တဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးမှာအလုပ်အကိုင်ရမယ်ဆိုပြီး၂၀၁၂ ဇွန်လ ၂၁ ရက်နေ့ က မြ၀တီ ကို ပါသွားတဲ့ လှည်းကူးမြို့နယ် ၀ါးရုံစွန်းကျေးရွာက ရွာသား ၁၁ ဦးထဲမှာ ၆ ဦး ပြန်ရောက်လာ ပါတယ်။
ဒေါ်သန်းမော်ဆိုတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကြီးက သူတို့ကိုခေါ်သွားတာပါတဲ့။ ဒေါ်သန်းမော်ဟာ ၀ါးရုံစွန်း ဇာတိဖြစ်ပေမယ့် ပဲခူးနဲ့ မြ၀တီမြို့တွေမှာလှည့်လည်နေတယ်လို့ သိရပါတယ်။
သူတို့ကို ဘန်ကောက်အထိ အရောက်ပို့ပေးမယ်၊ သူ့ကိုတော့ ၃ သိန်းစီ အကျိုးဆောင်ခ ပေးရမယ်လို့ဆို တာကြောင့် တယောက်ကို ၃ သိန်း နှုန်းနဲ့ ၁၁ ယောက်ဆိုတော့ ၃၃ သိန်းကို မြ၀တီရောက်တဲ့ နေ့မှာဘဲ