
From : မြ၀တီ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာနှင့် ဦးကာကျေးရွာတို့မှ ဆူပူအကြမ်းဖက်သူအချို့သည် ဇွန် ၁၉ ရက်နံနက် ၇ နာရီခွဲခန့်တွင် အနောက်ပြင်ကျေးရွာသို့ စုဝေးသွားရောက်ကြပြီး ရွာအစွန်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကြသည်။ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေတဲ ၃၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ရွာသား ၃ ဦး သေဆုံး၍ ရွာသားအချို့ ဒဏ်ရာရရှိခဲ့သည်။