ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 02, 2012

ရပ်ဆိုင်းခံထားရတဲ့ဂျာနယ် တွေ ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆို

ပြည်တွင်းအပတ်စဉ်ထုတ်  The Voice Weekly နှင့်  Envoy ဂျာနယ်တို့ကို  စာပေ စိစစ်ရေးဌာနက  အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူခဲ့တဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ လိုက်လျောညီထွေ ဖြစ်စေပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ပုံရိပ်တွေကို မြှင့်တင်နိုင်စေရေးအတွက် သတင်း မီဒီယာနဲ့ စာနယ်ဇင်းတချို့အပေါ် လတ်တလော အရေးယူနေတာတွေကို ပြန်လည် စဉ်းစားပေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီရဲ့ နာယက စာရေးဆရာ မောင်ဝံသက

ထုတ်ဝေခွင့် ယာ ယီ ရပ် ဆိုင်း ခဲ့သော လျှပ် တစ်ပြက် ဂျာနယ်ကို ပြန်လည် ထုတ်ဝေခွင့်ပြု


ဇွန်လ ၈ ရက်နေ့က ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ ပြန်လည် ထုတ်ဝေခွင့် ပြုကြောင်းကို သြဂုတ်လ ၁ရက်နေ့ ညနေပိုင်းက အသိပေးခဲ့ ခြင်းဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
” သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ်ရေးမှူး ဒုတိယ
ညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ်
ရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် သတင်းဂျာနယ်အား ၉၊ သြဂုတ်၊
၂၀၁၂ရက်နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြားခဲ့သည်။ သည့်အတွက်

မြစ်ကြီးနားမှ ငလျှင်လှုပ်



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် မိုင် ၉၀ ခန့်အကွာတွင် ပြင်းအား ရစ်ချတ်တာစကေး ၄.၇ ရှိ မြေငလျင်တခု ကြာသပတေးနေ့ နံနက် ၄ နာရီ ၂၈ မိနစ်က ၁၆ စက္ကန့်ကြာ လှုပ်ခတ်ခဲ့သည်ဟု နေပြည်တော် မြေငလျင် တိုင်းတာရေးစခန်းမှ တာဝန်ရှိသူ တဦးက  ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း မြေငလျင် ခြောက်ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး ယခု ငလျင်သည် သြဂုတ်လအတွင်း ပထမဆုံး လှုပ်ခတ်မှုလည်း ဖြစ်သည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးစခန်း အဆိုအရ မြောက်လတ္တီကျူ ၂၆ ဒီဂရီ ၀၇၂ နှင့် အရှေ့ လောင်တီကျူ ၉၆ ဒီဂရီ ၃၂၂ တို့တွင် ဗဟိုပြု၍ ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၈၂ မိုင် အကွာ၊ အိန္ဒိယနိုင်ငံ၊ ခွန်ဆမြို့ အရှေ့တောင်ဘက် ၈၀ မိုင် အကွာတွင် ရိုက်ခတ်သွားခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

အိန္ဒိယတွင် လျှပ်စစ်ဓာတ် အားပြတ်တောက် မှုကြောင့် အစိုးရကို မီဒီယာများ ပြင်းပြင်းထန်ထန် ဝေဖန်


အိန္ဒိယတွင် နှစ်ရက်ကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် နိုင်ငံ၏ထက်ဝက်ခန့် မှောင်အတိကျခဲ့သဖြင့် အိန္ဒိယအစိုးရသည် နိုင်ငံတကာအလယ်တွင် အရှက်ရစရာ ဖြစ်ခဲ့ကြောင်း အိန္ဒိယသတင်းစာများက ဝေဖန်ရေးသားခဲ့သည်။
The Economic Times သတင်းစာကလည်း “အိန္ဒိယနိုင်ငံသစ် စီမံကိန်း သစ်၏ အစွမ်း – နိုင်ငံ၏ ၅၀ ရာခိုင်နှုန်း မှောင်အတိကျ” ဟူသော ခေါင်းစဉ်ဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သည့်ကိစ္စကို ဝေဖန်ပြစ်တင်ခဲ့သည်။ ယခုလျှပ်စစ်မီးပြတ်တောက်မှုကြောင့် လူ သန်း ခြောက်ရာခန့် ထိခိုက်နစ်နာခဲ့ရသဖြင့် အိန္ဒိယသည် အိုင်တီနည်းပညာနိုင်ငံတစ်ခုဖြစ်နေခြင်းဆိုသော ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း

“ဘီလူး အသားမစားတော့ဘူး” ဟု အိပ်မက် မက်ခြင်း

from-http://myanmartharkaung.blogspot.com


 ဘီလူး အသားမစားတော့ဘူး” ဟု အိပ်မက် မက်ခြင်း
ဘိန်း ဘု ရင်ဘွဲ့ ခံ ခွန်ဆာရဲ့ လက်ရင်း တပည့် MTA လက်ကျန်ဟောင်းကြီး  ကျောက်ယွက်ဆစ် ရေ..
သျှမ်းပြည်နယ် ထဲမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး လုပ်နေတယ် လို့ ပြောင်ပြောင်ကြီးညာနေပါပေါ့လားဗျာ...ကျုပ် လက်ရှိ သျှမ်းပြည်နယ် ထဲမှာနေတာ ၅၇ နှစ်ရှိပြီ.. ခင်ဗျားထက် ၃ နှစ်လောက်ကြီးတယ်... အရှက်မရှိခင်ဗျားမို့ပြောရဲတယ်... ခင်ဗျားပြောနေတာတွေက မျက်နှာမှာ သနပ်ခါး ၊  ပေါင်မှာသေးကြောင်း ဆိုသလို ဖြစ်နေပါပေါ့ဗျာ.....

ခင်ဗျားတို့နဲ့ ONCB လက်ဝါးခြင်းရိုက်ပြီး မတန်မရာ ရွှေလင်းယုန်ဆု Gold Eagle Award ယူလိုက် တာကို DEA နဲ့ UNODC တို့က ဟုတ်မှဟုတ်ရဲ့လားလို့...အတော်လေးအံ့သြသွားကြတယ်... မသင်္ကာလို့ စုံစမ်း နေတယ်လို့ကြားတယ်ဗျာ..

တက္ကသိုလ်ကျောင်းသားများနှင့် ကျေးရွာသားများရန်ပွဲအချိန်မီထိန်းသိမ်းနိုင်

မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် မကျေနပ်သော ဇလုပ်ကျေးရွာ ဆရာတော်များနှ င့်ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည် မုံရွာစီးပွားရေးတက္ကသိုလ်အနီး ပြင်ပဘော်ဒါဆောင်များတွင် ရိုက်နှက်သူများကို  လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်အနောက် ဘက်ရှိ အီကိုကင်း
အမျိုးသားဘော်ဒါဆောင်အား ၀ိုင်းထားစဉ် မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊

MJA ၏ သဘောထားကြေညာချက်အချို့ကို Eleven Media Group လက်မခံ





သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထား ကြေညာချက်မှ စာနယ်ဇင်း ကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေး ဖော်ပြထားသည့် အချက်ကို Eleven Media Group က လက်မခံကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီရပ်နားစေခဲ့ခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက် ၄/၂၀၁၂ ကို

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသို့ ထပ်မံသွားရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူး မြို့ နယ်သို့ သြဂုတ်လ ၃ ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း NLD သတင်းနှင့် ပြန်ကြားရေးဌာန ထံမှ သိရှိရသည်။

India ရောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

ဦးသန့်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်


၁၉၅၀ပြည့်နှစ်များက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ် ကိုယ်ရေး အရာရှိဘ၀က နေ ထိုင် ခဲ့သော နေ အိမ်အား မကြာမီပြန်လည်ပြုပြင်ကာ ဦးသန့်၏  ဘ၀အစိတ်အပိုင်းနှင့်သူ၏အလုပ်နှင့်ပတ်သက်သည်များကို အိမ်၏ အစိတ်အပိုင်းအချို့တွင် ပြတိုက်
ငယ်အဖြစ်ပြုလုပ် သွားမည်ဖြစ်ပြီး၊ အိမ်၏အချို့ အစိတ်အပိုင်းများတွင် အများပြည်သူနှင့် ဆိုင်သော  ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချချက်မျာြး ပု လုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေကြောင်း ဦးသန့်၏မြေးတော် စပ်သူ စာရေးဆရာဦးသန့်မြင့်ဦးကသူ၏ ဖေ့ဘွတ်စာမျက်နှာတွင်
် ယနေ့ မွန်းလွဲပိုင်း က  ရေးသားထားသည်။
ယခင်အစိုးရလက်ထက်ကလျှစ်လျှူရှု့ထားခံခဲ့ရသော ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတက ခွင့်ပြုချက်ပေးခဲ့ပြီး လအနည်းငယ်အကြာအချိန်ယူပြင်ဆင်ပြီး

သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခုရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

အစောပိုင်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် သမ္မတက  မအားလပ်တဲ့အတွက် အစီအစဉ်ကိုဖျက်ခဲ့ရပါတယ်။ အခု ရုံးပိတ်ရက်တွေမှာ တွေ့ဖို့ရှိတယ်လို့လည်း (အက်စ်အန်အယ်လ်ဒီ) ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးခွန်ထွန်းဦးတို့ဟာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အဓိက အချက် ၃ ချက်ကို ဆွေးနွေးသွားမယ်လို့

မြေနီကုန်း မီးပွိုင့်အနီး ယာဉ် ငါးစီးဆင့် တိုက်မှုဖြစ်

ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာ ထူထပ်သော မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမို ကြန့်ကြာသွားစေခဲ့သည်။

ပြည်လမ်းမပေါ်တွင် မောင်းနှင်နေခဲ့သော အမှတ် ၄၈ ဘတ်စ်ကားလိုင်းမှ မီနီဘတ်စ် တစီးက ဘရိတ်ပေါက်ပြီး နံဘေး ယာဉ်ကြောရှိ အငှားယာဉ်စီတစီးကို ဝင်တိုက်သည်။ ထိုမှတဆင့် အငှားယာဉ်က ရှေ့မှကားကို တိုက်ကာ ဆင့်ကဲ တိုက်မှု ဖြစ်သွားရသည်။

ဘတ်စ်ကားကြောင့် အငှားယာဉ်နှစ်စီး နှင့် အိမ်စီးကား ဆလွန်း နှစ်စီး ပါဝင်သော တိုက်မှုတွင် ယာဉ်များပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်သာ ရှိခဲ့သည်။ ဘတ်စ်ကား အတိုက်ခံရသော တက္ကစီတစီးမှာ ဆိုးရွားစွာ ပျက်စီးသွားပြီး ကျန်ကားများ ပျက်စီးမှု နည်းခဲ့သည်။

“မီနီဘတ်စ် ၄၈ ကားသမားကတော့ တိုက်ပြီးပြီးချင်းပဲ ကားပေါ်က ဆင်းပြေးသွားတယ်” ဟု မျက်မြင် တွေ့လိုက်ရသူ ကိုသိန်းထွန်း က မဇ္ဈိမကို ပြောသည်။

“လပြည့်နေ့ ဆိုတော့ လူတွေလည်း ရှုပ်တယ်။ ကားတွေလည်းရှုပ် ကြတယ်။ ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရသွားတာပဲ တော်ပါသေးတယ်” ဟု သူက ဆက်ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တနာရီကျော် ကြာအထိပင် တိုက်မှု ဖြစ်ပွားသော ကားများကို လမ်းပေါ်မှ

( ၀ါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း )

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်း လာခဲ့တယ် လို့  သိရပါတယ်။

အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့

မီးသတ်ယာဉ်အစီး ၁၀၀ တင်သွင်းမည်

မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ် စခန်းများ၌ လိုအပ်ချက်ရှိနေသော မီးသတ်ယာဉ်အသစ်အစီး ၁၀၀ကို မီးသတ်ဦးစီးဌာနက တင်သွင်းမည် ဖြစ်ရာ ပထမအသုတ်အနေဖြင့် အစီး ၂၀ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ဒါတင်သွင်းရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။
မီးသတ်ဦးစီးဌာနတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင်ပြုလုပ်သော အိတ်ဖွင့် တင်ဒါအရ ရေဂါလန် ၈၀၀ မှ ၁၂၀၀ ဆံ့ မီးသတ်ယာဉ်အသစ် ၁၀၀ စီးကို ပစ္စည်း ၀ယ်ယူမှု စိစစ်ရေးကော်မတီက ရွေးချယ်ခွင့်ပြုခဲ့သည့် ကုမ္ပဏီအနေဖြင့် ယင်းမီးသတ်ယာဉ်များကို ငါးကြိမ် ထက် မများသော အသုတ်အလိုက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးပေးသွင်းရမည်ဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

မီးသတ်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ နိုင်ငံတော်က ခွင့်ပြုသတ် မှတ်ပေးသော တစ်စီးလျှင် ကျပ်သိန်း

ရေကြောင်းပညာတက္ကသိုလ် ၀င်ခွင့်ရမှတ်တိုးမြှင့်

မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်ခေါ်ယူမည်ဖြစ်ပြီး ၀င်ခွင့်ကျောင်းသားဦးရေကို လျှော့ချ လိုက်ကြောင်း မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ တရားဝင်ထုတ်ပြန် ချက်အရ သိရသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့တွင် ဖွင့်လှစ်မည့်ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက် ထားမည့်သူသည် တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၅၀ နှင့် အထက်ရရှိရမည်ဖြစ်ပြီး ကျောင်းသား ဦးရေကို ၃၂၀ အထိသာ လက်ခံမည်ဖြစ် ကာ ကျောင်းသူဦးရေကို

စစ်သင်္ဘော ၅၁ စင်းနှင့်ရေငုပ် သင်္ဘော ၂၄ စင်း ၂ဝ၂ဝ နောက်ဆုံးထား ရုရှား တည်ဆောက် လျက်ရှိ


From : မြဝတီ

ရုရှား နိုင်ငံသည် စစ်သင်္ဘော ၅၁ စင်း နှင့် ဘိုရီ အမျိုးအစား ရေငုပ် သင်္ဘော ရှစ်စင်း အပါအဝင် ရေငုပ် သင်္ဘော ၂၄ စင်းကို ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံး ထား၍ ရေတပ် တွင်အသုံး ပြုနိုင်ရန် စီစဉ်လျက် ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ဇူလိုင် ၃ဝ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရ သည်။

နိုင်ငံ မြောက်ပိုင်းရှိ ဆက်ဗ်မက်ရှ် သင်္ဘော ကျင်းတွင် စတုတ္ထ မြောက် မျိုးဆက် ဘိုရီရေငုပ် သင်္ဘော စတင် ဆောက်လုပ်သည့် အထိမ်းအမှတ် အခမ်းအနား တွင် ပူတင်က ထိုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဘိုရီ အမျိုးအစား ရေငုပ် သင်္ဘော ရှစ်စင်းကို အရည် အသွေးမြင့် မားစွာဖြင့် အချိန်မီ ပြီးစီးရန်

၂၀၃၅ ခုနှစ် တွင်ဖတ်ရမည့် မြန်မာ့သတင်း ကမ္ဘာ့သတင်း များ

ကမ္ဘာ့သတင်း
  1. လျှပ်စစ်ကားများက ထုတ်လွှတ်သော အိုဇုန်းကြောင့် ကမ္ဘာ့ ၇ ခုမြောက် အကြီးဆုံးမြို့တော် ကယ်လီဖိုးနီးယားတွင် လူသန်းချီ၍ သေဆုံး
    Ozone created by electric cars now killing millions inthe seventh largest country in the world, California.

  2. ကယ်လီဖိုးနီးယားတွင် တတိယဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ အသိအမှတ်ပြုခံရရေး လူဖြူလူနည်းစုများ ကြိုးပမ်း
    White minorities still trying to have English recognized as the California's third language.

  3. ဇီးကွက် ပလိပ်ရောဂါ အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်းရှိ မွေးမြူရေးလုပ်ငန်းများကို ခြိမ်းခြောက်
    Spotted Owl plague threatens northwestern United States crops & livestock.

  4. ဘာမှ မလုပ်ဘဲ သဘာဝအတိုင်း ကိုယ်ဝန်ရှိမှုအပေါ် သိပ္ပံရှင်များ အဖြေရှာမတွေ့
    Baby conceived naturally.... Scientists stumped.

  5. လွန်ခဲ့သော အနှစ် ၂၀၀၀ ထောင်က စက္ကူဖြတ်စကို Sotheby's လေလံပွဲတွင် ဒေါ်လာ ၄.၆

ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည်


From : ပြည်မြန်မာ

ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက်
သမ္မတ၏ အမိန့် ဖြင့် မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့  ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ ( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင်

အလုပ်သမားများ ၏ လုပ်ငန်း ခွင်ဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများ နှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် အဆို ကန့်ကွက်မဲ ၂၂၈ဦး ရရှိ


From : ရန်ကုန်တိုင်း

ပြည်သူ့ လွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်တင်သွင်း သည့် ရန်ကုန်တိုင်း ဒေသကြီး ၏ စက်ရုံအလုပ်ရုံအချို့ အပါအဝင် အလုပ်သမားများ ၏ လုပ်ငန်း ခွင်ဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများ နှင့် ပတ်သက်၍ ဖြစ်ပွားရသော လက်ငင်း အကြောင်းရင်း များနှင့် အရင်းခံအကြောင်းရင်း များကို လေ့ လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ အဖြေရှာ ရန်အတွက် အများကြည်ညိုလေးစားပြီး ယုံကြည် ရသောပုဂ္ဂိုလ်များပါဝင်သည့် အလုပ် သမား ဆန္ဒဖော်ထုတ်မှုများ နှင့်ပတ် သက်သည့် စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်းအဆို သည် ထောက်ခံမဲ ၄၃ မဲသာရရှိခဲ့ကြောင်း သိရသည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အလုပ် သမားဝန်ကြီး ဦးအောင်ကြည်ကနေ ၍ ''ယခု အဆိုကို ကျောက်ကောင်း နှစ်ပွင့်ဖြစ်တဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေ ထွက်ရှိနေပါပြီ။ ဒါကြောင့်

ကျန်းမာရေးအခြေနေ စိုးရိမ်ရသဖြင့် ဒေါ်စု လွှတ်တော် ခွင့်ယူ



ရုတ်တရက် ထ ထ ဖေါက်တဲ့ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေပြီး အချိန်မရွေး ဂန့် သွားနိုင်တာကြောင့် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ မတက်နိုင်သဖြင့် အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ခွင့်ယူထားကြောင်း သတင်းရရှိပါတယ်။


အခြေအနေ တော်တော်ဆိုးတာကြောင့် အနီးအနား ပြုစုရန် အခြား လွှတ်တော်

မြန်မာအစိုးရကို အတုယူကြရန် အမေရိကန် ပြောကြား


မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေအပေါ် အခြား အထီးကျန် အာဏာရှင်နိုင်ငံတွေအနေနဲ့ အတုယူသင့်ပြီး ဒီအတွက် နိုင်ငံတကာဘက်ကလည်း တုံ့ပြန်မှုကောင်းတွေ ရှိလာလိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael A.Hammer က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ တချက်ခြင်း တုံ့ပြန်သွားမယ်ဆိုပြီး ကတိပြုခဲ့အတိုင်း အမေရိကန် ပြည်ထောင်စုဟာ မြန်မာအပေါ် အရေးယူမှုအချို့ကို လျှော့ပေါ့ပေးလာခဲ့ပါတယ်။ မြန်မာ အစိုးရဘက်က အခု ပြုလုပ်လာတဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေဟာ အစ ဆိုပေမဲ့ အားရကျေနပ်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်

From : 7Day News Journal

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၅ သန်းကို လာမည့် အောက်တိုဘာလတွင် စတင်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စပါမယ်လာကော့စ်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့သောကြောင့် ယခုထောက်ပံ့ငွေမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏

အသက် ၁၆ နှစ်ပြည့်ပြီး သူတိုင်း စက်စွမ်းအား ၁၁၀ စီစီနှင့် အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်ရမည်


From : 7day
ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုန်ပြန်ချက်များ အရ အသက် ၁၆ နှစ်ပြည့်ပြီး သူများဟာ စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များ ရယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ က.ည.န ရုံးများမှာ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အသက် ၁၆ နှစ်ပြည့်ပြီး စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် ရယူလို သူများဟာ သတ်မှတ် ယာဉ်မောင်း သင်တန်းများ တက်ရောက်ကာ အမောင်းသင် လိုင်စင် ရယူပြီး

တရားမဝင် မြန်မာလုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရ

From : ပေါ်ပြူလာ

တရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် စတင် လိုက်သည်။

မဲဆောက်မြို့ပြင်ရှိ မဲ့ကဆာ ရွာအမှတ် ၂၆၁ ရပ်ကွက် ၁ဝတွင် တည်ရှိသည့် စိုင်းမွန်းအမှတ်တံဆိပ် ဖိနပ်စက်ရုံကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက မဲဆောက်အာဏာပိုင် များက ရှောင်တခင် ဝင်ရောက်စစ် ဆေးခဲ့ပြီး တရားမဝင်အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမား ၆၈ ဦးကို ထိုင်းရဲက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

ရှောင်တခင်ဖမ်းဆီးမှုတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်နှင်ဒဏ်ပေးမည်ဖြစ်ပြီး အလုပ်ရှင်ကို ဥပဒေအရ အရေးယူမှုများ ဆောင် ရွက်သွားမည်ဟု

ဖွံ့ဖြိုးမှုကူညီရန် ကမ္ဘာ့ဘဏ်ရုံးဖွင့်


From : 7Day News Journalကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ပိုမို၍ အားပေးထောက်ခံလာပြီး မြန်မာနိုင်ငံတွင်လည်း ရုံးခွဲတစ်ခုဖွင့်လှစ်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအား ကန်ဒေါ်လာ ၈၅ သန်း ထောက်ပံ့ကြေးပေးအပ်ရေးအတွက်လည်း ကမ္ဘာ့ဘဏ်က ၄င်း၏ ဘုတ်အဖွဲ့ကို တင်ပြမည်ဖြစ်သည်။

ယင်းထောက်ပံ့ကြေးဖြင့် ဒေသခံပြည်သူများ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်၍ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်အားလုံး အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။ ရန်ကုန်တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာ့ဘဏ်၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန ဒုတိယဥက္ကဋ္ဌက ထိုထောက်ပံ့ငွေများမှာ ပဋိပက္ခဖြစ်ပွားရာဒေသ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးမည်ဟုပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အာရုံစူးစိုက်ဆောင်ရွက်နေကြောင်း


ရခိုင်ပြဿနာဖြစ်အပြီး နောက်ဆက်တွဲအနေဖြင့် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးများကို မွတ်ဆလင်နိုင်ငံများက အမျိုးမျိုး စွပ်စွဲ အပြစ်တင် မှုတွေ ရှိခဲ့ပြီး ဗုဒ္ဓဘုရား ကိုပင် သရော်လှောင်ပြောင် မှုများကို တွင်တွင် ကျယ်ကျယ်လုပ်နေချိန် တလျှောက်လုံးတွင် ပြည်တွင်းရှိ ပါလေရာ ဘုန်းကြီးများမှ တခွန်း မှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း မရှိပဲ ပျောက်နေခဲ့ရာမှ ၎င်း ဘုန်းကြီးများ ဟာ လာမယ့် ရှစ်လေးလုံး အခမ်းအနား မှ ပြန်ပေါ်မယ်လို့ သတင်းရရှိပါတယ်။
သံဃာများနှင့် တိုက်ရိုက်သက်ဆိုင် စွပ်စွဲခံရသော ဘာသာရေး ရှုံ့ချမှုများတွင် ငြိမ်နေကြပြီး သံဃာထု နှင့် လားလားမျှ မသက်ဆိုင်သော ၂၄ နှစ်မြောက် ရှစ်လေး လုံးလူထုလှုပ်ရှားမှုနှစ်ပတ်လည်

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု


From : 7Day News Journal
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။

အစိုးရသစ်တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒေပြဋ္ဌာန်းပြီး သုံးပတ်ကျော်လာသောအခါ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏ တာဝန်ယူမှု၊ ရင့်ကျက်မှုကြောင့် ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသူများရှိသကဲ့သို့ ပြည်သူအချို့မှာ

မွေးဖွားနှုန်းများသော ဘင်္ဂါလီများကို အိမ်ထောင်ပြုခြင်း၊သားသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိ


From : 7dayရခိုင်ပြည်နယ်ရှိ လူဦးရေမွေးဖွားနှုန်းများသော ဘင်္ဂါလီလူမျိုးများ၏ အိမ်ထောင်ပြုခြင်း၊ သာသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြောကြားရမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။

“ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ လောလောဆယ်တော့ခိုးဝင်တာ မတွေ့ဘူး။ လူဦးရေပေါက်ဖွားတာများတယ်။ လူဦးရေ ပေါက်ဖွားတာများတော့ ဆင်းရဲတာပေါ့။ ကျွေးရ၊ မွေးရတာ ခက်တာပေါ့။ ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတစ်ယောက်ပဲ ယူကြ တာပဲ။ ဥပဒေက

မွတ်ဆလင်တွေက ခရစ်ယာန်ဘာသာဝင်တွေကို ဘာလို့ သတ်နေတာလဲ


မွတ်ဆလင်တွေက ခရစ်ယာန်ဘာသာဝင်တွေကို ဘာလို့ သတ်နေတာလဲ။ မုန်းလို့ သတ်တာဘာလို့ မုန်းသလဲ။ ဘာဖြစ်လို့ သူ့ဟာသူနေနေတဲ့ ခရစ်ယာန်ဘာသာဝင်တွေကိုဘာကြောင့် မုန်းရတာလဲ ၊ခရစ်ယာန်ဘာသာဝင်တွေက အလ္လာဟ်ကို မကိုးကွယ်လို့ ၊ အစ္စလမ် ရဲ့ ရန်သူတွေ မို့လို့ ။အလ္လာဟ်ကို မကိုးကွယ်တဲ့လူသား အားလုံးကို မုန်းတယ်။ အစ္စလမ် ရဲ့ ရန်သူတွေ မို့လို့ ။


ဘယ်သူပြောသလဲ။ ဘယ်က သင်ပေးထားတာလဲ၊အလ္လာဟ်နဲ့ မိုဟာမက်က အမိန့်ပေးထားတာဘယ်က သင်ပေးထားတာလဲ၊ ဘယ်ထဲမှာရေးထားတာလဲ ။ကုရ်အာန်ကျမ်း က မွတ်ဆလင်တွေ ဦးနှောက်ထဲ

ရှမ်းပြည်နယ်အတွင်း RCSS အဖွဲ့ သစ်ကုလားအုပ်ကဲ့သို့လုပ်ဆောင်နေကြောင်း “၀”အဖွဲ့မှပြောကြား

          RCSS နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပြီးနောက် အေးချမ်းလာခဲ့တဲ့ ရှမ်းပြည်နယ်အတွင်း မကြာမီက အစိုးရတပ်နဲ့ RCSS တို့ အပြန်အလှန်ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ကြောင်း ကြားရပါတယ်။ မြန်မာ-ထိုင်းနယ်စပ် စစ်ရေးလေ့လာသူအချို့ထံမှ တိုက်ပွဲဖြစ်ရခြင်းအကြောင်းအရင်းများကို စုံစမ်းကြည့်တဲ့အခါ အများစုကတော့ RCSS အဖွဲ့တွေ ကိုယ့်နေရာကိုယ်မနေဘဲ ရှမ်းပြည်နယ်အနှံ့ သွားလာနေတဲ့အတွက် တိုက်ပွဲဖြစ်ရကြောင်း အခုလိုပြောပြပါတယ်။
          “အစိုးရနဲ့ RCSS တို့ ကျိုင်းတုံမှာဆွေးနွေးပြီးပြီဗျာ၊ စစ်တပ်က ဒုတိယအကြီးဆုံး ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင် လာတက်ခဲ့တယ်ဗျ။ သူတို့ဆွေးနွေးတဲ့အထဲမှာ RCSS အဖွဲ့တွေကို နေရာချထားရေး အတွက်လည်းပါတယ်။ ကျွန်တော်သိရသလောက် သူတို့ကို မုံးထဘက်မှာ နေရာချထားဖို့ စစ်တပ်ဘက်က သဘောတူတယ်။ နယ်မြေအခြေအနေလေ့လာဖို့လည်း

ဝါဆိုလပြည့်နေ့တွင် ဘုရားဖူး၊ သိလစောင့် အနားယူသူ များပြား သော်လည်း အခါအားလျှော်စွာ စုတောင်းပွဲ လုပ်ခဲ့သူများ နဲ့ လမ်းပေါ်ထွက် မေတ္တာပို့ခဲ့သူများ မတွေ့ရ



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ

From : မြဝတီ
(နေပြည်တော် သြဂုတ် ၁)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည် ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ ဦးစီးချုပ် နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက် အရ အိန္ဒိယ သမ္မတ နိုင်ငံသို့ ယနေ့ နေ့လယ် ပိုင်းတွင် မြန်မာ့ တပ်မတော် အထူး လေယာဉ်ဖြင့် ထွက်ခွာ ကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့်ဇနီး ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော်