ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

ငြိမ်းချမ်းခြင်းတဲ့ဘာသာဆိုတဲ့အစ္စလာဘာသာဝင်များက အိန္ဒိယမှာ ဘုရားဆင်းတုတော်ကို ဖျက်စီးနေကြပုံ


မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး
အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က
မူဆလင် ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ၀တ်ပြုအပြီး ထွက်လာကြတဲ့ လူ (၅၀)
လောက်ပါဝင်တဲ့ လူအုပ်ဟာ ဗုဒ္ဓပန်းခြံအထိ စီတန်းလမ်းလျှောက်ခဲ့ကြပြီး
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် တာစူနေချိန်တွင် ပြည်ပနိုင်ငံများတွင် သုံးစွဲရန် ခက်ခဲသော FEC များအား တက်နိုင်သမျှ အမြန်ဆုံးရုတ်သိမ်းဆောင်ရွက်သင့်ကြောင်း ပြည်တွင်း ပုဂ္ဂလိဘဏ်များနှင့်စီးပွားရေးလုပ်ငန်းရှင်များကက အကြံပြုပြောဆိုကြသည်။

''မြန်မြန်သိမ်းလေကောင်းလေပဲ သူတို့က ဘာဖြစ်လို့ နှစ်ကုန်ထိထားရတာလဲ။အရင်က တစ်ဒေါ်လာ ခြောက်ကျပ်ကြောင့်မို့လို့ FEC ကိုကြားခံထားတာ အခု FEC ရဲ့ အခန်းကဏ္ဍ မရှိတော့ဘူး။ ပြည်ပလုပ်ငန်းရှင်တွေကလည်း ဝင်ရောက်လာမယ်ဆိုရင် သူတို့အတွက်လည်း သုံးရတာ အခက်အခဲ ဖြစ်တယ်။ သူတို့ကိုင်ဆောင်ထားမယ်ဆိုရင်လည်း နိုင်ငံတကာမှာ သုံးလို့ မရဘူးဆိုတော့အခက်အခဲ တွေ ဖြစ်နိုင်တယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က နိုင်ငံတော်

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်


အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို သြဂုတ် ၂ဝ ရက်တွင်စတင်ခဲ့ ကြောင်းသိရသည်။ အဆိုပါပူးတွဲစစ် ရေးလေ့ကျင့်မှု သည် မြောက်ကိုရီးယား ရန်ကို ကာကွယ်ရန် ဖြစ်ပြီး ၎င်းစစ်ရေး လေ့ကျင့်မှုကို စစ်ပွဲအတွက် ဇာတ်တိုက် မှုဖြစ်ကြောင်း မြောက် ကိုရီးယား အစိုးရက ပြောကြား ခဲ့သည်။
၎င်းစစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယားရှိ အမေရိကန် စစ်စခန်းများမှ စစ်သည် ၃ဝဝဝဝနှင့် ပင်လယ်ရပ် ခြားမှ စစ်သည် ၃ဝဝဝ ပါဝင်ကြောင်းနှင့် အဆိုပါ စစ်ရေးလေ့ကျင့် မှုကို Ulchi Freedom Guardian ဟုအမည် ပေးထားပြီး သြဂုတ် ၃၁ ရက်တွင် ပြီးဆုံး မည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါ လေ့ကျင့်မှုတွင် တောင်ကိုရီးယား စစ်သည် အရေအတွက် မည်မျှ ပါဝင်သည်ကို ကာကွယ်ရေး ဝန်ကြီး ဌာနမှ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယွန်ဟပ်သတင်း အေဂျင်စီက တောင် ကိုရီးယားနှင့် အမေရိကန် စစ်သည် ၅၆ဝဝဝ ခန့် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ၎င်းလေ့ကျင့် မှုသည် ထိပ် တိုက်တွေ့ ဆုံမှု များကို ထပ်မံဖြစ်ပေါ်စေ နိုင်သည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း မြောက်ကို ရီးယား က ပြောကြား ခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်တွင် တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း တော်ပီဒိုနှင့် အပစ်ခံရပြီး စစ်သည် ၄၆ ဦးသေဆုံး မှုသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြီးနောက် နှစ်နိုင်ငံ နယ်စပ် အရေးပိုမို တင်းမာလာ ခဲ့သည်။
 
from-mwdmedia

တင့်ဖျက်ဒုံးကျည် အိန္ဒိယ စမ်းသပ်ပစ်ခတ်


အိန္ဒိယ နိုင်ငံသည် ၎င်းတို့၏ တင့်ဖျက်ဒုံးကျည် Nag ကို ကြည်းတပ်မတော် အတွက် စမ်းသပ် ပစ်ခတ်စဉ် အောင်မြင်မှု မရရှိခဲ့ကြောင်း ဒေသမီဒီယာ များက သြဂုတ် ၂ဝ ရက်တွင် ဖော်ပြခဲ့သည်။
၎င်းဒုံးကျည်သည် နိုင်ငံပိုင် ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့မှ ကြည်းတပ်အတွက် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ရာဂျက်စ်သန် ကန္တာရတွင် လေးကြိမ် ပစ်ခတ် စမ်းသပ် ခဲ့ရာ ပစ်မှတ်ကို သုံးကြိမ်

ပဉ္စမ မျိုးဆက်သစ် တိုက်လေယာဉ် အိန္ဒိယနှင့် ရုရှား ပူးတွဲထုတ်လုပ်မည်


အိန္ဒိယနှင့် ရုရှားနိုင်ငံ တို့သည် ပဉ္စမမျိုးဆက် ခေတ်မီ တိုက်လေ ယာဉ်တစ်စင်းကို  ပူးတွဲထုတ်လုပ် မည်ဖြစ်ပြီး   ၄င်းလေယာဉ် အား ၂ဝ၁၄ ခုနှစ်တွင်  အိန္ဒိယနိုင်ငံ၌  ထုတ်ဖော် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်လေယာဉ်တွင် ကိုယ်ပျောက် နည်းပညာ များပါဝင် ပြီး အိန္ဒိယလေတပ်တွင် ၂ဝ၂၂ ခုနှစ် တွင်စတင် အသုံးပြု သွားမည်ဖြစ်သည်။ ထို့နောက် ၄င်း တိုက်လေယာဉ် ၏ ဒုတိယ မြောက် အမျိုးအစားတူလေ ယာဉ်သည် ၂ဝ၁၇ ခုနှစ်တွင် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ပြီး

နိုင်ငံခြားငွေ လုပ်ငန်းကို ပုဂ္ဂလိကဘဏ်သုံးခု ထပ်မံလုပ်ကိုင်ခွင့် ရတော့မည်


နိုင်ငံခြားငွေ လဲလှယ်ခွင့်လုပ်ငန်းကို ပြည်တွင်းပုဂ္ဂလိက ဘဏ်သုံးခုကို ထပ်မံ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် အဆိုပါ နိုင်ငံခြားငွေ လုပ်ကိုင်ခွင့် Authorized Dealer License ကို ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၁ ခုမှ
လုပ်ကိုင်ခွင့် ရရှိထားရာမှ ယခုအခါ ယင်းကဲ့သို့ ဘဏ်သုံးခုကို ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ “AD လိုင်စင်တွေကို များများချပေးပြီး လုပ်ကိုင်ခွင့်ပေးရင် ပိုကောင်းတာပေါ့။ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် မရသေးတဲ့ဘဏ် အနည်းငယ် ရှိပေမယ့်

ယခုနှစ် ပရီးမီးယား လိဂ်ရာသီကို အန္တရာယ်အများဆုံး ကစားသမား နှစ်ဦးဖြင့် စတင်ဖွင့်လှစ် လိုက်သည့် နယူးကာဆယ်


နယူး ကာဆယ် အသင်းသည် စပါး အသင်းကို ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော သြဂုတ် ၁၈ ရက်က ကစားခဲ့သည့် ပွဲစဉ်အတွင်း နည်းပြအလန်ပါ ဒရူးသည် စီးကြပ်ဒိုင် တစ်ဦးကို စိတ်ဆိုးစွာဖြင့် တွန်းပစ် လိုက်ခြင်းနှင့် ပတ်သက်၍ အလွန်ပင် ရှက်ရွံ့မိသည်ဟု အဆိုပါ နည်းပြက ဝန်ခံပြော ကြားထား ကြောင်း သိရသည်။
ပရီးမီးယား လိဂ်ရာသီ အစပွဲစဉ်များ၏ ပထမဆုံး နေ့ရက်ကို ထိုသို့ အဆုံးသတ် လိုက်ခြင်းသည် တစ်ဖက်

စင်စင်နတီ ဖလား လီနာ ဆွတ်ခူးရရှိ


တရုတ် တင်းနစ်မယ် လီနာသည် သြဂုတ် ၁၉ ရက်က   ကျင်းပသော ATP-WTA စင်စင်နတီ မာစတာပြိုင်ပွဲ တွင် ဂျာမနီမှ အိန်ဂျယ် လိဂ်ကာဘာအား (၁-၆)၊ (၆-၃)၊ (၆-၁)ဖြင့် အနိုင်ရရှိ ပြီး ၁၅ လကြာ ဖလား လက်မဲ့ဖြစ်နေ ခြင်းကို အဆုံးသတ် နိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၁ခုနှစ် ပြင်သစ်အိုးပင်း ချန်ပီယံ လီနာသည် အဆိုပါပွဲစဉ် အစပိုင်းတွင် ပြိုင်ဘက်ဖြစ်သူအား

ရခိုင်ကျောင်းသား သမဂ္ဂပေါ်ပေါက်ရေးအတွက် အကြံပြုတင်ပြချက်




ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုးကို သမိုင်းတွင်ချန်ထားရစ်ကာ ဒီမိုကရေ စီ လမ်းကြောင်းသို့ လျှောက်လာခဲ့ပေပြီ၊ ဒီမိုကရေစီရောင်ပြန်သန်းလာပြီး ဒီမိုကရက်တစ်ပါတီ များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ တရားဝင်ရပ်တည်နိုင် လာကြပြီ ဖြစ်သည်။

ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များတွင်လည်း ရွေးကောက် ခံပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူ့အသံ၊ပြည်သူ့သဘောထားများကို ထပ်ဟပ်ကာ ပြည် သူများဘ၀ကို တိုးတက်မြင့်မားလာရေး ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးကို ကိုယ်စွမ်း

ဧရာဝတီတိုင်း၏ ၉၂ ရာခိုင်နှုန်း ရေမြုပ်နေ


သန့်စင်ငြိမ်းချမ်း

ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ မြို့နယ် ရှိသည့်အနက် ၂၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ယမန်နေ့က သွားရောက်ခဲ့သည့် သာပေါင်းမြို့နယ် ကယ်ဆယ် ရေးခရီးစဉ်တွင် ပြောကြားသည်။
လွှတ်တော် ဥက္ကဋ္ဌ၏ ပြောဆိုချက်အရ ဧရာဝတီတိုင်း၏ ၉၂ ရာခိုင်နှုန်းမှာ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရခြင်း ဖြစ်သည်။
“သာပေါင်းမြို့ဆိုရင် မီးသတ်စခန်းရှိတဲ့ ကုန်းကွက်ကွက်ကလေးက လွဲလို့ တမြို့လုံး မြုပ်နေပါပြီ။ မီးသွေးတိုက်အုပ်စုက ရွာလေးငါးရွာဆိုရင် အိမ်ခေါင်တွေ အထိကို မြုပ်နေတာကို တွေ့ရပါတယ်
တော်တော်များများက အိမ်ခေါင်နားမှာ စင်လေးထိုးပြီး ၀မ်းလျားမှောက်နေ ရတဲ့ အခြေအနေတွေ

ဝဘ်ဆိုဒ် ၂၅၀ ကျော်ကို အိန္ဒိယ ပိတ်


အိန္ဒိယမှာ လတ်တလောဖြစ်နေတဲ့ အာသံပြည်နယ် အရေးနဲ့ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမယ့် ကောလဟ လတွေ ဖြန့်ချီနေတယ်ဆိုပြီး ၀ဘ်ဆိုဒ် ၂၅၀ ကျော်ကို အိန္ဒိ ယအစိုးရက ပိတ်လိုက်ပါတယ်။ဂူဂယ်ပေါ်က ပုံတွေနဲ့ ယူကျူေ ပ်ါက ဗီဒီယိုဖိုင်တွေလည်း ကန့်သတ်လိုက်သလို လူမှုဆက်သွ ယ်ရေးကွ န်ယက်တွေဖြစ်တဲ့ Facebook, Twitter တွေကနေ မိုဘိုင်းဖုန်းတွေကိုဝင်တဲ့ Push Message တွေကိုပါ ကန့်သတ်လိုက်ပါတယ်။ ဒါ့အပြင် လူတယောက်အနေနဲ့ မိုဘိုင်းဖုန်းတွေဆီ SMS တပြိုင်တည်းပို့တဲ့အခါ အများဆုံး လူ ၅ ယောက်ကိုပဲ ပို့ခွင့်ရအောင်

Samsung ကုမ္ပဏီ မြန်မာတွင် လုပ်ငန်းတိုးချဲ့ရန် စီစဉ်

တောင်ကိုရီးယား နိုင်ငံမှ Samsung Electronics ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် ယမန်နေ့ကလာရောက် ၍ ဈေးကွက် လေ့လာ မှု ပြုလုပ်ကြောင်း သိရ သည်။ လတ်တလောတွင် AA Electronics Ltd, Royal GK Pte Ltd and MT (Myo Thein) Electronic , Gunkul Engineering Co., Ltd စသည့် မြန်မာပြည်မှ ကုမ္ပဏီ များနှင့် လက်တွဲ လုပ်ကိုင်သွားရန်ရှိကြောင်း၊ စက်တင်ဘာ လကုန်ပိုင်း၌ မြန်နိုင်ငံတွင် အရောင်းပြခန်း ဖွင့်လှစ်ရန် ရှိကြောင်း Eleven Media Group သတင်း ၌ ရေးထားသည်။ Samsung Electronics ကုမ္ပဏီမှ မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊ ဗီဒီယို အောက် စက်၊ ရေခဲ သေတ္တာ၊ အဲကွန်း၊ အ၀တ်လျှော်စက်၊ မိုက်ခရိုဝေ့ စသည့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ် လျက်ရှိသည်။

သံသယဖြင့် ဖမ်းဆီးခံရသည့် ကချင်ကျောင်းသား ၅ ဦး ပြန်လွတ်

အစိုးရ စစ်တပ်နှင့် KIA တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ကချင် ဒုက္ခသည်စခန်းတခု မြင်ကွင်း (ဓာတ်ပုံ – စိမ်းနုနု/ ဧရာဝတီ)
အစိုးရ အာဏာပိုင်များက ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ အဖမ်းခံရသည့် တက္ကသိုလ် ကျောင်းသား ၅ ဦးကို သြဂုတ်လ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဖမ်းခံထားရသည့် လူငယ်များကို မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ သီးသန့်အချုပ်တွင် ထိန်းသိမ်းထားပြီး KIO နှင့် ဆက်နွယ်သည့် မသင်္ကာဖွယ်ရာ ကိစ္စများကို တပတ်ကြာ အာဏာပိုင်များက စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွတ်ပေးလိုက်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်

ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေး

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်ရှိ ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တနင်္ဂနွေ နေ့ က ပုပ္ပါးတောင်၌ ကျင်းပရာ ဒေသခံ တထောင်ကျော် တက်ရောက်ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင် လှုပ်ရှားသူများဖြစ်သော ဦးအုန်း၊ ဦးကျော်သူ၊ ဦးဝင်းမျိုးသူ နှင့် စာရေးဆရာ ကိုတာ တို့လည်း တက်ရောက် ဟောပြောကြကြောင်း RFA ရေဒီယို သတင်း ၌ ပါရှိသည်။

ရခိုင်၌ ညမထွက်ရ အမိန့်မနာခံသူ ၆၀ ကျော် ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မလိုက်နာသည့် ဒေ သခံ ရခိုင်တိုင်းရင်းသား ၆၀ ကျော်အား စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက် ကြောင်း သိရသည်။ ထောင် ဒဏ် အပြစ်ပေးခံရသူများသည် သာမန်အရပ်သားများသာ ဖြစ်ကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်စဉ် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ ညမထွက်ရ အမိန့်ကို ဇွန်လ အတွင်းက စတင် ထုတ်ပြန်ထားပြီး ည ၇ နာရီ မှ နံက် ၅ နာရီ သတ်မှတ်ထားကြောင်း၊ ၎င်းတို့အား ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်နယ် အာဏာပိုင်အဖွဲ့ က ပြောသည်။

၂၀၃၀ တွင် မြန်မာ ၀င်ငွေ အလတ်တန်းစားဖြစ်နိုင်ဟု ADB ပြော

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားကောင်းလာပြီး ၂၀၃၀ ပြည့်နှစ်ခန့်တွင် ၀င်ငွေ အလယ်အလတ်တန်းစား ရှိမည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) က ပြောဆိုလိုက်သည်။ ပြည်တွင်း အသားတင်ထုတ်ကုန် စုစုပေါင်း တန်ဖိုး (GDP)သည်လည်း လာမည့် ၁၈ နှစ် အတွင်း နှစ်စဉ် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း၊ လူ တဦးချင်း ၀င်ငွေသည် လည်း ၃ ဆ ခန့်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ADB ၏ ပြောဆိုချက်ကို AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိုသို့ ဖြစ် လာရန် အတွက် မြန်မာ အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်သွားရန် လိုအပ်သည် ဟု ADB ဒု ဥက္ကဌ Stephen Groff က တိုက်တွန်းထားကြောင်းလည်း သိရသည်။

နယ်ခြားစောင့်တပ် ၂နှစ်ပြည့် အခမ်းအနား ရွှေကုက္ကိုတွင် ကျင်းပ



ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းရေး ၂နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မနက် ၉နာရီကျော်တွင် အမှတ်(၃) တိုက်နယ်မှူးက ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို အမှတ်(၃) တိုက်နယ်အတွင်းရှိ BGF အမှတ်(၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀)တပ်ရင်းများက စုပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စတင်သည့်အချိန်နှင့် ပတ်သက်၍ အခမ်းအနား တက်ရောက်သူတစ်ဦးက “သူတို့က အရင် ၉၉၉ (ဒီကေ ဘီအေ)ကို အမှူးပြုပြီး ၉နာရီ ၉မိနစ်

မြန်မာ့စီးပွားရေး တိုးတက်လာနိုင်ဟု အေဒီဘီ ဟောကိန်းထုတ်



အေဒီဘီရဲ့ အရှေ့ အာရှဆိုင်ရာ ဒု - ဥက္ကဋ္ဌ စတီဖန်ဂရော့ဖ်
မြန်မာနိုင်ငံဟာ စီးပွားရေးတိုးတက်လာနိုင်ပြီး အနာဂတ်မှာ  အလယ်အလတ် ၀င်ငွေရှိတဲ့ အာရှမှာ စီးပွားရေး ထွန်းတောက်လာမယ့် နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ဟောကိန်း ထုတ်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာနဲ့ ပတ်သက်လို့ အေဒီဘီက  လေ့လာပြုစုပြီး ဒီနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး – အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ MYANMAR IN TRANSITION: OPPORTUNITIES AND CHALLENGES လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မှာ

ကချင်တို့၏ နိုးကြားမှု (သို့မဟုတ်) ပိုမိုကြီးမားကျယ်ပြန့်သော တော်လှန်ရေး

 ပြုပြင် ပြောင်းလဲရေးဟု ခေါ်ဆိုကြသည့် နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့မှ စတင် ကာ ကချင်လွတ်လပ်ရေး တပ်မတော်သည် ဗမာ့တပ်မတော်ကို ပိုမိုရင်ဆိုင် တိုက်ခိုက်နေရလျက် ရှိသည်။ ဗမာစစ်သားများ၏ ညှင်းပန်းနှိပ်စက်ခြင်းမှ ရှောင်တိမ်းရန်အတွက် မိမိတို့၏ ရပ်ရွာနေအိမ်များကို စွန့်ခွာထွက်ပြေးကြသော စစ်ပြေးဒုက္ခသည် အရေအတွက်သည်လည်း (၇၅၀၀၀) ကျော်လွန်လာပြီ ဖြစ်သည်။

ပိုမိုဆိုးရွားလာသော ပဋိပက္ခများ၊ ထွက်ပြေး တိမ်း ရှောင် ရခြင်းများနှင့် လူမှုဆင်းရဲဒုက္ခများကို ခါးစည်းခံနေရသည်မှာ တစ် နှစ်ကျော်ကြာလွန်လာပြီ ဖြစ်သော်လည်း ကချင်လူမျိုးများမှာ

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေး

Photo: ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။   တရားစီရင်ရေးမှာ တာဝန် မကျေပြွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး ပြည်သူက ရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။   ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေရေးရာကျွမ်းကျင်သူတွေ  အပါအဝင် ကိုယ်စားလှယ် ၁၉ ဦး က ဆွေးနွေးခဲ့ကြပါတယ်။  ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစည်းအဝေး အပြီးမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။   ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ  ဒီကနေ့ ညနေပိုင်းမှာ လည်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
 
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရားစီရင်ရေးမှာ တာဝန် မကျေပြွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး
ပြည်သူက ရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့

မိုးသီးဇွန် ပီနန်ဆရာတော်ဘုရားကြီး ဆီက လက်နက်ကိုင် တော်လှန်ရေး အတွက် ငွေလိမ်တောင်းခဲ့

ပီနန်ဆရာတော်ဘုရားကြီး ဆီက လက်နက်ကိုင် တော်လှန်ရေး အတွက် ငွေလိမ်တောင်းတဲ့ ကိစ္စတွေ၊ ကိုဋ္ဌေးနိုင် ကို ကျင်းထဲမှာ ထည့်သတ်ခဲ့တာတွေ၊ ရိုလင်ဂျာတွေ ဆီက ပိုက်ဆံယူပြီး တိုင်းပြည်ကို
သစ္စာဖောက်ဖို့ လုပ်တဲ့ ကိစ္စအပါအဝင်၊ မိုးသီးဇွန် ရဲ့ မကောင်းမှု ဒုစရိုက်တွေ အားလုံးကိုတော့ သက်ဆိုင်ရာ လူတွေကပဲ မေးခွန်းထုတ် အရေးယူကြပါတော့။ 
  
From -အောင်မိုးဝင်း Facebook 

ရဲတပ်ဖွဲ့မှမြရည်နန္ဒာကျူးကျော်နေထိုင်သူများအားဖယ်ရှားခိုင်း


မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိကျူးေ ကျာ်နေထိုင်သူမျ
ားအား ဖယ်ရှားရန် သြဂုတ်လ ၂၁ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလာရောက်စေခိုင်းခဲ့ကြောင်း မြရည်နန္ဒာရှိကျူးေ ကျာ်နေထိုင်သူ
များကပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊အောင်ပင်လယ်ရဲ စခန်းမှရဲအရာရှိ ၅၀ ခန့် သြဂုတ်လ ၂၁ ရက်နံနက် ၉နာရီ အချိန်တွင် မြရည်နန္ဒာရှိ ကျူးကျော်တဲများသို့ လာရောက်ခဲ့ပြီး အမြန်ဆုံးဖယ်ရှားပေးရန်စေခိုင်း
ခဲ့သလို ကျူးကျော်နေထိုင်သူများထဲမှ ဦးဝင်းမြင့်ထွန်းကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ကျူးကျော်နေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ကျူးကျော်နေထိုင်သူများထဲမှ

အမေရိကန်-မြန်မာ စီးပွားရေး အဆက်အဆံ


မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အလားအလာတွေ ပေါ်ပေါက် လာနိုင်တဲ့အတွက် နိုင်ငံတကာ လုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်ဖို့ စိတ်အား ထက်သန် နေကြပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးထားတဲ့ အမေရိကန် ပြည်ေ ထာင်စုက လုပ်ငန်းရှင်တွေလည်း စီးပွားရေး အလားအလာတွေကို အကဲခတ်ဖို့ မကြာသေး ခင်ကပဲ မြန်မာနိုင်ငံထဲ သွားရောက်ခဲ့ကြတာပါ။ ဒါပေမဲ့လ ည်း မြန်မာနိုင်ငံနဲ့ ပြည်ပတိုင်ြး ပည်က လုပ်ငန်းတွေ ဆက်စပ် လုပ်ကိုင်နိုင်ဖို့ စိမ်ခေါ်မှုတွေလည်း ကြီးကြီးမားမား ရှိနေတုန်းပဲလို့ ကျွမ်းကျင်သူတွေ ထောက်ပြနေကြတဲ့

တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အား ဒေါ်အော င်ဆန်းစုကြည် က  အောက်ပါအ တိုင်းပြောခဲ့ပါတယ်။ပြည်သူ့လွှတ်တော် ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှ ယ်တွေနဲ့ အချင်းချင်း နားလည်မှုရအောင် လုပ်ကြဖို့ လိုအပ်ကြောင်းကို လည်း ဒေါ်အောင်ဆန်းစုကြ

ဖိလစ်ပိုင်စစ်တပ်နှင့် မွတ်ဆလင်သူပုန်တို့ တိုက်ခိုက်မှုကြောင့် ဒေသခံသောင်းချီ ထွက်ပြေး


မာဂွင်ဒါနာအိုပြည်နယ် ဒါတူအန်ဆေးမြို့အနီးရှိ တောနက်အတွင်း တွေ့ရသော BIFF လက်နက်ကိုင် တပ်ဖွဲ့ဝင်များဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် စစ်တပ်နှင့် မွတ်ဆလင်သူပုန်တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသောကြောင့် လူပေါင်း ၄၅၀၀၀ခန့် နေရာရွှေ့ပြောင်းခဲ့ရကြောင်း ကုလသမဂ္ဂမှ သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စာသင်ကျောင်းများနှင့် ဘာသာရေးကျောင်းများကို ပြုလုပ်ထားသော ကယ်ဆယ်ရေးစခန်း များရှိ နေရာရွှေ့ပြောင်းရသူများ၏ ထက်ဝက်ခန့်သည် နေထိုင်မှုအတွက် ဆိုးရွားသော အခြေအနေတွင်ရှိနေကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အကြီးအကဲဖြစ်သူ

ဗိုလ်ချုပ်အောင်ဆန်း ကျေးဇူး ကတစ်နိုင်ငံ လုံးမှာ ရှိခဲ့ကြောင်း စာရေးဆရာ ချစ်ဦးညိုပြောကြား


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးဖို့ အတွက် တစ်ကမ္ဘာလုံး က စိတ်ဝင် တစား ရှိကြပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ် ညွှန်းဖြစ်မြောက်ရေး မှာ ဆရာချစ်ဦးညိုရယ်၊ ဆရာကြည်စိုးထွန်းရယ် ၊ဆရာငြိမ်းမင်း ရယ်ဖြစ်ပေမယ့်လည်းဆရာငြိမ်းမင်း မပါဝင် ဖြစ်တာနဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုက..
”ကိုငြိမ်းမင်းက သူ့မိသားစု ကျန်းမာရေး အခြေအနေကြောင့် တာဝန် မယူနိုင်တော့ ဘူး။ ကိုဇော်သက်ထွေး၊ဇာဂနာ၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ရှေ့နေကြီး ဦးဇော်လင်း၊ ဒီအပိုင်း ဒီအပိုင်းတွေ ယူမယ် ဆိုပြီး အစည်းအဝေး အကြိမ်ကြိမ်ထိုင်၊ အချက် အလက်တွေ အကြမ်း ထုတ်ပေါ့။ မူလက ကိုငြိမ်းမင်းက ဗိုလ်ချုပ်မွေးစကနေ တက္ကသိုလ် ကျောင်းသား သခင်အောင်ဆန်းဖြစ်တဲ့ အထိ၊

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖွဲ့စည်းမည်


အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ယင်းကော်ပိုရေးရှင်း၏လက်အောက်တွင် ပုဂ္ဂလိကကုမ္ပဏီလေးခုက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို လွှဲပြောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင် အစိုးရဌာနတစ်ခုအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ယင်းဌာနက ဆက်သွယ်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ ပုဂ္ဂလိကကုမ္ပဏီများအား ဥပဒေအရ

တက္ကသိုလ်ဆရာ၊မ များဖွဲ့စည်းခြင်းနှင့်ပတ်သက်၍


သို့
Myanmar Express!
ကျွှန်မစာလေးကိုတင်ပေးပါ။
ကျေးဇူးတင်ပါတယ်။
တက္ကသိုလ်ဆရာ၊ဆရာမများအသင်းကိုဖွဲ့စည်းခြင်း

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ မှာ တက္ကသိုလ်ဆရာ၊မများအသင်းဖွဲ့ရာတွင် ရန်ကုန်တက္ကသိုလ်အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှုးအဖြစ် ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ လက်ထောက် ကထိက၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ရန်ကုန်တက္ကသိုလ်ဆိုပြီးတွေ့ရပါတယ်။

အဲ့ဒီဒေါက်တာစိုင်းခိုင်မျိုးထွန်းဆိုတဲ့ ဆရာနဲ့ပတ်သက်ပြီး သတိထားကြဖို့နဲ့ အဲ့ဒီဆရာကို ရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမများအလုပ်အမှုဆောင်အဖွဲ့က ချက်ချင်းဖယ်ထုတ်ပေးဖို့ ပြောချင်ပါတယ်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆိုတဲ့ ဆရာက ဆရာသိက္ခာမရှိသလို သူရောက်ခဲ့တဲ့နေရာအရပ်တိုင်းမှာ

FMI က နေပြည်တော်-ရန်ကုန် တစ်ရက်လေးကြိမ် လေးကြောင်း ခရီးစဉ် စက်တင်ဘာ ၉ တွင် စတင်မည်


ပထမမြန်မာ့ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ FMI သည် နေပြည်တော်နှင့် စီးပွားရေးမြို့တော် ရန်ကုန်တို့အကြား တစ်နေ့လေးကြိမ်လေကြောင်း ပျံသန်းမှုခရီးစဉ်ကို လာမည့် စက်တင်ဘာ ၉ ရက်မှ စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း Financial Time သတင်းစာက သတင်းဖော်ပြသည်။

ယခုကဲ့သို့ နေ့စဉ်လေယာဉ်ခရီးစဉ် ပြေးဆွဲမှုမှာ ရန်ကုန်မှ နေပြည်တော်အသွားအပြန် ပြုလုပ်မည့် အစိုးရအရာရှိများ၊ နိုင်ငံခြားသံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက
f ချက်ချင်း

ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD မှ ကော့သောင်းတွင် ကိုယ့်ပါတီ ကိုယ် ပြန်ပြီး ဆန္ဒပြ



ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD မှ ကော့သောင်းတွင်း ကိုယ့်ပါတီ ကိုယ် ပြန်ပြီး ဆန္ဒပြ မှုတစ်ခုကို မနေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD တွင် ခရိုင်/မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့ စည်းခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ ပါတီဝင်တချို့က ယနေ့ မွန်းလွှဲပိုင်း၌ ပါတီရုံးရှေ့တွင် ဆန္ဒပြကြသည်။

တနင်္သာရီတိုင်းဒေသကြီး NLD အနေဖြင့် ပါတီညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုပြီး မကျေ နပ်မှုများ ဖြစ်ပွားခဲ့ရာမှ ယင်းကဲ့သို့

၂၀၁၅ ခုနှစ်အတွင်း အိုင်တီပညာရှင်ပေါင်း ငါးထောင်ခန့် ပြည်တွင်း၌ ထပ်မံလိုအပ်လာနိုင်


၂၀၁၅ ခုနှစ်အတွင်း အမှန်တကယ် အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်ပေါင်း ငါးထောင်ခန့် ပြည်တွင်း၌ လိုအပ်နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးရာ၌ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်း၌ ကျွမ်းကျင်အိုင်တီပညာရှင် ငါးထောင်ခန့် လိုအပ်လိမ့်မည်ဟု ကိုယ်စားလှယ်

မြန်မာ့ လေကြောင်းမှ လေယာဉ် လက်မှတ်များကို အွန်လိုင်းမှ တဆင့်ဝယ်ယူနိုင်


ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ လေကြောင်းမှ လေယာဉ် လက်မှတ်များကို အွန်လိုင်းမှ တဆင့် e-Ticketing System နဲ့ စတင် ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့မြန်မာ့ လေကြောင်းမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ e-Ticketing System နဲ့ ၀ယ်ယူမှုဟာ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့်ရှိတဲ့ လူတိုင်း လေယာဉ် လက်မှတ်များကို စတင် ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ လေကြောင်း e-Ticketing များကို ၀ယ်ယူပါက www.myanmaairways.aero မှာ ၀င်ရောက် ရမှာဖြစ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်ရှိ Flight Schedule menu ကိုနှိပ်ပြီး မြန်မာ့ လေကြောင်းမှ

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၌ သဘောထား ထုတ်ပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သြဂုတ် ၁၀ ရက်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သဘောထား ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ-မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူသာသနာ၊ ခရစ်ယာန်သာသနာနှင့် အစ္စလာမ်သာသနာတို့ အသီးသီးရောက်ရှိ ထွန်းကားခဲ့၍ ၄င်းဘာသာ သာသနာတို့အား သက်ဝင်ယုံကြည် ကိုးကွယ်ကြသော သူများသည် အေးအတူပူအမျှ ချစ်ကြည်စည်းလုံးစွာ အတူတကွ ယှဉ်တွဲနေထိုင်လျက်

မိုဘိုင်းဖုန်းမှတစ်ဆင့် Y pay နှင့် Y store အသုံးပြုနိုင်ရန် ဆောင်ရွက်မည်


မိုဘိုင်းဖုန်း အသုံးပြုကာ Y pay နှင့် Y store အွန်လိုင်းငွေပေးချေမှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Y pay online payment gateway မှ တာဝန်ရှိသူက ပြောသည်။ Y pay ဆိုသည်မှာ အင်တာနက် ဝက်ဘ်ဆိုက်များပေါ်မှ အလွယ်တကူနှင့် လုံခြုံမှုရှိစွာ ငွေပေးချေနိုင်သော ငွေလက်ခံနိုင်သော online payment gateway ဖြစ်ပြီး အွန်လိုင်းပေါ်တွင် လွှင့်တင်ထားသော store များမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Y pay နှင့် Y store ကို အသုံးပြုရာတွင် ကွန်ပျူတာများ၊ လက်ပ်တော့များနှင့်သာမက မိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြုနိုင်စေရန် မိုဘိုင်းဗားရှင်းအဖြစ် လွှင့်တင်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ သြဂုတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း (Joint Operation) ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။

မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား ၁၄ မျိုးပါဝင်ပြီး လေယာဉ်ဆိုက်ရောက်
ချိန်တွင် လေယာဉ်သန့်ရှင်းရေးမှစ၍ ယာဉ်ယန္တရားများဖြင့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသည်

Monday, August 20, 2012

စက်တင်ဘာ(၁)ရက်နေ့တွင် တစ်သိန်းဖုန်းထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

စက်တင်ဘာလ(၁)ရက်နေ့တွင် ကျပ်တစ်သိန်းတန် မိုဘိုင်းဖုန်းများအား ချထားပေးမည်ဟု ပြည်သူများ အကြား သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဈေးနှုန်း အပြောင်းအလဲရှိပါက တရာဝင်ကြေ ညာချက် ထုတ်ပြန်မည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်းကာ ကျပ်ရှစ်သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်းကိုလည်း  သိရှိရသည်။
CDMA ဖုန်းများကို ရှစ်သောင်းကျပ်ဖြင့် ချထားပေးမည်ဟု ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အရေးယူနိုင်ကြောင်းကိုလည်း သိရှိရသည်။
”ဒီသတင်းက ကောလဟလပါ ၊ တဖြည်းဖြည်းခြင်း လျှော့ချလာမှာပါ၊တကယ်လို့ တရားဝင်ဆိုရင် လည်း

ရခိုင်ပြည် စုံးစမ်းစစ်ဆေးရေး ကော်မရှင် နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က သမာသမတ်ကျ ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး ဆို


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သာ အဓိကရုဏ်းကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က မိမိတို့ ဦးဆောင်မှု မပြုလုပ်ဘဲ တတ်သိပညာရှင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းမှ ခေါင်းဆောင်တွေနဲ့
လွတ်လပ် သော စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခွင့် ပေးလိုက်ခြင်းအပေါ် ဘင်္ဂလာဒေ့ခ်ျ့အခြေစိုက် ရခိုင်အမျိုး သမီးများ အစည်းအရုံး(RWU)က သမာသမတ်ကျသည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။
" ပြဿနာကို ဖြေရှင်းရာမှာလဲ အစိုးရ၊ စုံးစမ်းစစ်ဆေး သူလည်း အစိုးရဆိုတော့ မသင့်တော်ကြောင်း အစိုးရအနေနဲ့ စဉ်းစားပုံရပါတယ်။ ဒီတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံးစမ်းတာမျိုးက ပိုသင့်တော်တယ်လို့ သေချာစဉ်းစားပြီး အစိုးရမပါဘဲ လွတ်လပ်တဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက် တာဖြစ်နိုင်တယ်လို့ ပြောချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လူမှူးရေးအဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ၊ တချို့ပညာရှင်နဲ့ ဖွဲ့စည်းတာဟာ သမာသမတ်ကျပြီးတော့ နှစ်ဖက်ပြဿနာဖြစ်သူ တွေအကြား အဖြစ်မှန်ကို ရှာဖွေဖေါ်ထုတ်နိုင်လိမ့်မည်လို့

တရုတ်အလှမယ် Miss World သရဖူ ဆွတ်ခူး


တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသ အော်ဒေါ့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့အလှဆုံးမယ် ရွေးချယ်ပွဲ တွင် အိမ်ရှင်တရုတ်အလှမယ် မစ္စယူဝမ်ရှားက မယ်ကမ္ဘာသရဖူ ကို ဆွတ်ခူးသွားခဲ့သည်။
ဂိုဘီသဲကန္တာရ အစပ်ရှိ သတ္တုတွင်းလုပ်ငန်းများကြီးစိုးရာ အော်ဒေါ့စ်မြို့ရှိ အလှမယ်ရွေး ချယ်ပွဲ ခန်းမကြီးထဲတွင် တရုတ်အလှမယ် ယူတစ်ယောက် ပထမရရှိကြောင်း ကြေညာလိုက်ချိန်တွင် တရုတ်နိုင်ငံသားများ အများ စုပါဝင်သော ပရိသတ်ကြီးမှာ တစ်ခဲနက် အားပေးကြပြီး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားခဲ့သည်။
“ကျွန်မငယ်ငယ်တုန်းက လူတွေအများကြီးက ကျွန်မကိုကူညီခဲ့လို့ ကံကောင်းတယ်လို့ ကျွန်မခံစားခဲ့ရပါတယ်။ အနာဂတ်မှာ ကလေးတွေကို ကံကောင်းတယ်လို့ခံစားရအောင်

တရုတ် တင်းနစ်မယ်လီနာ စင်စင်နတီ အိုးပင်း တင်းနစ် ဗိုလ်လုပွဲသို့ တက်ရောက်


ပြင်သစ် အိုးပင်း ချန်ပီယံဟောင်း တရုတ် တင်းနစ်မယ် လီနာသည် သြဂုတ် ၁၈ ရက်က ကျင်းပသော စင်စင်နတီ အိုးပင်း ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အမေရိကန်မှ ဗီးနပ်စ် ဝီလီယံအား (၇-၅)၊ (၃-၆)၊ (၆-၁) ဖြင့် အနိုင်ရ ရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။
တရုတ် တင်းနစ်မယ် လီနာသည် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပသော မွန်ထရီရက် ဗိုလ်လုပွဲ စဉ်တွင် ရှုံးနိမ့်ထား သူဖြစ်ပြီး ယခု ကစားရမည့် ဗိုလ်လုပွဲ တွင်မူ ဂျာမနီမှ အင်ဂျက်လိ ကာဘာ သို့မဟုတ် ချက်သမ္မတ နိုင်ငံမှ ပီထရာ ကေဗစ်တိုဗာနှင့် ယှဉ်ပြိုင် ကစားရ မည်ဖြစ်သည်။
ဗီးနပ်စ်သည် နောက်ကျောတွင် ဒဏ်ရာရ ရှိထားပြီး သူမသည် အမှန်ပင် မကစားနိုင် ခဲ့ကြောင်း၊ မိမိသည် သူမအတွက် အလွန်ပင် စိတ်မကောင်း ဖြစ်မိကြောင်း လီနာက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်ဟု သိရသည်။    
 
from-MWD   

ဒေးဗစ် ဘက်ခမ်း၏ နေရာတွင် အစားထိုး ဝင်ရောက်ဖွယ် ရှိသည့် ရီးယဲလ် ကွင်းလယ် ဖန်တီးရှင် ကာကာ


ဘရာဇီး လက်ရွေးစင် ကစားသမား ကာကာကို လော့စ်အိန်ဂျ လိစ်ဂလက် ဆီအသင်းက ဒေးဗစ်ဘက် ခမ်း၏ နေရာတွင် အစားထိုး နိုင်ဖွယ်ရှိသော ကစားသမား တစ်ဦးအဖြစ် ခေါ်ယူရန် ကြိုးပမ်းလျက် ရှိသည်ဟု သတင်း ထုတ်ပြန်ချက် များအရ သိရသည်။
အဆိုပါ အမေရိကန် ကလပ်အသင်း သည် ရီးယဲလ် ကွင်းလယ် ဖန်တီးရှင် ကာကာကို ဘက်ခမ်း၏ တာဝန် ကို လွှဲပြောင်း ယူမည့်သူအဖြစ် ကျိန်းသေ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းတို့၏ သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။  
အသက် ၃၇ နှစ်ရှိ ဘက်ခမ်းသည် ၎င်း၏လက်ရှိ စာချုပ် သက်တမ်း တိုးမြှင့်ရေးနှင့် ပတ်သက်၍

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်



(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။



(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းများ ပြင်ဆင် မွမ်းမံသွားမည်



အိန္ဒိယနဲ့ မြန်မာ နှစ်ဘက်နယ်စပ်အကြား ကုန်သွယ်ရေးလမ်းတွေကို ပြုပြင်မွန်းမံဖို့ မကြာခင် ဆောင်ရွက်သွားတော့မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောလိုက်ပါတယ်။
ဒီလမ်းတွေဟာ အိန္ဒိယနိုင်ငံ အတွက်  မြန်မာနိုင်ငံတင်မဟုတ်ဘဲ အခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့လည်း ဆက်သွယ် သွားနိုင်မယ့် ကုန်းတွင်းပိုင်း လမ်းကြောင်း ဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မနိပူ ပြည်နယ်ဟာ မြန်မာနဲ့ နယ်ချင်းကပ်ပြီး၊ ကုန်သွယ်ရေးအရလည်း အချက်အချာဖြစ်နေတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ မနီပူပြည်နယ်မြို့တော် အင်ဖာ မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ပါတယ်။ မနိပူပြည်နယ်က

ကြွေးပြန်မဆပ်နိုင်သည့် ရွာသားများ မြေသိမ်းခံရဖွယ်ရှိ

မြေကို အပေါင်ထားပြီး အတိုးနဲ့ ငွေချေးခဲ့တဲ့ ရွာသား ၅၀၀ ကျော်ဟာ သတ်မှတ်ချိန်အတွင်းမှာ အတိုးရော အရင်းပါ ပြန်မဆပ်နိုင်တဲ့အတွက် မြေသိမ်းခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကျေးရွာတွေမှာနေတဲ့ ရွာသား ၅၀၀ ကျော်ဟာ ၂၀၁၀ နှစ်လယ်လောက် မြိတ်မြို့ပေါ်မှာနေတဲ့ ကြွေးရှင်တယောက်ဆီကနေ ၁၀၀ ကို ၇ ကျပ်တိုးနဲ့ ငွေချေးခဲ့ပြီးနောက် ၂ နှစ်ကျော် အကြာမှာ အကြွေးမဆပ်နိုင်တော့ဘဲ မြေသိမ်းခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
မြေသိမ်းခံရမယ့်အရေးမှာ ရွာသားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ မြိတ်မြို့ခံတဦးက “၁ သိန်းလောက်ချေးတဲ့သူက သိန်း ၂၀ ကျော်၊ ၃၀ ကျော်လောက် ဖြစ်နေပြီ။ သူက အတိုးတွေပါ ဆက် ပေါင်းထားတာပေါ့။ ၇ ရာခိုင်နှုန်း အတိုးနဲ့ချေးတယ်။ အခု အတိုးရော အရင်းရော ပေါင်းပြီးတော့

ငါးမွေးကန်ကျိုးပေါက် ဇီးကုန်းရေကြီး




ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့ (၂၄)ရပ်ကွက် ဇီးကုန်း အင်းပေါက်စုအပိုင်းတွင် သြဂုတ် လ (၁၉)ရက်နေ့က အိမ်ခြေ ၃၀၀ခန့် ရေတက်၍ တချို့နေရာ တွင် (၂ပေ-၃ပေ)ခန့် တချို့နေရာ တွင် (၄ပေ-၅ပေ)ခန့် ရေကြီးခဲ့ပါ သည်။

ဖြစ်စဉ်မှာ ၁၉ ရက်နေ့နံနက် (၃)နာရီခန့်တွင် မင်္ဂလာဆေး တက္ကသိုလ်၏ ၅ဧကခန့်ရှိ ရေကန် သည် ၁၀ပေအကျယ်ခန့် ကျိုး ပေါက်ခဲ့ရာမှ အနိမ့်ပိုင်းဖြစ်သော ဇီးကုန်းအင်းပေါက်စုအပိုင်းသို့ ရေများရောက်ရှိခဲ့ပြီး မင်္ဂလာဒုံ တပ်မတော် ဆေးတက္ကသိုလ်ရှေ့

ပဲခူးတိုင်း သဲကုန်းတွင် တောင်သူလယ်သမားကွန်ရက်ဖွဲ့

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့မှာ တောင်သူလယ်သမားအထောက်အကူပြု ကွန်ရက်ကို လယ်သမား ၅၀ ခန့် စုဝေးတိုင်ပင်ပြီး ဒီနေ့ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ကွန်ရက်ဥက္ကဋ္ဌ ဦးအုန်းဟန်က ပြောပါတယ်။

ကွန်ရက်မှာပါတဲ့ လယ်သမားတွေဟာ အုတ်ဖိုအုပ်စု အောင်ကုန်းရွာနဲ့ သင်တောရွာ၊ စောက်ခြုံကြီးအုပ်စု စောက်ခြုံကြီးရွာနဲ့ ကျပင်းရွာ၊ မင်းလှအုပ်စု မင်းလှရွာ စတာတွေအပါအ၀င် သဲကုန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၃ စုက လယ်သမားတွေ ဆွေးနွေးဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
လယ်သမားတွေ အကျိုးအတွက် ပြောဆိုတင်ပြနိုင်အောင် ဖွဲ့စည်းခဲ့တာလို့ ရှင်းပြပါတယ်။ လတ်တလော လယ်သမားတွေ ကြုံနေရတာကိုလည်း ဦးအုန်းဟန်က အခုလို ပြောပါတယ်။
“သဲကုန်းမြို့နယ်အတွင်းမှာ လယ်ယာမြေသိမ်းဆည်းခံရခြင်း၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေများရေနစ်မြုပ်ခြင်း၊ ရွာများအတွင်းရေလွှမ်းခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီမရခြင်းတို့ကြောင့် နိုင်ငံတော်အဆင့်ဆင့်ကို တင်ပြတောင်းဆိုခဲ့တယ်။ အခုအချိန်ထိ

သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များအပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ်အားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲ


လက်ရှိထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များအနက် ထုတ်/တင် စနစ်သို့ြေ ပာင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များ အပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ် အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရပါသည်။ 
ထိုသို့ပြောင်းလဲလိုက်သည့် အကြောင်းကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 

ထုတ်/တင် စနစ်ဖြင့် ပြောင်းလဲလိုက်ခြင်းအရ သတင်းဂျာနယ်၊ ဘာသာရေး ဂျာနယ် (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးဆိုင်ရာ စာမူများ၊ ဘာသာရေးဆိုင်ရာ စာမူများ (ဂမ္ဘီရ အပါအ၀င်)၊

ထိုင်း ခရီးသွား ၉၀၀၀၀ ခန့် မြန်မာသို့ လည်ပတ်ဖွယ်ရှိ

ထိုင်း ခရီးသွား ၉၀၀၀၀ ခန့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း သွားရောက် လည်ပတ်ဖွယ်ရှိကြောင်း ထိုင်း သုတေသန ဌာန  Kasikorn Research Centre က ခန့်မှန်းလိုက်သည်။ ယင်း အရေအတွက်သည်
ယမန်နှစ်ကထက် ၃၀ ရာခိုင်နှုန်းပိုမိုပြီး ၀င်ငွေဘတ် ၁.၁ ဘီလီယံ ၀န်းကျင် ရရှိနိုင်ကြောင်း ၊ ၁၈ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား ခရီးသွား ၅ သိန်းခန့် ဖြစ်နိုင်ပြီး ၀င်ငွေ ၁၂ ဘီလီယံ ဘတ် မျှော်လင့်ရကြောင်း ယင်းသုတေသနဌာန၏ ခန့်မှန်းချက်ကို ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံသို့ အများဆုံးလာရောက်သူများမှာ တရုတ်၊ ထိုင်း ၊ မလေးရှား ၊ တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံများမှ ဖြစ်ကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံ သို့ ခရီးသွား ၃၉၁ ၁၇၆ ဦးလာရောက်ခဲ့ပြီး ၂၀၁၀ က ထက် ၂၅ ရာခိုင်နှုန်းပိုများကြောင်း၊ ၂၀၁၀ တွင် ၃၁၁ ၀၀၀ ဦး လာရောက် ကြောင်းလည်း သိရသည်။

from-ဧရာဝတီ

တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သင့်



သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ
ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင်
ရဟန်းတော်များလည်း ပါဝင် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်အား နိရဉ္စရာမှ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊

မွတ်ဆလင် ဆန့်ကျင်ရေး စာများ ဖြန့်ဝေ၍ ဖမ်းဆီးခံ သံတွဲမှ ကျောင်းသားသုံးဦးကို ရုံးထုတ်

 
ရခိုင်ပြည်နယ် သံတွဲမြို့တွင် မွတ်ဆလင် ဆန့်ကျင်ရေးစာရွက်စာတမ်း ဖြန့်ဝေမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထား ရသောကျောင်းသား (၃) ဦးကို သြဂတ်စ်လ ၁၄ ရက်နေ့ကသံတွဲမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။“ သူတို့က ဘယ်လို ပြောမလဲ။ သူတို့ဖြန့်တာက မွတ်ဆလင် ဆန့်ကျင်တဲ့ စာတော့ မဟုတ်ပါဘူး။ မွတ်ဆလင် တစ်ဦးက ဗုဒ္ဓဘာဝင် အမျိုးသမီး တစ်ဦးကို လက်ထပ်နိုင်ရင် ပိုက်ဆံ ဘယ်လောက် ပေးမယ်။
 ဘွဲ့ရ ပညာတတ် ဆိုရင် ဘယ်လောက်ပေးမယ် စသဖြင့် အဲသလို ရေးထားတဲ့ စာတွေကို သံတွဲမှာ ဖြန့်တဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နယ်စပ်အမြောက်တပ် ကြည့်ရှုစစ်ဆေး


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့်  အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့် မှုများ မပြုလုပ်မီ နယ်စပ်ရှိ အမြောက်တပ် စခန်းကို စစ်ဆေးခဲ့ကြောင်း သြဂုတ် ၁၈ ရက်က သတင်းမီဒီယာတွင် ဖော်ပြ ထားသည်။
ကင်ဂျုံအွန်သည် မြောက်ကိုရီးယား နယ်စပ်မူ ကျွန်းစုအပေါ်တွင် တပ်စွဲထားသည့် ကိုရီးယားပြည်သူ့တပ် မတော်မှ အမြောက် တပ်ဖွဲ့ကို စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ တပ်ဖွဲ့ဝင် များအား ချီးကျူးခဲ့ သည်ဟု သိရသည်။

တောင်ကို ရီးယားနှင့် အမေရိကန် နိုင်ငံတို့သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ ဖြစ်သည့် စစ်ရေးလေ့ကျင့် မှုကို နှစ်စဉ် သြဂုတ် ၂ဝ ရက်မှ ၃၁ ရက်အတွင်း ပြုလုပ်လေ့ရှိပြီး အဆိုပါ စစ်ရေးလေ့ကျင့် မှုတွင် တောင်ကိုရီးယား နိုင်ငံမှ တပ်ဖွဲ့ဝင် ၅၆ဝဝဝ ဦးနှင့် အမေရိကန် စစ်သည် ၃ဝဝဝဝ  ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

from-မြ၀တီ

စပိန်လဆင်းယာဉ် ၂ဝ၁၄ တွင် တရုတ်လွှတ်တင်မည်


တရုတ်နိုင်ငံ၏ ဂရိတ်ဝေါ ကော်ပိုရေးရှင်းသည် စပိန်လဆင်းယာဉ်ကို ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း လွှတ်တင် မည်ဖြစ်ကြောင်း ဂူဂဲလ်၏ Lunar X Prize ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ဘာစီလိုနာလ အသင်းကို ကြီးကြပ်သည့် Galactic Suite ကုမ္ပဏီက ပြောကြားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာ အသင်းသည် ဂူဂဲလ်၏ Lunar X Prize ပြိုင်ပွဲတွင် ပါဝင် ည့် စပိန်နိုင်ငံ၏ တစ်ခုတည်းသော အသင်းဖြစ်ပြီး ၄င်းပြိုင်ပွဲ၏ သတ်မှတ်ချက်အရ လဆင်းယာဉ် တစ်စင်းကို ဖန်တီးပြုလုပ်ပြီး လပေါ်သို့စေ လွှတ်ရမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ လပေါ်မှ တိုက်ရိုက်ပုံရိပ်များပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလဆင်းယာဉ်ကို Long March 2C/ CTS-2 ဒုံးပျံဖြင့် စီချွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။

from-မြ၀တီ

ကုန်ပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များအား ပြည်တွင်း/ပြည်ပကုမ္ပဏီများ စိတ်ဝင်စားနေ



မြန်မာ့ပိုင်နက်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းတွေအတွက် အာရှနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကုမ္ပဏီအမြောက်အများ လာရောက် ဆွေးနွေးနေကြတယ်လို့ စွမ်းအင် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကုန်းပိုင်းလုပ်ကွက်တွေမှာ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်းကုမ္ပဏီ ၆၀ ကျော်က လည်း လာ‌ရောက်ကမ်းလှမ်း ထားတယ်လို့ ဆိုပါတယ်။
ကုန်းပိုင်းလုပ်ကွက်တွေအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူဖို့ရှိပြီး တင်ဒါခေါ်ဆိုပါက နေ့စဉ်ထုတ် သတင်းစာတွေကသာမကဘဲ စွမ်းအင်ဝန်ကြီးဌာန ဆိုင်ရာ ၀က်ဘ်ဆိုဒ်နဲ့ ဘလော့တွေထဲမှာလည်း ထည့်သွင်းကြေညာသွားမယ်လို့ ဒီလဆန်းပိုင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
တွေ့ရှိတဲ့သယံဇာတတွေကို ဒေသခံအပါအ၀င် ပြည်သူတရပ်လုံး အကျိုးရှိ ထိရောက်ဆုံး သုံးစွဲမှု ဖြစ်စေရေး မူဝါဒ ကိုင်စွဲပြီး လုပ်နေတယ်လို့ ဆိုပါတယ်။  ပြည်ပကုမ္ပဏီတွေအနေနဲ့ ကုန်းပိုင်းနဲ့ကမ်းလွန် လုပ်ကွက် ၂

အမှိုက်အမျိုးအစားမခွဲပါက စက်တင်ဘာလမှစ၍ ဒဏ်ငွေကျပ်(၁)သောင်း ပေးဆောင်ရမည်


ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ(၁)ရက်နေ့မှစတင်၍ စွန့်ပစ်အမှိုက်များအားအမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှုမရှိပါက
ဒဏ်ငွေ (၁)သောင်းကျပ် ပေးဆောင် စနစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။  ''ရန်ကုန်တိုင်းဒေသကြီးက အတည်ပြုချက်နဲ့ ဒဏ်ကြေး(၁)သောင်း တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ နဂိုကတည်းက

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်(၄၅ဝ)နှင့်အထက် ရရှိသူများ ကွန်ပျူတာတက္ကသိုလ်သို့ ထပ်မံလျှောက်ထားနိုင်



၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မှတ် (၄၅ဝ)နှင့်အထက်ရရှိထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးပါကလည်း
ရန်ကုန်နှင့် မန္တလေးရှိအဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များတွင်ထပ်မံလျှောက် ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက
သိရသည်။
“ရမှတ် (၄၅ဝ)နဲ့အထက်ရတဲ့သူတွေက အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်အတွက် လျှောက်ချင်သေး တယ်ဆိုရင်   လျှောက်ထား  လို့ရပါတယ်။ မူလလျှောက်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်ဦးစားပေးလျှောက် ထားတာတော့ ဦးစားပေး (၂)ဖြစ်သွားမှာပေါ့။ အရင်လျှောက်တဲ့ စာအိတ်နံပါတ်တော့ မှန်ဖို့လိုမယ်။ ဒါမှပြန်ချိတ်ဆက်လို့ရမှာ” ဟု မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာမီမီသက်တင်

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရမိ


သြဂုတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ အား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။ “ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု