From : MRTV4
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့
အနေနဲ့ လူကုန် ကူးမှု အမှုပေါင်း ၁၂၀ မှုကို ဖော်ထုတ် နိုင်ခဲ့တယ်လို့
သက်ဆိုင်ရာ
ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို လူကုန်ကူးမှု အမှုပေါင်း ၁၂၀ မှုကို
၂၀၁၁ ခုနှစ်ထဲမှာ ဖော်ထုတ် နိုင်ခဲ့ပြီး တရားခံ ၃၀၇ ဦးကို အရေးယူ
နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူး ခံရသူ ၁၅၄ ဦးကို ကယ်တင်ပြီး
မိသားစုများနဲ့ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။