Tuesday, May 29, 2012
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားလိုအပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ် ဓါတ်ငွေ့တာဘိုင် သုံးလုံး ဂျပန်က ငှားရမ်းမည်
From : ခေတ်လူငယ်ဂျပန်နိုင်ငံ Nikkei Inc: နှင့် ဂျပန်စီးပွားရေးသုတေသန ဗဟိုဌာန (Japan Center for Economic Research) တို့က တာဝန်ခံ၍ ဂျပန်နိုင်ငံ တိုကျိုမြို့၌ မေ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပသော 18th International Conference on the Future of Asia သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တက်ရောက်ခဲ့သည်။
ဥရောပ-အာရှ သတင်းအချက်အလက် ကွန်ရက်တွင် ပါဝင်ချိတ်ဆက်နိုင်ရန် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က စီစဉ်
မကြာမီ ရောက်ရှိ လာတော့မည့် ဓါတ်အား တိုးမြှင့် ပေးနိုင်ရန် ပြည်ပမှ မှာယူ ထားသည့် မီးစက်များ
From : MRTV4
ပြည်တွင်းမှာ ဖြန့်ဖြူး ပေးနေတဲ့ ဓါတ်အားပေး ရေးတွေ လုံလောက်မှု မရှိတဲ့အတွက် ဓါတ်အား တိုးမြှင့် ဖြန့်ဖြူး ပေးနိုင်ဖို့ ပြည်ပ ကနေ မီးစက်တွေနဲ့ ဓါတ်အားပေး
စက်တွေ မှာယူထားပြီး ဒီလို မှာယူထားတဲ့ မီးစက် တွေဟာ မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ရန်ကုန် တက္ကသိုလ်၏ အရေးကိစ္စသည် အမျိုးသားရေး တေးသံဖြစ်သည်ဟု ဆိုလိုက်သည့် နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်၏ ပြည်သူသို့ အိတ်ဖွင့်ပေးစာ
From : Popular
နိုင်ငံတော် သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ဒေါက်တာဦးမြင့် က ‘ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူ သို့ အိတ်ဖွင့် ပေးစာ’ ကို အမျိုးသားစိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြား ပွဲမှာ ဖြန့်ဝေခဲ့ရာမှ အစပြုပြီး ပြည်တွင်းမှာ ရော၊ ပြည်ပမှာ ပါ အတော်လေး စိတ်ဝင်စားဖွယ် သတင်းဖြစ်ခဲ့တယ်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင် ရရှိရေးကဏ္ဍတို့အား အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်
From : ခေတ်လူငယ်
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍများ၌ ပြုပြင်ပြောင်းလဲနေသည့်အချိန် ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အမြန်ဆုံး ထိရောက်နိုင်ရန်အတွက် ပြည်သူလူထု အကျိုးရှိမည့် လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင်ရရှိရေး ကဏ္ဍတို့အား ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် အချိန်တိုတိုအတွင်း ထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်၌ ကျင်းပပြုလုပ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အောက်စဖို့တက္ကသိုလ်မှ စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။
မြစ်ကြီးနားသို့ကျောင်းတက်ရန်သွားသည့်ကားကို KIA မှပစ်ခတ်...
From : ကချင်ပြည်သူတစ်ဦး
မနေ့ နေ့လည်၁၂နာရီလောက်က ဆဒုံးမြို့နယ်ခွဲ ဝေမိုးရွာ တွင်နေထိုင်သော ကျောင်းသား ကျောင်းသူလေးများကို မြစ်ကြီးနား တွင်ကျောင်းတက်ရန်အတွက် ကားဖြင့် မြစ်ကြီးနား-ကန်ပိုက်တီးလမ်း အတိုင်းလာစဉ်အတွင်းမှာ ဆဒုံးမြို့နယ် လနပါ ရေတံခွန်နဲ့ ဆနာရွာကြားမှာ KIA က လမ်းဘေး ကနေ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။
၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှစတင် ပေးအပ်မည့် ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး
From : MRTV4
ယခု ၂၀၁၂-၂၀၁၃ ပညာသင် နှစ်က စတင်ပြီး အခြေခံပညာ ကျောင်းသူ၊ ကျောင်းသား များကို ပညာသင်ဆုနဲ့ ပညာသင် ထောက်ပံ့ကြေး ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေမှု အပြီးသတ်လျှောက်လဲချက်ပေး
From : မြန်မာတိုင်းမ်
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ ထုံးတမ်းဓလေ့ ဥပဒေအရ အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင် ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး (အစ်ကိုဖြစ်သူ)က လျှောက်ထား တရားစွဲ ဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး၏ရုံးတွင် ယနေ့ နှစ်ဖက်အကျိုးဆောင် များက အပြီးသတ်လျှောက်လဲချက်များ ပေးကြသည်။
နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်ဟု ပညာရှင်အချို့က ခန့်မှန်း
From : ပြည်မြန်မာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များ အသိုင်း အဝိုင်းတွင် သတင်းထွက်ပေါ်နေပြီး အမှန်တကယ် ရရှိရန်လည်း ထိုက်တန်သူ ဖြစ်ကြောင်း ပညာရှင်အချို့နှင့် ပြည်သူများက သုံးသပ် ပြောကြားမှုများ ရှိနေသည်ကို ၂၂-၅-၂၀၁၂ရက်က ကြားရသည်။
အိန္ဒိယ က လာတဲ့ လူတွေနဲ့ တွေ့ရတာ ဥရောပ က လာတဲ့ လူတွေနဲ့ တွေ့ရတာလောက် ပျော်ဖို့ မကောင်းဟု ဒေါ်စုပြော
ဒီကနေ့
အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နဲ့တွေ့ဆုံရတာဟာ ဥရောပက
လူတွေနဲ့ တွေ့ရတာလောက် ပျော်စရာမကောင်းဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က
ပြောခဲ့ကြောင်း အမည်မဖော်လိုသူ NLD ပါတီဝင် တစ်ဦးက ဆိုပါတယ်။
Subscribe to:
Posts (Atom)