ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

အာရပ်ကမ္ဘာတဝှမ်း ဆန္ဒပြမှုတွေ ပြန့်


အာရပ်ကမ္ဘာတဝှမ်း ဆန္ဒပြမှုတွေ ပြန့်နေ
BBC News, 13September 2012  —-  အစ္စလမ်ဘာသာဝင်တို့ အလေးအမြတ်ထားရာ တမန်တော် မိုဟာမက်ကို လှောင်ပြောင်ထားတယ်ဆိုတဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ အာရပ် ကမ္ဘာ တဝှမ်းမှာ ဒေါသတကြီး ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။
ယီမင်နိုင်ငံက ဆာနာ မြို့တော်မှာ ဆန္ဒပြသူတွေက အမေရိကန် သံရုံးဝင်းထဲကို အတင်းဝင်ရောက်ခဲ့ကြပြီး ကားတွေကို မီးရှို့ခဲ့ကြလို့ လုံခြုံရေးတွေက သံရုံးဝင်းထဲက ထွက်သွားအောင် ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ် မောင်းထုတ်ခဲ့ရပါတယ်။
အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာလည်း အမေရိကန် သံရုံး အပြင်ဘက်မှာ အကြမ်းဖက်မှုတွေ

အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။


Freedom News Group (Burma) , 13September 2012  —-  တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော်
တမ်းရိုက်ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော
အစ္စလာမ်ဘာသာဝင်အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ
အမေရိကန်သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင် အစ္စလာမ်ဘာသာဝင် ၅၀၀၀ကျော်ခန့်သည်
အမေရိကန်သံရုံအားဆန္ဒပြရင်း ပြင်းထန်စွာတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြသည်။ ဆန္ဒပြလူငယ်

Samsung Galaxy/Tablet တွေကို Root စရာမလိုဘဲ မြန်မာဖောင့်သွင်းနည်း

Samsung Galaxy/tablet တွေမှာမြန်မာဖောင့်သွင်းဖို့ဆိုရင်တော့ root စရာမလိုဘဲနဲ့သွင်းလို့ရပါတယ် ဒါပေမယ့် Facebook မှာတော့မြန်မာဖောင့်အဆင်မပြေတတ်ပါဘူးအဲဒါကြောင့် facebook သုံးမယ်ဆိုရင် friend caster for facebook လေးကိုသုံးမှမြန်မာဖောင့်အဆင်ပြေမှာဖြစ်ပါတယ် Samsung S3 မှာ မြန်မာဖောင့် keyboard အတွက်ကတော့ ဒီမှာယူပါ ပြီးရင်တော့မြန်မာဖောင့်ကိုမြင် ရဖို့အတွက် ထပ်ပြီးဒေါင်းရပါဦးမယ်ဒီမှာယူပါပြီးရင်တော့ အဲဒီပာာနှစ်ခုစလုံးကို SD card ထဲထည့်ပြီး install လုပ်လိုက်ပါပြီးပြီဆိုရင်တော့setting>Display>fontstyle>ထဲမှာ ၀င်ရွေးပေးလိုက် ပါ။ပြီးရင်ပြန်ထွက်
လိုက်ပါ နောက်တစ်ဆင့်ကတော့setting>Language & keyboard မှာမြန်မာကီးဘုတ်လေးကို

"လူဟောင်း လူသစ် အားပြိုင်မှုတွေက အတော်ကို အားကြီးတယ်"


အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင် နဲ့ မေးခွန်းများ
အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ စည်းရုံးရေး အတော် ခရီးရောက်နေပြီလား။ ညီလာခံလုပ်မယ်ဆိုကာမှ အချင်းချင်းတွေကြား ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ ကြားနေရတယ်။၁၉၈၈ နောက်ပိုင်း၊ ပါတီကို ထူထောင်ပြီးနောက်မှာ ပါတီညီလာခံတွေ လုပ်ဖို့ ကျိုးစားခဲ့တယ်။ အဲဒီလုပ်ငန်းတွေကို စစ်အစိုးရက ဖြိုခွဲတားဆီးခဲ့တယ်။ ပါတီ ညီလာခံလိုင်းတွေ မအောင်မြင်ခဲ့တော့ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ပဲ ဆက်ပြီး ဦးဆောင် မှုပေးပြီးလုပ်ခဲ့ရတယ်။ အဲသည်နောက်က ပါတီဝင်တွေက ရှိပြီးသား စုဖွဲ့မှုနဲ့ပဲ နောက်ကလိုက်ကြရတယ်။
ဒီလိုပဲ ရုန်းရုန်း၊ ရူန်းရုနူ်းနဲ့ ဖြတ်သန်းလာခဲ့ကြတယ်။ အပေါ်ပိုင်းက ခေါင်းဆောင်တွေ က ပြောင်းလဲမှုမ ရှိပေမယ့်၊ အောက်ခြေအ ဆင့်ဆင့်မှာတော့ သူ့ဖာသာသူ အပြောင်းအလဲတွေတော့ ရှိခဲ့တယ်။
အဲသည်လိုနဲ့ ပါတီကို ၂၀၁၀ စက်တင်ဘာ ရွေးကောက်ပွဲမတိုင်မီမှာ တဖက်သတ် ဖျက်သိမ်းခံရတာမျိုး

တရုတ် ပိတ်ထားသည့်အမဲသား တင်ပို့ခွင့် နှစ်မကူးခင် ပြန်ဖွင့်အောင် ကြိုးစားမည်

နှစ်လကျော် ကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံက ပိတ်ပင်ထားသော မြန်မာနိုင်ငံမှ အအေးရိုက် အမဲသားတင်သွင်းခွင့်ကို ယခုနှစ်ထဲမှာပင် ပြန်လည် ဖွင့်ပေးအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ပြောကြားလိုက်သည်။
“ဒီနှစ်မကုန်ခင်တရုတ်ကို အေးခဲအမဲသား တင်ပို့နိုင်ဖို့ လောလောဆယ် နှစ်ဖက် တိရိစ္ဆာန်ဆေးကုဌာနတွေ အချင်းချင်းညှိနေတယ်။ ပြီးတော့ ဒီက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်” ဟု မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကျွဲ ၊နွား ခွာနာ လျှာနာ ကင်းစင်မှုမရှိသော်လည်း တစ်နိုင်ငံလုံးအနေနှင့်မကြည့်ဘဲ နိုင်ငံတွင်း ကင်းရှင်းဧရိယာ တစ်ခုအပေါ် တရုတ်နိုင်ငံနှင့် ညှိနှိုင်းပါက ပြေလည်နိုင်လိမ့်မည်ဟု မျှော်လင့်ကာ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေနှင့်

ဂျပန်ဘဏ္ဍာရေးဝန်ကြီး မိမိကိုယ်မိမိ အဆုံးစီရင်


ဂျပန်ဘဏ္ဍာရေး ဝန်ကြီး တာဒါဟီရို မစ်စူရှီတာသည် ၄င်း၏ နေအိမ်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို စက်တင်ဘာ ၁ဝ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
မစ်စူရှီတာသည် လက်ရှိ အာဏာရ အစိုးရအဖွဲ့တွင် ပါဝင်သည့် ပြည်သူ့ ပါတီသစ် ပါတီမှ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ၄င်းအား ဇွန်လအတွင်းက အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၃ နှစ်ရှိ မစ်စူရှီတာသည် စာတိုက်စနစ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုင်ရာ ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရသည်။
၎င်း၏ သေဆုံးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
From : မြဝတီ

၉ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီးသို့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် ၃၅၀ နီးပါး သွားရောက်မည်

၉ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အယောက် ၃၀၀ မှ ၃၅၀ အထိ
သွားရောက် ပြသမှုများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကွမ်းရှိးကျွမ်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ နန့်နင်းမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

အဆိုပါ ကုန်စည်ပြပွဲ မှာတော့ အဖွဲ့ဝင် နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံ တစ်ခုကို ဂုဏ်ထူးဆောင် တိုင်းပြည် အဖြစ် ရွေးချယ် သတ်မှတ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား ဦးဆောင်နိုင်ငံ အဖြစ် ရွေးချယ် သတ်မှတ်ခြင်းကို အာဆီယံ နိုင်ငံများထဲမှ အင်္ဂလိပ် အက္ခရာ အစီအစဉ်အရ ဆောင်ရွက်

မြန်မာ့အလင်း သတင်းစာ အောက်တိုဘာလတွင် ရောင်စုံထုတ်ဝေမည်


မြန်မာ့အလင်း သတင်းစာကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး အဖြူအမည်းဖြင့် မဟုတ်ဘဲ ရောင်စုံစာမျက်နှာ များဖြင့် ထုတ်ဝေမည်ဟု သိရသည်။ မြန်မာ့အလင်း သတင်းစာ ၁၆ မျက်နှာကို ရောင်စုံကာလာဖြင့် ပုံနှိပ်ထုတ်ဝေ မည်ဖြစ်ပြီး ကြော်ငြာလေးမျက်နှာကို အဖြူအမည်းဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းမှ ပုံနှိပ်ထုတ်ဝေလျက် ရှိသော ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar သတင်းစာများကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြောင်းလဲထုတ်ဝေရေး အစီအစဉ်အရ ကြေးမုံနှင့် The New Light of Myanmar တို့ကိုလည်း မကြာမီ ဆက်လက်ထုတ်ဝေမည်ဟု သိရသည်။ ကြေးမုံ သတင်းစာတိုက်တွင် စက်တင်ဘာ ၇ ရက်မှ စတင်၍ သတင်းစာဖတ် ပရိသတ်များ နံနက်စောစော ဖတ်နိုင်ရန် ၅၂ လမ်း သတင်းစာတိုက် တည်နေရာတွင် လူတစ်ဦးလျှင် တစ်စောင် ၅၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
from - ခေတ်လူငယ်

သမ္မတရှေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ ဦးသိန်းစိန် ပြောခဲ့ဟု ဆို


သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။

From : Hmuu Zaw

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့် အမေရိကန် သံအမတ်ကြီး အသတ်ခံရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှု ကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ ငြိမ်နေ

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့် အမေရိကန် သံအမတ်ကြီး အသတ်ခံရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှု ကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ အမေရိကန် သံရုံးရှေ့တောင် လူစုဖြင့် မသွားရဲကြပေ။
မိုဟာမက် ကို စော်ကား သည့် ဗွီဒီယိုကြောင့် လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော အစ္စလန် ဘာသာဝင်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း

ကလေး မြို့ ဦးသိန်းစိန် ထောက်ခံသည့် ဆန္ဒပြပွဲ လူတစ်သောင်းကျော်


မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သမ္မတ ထောက်ခံ ဆန္ဒပြမှု အပြီး ကလေးမြို့တွင်လည်း သမ္မတထောက်ခံ ဆန္ဒ ဖော်ထုတ်ပွဲကို ယနေ့ ပြုလုပ်ခဲ့ရာ ဒေသခံ လူထု တစ်
သောင်းကျော် ပါဝင် အင်အား ဖြည့်ခဲ့ကြကြောင်း ဒေသခံများ ထံမှ သိရသည်။
အဆိုပါ လူထုသည် ( သမ္မတကြီး၏ အဆိုကို ထောက်ခံခြင်းဖြင့် အမိ မြန်မာပြည်ကို ကာကွယ်ကြပါ) ဟုသော ကြွေးကြော်သံ နှင့် နိုင်ငံတော် သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြား နေကြကြောင်း ၄င်းက ဆိုသည်။
ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့) စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍

လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်


လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်
အပိုင်း(၁)

ဦးပြည့်စုံ                 ဗျို့ ဦးကောင်းမွန် ဘယ်နေ့က ပြန်ရောက်လည်းဗျ .. နေကောင်းကျန်းမာရဲ့လား။
ဦးကောင်းမွန်           ကောင်းပါတယ်ဗျာ စက်တင်ဘာ ၇ ရက်နေ့က လွှတ်တော်နားတယ်လေဗျာ
မနေ့က ပြန်ရောက်တာဗျ.. ခင်ဗျားကော နေကောင်းရဲ့လား။
ဦးပြည့်စုံ                 ကောင်းပါတယ်ဗျာ ဒီတစ်ခေါက် ခင်ဗျားတို့ ကိုယ်စားလှယ်ကြီးတွေ လွှတ်တော်
ထဲမှာ အကြိတ်အနယ်ကို ဆွေးနွေးနေကြပါလားဗျ။
ဦးကောင်းမွန်           ဟုတ်တယ်ဗျ လွှတ်တော်နားခါနီးလေးမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ အသက်ဝင်
လာတယ် ပြောရမှာပေါ့ဗျာ။
ဦးပြည့်စုံ                 အသက်ဝင်လာတာတော့ဟုတ်ပါပြီဗျာ… တိုင်းပြည်အတွက်လည်းမဟုတ် ပြည်သူ
အတွက်လည်းမဟုတ် အကြိတ်အနယ် ဆွေးနွေးတာကလည်း ကိုယ့်အတွက်
ကိုယ် ပြည်ထောင်စုအဆင့် သတ်မှတ်ခိုင်းနေကြပါလားဗျ။

ဦးကောင်းမွန်           ဒါကတော့ဗျာ အခြေခံဥပဒေနဲ့ လုပ်ကြတာလေဗျာ။
ဦးပြည့်စုံ                 ဟုတ်တော့ဟုတ်နေပြီဗျို့ ခင်ဗျားတို့ကိုယ်စားလှယ်တွေကလည်း အခြေခံဥပဒေ

စေ့စပ်ဆဲကာလမှာပင် သဘောထားကွဲလွဲနေသည့် ပုသိမ်NLD

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲကာလမှာပင် NLD ပါတီ(ဗဟို)မှ မြို့နယ်ရုံးခန်းကိစ္စထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား သဘောထားကွဲလွဲမှုများ ထပ်မံဖြစ်ပေါ် လာကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရေဘေးလှူဒါန်းရန် ပုသိမ်သို့လာရောက်ခဲ့စဉ်က မြို့နယ်ပါတီဝင်များအား တွေ့ဆုံပြီးနောက် ပုသိမ်မြို့နယ် NLD ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်တွင် ပါတီဗဟိုမှ မြို့နယ်ရုံးခန်းကိစ္စ ထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား

(၈၈)မျိုးဆက်ကျောင်းသား လူငယ်များ ပါတီ နောက်ခံပြု၍ မြေကွက်များလိမ်လည် ရောင်းစားသူအမျိုးသမီးကို အမှုဖွင့်အရေးယူလိုက်ပြီ


(၈၈)မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာ နိုင်ငံတော်ပါတီကို နောက်ခံပြု အရှိန်အ၀ါကိုသုံးကာ အပြစ်မဲ့ ပြည်သူတစ်ဦး၏ မြေကွက်များ အား လိမ်လည်လှည့်ဖြားရောင်း စားခြင်းအမှုကို ကျူးလွန်သူမအေး အေးမာ (ရွှေပြည်သာမြို့နယ် တာဝန်ခံ၊ (၈၈)မျိုးဆက်ကျောင်း သားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီအား ရွှေပြည် သာ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပ/၉၆၅၊ ပုဒ်မ (၄၂၀)အရ၊ ၂၈- ၈-၂၀၁၂နေ့တွင် အမှုဖွင့်အရေး ယူလိုက်ကြောင်းသိရသည်။
အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၆၁/ခ)မဲခေါင်လမ်း၊ ၆/၁၂ရပ်ကွက်နေ

ဒီမိုကရေစီကို ဈေးပေါအောင် မလုပ်ကြပါနဲ့ (မောင်ဝံသ)



စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေဖွင့်ကြ၊ ကာရာအိုကေတွေဆိုကြ၊ လူတွေမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တားနှိပ်ကွက်ရမယ့်အစား ဒေသ တာဝန်ရှိသူတချို့က .လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ်မဟုတ်လား။ ဒီမိုကရေစီ ရရင်ဒီလိုဖြစ်ကုန်မယ်ဆိုတာ အကြောင်းသိအောင် ကျုပ်တို့ကတော့ လက်ပိုက်ကြည့်နေလိုက်တယ်…  လို့ ပြောတာကို ကျွန်တော်နားနဲ့ ဆတ်ဆတ်ကြား ဖူးလိုက်ရပါသဗျ။
ဟော အခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြလုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီး ဒါတင်မက ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကိုဈေးပေါအောင် လုပ်နေရော့သလားလို့ စိုးရိမ်မိတယ်ဗျ။

စီမံကိန်း အလွယ် တကူ ရပ် ဆိုင်း ၍ မရသောကြောင့် မြို့  ရွာကို အေးအေးဆေးဆေး ပြန်စေချင်


ဓါတ်ပုံ - ဂျေပိုင် via Kyaw Swar Myint
12September 2012
မုံရွာမြို့ခံများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြန်လည်ပြောပြနေသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို ဂျင်မီကို မုံရွာမြို့လည်
တွင်တွေ့ရစဉ်။
“လက်ပံတောင်းစီမံကိန်းသည် အလွယ်တကူရပ်ဆိုင်းရန် မလွယ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မဟုတ်ဘဲ နိုင်ငံတော်အဆင့်အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် အပြုသဘောဖြင့်သာ ပြုမူဆောင်ရွက်စေချင်ကြောင်း၊ ရွာသူရွာသားများအနေဖြင့် မိမိတို့ရွာကို အေးအေးဆေးဆေး
ပြန်စေချင်ကြောင်းဖြင့် ကိုဂျင်မီက ပြောကြားသွားပါသည်။

ABSDF ခေါင်းဆောင်ဟောင်းများ ကျဆုံးရဲဘော်များအတွက် အလှူဒါနပြု


RFA ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ ပရိယတ္တိ စာသင်တိုက်တွင် ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်သည့် အဖွဲ့က ကျဆုံးရဲဘော်များအတွက် အလှူဒါနပြုပြီး အမျှဝေနေစဉ်။

KIA နဲ့ လွယ်ဂျယ်နား တိုက်ပွဲဖြစ်


ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၁၂ရက်နေ့မနက်ကကချင်ပြည်နယ် ဗန်းမော် လွယ်ဂျယ်လမ်း ပန်ရှန် ရွာနားမှာ ကေအိုင်အေနဲ့ အစိုးရတပ် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

 12September 2012   ကေအိုင်အေ တပ်မဟာ (၃)တပ်ရင်း (၁) တပ်ဖွဲ့တွေနဲ့ ပန်ရှန်ရွာအနီး အခြေစိုက် စကခ (၂၁) လက်အောက်ခံ ခလရ (၂၃၇) တပ်တွေကြား တိုက်ပွဲမှာ ကေအိုင်အေ ပစ်တဲ့ အာပီဂျီ ကျည် အစိုးရ တပ်ရင်းမှူး အိမ် တိုက်ရိုက်ထိလို့ ထိခိုက် ဒဏ်ရာ ရသလို မိုးမောက် စိန်လုံက စစ်ကူလာတဲ့ အစိုးရ စစ်ကားကို မိုင်းခွဲ ဖျက်ဆီး ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။

လစ်ဗျား တိုက်ခိုက်မှု စုံစမ်းပြီ




တိုက်ခိုက်မှု ရှုပ်ထွေး အဆင့်မြင့်တာမို့ စစ်သွေးကြွ တွေ ပါနိုင်
12September 2012  —-  အင်္ဂါ နေ့က လစ်ဗျား နိုင်ငံ ဘန်ဂါဇီ က အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို ကြိုတင် ကြံစည် ထားသလား စုံစမ်း စစ်ဆေး နေတယ်လို့ အမေရိကန် အစိုးရ ဘက်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လစ်ဗျား နိုင်ငံ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်စ် နဲ့ အမေရိကန် ၃ ယောက်၊ လစ်ဗျား နိုင်ငံသား ဆယ်ယောက် လောက် သေဆုံး ခဲ့ရပါတယ်။

လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်


သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ အမေရိကန်သံအမတ် သေဆုံးရမှုအပေါ် ပြစ်တင် ရှုတ်ချကြောင်း ကြေညာစဉ်။ 

12September 2012 
 အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ၀န်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ် တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

iPhone 5



Internet Journal, 13September 2012  —-  ဒီဇိုင်းပြင်ဆင်ထားပြီး ၄ လက်မအရွယ် Retina display ပါဝင်ကာ iPhone 4S ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါး သည့် ဆဋ္ဌမမြောက် မျိုးဆက် iPhone 5 ကို Apple ကုမ္ပဏီက တရားဝင် မိတ်ဆက်ကြေညာခဲ့သည်။

 ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားဖြင့် စက်ရုံအများစု လုပ်ဆောင်နေသော်လည်း စက်ရုံအချို့ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေး၍ ဆန္ဒပြမှုများထပ်မံဖြစ်ပွားလျက်ရ

လှိုင်သာယာစက်မှုဇုံအတွင်းရှိ စက်ရုံတစ်ခုတွင် လုပ်ခလစာတိုးမြှင့်ရရှိရန်အတွက် အလုပ်သမားများ စုရုံးဆန္ဒထုတ်ဖော်နေကြသည်ကို မေလအတွင်းက တွေ့ရစဉ် ဓာတ်ပုံ - ၀င်းမြင့်ကျော်
ယာယီသတ်မှတ်ပေးထားသော အခြေခံလစာနှုန်းထားဖြင့် စက်ရုံအများစု လုပ်ဆောင်နေသော်လည်း စက်ရုံအချို့ အဆိုပါနှုန်းထားကို ပေးနိုင်မှုမရှိသေး၍ ဆန္ဒပြမှုများထပ်မံဖြစ်ပွားလျက်ရှိ၊ ခေတ်နှင့်လျော်ညီသော အနိမ့်ဆုံး အခြေခံလစာဥပဒေ အမြန်ဆုံး ပေါ်ပေါက်ရန် လိုနေကြောင်း အလုပ်သမားကိုယ်စားလှယ်များ ပြောကြား

Melanoma အရေပြားကင်ဆာ


အမေရိကန်နိုင်ငံမှာ Melanoma or Skin Cancer ခေါ် ပြင်းထန်တဲ့ အရေပြားကင်ဆာနဲ့ အခြားပြင်းထန်တဲ့ အရေပြားအနာတွေ ကုသနိုင်ဖို့ အလားအလာကောင်းတဲ့ လိမ်းဆေးတခု တွေ့ရှိထားပါတယ်။

ဗကသများအဖွဲ့ချုပ် မုံရွာခရိုင်ကျောင်းသားများနှင့် မန္တလေးကျောင်းသားများ မုံရွာတွင် ဦးဆောင်


 
ယနေ့ ၁၂.၉.၂၀၁၂ ရက်နေထိ ကျန်ရှိနေသေးသော မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး ဆနပ္ဒြ လှုပ်ရှားသူ (၃) ဦးအားပြန်လည် လွှတ်ပေးရေးနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေးအတွက် ဗကသများအဖွဲ့ချုပ် မုံရွာခရိုင်ကျောင်းသားများသမဂ္ဂနှင့် အထက်ဗမာပြည် မန္တလေး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများ ဦးဆောင်၍ မုံရွာမြို့ခံများ၊ လယ်သမားများ အင်အား (၅၀၀၀) လောက်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြပြီး။ ကျန် ခရိုင်မြို့နယ် အလိုက် ဗကသများ အဖွဲ့ချုပ် ကျောင်းသားများ အမြန်ဆုံး လာရောက်ပူပေါင်းရန် ဗကသများအဖွဲ့ချုပ်