ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, April 05, 2012

သံဃာတော်တွေကို အသုံးမချပါနဲ့ NLD..မန်းမြို့ဟာ ဘာသာရေးထွန်းကား နားလည်တတ်ပါတယ်

မန္တလေးမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးသွား၏၊ ပါတီများစွာ ရှိသည့်အနက် ဘာသာသာသနာကို ညိုးနွမ်းအောင် ပြုလုပ်သွားသော ပါတီများလည်း တွေ့မြင်ရပါသည်။

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။ရွေးကောက်ပွဲကော်မရှင်၏  အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံ ပါဝင်လာသည်။
ပြည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာမြင့်နိုင် က NLD ကိုယ်စားလှယ်များအဖြစ် အရွေးချယ်ခံရခြင်း ဖြစ်သည်။

Nldpalaman1

တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၅ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင်ရရှိထားပြီး ဖြစ်သည်။


ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည်  ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။

ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ ပဲခူးနှင့်ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်များတွင် တက်ရောက်ကြမည်ဖြစ်ပြီး ကျန် ၄၂ ဦးသာ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် တက်ရောက်ကြမည်
ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၂ ဦးသာ ရှိနေမည် ဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၆၅၆ ဦး ရှိမည် ဖြစ်သည်။

ထို့ကြောင့် အသစ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် NLD လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးမှာ ၆.၄ ရာခိုင်နှုန်းအဖြစ် ပါဝင်ကိုယ်စားပြုနေမည် ဖြစ်သည်။

ကော်မရှင်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်း က လည်းကောင်း၊ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ ကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။

နိုင်လည်းနိုင်၊ တိုင်လည်းတိုင် ၊ ကော်မရှင်မှာစတင်တဲ့ NLD


ဧပြီလ(၁)ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာပြီုးဆုံးသွားပါပြီ။ အနိုင်ရရှိသူများအနေနဲ့ပျှော်ရွှင်ပြီး အရှုံးပေးလိုက်သူများအနေနဲ့လည်း ကျေနပ်စွာဂုဏ်ယူနေ ကြတယ်လို့ သိရပါတယ်။

တောင်တရုတ်ပင်လယ်အရေး ASEAN ညီညွတ်ဖို့ ဖိလစ်ပိုင်တိုက်တွန်း

ဒေသတွင်းတင်းမာမှုတွေ လျော့ပါးစေဖို့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတရပ်ရေးဆွဲဖို့

စကားကိုအမျိုးမျိုးပြောသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်



၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် Time သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရင်သာပါ (Karan Thapar) တို့ရဲ့ ပြောကြားချက်များကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်....

မဟာသင်္ကြန်မဏ္ဍပ်များနှင့် သင်္ကြန်ရေပက်ခံထွက်သူများ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက် (၃၉)ချက်ထုတ်ပြန်ထား


၂၀၁၁ခုနှစ်ရန်ကုန်မြို့မဟာသင်္ကြန်အကျနေ့မြင်ကွင်း။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့် တံတားဌာနမှ ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရာ၌ ဆောင်ရန်၊ ရှောင်ရန်များနှင့် သင်္ကြန်ရေပက်ခံ ထွက်သူများ

အွန်လိုင်းတွင် တဖန်ပြန်ပွနေသော မြစ်ဆုံဆည် နှင့်ပတ်သတ်သည့် စာနှစ်စောင် အလွှဲများ

မြစ်ဆုံနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် စာနှစ်စောင် အင်တာနက်မှာ ပျံ့လျက်ရှိပါတယ်။

ရမ်းဗြဲကျွန်းတွင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတည်ဆောက်ရန်စီစဉ်

မြန်မာနိုင်ငံတွင်အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်သော ရခိုင်ပြည်နယ်ရှိရမ်းဗြဲကျွန်းတွင်ဘိုးရင်းလေယာဉ်ကြီး များဆင်းသက်နိုင်မည့်

ကိုရီးယားနှင့် ပူးပေါင်း၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ သီလဝါတွင် တည်ဆောက်မည်

From : ခေတ်လူငယ်


သီလဝါစက်မှုဇုန်တွင် ကိုရီးယားနှင့် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမည့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လူထု မီးအိမ်ရှင် ဒေါ်စု ကို အားကိုးတကြီးမဲထည့်ပြီးမှ ဖယောင်တိုင် နေ့တိုင်းထွန်းနေရ


လူထု မီးအိမ်ရှင်၊ ပြည်သူတွေကို အလင်းရောင်းပေမယ့် ခေါင်းဆောင် လို့ ခေါ်ဝေါ် ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကို အနိုင်ရပြီးပေမယ့် ပြည်သူတွေ မီးမရပဲ ဖြစ်နေပါတယ်။

နေပြည်တော်-ရန်ကုန်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့်အစီအစဉ် ကြိုတင်အသိပေး ကြေညာ

From : MRTV


မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်