ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 12, 2012

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သုံးရက်ကြာသွားရောက်မည် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပြီး ပထမဆုံး ခရီးစဉ်ဖြစ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ သုံးရက်တာခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြောကြားသည်။
သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နန်နန်းကုန်စည်ပြပွဲသို့ သွားရောက်မည့်အပြင် တရုတ်နိုင်ငံ ၏ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာဖြစ်သော ဇီအန်းပြည်နယ်မှ မြေအောက်စစ်သားရုပ်တုများရှိရာ (Terra Cotta Warriors) သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သမ္မတ၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသော စီမံ ကိန်းဖြစ် သည့် မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းလိုက်သည့် တစ်နှစ်ပြည့်မြောက် ခါနီး အချိန်နှင့် လည်း တိုက်ဆိုင်နေသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းသော ဇီအန်းပြည်နယ်တွင် စိုက်ပျိုးရေးနှင့် ပတ်သက်

ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီ ငါးခု ပမာဏရွေး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ တင်ဒါ ခေါ်ယူရေးအတွက် ဆက်သွယ် ရေးဆိုင်ရာ အကြံပေး အဖွဲ့ငါးဖွဲ့ကို ပဏာမ ရွေးချယ်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ကဆိုသည်။
ယင်းသို့ ရွေးချယ်နိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို သုံးကြိမ် ကျင်းပခဲ့ပြီး ယခုလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် အဆိုပြုလွှာ တင်သွင်းထား သည့် ၆၄ ဖွဲ့ မှ ငါးဖွဲ့ကို ရွေးချယ်ခဲ့သည်။
“တင်ဒါအကြံပေး အဖွဲ့တွေထဲမှာ အများဆုံးကတော့ ပြည်ပက ဖြစ်ပါတယ်။ ပထမ ၁၁ ဖွဲ့ရွေးထားပြီး ရွေးထားပါတယ်၊ အဲဒီ နောက် ငါးဦးဖွဲ့ကို ထပ်ရွေးတယ်။ နောက်ထပ် ရွေးပါဦးမယ်။ သုံးဖွဲ့ ဖြစ်ချင်လည်း ဖြစ်မယ်။ အပြီးသတ် ရွေးဖို့ ကျန်ပါသေးတယ်။ ဘယ်အချိန် ဖြစ်မလည်း

ကျောင်းမီးရှို့ခံရတဲ့ မောရ၀တီ ဆရာတော် စုံစမ်းရေး ကော်မရှင်ကို ဘာတွေ ပြောလိုက်သလဲ (အပြည့်အစုံ ဖတ်ရှု့နိုင်ပြီ)

၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ  ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့  တစ်ရွာလုံး  မီးရှို့ခံလိုက်ရတဲ့  မောင်တောမြို့နယ် အလယ်သံကျော် အပိုင် မောရ၀တီ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောရ၀တီ ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေကို ဖြေကြား ပြောဆိုခဲ့ပါသလဲလို့ မောင်ရမ္မာက ဆက်သွယ် မေးမြန်းတဲ့ အခါ နိရဉ္စရာ သတင်းဌာနကို အောက်ပါ အတိုင်း ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

မေး။  ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ပါလဲဘုရား။
ဖြေ။  ။ စက်တင်္ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို ရောက်ပါတယ်။ ပထမ ကျောင်းကို လာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့ အင်တာဗျူးလုပ်ပါတယ်။ ပြီးမှ ဦးဇင်းနဲ့

အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ. က(၄) အလုံတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်း က တွေ့ရှိခဲ့သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာ စစ်တပ် တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန်ဗုံးဟောင်း ၂၅လုံးကို ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။
''အဆောက်အဦ ဖောင်ဒေးရှင်းတွေ တူးတဲ့အခါမှာ အခုလိုစစ်ကျန် ဗုံးဟောင်းတွေ တွေ့လေ့တွေ့ထ ရှိတက်ပါတယ်။တစ်လတည်း နှစ်ကြိမ်သုံးကြိမ်တွေ့တာမျိုးတောင် ရှိတက်ပါတယ်။ စစ်တပ် တစ်ခုခုက နယ်မြေစွန့်ခွာတဲ့အခါမှာ မသယ်နိုင် လို့ မြှုပ်နှံခဲ့တယ်လို့ ယူဆရပါတယ်။ အခုတွေ့ရှိတဲ့ ဗုံးတွေ က ဆွေးမြေ့နေတဲ့ ဗုံးဟောင်းတွေပါ။ အန္တရာယ်မရှိပါဘူး။ ဒီဗုံးတွေကို ဖျက်ဆီးသွားဖို့အတွက်

မနန်းဝိုးဖန် သေဆုံးမှု စသုံးလုံး တာဝန်ရှိသူများကို အရေးယူ

အိမ်ခြံမြေ ဈေးကစားမှုနှင့် ပတ်သက်ပြီး အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ အမှုအတွက် တာဝန်ရှိသူများကို ရားထူးချ၊ နယ်ပြောင်း ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသား Mr.Namase Motohiko နှင့် လက်ထပ်ထားသူ မနန်းဝိုးဖန်သည် သိန်းထောင်ချီ မြေကွက်များ ၀ယ်ယူထားခဲ့ကြောင်း တိုင်ကြားချက်ရရှိခဲ့သဖြင့် စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက်  ၅ နာရီတွင် မနန်းဝိုးဖန်သည် ရုံးအဆောက်

SSPP နှင့် တင်းမာနေ မှုကို ဦးအောင် မင်းဆွေးနွေး


SSPP_112233
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရတို့သည်၊ တိုက်ပွဲ အခြေအနေကြောင့် အပြန်အလှန် အကြမ်းဖက် ကြရာမှဖမ်း ဆီးထားကြသော သုံ့ပန်းများကို လဲလှယ်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖမှ ရွှေဟသာင်္ သတင်း ဌာနသို့ ပြောပါသည်။
“သူတို့က ကျွှန်တော်တို့ ရဲဘော်တွေကို ဖမ်းတယ်၊ ကျွှန်တော် တို့က သူတို့ ဗိုလ်ကြီး တစ်ယောက်နဲ့ ရဲဘော်တယောက်ကို ဖမ်းတယ်၊ အဲဒါကို အလဲ အလှယ်လုပ်ဖို့ လာပြောတာပါ၊ ကျနော်တို့ကလည်း သဘောတူလို့ သူတို့လူ နှစ်ဦးကို ပြန်လွှတ် ပေးလိုက်ပါတယ်” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး

တရုတ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယ၀န်ကြီး Mr-Ai Ping အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

  
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်နှင့် နိုင်ငံတကာဆက်ဆံရေးဌာန ၊ ဒုတိယ၀န်ကြီး  Mr.Ai Ping ဦးဆောင် သောအဖွဲ့ဝင်ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (၁၁-၉-၂၀၁၂)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်း လမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံကာ  ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။
တရုတ်ဒုဝန်ကြီးနှင့်အဖွဲ့အား အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဒုဥက္ကဌ များ ဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်နှင့်

လက်ပံတောင်းအရေး ပါဝင်သူများကို ရဲက ရှာဖွေဖမ်းဆီးနေ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြသူ မသွဲ့သွဲ့ဝင်းအပါအ၀င် ၁၂ ဦး ပြန်လည် လွှတ်မြောက်ရေး ဆောင်ရွက်နေသည့် မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲဝင်တို့၏ နေအိမ်များကို ယမန်နေ့ ညပိုင်း ဒေသခံ အာဏာပိုင်များက ၀င်ရောက်ရှာဖွေကြောင်း သတင်းရသည်။
ကျောင်းသားသမဂ္ဂ၀င်များဖြစ်သည့် ကိုနွေဦးကို၊ ကိုဟိန်းဇော်ဝင်း၊ ကိုထင်ရှား၊ ကိုသန့်ဇော်ဦး၊ ကိုရှိန်းကို၊ ကိုဝင်းကိုအောင်၊ ကိုအာ ကာ၊ကိုဝင်းမင်းထွန်း၊ ကိုရဲရင့်ကျော်တို့ ၏ အိမ်များကို ယမန်နေ့ ည ၂နာရီခန့်က မုံရွာ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေး မှူး များက ၀င်ရောက်ရှာဖွေခြင်းဖြစ်သည်ဟု သမဂ္ဂ အဖွဲ့ဝင်ကိုရဲရင့်ကျော်က ပြောသည်။

“သူတို့မှာ ရှာဖွေပုံစံ ၀ရမ်းတွေမပါဘူး၊ ဧည်စာရင်း စစ်ချင်လို့ဆိုပြီး ဖွင့်ခိုင်းတယ်၊ ပြီးတော့ အဲဒီလူတွေ

''ရေခံမြေခံ အခွင့်ကောင်းများ ရှိနေပါလျှက် ရခိုင်ပြည် ဘာကြောင့် မြန်မာ နိုင်ငံမှာ ယခုချိန်ထိ မွဲပြာကျ ဆင်းရနေရလဲ""



ရေခံမြေခံ အခွင့်ကောင်းများ ရှိနေပါလျှက်
ဖရခိုင်ပြည် ဘာကြောင့် မြန်မာ နိုင်ငံမှာမွဲပြာကျ ဆင်းရနေရလဲ..ရခိုင်တမျိုးသားလုံး 
သိဖို့ အချိန်တန်ပြီ။မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းထားများကို နိုင်ငံအနှံ့စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ရာတွင် ချင်းပြည်နယ်သည် ရာခိုင်နှုန်းအများဆုံး ဖြင့် ပထမ နေရာတွင်ရှိပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ နေရာတွင် ရှိကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကို ၂၀ဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းပြု လုပ်ထားသည့် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ်နေရေး ခြေအနေ ဘက်စုံ လေ့လာမှု

နိုင်ငံရေးပါတီတွေ မီဒီယာလွတ်လပ်မှု ပိုလိုလား



အမေရိကန်သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်အပြည့်အ၀ရှိမှုနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာအပေါ် အစိုးရအပါအ၀င် နိုင်ငံရေးပါတီတွေကအစ တလေးတစားနဲ့ သတိထားဆက်ဆံပုံတွေကို လေ့လာတွေ့ရှိခဲ့တယ်လို့ အမေရိကန် မီဒီယာဌာနတွေကို သွားရောက်လေ့လာနေကြတဲ့ မြန်မာနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာအပေါ် ထိန်းချုပ်မှုတွေနဲ့ အမေရိကန်နိုင်ငံရဲ့
သတင်းမီဒီယာလွတ်လပ်မှုတွေကို ယှဉ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မီဒီယာအပေါ် ထားတဲ့သဘောထားကို လေ့လာရေးရောက်ရှိနေတဲ့ ပါတီကိုယ်စားလှယ်အချို့ကို ဗွီအိုအေမြန်မာပိုင်းက

Western Union ငွေလွှဲလုပ်ငန်း မြန်မာပြည်လာပြီ





မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ
နိုင်ငံတကာက မြင်သိလာတာကြောင့် နိုင်ငံတကာ က မြန်မာကို စိတ်ဝင်စားမှု
 မြင့်မားလားပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ပြင်ဆင်လေ့လာနေကြချိန်မှာ Western Uninon နိုင်ငံတကာ ငွေလွှဲပြောင်းမှု 
ကုမ္ပဏီလည်း ပါလာပါပြီ။

Western Union ဆိုတာကို နိုင်ငံခြား တိုင်းပြည်ရောက်တဲ့သူတော်တော်များများ သိကြပါတယ်။
ပြည်တွင်းနေ နိုင်ငံခြားနဲ့ ငွေကြေး လွှဲပြောင်းရေး လုပ်ငန်း ထိတွေ့ ဖူးသူတွေလည်း သိကြပါတယ်။
Western Union ဆိုတဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းတာတွေ လုပ်ပေးတဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု

ဟားခါးမြို့ပေါ်တွင် မိုးကြီးမှုကြောင့် မြေပြို ၊ လူနေအိမ်များပျက်စီး



ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာအဆက်
မပြတ်ရွာ သွန်းမှုကြောင့် ချင်းပြည်နယ်ဟားခါးမြို့ပေါ် ရပ်ကွက်အချို့တွင်
 မြေများပြို ကာ လူနေအိမ်များ ပျက်ဆီးနေကြောင်း သိရသည်။

“မိုး အရမ်းရွာတယ်၊ မြေတွေပြိုပြီး အိမ်တွေပျက်ဆီးတယ်။ ပျက်ဆီးသွားတဲ့အိမ်က အိမ်ခြေ ၁၀ လုံး
 ကျော်ပြီ” ဟု ဟားခါး မြို့ခံ အမျိုးသမီးတဦးက ပြောသည်။
အခုလို မိုးသည်းထန်စွာရွာသွန်းပြီး အိမ်တွေပျက်ဆီးမှုကြောင့် နေအိမ်မရှိတော့တဲ့မိသားစု

စစ်သွေးကြွ အုပ်စုဝင်များအား ဘင်္ဂလားဒေ့ရှ် ရှာဖွေဖမ်းဆီး

ငြိမ်းချမ်း
ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်တွင် အသစ် ပေါ်ထွက်လာတဲ့ Jamaatul Arakan ဆိုတဲ့ စစ်သွေးကြွ အဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေက အထူး စစ်ဆင်ရေး တရပ်ပြုလုပ်ကာ ကောက်စ်ဘဇားခရိုင်နဲ့ ဘန်တရိုဘန် ခရိုင်တွေမှာ ရှာဖွေဖမ်းဆီးနေကြောင်း ဒေသတွင်း သတင်းတွေ အရသိရပါတယ်။
Jamaatul Arakan စစ်သွေးကြွ အုပ်စုဝင်တွေကို စက်တင်ဘာလ ၁ရက်နေ့က ၄ ဦး၊ ၃ ရက်နေ့က ၉ ဦး ကောက်စ်ဘဇား ခရိုင်ထဲမှာ ဖမ်းမိထားပြီး စစ်ဆေးမှုတွေ ပြုလုပ်ကြောင်း ခရိုင် ရဲချုပ် Selim Md Jahangir က သတင်းထောက်တွေကို ဒီလ ၆ ရက်နေ့က ပြောပေမဲ့ အမည်တွေကို ပြောကြားခဲ့ခြင်း မရှိပါဘူး။


“ဖမ်းမိထားတဲ့ လူတွေကို စစ်ဆေး (remend) မှုတွ လုပ်နေတယ်။ နောက်ပြီးတော့ စစ်သွေးကြွတွေရဲ့ အဓိက အခြေစိုက် ရာလို့ ယူဆရတဲ့ နေရာတွေကိုလည်း ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ပြောသွားတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့ ကောက်စ်ဘဇားအခြေစိုက်

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား လေကြောင်း ကုန်စည် စီးဆင်းရာ အဓိက လေဆိပ်နှင့် လေကြောင်း ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ် ဖြစ်စေရေး ဆောင်ရွက်မည်

 (နေပြည်တော် စက်တင်ဘာ ၁၁)
 
မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးအား ဒေသတွင်း နိုင်ငံများ အကြား လေကြောင်း ကုန်စည် စီးဆင်းရာ အဓိကလေဆိပ်ကြီး အဖြစ် အကောင် အထည်ဖော် ဆောင်ရွက် သွား ရန် နှင့် လေကြောင်း နှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ် (Aviation & Logistics Hub) တစ်ခု အဖြစ်သို့ ရောက်ရှိ စေရေး အတွက် ပုဂ္ဂလိက အခန်း ကဏ္ဍကို ပါဝင် ဆောင်ရွက် ခွင့်ပြု သွားမည် ဖြစ်ကြောင်း ယနေ့ကျင်းပ ပြုလုပ် ခဲ့သည့် နေပြည်တော် ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှ   သတင်းရရှိ သည်။

ပထဝီ အနေအထား အရ အချက်အ ချာကျပြီး လေကြောင်း ကုန်စည် စီးဆင်း ရာ အဓိက လေဆိပ်နှင့် လေကြောင်း ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ်အ ဖြစ် ဆောင်ရွက်ရန် အပိုင်း(၆) ပိုင်းခွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ ပါဝင်နိုင် စေရေး အတွက်

ကာဂျစ် စတန်တွင် ရုရှား အခြေစိုက် စခန်းများ ဆက်လက်ထားရှိမည်



                                                        (ဘစ်ရှ်ကခ် စက်တင်ဘာ ၁၁)
ကာဂျစ် စတန် နိုင်ငံတွင် ရုရှားစစ် အခြေစိုက် စခန်းများ ဆက်လက်ထား ရှိရေးအတွက်  ကာဂျစ် လွှတ်တော်က သဘောတူ ခဲ့ကြောင်း သိရသည်။ ကာဂျစ် စတန် နိုင်ငံတွင် ရုရှား အခြေစိုက် စခန်းများ နောက်ထပ် ၁၅ နှစ်ကြာ ဆက်လက် ထားရှိရန် အတွက် အစိုးရ နှစ်ခုအကြား သြဂုတ်လ အတွင်းက လတ်မှတ် ရေးထိုးခဲ့ ကြကြောင်း  သိရသည်။
လက်ရှိ အချိန်တွင် နှစ်နိုင်ငံ အစိုးရ သဘော တူညီချက် (၅)ချက်ဖြင့်သာ အခြေစိုက် စခန်းများကို လည်ပတ် ဆောင်ရွက် လျက်ရှိ သည်။ ရုရှားနိုင်ငံ အနေဖြင့် စစ်စခန်းများ လည်ပတ်မှု အဆင်ပြေ စေရန် အတွက် ယခင် သဘော တူညီချက် များကို ပေါင်းစည်းပြီး သဘော တူညီမှု တစ်ခုတည်း ထားရန် အတွက် သာ တောင်းဆို ခဲ့သည်။ အဆိုပါ သဘော တူညီချက် အသစ်သည် ၂ဝ၁၇ ခုနှစ်တွင် စတင် အကျုံးဝင် နိုင်

 လတ်တလောဈေးကွက်အတွင်း၌ ပဲဈေးအတက်အကျမြန်၊ ပဲလောကအတွင်း ယခင်နှစ်များကကဲ့သို့ အရှုပ်အရှင်း ထပ်မံမဖြစ်ပေါ်စေရန် ပွဲစားစနစ်ဖျက်သိမ်း


လတ်တလောအခြေအနေ၌ ဈေးကွက်အတွင်း ပဲဈေးအတက်အကျမြန်နေသည့်အပြင် ပြည်တွင်း၌လည်း ပဲလက်ကျန်မှာ နည်းပါးနေသောကြောင့် ကုန်သည်ကြီးအချို့၏ လက်ဝါးချင်းရိုက် ဈေးကစားမှုများ မဖြစ်ပေါ်ရန် လိုအပ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူများထံမှ သိရှိရသည်။
ပဲလောကအတွင်း ယခင်နှစ်များကကဲ့သို့ ငွေကြေးလိမ်လည်မှု အရှုပ်အရှင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက်လည်း ပွဲစားဖြင့် ရောင်းဝယ်ခြင်းစနစ်ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဖျက်သိမ်းခဲ့ကြောင်း ကုန်စည်ဒိုင် တာဝန်ရှိသူများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးမှု အလားအလာအရ မြန်မာပဲကုန်သည်အချို့သည် ဇူလိုင်လကုန်၊ သြဂုတ်လဆန်းပိုင်းအတွင်း ဈေးကစားရောင်းဝယ်မှုများ ရှိလာခဲ့ကြောင်း၊ မတ်ပဲဈေးအနေဖြင့်

ဝတ္ထုရေးတဲ့ ၈၈နဲ့ အရည်အသွေးကို ပြန်ပေးမယ့် အကယ်ဒမီ

လတ်တလောမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ကိုယ်တိုင်ရေး လုံးချင်း ၀တ္ထုတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေခဲ့ပြီး ရုပ်ရှင်ရိုက်ဖို့အထိ အနုပညာအသိုင်းအဝိုင်းမှာ အောင်မြင်နေပါတယ်။
ပထမဆုံး ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဆိုတဲ့ လုံးချင်းဝတ္ထု ထွက်ရှိလာပါတယ်။ နောက်တော့ ကိုမြအေးရဲ့ “မိုးကောင်း ကင်၌ တိမ်တိုက်များ”ဆိုတဲ့ လုံးချင်းဝတ္ထု လည်း ထွက်ရှိလာပြန်ပါတယ်။ ဒီလို ထွက်ရှိလာတဲ့ ၀တ္ထုတွေကတော့ ထွက်တဲ့နေ့ မှာတင်ပဲ ဒါရိုက်တာ ၀င်းထွန်းထွန်းက “နောက်ကြည့်မှန်” ၀တ္ထု၊ ဒါရိုက်တာ ကြည်ဖြူသျှင်က “မိုးကောင်းကင်၌ တိမ်တိုက်များ” ၀တ္ထု တို့ကို အနုပညာကြေးပေး ၀ယ်ယူသွားပြီး ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းဖို့အထိ ဖြစ်နေကြပြီ။ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကိုဂျင်မီရဲ့”လမင်းစန္ဒာ အင်းလေးကန်သာ”ဆိုတဲ့ ၀တ္ထု ထွက်ရှိလာမှာဖြစ်ပြီး အဲ့ဒီဝတ္ထုကိုလည်း