ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, March 27, 2012

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်

၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ

၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့

72612

၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကို နံနက် ၁၁ နာရီ အချိန်တွင် စတင်ခဲ့ပြီး အစီအစဉ် ၈ ရပ်ဖြင့် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
အစီအစဉ်အရ နိုင်ငံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများအား ၀မ်းနည်းသောအားဖြင့် တစ်မိနစ် ငြိမ်ခဲ့ကြပြီး နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ ၆၇ နှစ်မြောက်ဖက်ဆစ် တော်လှန်ရေးနေ့ ကြေညာချက် စာတမ်းကို ဖတ်ကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ‘ယနေ့သည် ၆၇ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည် မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်သော ပြည်သူလူထုကြီးက (ဗမာ့တတပ်မတော်)က နယ်ချဲ့တို့ကို ပူးပေါင်းပါဝင် ဖယ်ရှားခဲ့သော လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ယနေ့မှာလည်း ကျွန်မတို့တွေ ကိုယ်လိုလားသော လူ့အဖွဲ့ အစည်းတစ်ခုအတွက် ဒါကြောင့် ပြည်သူတွေကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ထူထောင်နိုင်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စိတ်ဓာတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ပါတယ်။ ဒီအချိန်မှာ ငါတို့ NLD ပါတီဟာ အရင်ကလို စည်းမဲ့ကမ်းမဲ့ အပြုအမူတွေကို ပြည်သူတွေသတိမမှုမခင်း အမြန်ထိမ်းသိမ်း ဆင်ခြင်ရမှာဖြစ်ပါတယ်။ ငါအများကြီးလုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ ဆိုသော စိတ်ဓာတ်မျိုး ဘယ်တော့မှမထားဘဲ ငါလုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား ဆိုသော စိတ်ဓာတ်သာ ရှိရမှာဖြစ်ပါတယ်။  ကွယ်လွန်ခါနီး တော်လှန်ရေးသမားကို ရွာသားများက ၀ိုင်း၍ တိုင်းပြည်ကို ဘာများမှာခဲ့လိုသနည်း မေးရာ ခရီးမတ်တပ်လမ်း ခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာတဲ့ကြောင်း ပြောပါလေ၊ အသက်မထွက်မီ စကားပါးခဲ့ပါသည်၊ ထိုကဲ့သို့ပင် ကျွန်မတို့ ယခု စိတ်ဓာတ် တော်လှန်ရေး ဆင်နွှဲနေရတဲ့ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးသည် မိမိတို့အနေနှင့် မည်မျှလုပ်ခဲ့ပြီးပြီဟူ၍ မစဉ်းစားဘဲ မည်မျှလုပ်ကိုင်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ NLD အနေနှင့် လက်တွေ့လုပ်ဆောင်မှုတွေ နည်းပါးသေးတာကို မထောက်ပြခင်  မိမိတို့ဘက်မ မည်မျှလုပ်ကိုင်ရန် ရှိသေးသည်ကိုသာ ဆက်လက်ထောက်ပြသွားရမည်။ အခက်အခဲများကို ပြည်သူနှင့် ကျွန်မတို့ ပါတီ အဖွဲ့အစည်းများက ထက်မြတ်သော သတ္တိ၊ ခိုင်မာသောဇွဲ၊ ၀ီရိယနဲ့ ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာ စေရန် အဓိကဆောင်ရွက်ပေးနိုင် သော အင်အားစုမှာ ပြည်သူများသာ ဖြစ်ပါတယ်။ ပြည်သူများလိုလား နေသော ဒီမိုကရေစီပြည်ထောင်စု ကြီး ထူထောင်ရန် ဦးတည်သော ပြည်သူ့စိတ်ဓာတ် တော်လှန်ရေး အောင်မြင်ပါစေကြောင်း ယနေ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ တွင် ဆုမွန်ကောင်းတောင်းအပ်ပါသည်’ဟု ပါရှိပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပြီး၊ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

မြိတ် မှာ NLD ဘာတွေလုပ်ခဲ့သလဲ

မြိတ်မြို့သို့ရောက်ရှိလာစဉ်ဗကပ(UG)အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
 မတ်လ(၂၄)ရက်နှင့် (၂၅) ရက်နေ့များတွင် မြိတ်မြို့သို့ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား အသုံးချခဲ့ပါသည် ။ 
ဗကပ (UG) အကြွင်းအကျန်များသည် NLD ပါတီအတွင်းဝင်ရောက်ရောနှော

သီလဝါ ဆိပ်ကမ်း သစ်ပုံများ မီးလောင်မှူမြင်ကွင်းများ

ဓါတ်ပုံများကို Eleven Media Group မှ တဆင့် ပြန်လည်ကူးယူဖော်ပြပါသည် ။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းကောက်နုတ်ချက်

တပ်မတော်နေ့ တွင် ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သော မိန့်ခွန်းထဲမှ ကောက်နုတ်ချက်များ ကိုတင်ပြ
သွားပါမည် ။
  တပ်မတော်အနေဖြင့် အနာဂတ်

၆၇ နှစ်မြောက် တပ်မတော်နေ့ (ဗွီဒီယို နှင့် ဓာတ်ပုံ)


အမှန်တရား ကို ဟောကြားဆုံးမပြနေသော ဆရာတော်

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ ကျောင်းထိုင်ဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို

ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ၂၅ % ကိုဖယ်ရှားဖို့ကြိုးစားတာ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်တာလား ဒေါ်စုကြည်


ကိုယ့်ထီး ကိုယ့်နန်း နဲ့နေလာခဲ့တဲ့ မြန်မာ့သမိုင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း တပ်မတော်ဆို တာ ရှိခဲ့ပါတယ်။ ဒုတိယမြန်မာနိုင်ငံ

သင်္ကြန်မဏ္ဍပ်များ မြန်မာအမည်ဖြင့်သာ အသုံးပြုရန် ညွှန်ကြား


From : ခေတ်လူငယ်
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ရိုးရာယဉ်ကျေးမှု အတာသဘင်အား မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်စေရေးနှင့် ပြည်သူများအနေဖြင့် အတာသင်္ကြန် ပွဲတော်အား စိတ်အေးချမ်းသာစွာ ဆင်နွှဲနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက

ဥရောပအကြီးဆုံး ဆောက်လုပ်ရေးသုံး ပစ္စည်းထုတ် လုပ်ငန်းစုကြီးက မြန်မာကိုမျက်စိကျနေ

From : SMG


ဝင်ရောက်ချင်နေကြောင်း ၇-၃-၂၀၁၂ ရက်ကသိရသည်။ ဗြိတိန်အခြေစိုက် JCBအနေဖြင့် ယခုနှစ်နှစ်လယ်ပိုင်းတွင် ၀င်ရောက်လိုနေပြီး မျက်စိကျရခြင်းသည် ယခင်က ရှိခဲ့သော စီးပွားရေး ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးတော့မည့် အလားအလာများကို

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စုကြည်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော် အမြင်


From : မျိုးမြန်မာ

ကျွန်တော်သည် နိုင်ငံရေး အကြောင်း ဆွေးနွေးရာတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဆွေးနွေးချက် များအား တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိ၏။ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင်ကြီး၏ သမီး ဖြစ်ခဲ့ဖူးပြီး အမျိုးသမီး တစ်ဦးလည်း ဖြစ်နေသည့် ဒေါ်စုကြည်အား ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဝေဖန် ဆွေးနွေးရန် များစွာပင် ၀န်လေး မိပါသည်။ သို့သော် သူမသည်