ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 30, 2012

ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်

From : http://kachindailynews.blogspot.com/2012/07/blog-post_900.html
လာမည့် ရွေးကောက်ပွဲ များတွင် တစ်ပါတီတည်း အနိုင်ရမှုကို ကာကွယ်ရန် ရွေးကောက်ပွဲ စံနစ် ပြုပြင်ရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက သဘောထား ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့ စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။"ေ၇ွးကောက်ပွဲ ကော်မရှင်က ဒါကိုလွှတ်တော် တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေ အားလုံးပါ ၀င်လာအောင် လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ

ကျိုင်းတုံ ရေကြီးမှု စစ်တပ် ကပဲ ကူညီရပြန်

From : မြဝတီ
ကျိုင်းတုံ တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်မလတ်ချောင်းရေလျှံမှုကြောင့် အထက(၅)ကျောင်းတွင် ၂ ပေ ၆ လက်မ၊ အထက(၅)နှင့် မြို့တော်ခန်းမကြားတွင် ၂ ပေ ၆ လက်မ၊ မြို့တော်ခန်းမနှင့် ခွာညိုလမ်းကြားတွင် ၆ လက်မ၊ အမှတ်(၃)ရပ်ကွက် မြို့ပတ်လမ်းတွင် ၄ ပေ ၆ လက်မ နှင့် လူနေအိမ်များတွင် ၁ ပေ ခန့်၊ လွယ်မွေ လမ်းပေါ်ရှိ ဘက်စုံမွေးမြူရေးခြံပေါ်တွင် အလျား ၅၀၀ပေ နှင့် အနက် ၂ ပေ ခန့်၊ ကန်နားလုံနှင့်နောင်ဖာ ကြားတွင် ၂ ပေ ၃ လက်မ ခန့် ရေနစ်မြုပ်လျက်ရှိပြီး ကျိုင်းတုံတပ်နယ်မှူး ဗိုလ်မှူးကြီး စိုးနိုင်ဦး ဦးစီး အင်အား ၂၀၀ ဦးခန့်နှင့် ဌာနဆိုင်ရာအဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။


မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် မွတ်ဆလင် နှစ်သောင်း အသတ်ခံရကြောင်း လန်ဒန် အိုလံပစ်ပွဲ လူစည်သောနေရာများတွင် ဆိုင်းဘုတ်ထောင်ထား


မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် မွတ်ဆလင် နှစ်သောင်း အသတ်ခံရကြောင်း လန်ဒန် အိုလံပစ်ပွဲ လူစည်သောနေရာများမှာ မြန်မာမွတ်စလင် အစည်းအရုံး (လန်ဒန်) မှ ဆိုင်းဘုတ်တွေ လိုက်ထောင်နေကြောင်း သတင်းရရှိပါတယ်။

အထူးသဖြင့် စနေ နဲ့ တနင်္ဂနွေ လို ရုံးပိတ်ရက် လူအထူးစည်ကားတဲ့ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန် လိုက်လံ ဖော်ပြနေကြကြောင်း သိရပါတယ်။

ကင်တားနား ရန်ကုန်ရောက်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတဲ့ ပုံစံဖြစ်သွားတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ ကပြောဆိုခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လန် ဒန် အိုလံ ပစ် ပွဲ ကျီးနဲ့  ဖုတ် ဖုတ် ဖြစ်နေတယ်ဆိုပဲ

လန်ဒန် အိုလံပစ်ပွဲကို နင်လား ငါလား ပြင်ဆင်ထားကြပေမဲ့  လူတွေမလာကြဘူး လို့ သိရတယ်။ ဗီအိုင်ပီတွေ ပိုက်ဆံရှိသူတွေ
က လက်မှတ်တွေဝယ်ထားတယ်။ ပြီးတော့မသွားကြဘူး။ ဆင်းရဲသားတွေ အကစားသမား
တွေကိုချစ်သူတွေက သွားခြင်တယ်။ လက်မှတ်ကမရှိဘူး။ 

အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော ဒေသသို့ စိတ်ဓာတ်မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်..

Popout

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၉  ရက်။

၂၀၁၁ ခုနှစ်၊ မတ်လ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး အစီအစဉ်ကို မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)မှ တာဝန်ယူပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများက ဒီကနေ့ ဇူလှိုင်လ ၂၉  ရက်မှာ သွားရောက် ဆင်နွဲခဲ့ကြပါတယ်

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်း တင်ပြသည့် အခမ်းအနားကျင်းပ

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင်
 ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်နေ့မှစ၍ မိုးများ ဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံတက်လာခဲ့ပြီး
 မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  ထားဝယ်-မြိတ် လမ်းပေါ်ရှိ ပေါက်တိုင်းတံတားအနီးတွင် ရေကျော်နေစ
 

ဒီလို စစ်သားလဲ ရှိပါတယ်

ဒီလို နေရင် ပြည်သူချစ်မှာ

ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုရေး ဖို့ဒ်ဝိန်း မိသားစု ပြင်ဆင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာ မယ့်စက်တင်ဘာလ  အမေရိကန်ပြည်ထောင်စု  ခရီးစဉ်မှာအင်အားအပြည့်နဲ့  ကြိုဆိုနိုင်ရေး အတွက်ြ မန်မာနိုင်ငံက  တိုင်းရင်းသားတွေ  အများဆုံး နေထိုင်ရာ  အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။