဲ့နဲ့ Ph.D ဘွဲ့ကို သွားရောက်ယူနိုင်တယ်။ အိုဆာကာရဲ့ ကျောင်းခွဲပါ” ဟု ဂျပန်ကားကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာ ဦးထင်အောင်မြင့်က ဖလားဝါးနယူးစ် ဂျာနယ်သို့ ပြောသည်။အဆိုပါ ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ် ကျောင်းခွဲကို ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး မော်တော်ယာဉ်ဆိုင်ရာများကို အဓိက သင်ကြားကာ လေးနှစ်တာ

ကား၊ တိုက်ခန်း၊ ဖုန်းနှင့် လူသုံးကုန်ပစ္စည်းများ အရစ်ကျဝယ်ယူနိုင်မည့် ကုန်ပစ္စည်းပြပွဲကြီး စက်တင်ဘာတွင် ပြုလုပ်မည်



ကား၊ တိုက်ခန်း၊ ဖုန်းနှင့် လူသုံးကုန်ပစ္စည်း မျိုးစုံအား အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် The Most Amazing Exhibition & Car Show 1/2012 ကုန်စည်ပြပွဲကြီးအား စက်တင်ဘာ ၆ ရက်မှ ၉ ရက်အထိ MCC ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယင်းကုန်စည်ပြပွဲအား Creation Strength Co.Ltd မှ တာဝန်ယူ ပြုလုပ်သွားမည်ဖြစ်ကာ ပြည်တွင်းနာမည်ကြီး ကုမ္ပဏီအချို့ ပူးပေါင်းပါဝင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် တိုက်ခန်းများ၊ မော်တော်ကားများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ လက်ဝတ်ရတနာများ၊ GSM Sim Card နှင့် Hand Set များ၊ စားသောက်ကုန် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းမျိုးစုံ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည့်

မိုးမောက်မြို့နယ်အတွင်း KIA မှ မိုင်းဖောက်ခွဲ


ကချင်ပြည်နယ် ၊ မိုးမောက်မြို့ ၊ မိုးမောက်မြို့သစ် ကားလမ်းပေါ်တွင် KIA အဖွဲ့မှ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆)ရက်နေ့ ညနေ(၃)နာရီခန့်မှာ မိုင်း(၁)လုံးဖောက်ခွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

          ကေအိုင်အေ အောက်ခြေတပ်ဖွဲ့ဝင်တွေ စီးပွားရေးကျပ်တည်းလာမှုကြောင့် ခူးလီ ၊ နမ့်လှိုင် စတဲ့ရွာတွေ ကနေ ကျွန်းခွဲသားဆိုဒ်စုံကို နွားလှည်းတွေနဲ့ တင်ဆောင်ပြီး ကျခမ်းဒတ်ကျေးရွာအနီးမှာ စုပုံလေ့ရှိပါတယ်။ ဒီလိုစုပုံထားတဲ့ သစ်တွေကို တုန်ဖုန်းယာဉ် ၊ ဂျစ်စတောက် ယာဉ်တွေနဲ့ မိုးမောက်-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တစ်ဖက်နိုင်ငံကို

မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား





မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော်
မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိလမ်းဘေးရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး
ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမန္တလေးတိုင်း ဒေသကြီးမီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်

မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်)
 ည ၇နာရီအချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း

ရန်ကုန်မြို့တွင် ရခိုင်အမျိုးသားများက UN-INGOs များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖေါ်

 ၁၉ရက်နေ့ သြဂုတ် ၂၀၁၂ — ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပု လမ်းတွင် ယနေ့ နံနက်က ရခိုင်အမျိုးသား ၁၀၀ ခန့်သည် ပိုစတာ များ၊ ဆိုင်းဘုတ်များကို  ကိုင်ဆောင်ကာ UN နှင့် INGOs များနှင့် ပတ်သက်ပြီး  စီတန်းလှည့်လည် ကာ သဘောထား ထုတ်ဖေါ်သည့် ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဆန္ဒပြပွဲကို ဒီကနေ့ နံနက်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းကနေ ရှင်စောပုလမ်း အတိုင်း ချီတက်ပြီး ပြည်လမ်းထိပ်မှာ အဆုံးသတ်ပါတယ်။ တီရှပ် အကျီဝတ်ထားတဲ့သူက ၅၀ ခန့်နဲ့ ၀ိုင်းရံထားတဲ့ လူနဲ့ ဆိုရင် ၁၀၀ ကျော်ပါဝင်ပါတယ်” ဦးဆောင် လူပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုစည်သူက ပြောသည်။
ဆန္ဒပြသူများအထဲမှ လူပေါင်း ၅၀ ခန့်သည် “ တရားမျှတမူကို မြတ်နိုးသည်။ ယူအန် ၊အန်ဂျီအို ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံမူ ရပ်” ဟု ရေးသားထားသော တီရှပ် အကျီင်္များကို ဆင်တူ

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို ကန့်ကွက်


 မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းခဲ့တဲ့အပေါ် ကန့်ကွက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂက မနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ Home Media ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲမှာ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းတဲ့အပေါ် ကန့်ကွက်ရတဲ့ အချက် (၃) ချက် တင်သွင်းခဲ့တယ်လို့ အဆိုတင်သွင်းသူ တစ်ဦးဖြစ်သူ စာရေးဆရာသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင် ကဗျာဆရာ ဦးငြိမ်းသစ်က RFA ကိုပြောပါတယ်။
“အဆို ၃ ရပ်က တစ်က မီဒီယာ လွတ်လပ်ခွင့်တွေကို ပေးဖို့၊ နှစ်ကကျတော့ မီဒီယာသမားတွေနဲ့ ဂျာနယ်တွေမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို အမြန်ဆုံး ရုပ်သိမ်းဖို့ပေါ့။ သုံးကကျတော့ အခု အမြုတေစာနယ်ဇင်း ကောင်စီဖွဲ့ထားတယ်လေ။ အစိုးရ ကနေပြီးတော့ ဗဟိုပြုပြီး ဖွဲ့ထားတာ။ အဲတာက

“မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပ”


Popular News Journal, 19August 2012  —–  မြန်မာနိုင်ငံသတင်းစာဆရာအသင်း(Myanmar Journalists Association/MJA)၏ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို သြဂုတ်လ(၁၆)ရက်နေ့ နေ့လည် ၁၂ နာရီက၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့တက်ရောက်လာသူများအား အတွင်းရေးမှူးအဖွဲ့က စီစဉ်ထားသည့် “မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက
်ရေးကော်မတီ၏ သဘောထားကြေညာချက် ၅/၂၀၁၂”၊ “မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏

အာသံ-မူစလင် ပဋိပက္ခ တည်ငြိမ်ရေး ၀န်ကြီးချုပ်ကြိုးပမ်း



အိန္ဒိယနိုင်ငံမှာ ဘန်ဂလော (Bangalore)၊ ချန်နိုင်း (Chennai)၊ ဟိုက်ဒရာဘက် (Hyderabad) နဲ့ ပူနီး (Pune) စတဲ့ တောင်ပိုင်းမြို့တွေမှာ အလုပ်လာလုပ်နေကြတဲ့ အရှေ့မြောက်ပိုင်းသား အမြောက်အများ ဘေးလွတ်ရာ ထွက်သွားနေကြတဲ့ အခြေအနေကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က တည်ငြိမ်အောင် ကြိုးစားနေပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်းမှာ Bodo မူလ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူစလင်တွေကြား လတ်တလော ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် လက်ကိုင်ဖုန်း Text Message တွေ၊ အင်တာနက်တွေက တဆင့် မူစလင်တွေက လက်စားခြေ တိုက်ခိုက်မှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ ဘယ်သူ ဖြန့်မှန်းမသိတဲ့ သတင်းစကားတွေကြောင့် ခုလို တောင်ပိုင်းမြို့တွေမှာ

ရာသီဥတု ဖောက်ပြန်မှု အချက်ပေး ခေါင်းလောင်းသံ ပိုမြည် လာပြီလား


သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း
မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် မိုးများနေပြီး အလယ်ပိုင်းတွင် မိုးခေါင် နေသည်။ တိုင်းနှင့်ပြည်နယ် အတော် များများတွင် အဆက်မပြတ် မိုးရွာသွန်းမှုများ ကြောင့် စံချိန်တင် မိုးရေချိန်များနှင့် အတူ ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည်။ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြစ်ကြီးများ ရေမျက်နှာပြင် မြင့်တက်ကာ မြစ်ကမ်း တစ်လျှောက်ရှိ မြို့ရွာ အချို့ ရေလွှမ်းမိုး နေဆဲ။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တွင်မူ မိုးခေါင်နေ၍ အခက်အခဲများ ကြုံတွေ့ရလျက် ရှိသည်။ ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် ပါဝင်သော ရာသီဥတု ပြောင်းလဲမှုများကို ကမ္ဘာသူ ကမ္ဘာသားများ သိသိသာသာ ခံစားလာရ

တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့သည့်နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှ လယ်စိုက်ခင်းတခု
ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ ၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက် ထိခိုက်သည့် လယ်မြေ ဧက

ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ




ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း သြဂုတ်လ (၂၀) ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ပဒုမ္မာကွင်း၌ မြန်မာယူ-၁၉ အမျိုးသားအသင်း၊မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့နှင့်ပူးတွဲလေ့

ဇီဝလောင်စာစီမံကိန်းဆို ပြီးစိုက်ခဲ့တဲ့ကြက်ဆူပင် တွေအမြစ်မှတူးကာစွန့် ပစ်


မွန်ပြည်နယ်၊ ပေါင်မြို့နယ် တွင် မိုးသတ်လေပြင်းများ မကြာ ခဏတိုက်ခတ်ရွာသွန်းနေသူများ ကြောင့် လျှပ်စစ်အန္တရာယ်ကို ကာကွယ်ရန် လျှပ်စစ်ဓာတ်ကြိုး နှင့် မလွတ်သော၊ လျှပ်စစ်ဓာတ် ကြိုးများ အပေါ်သို့ ကျိုးကျနိုင် သော အပင်များကို ခုတ်ထွင်ရှင်း လင်းလျက်ရှိရာ ရန်ကင်းမော်လ မြိုင်ကားလမ်းမကြီး လမ်းဘေးဝဲ ယာရှိ ကျွန်းပင်များပါ ကတုံးတုံး ခံနေရသည်ဟု သိရသည်။

ကျန်ကျွန်းပင် တစ်ချို့မှာ လည်း လမ်းချဲ့ထွင်ခြင်း၊ ရေနုတ် မြောင်းတူးဖော်ခြင်းကြောင့် လဲပြို ကျပြီး အခုတ်ခံခဲ့ရသည်။ ပို၍ နှမြောစရာကောင်းလှသည်မှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ဇီဝလောင်စာအတွက် စီမံကိန်းများနှင့် ထောင်သောင်း သိန်းသိန်းပေါင်းများစွာအထူးဇုန်

ရခိုင်ပြိုလျှင် ဗမာ ငိုရလိမ့်မယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv0FTOiCKGuKol5xKMVX9_mWlf1CyQCOEJxOAAO2MJfWyJ9S2c4gyBku8DApjfhKKyMC4bEv-Jsny6ymSS5rvlIL5gz8UDBNaluKpqnj7Hg_Z3AOyn3oJLMwWU-DfzvuhAgezWmiUOTClF/s1600/481976_456968497657747_909509942_n.jpg

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (မနက်ဖြန်) မွန်းလွဲ ၁ နာရီတွင် သတင်းစာရှင်းပွဲပြုလုပ်မည်


လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် များသ ည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အဖြစ် ထည့်သွ င်းအဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေ ခံဥပေ ဒပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်းအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခြင်းမှာ မှားယွင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များအားနုတ်ထွ က်ပေး ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စွပ်စွဲပြစ်တင်လက်မှ တ်ရေးထိုးေ တာင်းဆိုထား
သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာရေးသား၍ ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်ရုပ်သိမ်းပေးရန်

ခွေးတွေကြောင့် ရေတိမ်နစ်ရတဲ့ နှစ်နှစ်သားကလေးငယ်


ဒီအကြောင်းကိုကြားသိလိုက်ရတဲ့ တစ်နယ်လုံး၊ တစ်ရွာလုံးမှာရှိကြတဲ့ လူ တိုင်း ကြေကွဲ  ဝမ်းနည်းလို့ မဆုံးကြပါ ဘူး။ အဖြစ်က  ရင်နင့်စရာပါ။   နှစ်နှစ် သားအရွယ်ကလေးငယ်တစ်ယောက် ခွေးကိုက်လို့   အသက်ဆုံးရှုံးသွားရ သတဲ့လေ။ ပိုဆိုးတာက ချစ်လို့ ရှုလို့မှ  မဝနိုင်သေးတဲ့     ဒီသားငယ်လေးဟာ သူတို့မိသား စုမှာတော့   ပထမဆုံး  တစ်ဦးတည်းသော သားငယ်ေ လးဖြစ် နေလို့ပါပဲ။ဇာတ် လမ်းကတော့ ကိုဆ န်းကျော်  လင်းနဲ့ မကြည်လှိုင် တို့ဇနီးမောင်နှံဟာ  နှစ်နှစ်အရွယ် ကလေးငယ်လေး တရုတ် ကြီး(ခ) မောင်ခန့် ဖြိုးသန့်နဲ့ ရွှေဘိုမြို့ရဲ့ အရှေ့(၇)မိုင်အကွာမှာရှိတဲ့ တအုံရွာလေး မှာ ရိုးရာတောင်သူလ ယ်လု ပ် ဘဝလေး နဲ့ နေထိုင်ကြပါတယ်။ ဇူလိုင် ၁၅  ရက် မနက်စောစောမှာတော့

ရန်ကုန်မြို့ရှိ မိုးပျံတံတားများ တည်ဆောက်သည့် ပြည်တွင်း ကုမ္ပဏီများတာဝန်မကျေ အချိန်မီမပြီးနိုင်ဘဲ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာ


ရန် ကုန် မြို့ ရှိ မိုးပျံ တံတားများ တည်ဆောက် မှုမှာ တစ်နှစ် အတွင်း ပြီးစီးရန် မလွယ် ကူကြောင်းနှင့် တည်ဆောက် ရာတွင် အင်အားနှင့် အတွေ့ အ ကြုံ မရှိသော ပြည်တွင်း ကုမ္ပဏီ များကို တာဝန်ပေးခဲ့သည့် အတွက်ဖြစ်ကြောင်း လေ့လာ ထားသူ များက ပြောကြား ခဲ့သ ည်။ ထိုသို့ မပြီး စီးသည့် အတွက် ရန်ကုန် မြို့နေ ပြည်သူ အများစုမှာ ယာဉ်ကြော ပိ တ် ဆို့မှု ဒဏ်ကို ယခင်ကထက် ပိုမိုဆိုးရွား စွာခံစား ရ မ ည်  ဖြစ်ကြောင်း လည်း သိရသည်။

ရေရှည်ကောင်းရန်အတွက် ခဏတာကျပ်တည်းခြင်း၊ ခက်ခဲခြင်း ဟု ဆိုနိုင်သော်လည်း လိုအပ်သည်ထက် ပိုမိုအချိန်ကြန့်ကြာခြင်း၊ စီမံ ခန့်ခွဲမှုညံ့ဖျင်း၍ အများပြည်သူ ဒုက္ခ ရောက်ရသည့်အချိန် ပိုမိုများမည့် အရေးကိုလည်း ထည့်တွက်သင့်သည်

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ပြောကြားခဲ့ပြီး အဆိုပါလေး လပြည့်မည့် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်

ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်မှု ဆွေးနွေးပွဲသို့ တက်ရောက်မည်



လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် ASEAN 100 ခေါင်းဆောင်မှုဖိုရမ်သို့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း Asia Inc ဖိုရမ်၏ ထုတ်ပြန်ချက်အရ သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ကျင်းပသော ဖိုရမ်တွင် မိန့်ခွန်းပြောကြားရန်ရှိပြီး အခမ်းအနားဒုတိယနေ့တွင် ဆွေးနွေးပွဲသို့ လာရောက်သူများနှင့် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း Asia Inc ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
ယခုနှစ်တွင် ဆွေးနွေးမည့် ခေါင်းစဉ်မှာ “လှိုင်းထန်နေသော ကမ္ဘာကြီး၊ အမြင့်ပျံနေသော အာရှ၊ ဒီကနေ

မြို့တော်စည်ပင်ညံ့ဖျင်းမှု သမိုင်းလမ်းဆုံ ရေကြီးနေပြီ









 

မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ အသင်းဥက္ကဌ အသစ်ရွေးချယ်


မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မန္တလေးတိုင်း ဒေသကြီး အတွက်
ရွေးချယ်တင် မြောက်ခဲ့သော ကိုစန်းယုကျော်က မိမိဆန္ဒ အလျောက်
နုတ်ထွက်သွား သောကြောင့် မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
က အလုပ်အမှု ဆောင် အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်(၁၀)
နာရီက လမ်း၃၀၊ ၇၂ လမ်းထောင့်ရှိ ယူနီစန် ကဖေးတွင် ကျင်းပပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင် လက်ရှိ မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
အသင်း၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသော ဥက္ကဌ

မွတ်ဆလင်အန္တာရာယ်ကာကွယ်ဖို့ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းလိုက်သည် ပင်တဂွန်စစ်ဌာနချုပ်

မွတ်ဆလင်အန္တာရာယ်ကာကွယ်ဖို့ ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး ၀န်ကြီးဌာန ၁၇ခုက အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ ဒုတိယမြောက်ပင်တဂွန် စစ်ဌာနချုပ်ဆိုပြီး ဖွဲ့စည်းလိုက်တယ်တဲ့။  မြန်မာပြည်မှာလည်း အဲလိုလုပ်ဖို့ စဉ်းစားသင့်တယ်။  ----------------------------------------------------------  ထိုင်းနိုင်ငံတွင် ဖွဲ့စည်းလိုက်သည် ပင်တဂွန်စစ်ဌာနချုပ် August 10, 2012  ထိုင်းနိုင်ငံတွင် သြဂုတ်လ ၈ ရက်နေ့က ၀န်ကြီးချုပ်ယင်လပ်  ဦးစီးပြီး ၀န်ကြီးဌာန ၁၇ ခုမှ အဆင့်မြင့်အရာရှိကြီးများပါဝင်  သော ဒုတိယမြောက်ပင်တဂွန်စစ်  ဌာနချုပ်(Pentagon Command Center) ကိုဖွဲ့စည်းလိုက်သည်။ (အမေရိကန်စစ်ဌာနချုပ်မှ ပင်တဂွန် ဖြစ်သဖြင့် အမေရိကန်စစ်ဌာနချုပ်  ကို နမူနာယူပြီး ထိုင်းနိုင်ငံအနေဖြင့်  ပင်တဂွန် ၂ ဟု အမည်ပေးထား ပုံပေါ်သည်။ စာရေးသူ) ဖွဲ့စည်းသည့်ရည်ရွယ်ချက်မှာ   ထိုင်းနိုင်ငံတောင်ပိုင်းတွင် မူဆလင်   ဘာသာဝင်အချို့နှင့် ဒေသခံထိုင်း  ပြည်သူများအကြားဖြစ်ပွားနေသည့်   ပဋိပက္ခများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်လေ့လာပြီး နိုင်နိုင်နင်း   နင်းကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည် ဟုဆိုသည်။ ၀န်ကြီးချုပ်ယင်  လပ်က “နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာများကို အဓိက တာဝန်ယူဆောင်ရွက်နေကြသည့် အရာရှိကြီးအကြားထိုင်းနိုင်ငံတောင် ပိုင်းတွင်ဖြစ်ပေါ်နေသည့် အခြေ အနေများကို မျက်ခြေမပြတ်စောင့်  ကြည့်လေ့လာပြီး ပေါင်းစပ်ညှိနှိုင်း ခြင်း၊ ဆက်စပ်ဆောင်ရွက်ခြင်း များကို တိုးမြှင့်ဆောင်ရွက်သွား မည်”ဟု ပြောကြားသည်။ ဆက်လက်၍သူက မိမိတို့ အစိုးရ အဖွဲ့အနေဖြင့်လည်း ထိုင်းနိုင်ငံ တောင်ပိုင်းပဋိက္ခများပြေလည်  ရေးအတွက် အတိုက်အခံဒီမိုက ရက်ပါတီအပါအ၀င်မည်သည့်နိုင်ငံ ရေးပါတီများနှင့် မဆိုပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။ ယခင်ပြည်တွင်းလုံခြုံရေးစစ် ဌာနချုပ် (Internal Security Operation Command) အကြီးအကဲ ဗိုလ်ချုပ်ကြီးပါးလော့ပင်မနီတင်ပြ သည့် ထိုင်းတောင်ပိုင်းတွင် ဆူပူ  အကြမ်းဖက်နေသူများကို ပြင်းပြင်း  ထန်ထန်နှိပ်ကွပ်ရန် အဆိုကို ၀န်ကြီးချုပ်ယင်လပ်ကလက် မခံပဲ၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်နေသည့် အရေးအခင်းများမှာ  ထိလွယ်၊ ရှလွယ်သဖြင့် သိမ်သိမ်   မွေ့မွေ့ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း   ပင်တဂွန် (၂) စစ်ဌာနချုပ်အနေ ဖြင့် နိုင်ငံတော်အစိုးရ၏ မဟာဗျူ   ဟာရည်မှန်းချက်တာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော်   ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် ၎င်းတို့၏ ဘ၀ လုံခြုံမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ပင်တဂွန် (၂) စစ်ဌာနချုပ် ကို ဒုတိယ၀န်ကြီးချုပ်ယူသာဆပ်  ဆာဆီပရာဖာနှင့် ဒုတိယ၀န်ကြီး ချုပ်များ အမှတ် (၄) တပ်တော် မှူး (4th Army Commander) ဒုတိယဗိုလ်ချုပ်ကြီးဥဒုန်ချိုင်းထမ္မာ  သရောက်၊ ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဗိုလ်ချုပ်ကြီး ပရာယုချန် အိုချာ၊ လက်ရှိအမျိုးသားလုံခြုံရေး  ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဝီချန်း ပိုတက်ဖော်ဆရီ၊ ရဲချုပ်အဒူဆန် ဆီကော၊ ထိုင်းတောင်ပိုင်းအုပ်ချုပ် ရေးမှူးသာဝီဆော့ဆောင်းအပါ အ၀င်ဝန်ကြီးဌာန ၁၇ ခုမှ အရာ ရှိကြီးများပါဝင်ဖွဲ့စည်းထားကြောင်း  သိရသည်။ ပင်တဂွန် (၂) စစ်ဌာနချုပ်  ကို ပြည်တွင်းလုံခြုံရေးစစ်ဌာနချုပ် (ISOC) အနီး ဖွင့်လှစ်ထားရှိမည် ဖြစ်ပြီး စစ်ဆင်ရေးနှင့် မဟာဗျူ  ဟာမှူးအဖြစ်ဒုတိယ၀န်ကြီးချုပ်ယူ သာဆပ်ဆာဆီပရာဖာက ကြီးကြပ် ကွပ်ကဲသွားမည်ဟုဆိုသည်။ လောလောဆယ်မှာ မူဆလင်   ဘာသာဝင်တို့၏ ရာမာဒန် ((Ramadan) )  ဥပုသ်ကာလတိုးမြှင့်  ဆောင်ရွက်လာဖွယ်ရှိသဖြင့် သြဂုတ်လ ၁၉ ရက်နေ့ထိကို ထိုင်း  နိုင်ငံတောင်ပိုင်းတွင် သြဂုတ်လ ၁၉ရက်နေ့ထိအရေးပေါ်ကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။    Hot News Journal  http://www.hotnewsweekly.com/archives/8559  http://nationmultimedia.com/national/17-ministries-to-be-grouped-in-Pentagon-II-plan-fo-30187873.html
(အမေရိကန် စစ်ဌာနချုပ်မှ ပင်တဂွန် ဖြစ်သဖြင့် အမေရိကန် စစ်ဌာနချုပ် ကို နမူနာယူပြီး ထိုင်းနိုင်ငံအနေဖြင့် ပင်တဂွန် ၂ ဟု အမည်ပေးထား ပုံပေါ်သည်။ စာရေးသူ)

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၈ ရက်နေ့က ၀န်ကြီးချုပ်ယင်လပ် ဦးစီးပြီး ၀န်ကြီးဌာန ၁၇ ခုမှ အဆင့်မြင့် အရာရှိကြီးများပါဝင် သော ဒုတိယမြောက် ပင်တဂွန်စစ် ဌာနချုပ်(Pentagon Command Center) ကိုဖွဲ့စည်းလိုက်သည်။
 
ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတောင်ပိုင်းတွင် မူဆလင် ဘာသာဝင်အချို့နှင့် ဒေသခံထိုင်း ပြည်သူများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် လေ့လာပြီး နိုင်နိုင်နင်း နင်း ကိုင်တွယ် ဖြေရှင်းရန်ဖြစ်သည် ဟုဆိုသည်။ ၀န်ကြီးချုပ်ယင် လပ်က “နိုင်ငံတော် အစိုးရနှင့် လုံခြုံရေး ဆိုင်ရာများကို အဓိက တာဝန်ယူ ဆောင်ရွက်နေကြသည့်

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ


ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီး ကြီးထွားလာ နေတာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင် နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာ ခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံ အဖွဲ့ဟာ ပြီးခဲ့တဲ့ တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက် ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ



သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာ လိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် မသောက်တာတွေဟာ ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက  အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်



RFA ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားအတွက် သရုပ်ဆောင် ၁၁ ဦးကို လူတွေ့ စစ်ဆေးနေစဉ်။
RFA News, 18August 2012  —-  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ နုတ်ထွက်သွားပြီလို့ သိရပါတယ်။
သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လက်ခံပြီးပြီလို့  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့

NLD ထောက်ခံသူ တစ်ဦးမှ ဗိုလ်ချုပ်သား ဟန်ဆောင်ကာ အမှန်တကယ် ဗိုလ်ချုပ် သားသမီးများကို သိက္ခာကျစေရန် စည်းကမ်းမဲ့ ရိုင်းစိုင်းမှုတွေ လုပ်နေခြင်းအား ဖမ်းဆီး


ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချဲပ် မှ အပြတ်အသတ် နိုင်ခဲ့သော နေပြည်တော် တွင် မြို့မဈေး ရဲကင်းအနီး၌ သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ထိုအခါ ကားပေါ်မှ ယာဉ်မောင်းဖြစ်သူတစ်ဦး ဆင်းလာပြီး မေးမြန်းရာ အမျိုးသမီးက ခြေကျင်းဝတ်ဘာဖြစ်မှန်းမသိကြောင်း ပြန်လည်ဖြေစဉ် ယာဉ်မောင်းက ၎င်းသည် ကက(၀ယ်)မှ ဗိုလ်ချုပ်၏သားဖြစ်ကြောင်း ခြေထောက်နာလျှင်ခြေထောက်ကိုပါ ဖြတ်ပစ်ရန် ကုန်ကျငွေအား ကျသင့် သလောက် လျော်မည်ဖြစ်ကြောင်း မိုက်ရိုင်းစွာပြောသည်။ ထို့အပြင် အနီးရှိရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်မြေ မှတာဝန်ရှိတပ်ဖွဲ့ ၀င်များ(သတင်းတပ်ဖွဲ့၊ စ.ရ.ဖ

နိုင်ငံတစ်ဝန်းတွင် လည်ပတ်စရာ နေရာပေါင်း ၂၀၀ ကျော်ထဲမှ ၈၀ ရာခိုင်နှုန်းကို အဆင့်မြှင့်တင်မည်


မြန်မာနိုင်ငံတစ်ဝန်းတွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်စရာ နေရာပေါင်း ၂၀၀ ကျော်ရှိနေပြီ ဖြစ်ပြီး ယင်းအထဲမှ ရာခိုင်နှုန်း ၈၀ ခန့်ကို ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သတင်းများအရ အဆိုပါလည်ပတ်စရာ နေရာ ၂၀၀ ကျော်တွင် အမှန်တကယ် အသုံးပြုနေသည်မှာ ၈၀ ရာခိုင်နှုန်းခန့်သာ ဖြစ်ပြီး အချို့သော နေရာများမှာ ပြည်ပခရီးသွားများကို ခေါ်ယူပြသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ “စာရင်းဇယားတွေနဲ့ ပြုစုလိုက်တာတော့ လောလောဆယ် ၂၀၀ ကျော် ရှိနေပါတယ်။ အများဆုံးကတော့

ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက် တည်ထောင်ပြီးဖြစ်ကြောင်း ကြေညာ


ထားဝယ်ဒေသနှင့် ထားဝယ်သူ၊ ထားဝယ်သားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၇၉၅/၂၀၁၂-၂၀၁၃ ဖြင့် ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကြောင်း အများပြည်သူများအား ကြေညာအပ်ပါသည်။ ကုမ္ပဏီသည် ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများနှင့် အသေးစားချေးငွေ လုပ်ငန်းများကို ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ကိုင်ရန် ပြင်ဆင်နေပြီး စိတ်ဝင်စားသည့် မည်သူမဆို အစုရှယ်ယာများ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များတွေ့ဆံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပါတီကိုယ်စားပြု ပြည်နယ်/တိုင်းဒေသကြီးများမှ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ ညနေပိုင်း (၅) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး အစည်းအဝေးခန်းမကြီး၌ ကျင်းပပြု လုပ်သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားစဉ်
တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟို

ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုင်ဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေးပွဲ ဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group က ပြောကြားသည်။ အဆိုပါ ညီလာခံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၊ ငွေကြေးလဲလှယ်နှုန်းနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပြင် လယ်ယာစိုက်ပျိုးရေး၊ သားငါးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဧည့်လမ်းညွှန်ကဏ္ဍ အစရှိသည်တို့ကို အထူးပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရှန်နန် (Shannen)က ပြောကြားသည်။ “မြန်မာမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ စောင့်နေတဲ့ ကုမ္ပဏီတွေအတွက်

ဘင်္ဂလီတွေ မွတ်ဆလင်နိုင်ငံ ထူထောင်ဖို့  ကြေညာချက်






လွတ်လပ်သော ရိုဟင်ဂျာပြည်ထောင်စုကြညာခြင်း အလ္လာ၏ နှုတ်ကပါတ်တော်အောက် S.W.T မှ ကျွန်ုပ်တို့ ရိုဟင်ဂျာ ပြည်သူများမှာ ဤနည်းအားဖြင့် လွတ်လပ်သော ကျွန်ူပ်တို့ အမိမြေအား ထုတ်ဖော်ကြေငြာ လိုက်ပါသည်။ ကျွန်ုပ်တို့ စွဲကိုင်ထားသော အမှန်တရားများမှ ပကတိအတိုင်း ရှင်းလင်း နေပြီးဖြစ်ပါ၍ ယောင်္ကျား၊ မိန်းမတိုင်း တူညီစွာဖန်တီးနိုင်ခွင့် အဖြူ၊ အမည်း ခွဲခြားခြင်းမရှိ တသားတည်းဖြစ်ရမည်ဟု အလ္လာ၏ ပံ့ပိုးမှုအောက်မှ ယုံမှားဖွယ်မရှိသော အလေ့အထနှင့် ထပ်တူညီသော

ဆန်ဈေးမတက်ရန် နိုင်ငံတော်အရန်ဆန် တန်လေးထောင်ကျော် ထုတ်ရောင်းမည်


မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ရာသီဥတုဖောက်လွှဲဖောက်ပြန် အခြေအနေများကို အကြောင်းပြု၍ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကုန်သည်များ ဆန်ဝယ်စုနေ၍ ဆန်ဈေးမမြင့်ရန် အရန်ဆန် ထုတ်ရောင်းခြင်းဖြင့် တားမြစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။ လတ်တလော ကြုံတွေ့နေရသည့် ရာသီဥတု အခြေအနေများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဆန်ကုန်သည်အချို့သည် ဆန်များကြိုတင် ဝယ်ယူစုဆောင်းမှုများ လုပ်ဆောင်လာကြကြောင်း၊ ယင်းသို့ ဆန်ဝယ်ယူ စုဆောင်းမှုများကြောင့် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်လာရာ

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းမည့် စီမံကိန်းလာပြီ



ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် စီမံကိန်းဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မြို့နယ် ၁၄ ခုတွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ယာဉ်ကြော ပိတ်ဆို့မှုနှင့်အတူ ယာဉ်တိုက်မှု လျော့နည်းစေရန်ကိုလည်း ပူးတွဲ ဆောင်ရွက်သွားမည်ဟု မထသ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီက အဓိက လုပ်ဆောင်သွားမည် ဟုသိရသည်။ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီသည်

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (Zomi Congress for Democracy) ပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၃၇/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၅ ရက်၊ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်) နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင်- ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၂၀၃)၊ အခန်း (၁၈)၊ ၃-လွှာတွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy)

နေ့စဉ်မိုးလေ၀သသတင်း


နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ ည(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်
တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်မှ
အားကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရယမန်နေ့က
တောင်တရုတ်ပင်လယ်ပြင်(တုံကင်ပင်လယ်ကွေ့)မှဖြတ်ကျော်ဝင်ရောက်ခဲ့သောအားကောင်းသည့်အပူ
ပိုင်းမုန်တိုင်း"ကိုင်းတက်"(KAI - TAK)သည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အနောက်ဘက်သို့ရွေ့လျားနေ

ရန်ကုန်မြို့ရှိ မိုးပျံတံတားများ တည်ဆောက်မှု တစ်နှစ်အတွင်း ပြီးစီးရန် မလွယ် တည်ဆောက်ရာ၌ အင်အားနှင့်အတွေ့အကြုံ မရှိသော ပြည်တွင်းကုမ္ပဏီများကို တာဝန်ပေးသည့်အတွက် အချိန်မီမပြီးနိုင်ဘဲ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာ

7461a
မိုးပျံတံတားတည်ဆောက်ရန် ဆောင်ရွက်နေသည့် ဘုရင့်နောင်လမ်းဆုံကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်
“ခုံးကျော်တံတားက နှစ်စင်း ဆောက်ရမှာပါ။ ဘုရင့်နောင်လမ်းပေါ်မှာတစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်မှာ တစ်စင်းဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ပြီးခဲ့ တဲ့ ဇွန်လမှာ ပန္နက်တင်ခဲ့ပြီး အခုအကြို အင်ဂျင်နီယာလုပ်ငန်း တွေလုပ်နေပြီ။ လုပ်တဲ့နေရာမှာ မြေပြင် အခက်အခဲအချို့ရှိပါတယ်။ တံတားကို ပန္နက်တင်ပြီးတဲ့အချိန်ကစပြီး တစ်နှစ်အတွင်းမှာ အပြီးဆောက်မယ်လို့ မှန်းထားပါတယ်။ မြေပြင်အခက်အခဲ များရင်တော့ အဲဒီထက်လည်းကျော် ရင်ကျော်သွားနိုင်တယ်”ဟုFMI

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်



 ၁၈ရက်နေ့ သြဂုတ် ၂၀၁၂  ——  ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။
(ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ)
အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ

နေပြည်တော် ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်အကိုင် ဖန်တီးရေး ဆွေးနွေး



Photo Courtesy of NLD ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာ ဒေသခံ ကျေးရွာပြည်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်။
RFA News, 18August 2012   —-   အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပါတယ်။
ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့