ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 03, 2012

အမျိုးသားထောက်လှမ်းရေးအဖွဲ့ဝင်များကို ပင်စင်ပေးနိုင်/မနိုင် လွှတ်တော်မှာ မေး

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အရပ်ဝန်ထမ်းများ၏ တရားဝင်ခံစားခွင့်ရှိသည့် ပင်စင်နှင့် ဆုငွေ များကို ခံစားခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်ပြီး ဦးစိုးစိုး (ထီးချိုင့်)မှ မေးမြန်းရာ- ကျွန်တော်၏ ယခုမေးမြန်းတင်ပြချက်များ သည် ပုဂ္ဂိုလ်ရေးမပါရှိပါ စည်းလုံးညီညွတ်ခြင်းကို အဓိကထားပြီး မေးမြန်းတင်ပြခြင်းသာဖြစ်ပါ ကြောင်း
ကြိုတင်တင်ပြလိုပါတယ်။ မေးမြန်းလိုတဲ့အချက်ကတော့ နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့်အတူ တွဲဘက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရပ်ဘက်ဆိုင်ရာဝန်ထမ်းများရဲ့ ဘဝရပ်တည်မှုအတွက် တရားဝင်ခံစားခွင့်ရှိသော ဆုငွေနှင့် ပင်စင်ကိစ္စရပ်များ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်

ရိုဟင်ဂျာများ နိုင်ငံတွင်း ဉ် အကူအညီ ပေးခြင်းမလုပ်ရန် ဘင်္ဂလားဒေရှ် အစိုးရ က NGO များ ကို ညွှန်ကြား

Members of the Border Guard of Bangladesh (BGB) stand guard by the Naf River, where Rohingyas from Myanmar commonly try to get into Bangladesh by boats, in Teknaf
မူရင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကိုကူညီရန် စီစဉ်နေသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများကို အကူအညီမပေးရန် ဘင်္ဂလားဒေရှ် အစိုးရက တားမြစ်လိုက်သည်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့  Doctors without Borders (MSF)၊ Action  Against Hunger  (ACF)  နှင့်  Britain’s Muslim Aid UK တို့ကို  မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်း  ထိစပ်နေသည့်ကော့ဘဇားတွင် အကူပေးမှု လုပ်ငန်းများကို ဘင်္ဂလားဒေရှ်အစိုးရ၏ အစိုးရမဟုတ်သော

မြန်မာ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်

from - https://www.facebook.com/thevoiceweekly
ရန်ကုန်၊ သြဂုတ် ၃
မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေး အဖွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group မှ The Voice Weekly သို့ပြောကြားသည်။
အဆိုပါ ညီလာခံတွင် နိုင်ငံခြ
ားရင်းနှီးမြှုပ်နှံမှုဥပဒေ သစ် ၊ ငွေကြေး လဲလှယ်နှုန်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပြင် လယ်ယာ စိုက်ပျိုးရေး ၊ သားငါးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ဧည့်လမ်းညွှန် ကဏ္ဍ အစရှိသည်

သင်္ကြန် ဗုံးခွဲမှု့ တရားခံ ဖြိုးဝေအောင် ပြန်လွှတ်

   2010 ခုနှစ် ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနှင့် ပတ်သတ်ပြီး ဖမ်းဆီးခံရတဲ့ ကိုဖြိုးဝေအောင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။ သူ့ကို မကြာခင် ရက်ပိုင်းအတွင်းက လူ့အခွင့်အေ၇း ကိုယ်စားလှယ် ကင်တားနား တွေ့ဆုံခဲ့ပါသေးတ.်၊ သူ့ကို  လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာလား။ ကျန်းမာရေးမကောင်းလို့ လွှတ်ပေးလိုက်တာလားတေှာ့ရှင်းရှင်းလင်းလင်း မသိရသေးပါ

၈၈မျိုးဆက်ကျောင်းသားများ ကျောက်နီမော်ခရီး

 

ဟောင်သရောမြစ်တွင်းမှ လှေများကို KKO-DKBA မှ ဂိတ်ကြေးကောက်ခံမှု များလွန်းဟု ဒေသခံပြောဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ် အတွင်း သွားလာနေသည့် လှေများကို KKO-DKBA အဖွဲ့က အသွားအပြန် ဂိတ်ကြေးနှင့် နှစ်စဉ် လိုင်စင်ကြေးများကို အဆမတန် တောင်းခံနေကြောင်း မြစ်ကြောင်းအတွင်း သွားလာနေသည့် ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။


 ဒေသခံတစ်ဦးက “ကျိုက်ဒုံမြို့နယ်ခွဲက ဟောင်သရောချောင်းမှာ KKO, DKBA ဂိတ်တွေက လှေတစ်စီးကို အသွား ငါးထောင်(ကျပ်)၊ အပြန် ငါးထောင် တောင်းတယ်။

လန်ဒန်အိုလံပစ်စတုတ္ထနေ့အထိ ဆုရရှိမှုတွင် တရုတ်နိုင်ငံမှ ဆုတံဆိပ် (၁၈) ခုဖြင့် ထိပ်ဆုံးမှရပ်တည်


၂၀၁၂ လန်ဒန်အိုလံပစ် စတုတ်္ထနေ့ (၃၁.၇.၂၀၁၂) ရက် နေ့ နိုင်ငံအလိုက်ဆုရရှိမှုတွင် တရုတ်မှ ရွှေ(၁၀)၊ ငွေ (၅)၊ ကြေး (၃) ပေါင်း (၁၈) ခုဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။
တရုတ်နောက်တွင် အမေရိ ကန်မှ ဆုတံဆိပ် (၁၈)ခုဖြင့် ဒုတိယပြင်သစ်မှ (၉) ခုမြောက် ကိုရီးယားမှ (၄)ခု၊ အီတလီမှ (၄) ခု၊ တောင်ကိုရီးယားမှ (၈)ခု၊ ဂျာမနီမှ (၅)ခု ရုရှားမှ (၆)မှ၊ ကာဇက်စတန်မှ (၂)ခု၊ ဂျပန်ပါ (၁၂)ခု အစဉ်လိုက်ရပ်တည် နေကြပါသည်။

ယခုဖော်ပြပါဆုရသည်နိုင်ငံ များတွင် အာရှတိုက်မှ (၆) နိုင်ငံ ပါရှိ၍ ဦးဆောင်လိုက်ရှိကြောင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

From : narinjara
ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။ ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။
ပိုစတာများထဲတွင် မြန်မာလို (၁) နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ (၂) မြန်မာနိုင်ငံ ၏ အချုပ်အချာအာဏာကိုလေးစားပါ။ (၃) တိုင်းရင်းသားတို့၏ လူအခွင့် ရေးကို လေးစားပါ။(၄) မျှမျှတတ

စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ


From : M Media
စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ... ခပ်ရှင်းရှင်းပြောရရင် ဘယ်သူကမှ မီဒီယာကို စတုတ္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်တာမဟုတ်ပါဘူး... နိုင်ငံတော်တစ်ရပ် အတွက် အဓိမဏ္ဍိုင်ကြီး၃ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတာ ပြည်သူလူထုကရွေးချယ်တင်မြှောက်ခံဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံဝန်ထမ်းအဖြစ် နိုင်ငံတော်ရဲ့ ဘဏ္ဍာတော်ကိုစားပြီး ဆောင်ရွက်ရသူပါ... မီဒီယာဆိုတာကတော့ ပြောရရင် စီးပွါးရေးလုပ်ငန်းတစ်ခုသက်သက်ပါပဲ... ဒါကို မီဒီယာသမားတွေက ကိုယ့်ကိုယ်ကိုဂုဏ်တင်ပြီး

စီးပွားရေးပြုပြင်ပြောင်းလဲမှု အလုပ်ရုံဆွေးနွေးပွဲ သမ္မတ ဦးဆောင်ကျင်းပမည်


From : ခေတ်လူငယ်
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ ဦးစီး၍ နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။ ယင်းအစည်းအဝေးပွဲ ကျင်းပနိုင်ရန် အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု၏ တင်ပြချက် အကြံဥာဏ်များကို ရယူနိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူထားသည့် ဝန်ကြီးများက ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုတွင် တွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားသည်။ ယင်းတွေ့ဆုံပွဲများမှ ရရှိလာသည့် ရလဒ်ကို နေပြည်တော် တွေ့ဆုံပွဲတွင်

မြန်မာ့သွင်းကုန် ပိတ်ဆို့မှု ဥပဒေသက်တမ်း တိုးဖို့ အမေရိကန် လွှတ်တော် ၂ ရပ် အတည်ပြု


၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။

အခုလို ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို လွှတ်တော် နှစ်ရပ်စလုံး သက်တမ်း တိုးလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်ကြတဲ့

အီတိုး ကွာရှင်း


From : 7 day

အဆိုတော်ဇော်ဝင်းထွဋ်၏ သားဖြစ်သူ
ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးနှင့်ဇနီးဖြစ်သူ Ruby Dragon ကုမ္ပဏီပိုင်ရှင်သမီး မမြင့်မြတ်သူတို့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ပေါင်းသင်းနေထိုင်စဉ်တွင် ခွင့်မလွှတ်နိုင်သောလုပ်ရပ်များကို အကြိမ်ကြိမ်ပြုလုပ်ကျူးလွန်သဖြင့် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးချုပ်ဒုတိယမြို့နယ်တရားသူကြီး (၂) ရှေ့တွင်