ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 10, 2012

ဆူဇူကီးဖလား ခြေစစ်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းလူစာရင်းကို သြဂုတ် ၁ ရက်က ရွေးချယ်

ဆူဇူကီးဖလား ခြေစစ်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းလူစာရင်းကို သြဂုတ် ၁ ရက်က ရွေးချယ်ဖွဲ့စည်းလိုက်ရာ ပဏာမလူစာ ရင်းတွင် အားကစားသမား ၂၈ ဦးပါဝင်ကြောင်း သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် ဂိုးသမားအဖြစ် သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊ ထွန်းလင်းစိုး၊ နောက်တန်းတွင် အောင်သိုက်၊ မိုးဝင်း၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ ရန်အောင်ဝင်း၊ သက်နိုင်၊ ပြည့်ဖြိုးအောင်၊ သိန်းသန်းဝင်းတို့ပါဝင်ပြီး အလယ်တန်းတွင် ရဲဇော်ထက်အောင်၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ နိုင်လင်းဦး၊ အောင်ချမ်းမိုး၊ ဒေးဗစ်ထန်း၊ ကြည်လင်း၊ ပိုင်စိုး၊ နန္ဒလင်းကျော်ချစ်၊ မျိုးဇော်ဦးနှင့် ရှေ့ တန်းတွင် ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ရန်ပိုင်၊ စိုးမြတ်သူ၊ ကောင်း စည်သူ တို့ပါဝင်ကြောင်း သိရသည်။

ကော့သောင်း ကျောက်မီးသွေးသုံး စက်ရုံ စမ်းသပ်လည်ပတ်ပြီး ရပ်နားထား


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက စတင်စမ်းသပ် လည်ပတ်ခဲ့ပြီးနောက် ပြန်လည် ရပ်နားထားလိုက်ရ ကြောင်း ဒေသခံများက ပြောသည်။

လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် အဆိုပါစက်ရုံ စတင်လည်ပတ်ရာမှ ထွက်ပေါ်လာသည့် ကျယ်လောင်သံများ ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ တုန်ခါခြင်းနှင့် စာသင်ကျောင်းမှ ကလေးငယ်များ ကြောက်လန့် ထွက်ပြေးခြင်းများ အပြင် အနံ့အ သက်ဆိုးများကိုလည်း ရှူရှိုက်ရသည်ဟု သန်းဖြိုးသူ ကုမ္ပဏီ လိမိတက် ပိုင်ဆိုင်သည့် စက်ရုံရှိရာ ရွှေပြည်သာ ရပ်ကွက်နေသူ တို့က ပြောသည်။

“၆ ရက်နေ့ ၁၂ နာရီလောက်မှာ သူတို့ မီးစက် တအားနှိုးလိုက်တဲ့အခါတော့လေ လေယာဉ်တွေ

ရွှေပြည်သာတွင် ရေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး စခန်းဖွင့်

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် သတင်းဖော်ပြထားသည်။

ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေပြည်သာ မြို့နယ် အတွင်းရှိ (ဒ/၁၇) ရပ်ကွက်တွင် မိုးရွာသွန်း မှုကြောင့် ရေအမြင့် သုံးပေမှ ငါးပေခန့် အထိ ရေကြီးမှု ဖြစ်ပွားရာ နေအိမ် ၁၀၁ လုံးမှ အိမ်ထောင်စု ၁၀၁ စုရှိ ကျား ၂၂၄ ဦး၊ မ၂၂၄ ဦးတို့ အပါအဝင် စုစုပေါင်း ၄၄၈ ဦးအား ရွှေပြည်သာမြို့နယ် မီးသတ် တပ်ဖွဲ့ စခန်းမှ သန္ဓေ တပ်ဖွဲ့ဝင် ငါးဦးနှင့် အရန်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က ကူညီ စောင့်ရှောက် ကာ အဆိုပါ ရွှေပြည်

၁၀-၀၈-၂၀၁၂ ရက်နေ့ လွှတ်တော်တွင်းမှ သတင်းများ စုစည်း ဖေါ်ပြခြင်း

ယနေ့ (သြဂုတ်လ ၁၀ ရက်) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ 
(၁) အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန် ပေးအပ်သည့် ပုဂ္ဂိုလ် က အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များ အပေါ် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်း
ခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
(၂) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသား လွှတ်တော်၏
သဘောတူညီချက် ရယူခြင်း။
အစရှိသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။

'' UNESCO က မြန်မာမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကူညီမည်'

UNESCO ညွှန်ကြားရေးမှူးချုပ် မစ္စအီရိနာဘိုကိုဗာက မြန်မာနိုင်ငံ၏ မီဒီယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် စီစဉ်ဆောင်ရွက် ကူညီပေးသွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။ထို့အပြင် သူမက UNESCO အနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းရေးအတွက် ဆက်လက် တိုးမြှင့်ကူညီ သွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
မစ္စအီရိနာဘိုကိုဗာက မြန်မာနိုင်ငံရောက်ရှိခိုက် သမ္မတ ဦးသိန်းစိန်၊ အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အရပ်ဖက် အဖွဲ့အစည်းများပါ တွေ့ဆုံခဲ့ပြီး၊ ယနေ့

ထိုင်း-မြန်မာ ပညာရေး ဖလှယ်မည်

ချင်းမိုင် တက္ကသိုလ် မှ သင်ကြားရေး အစီအစဉ် တခု(ဓာတ်ပုံ – chiangmaiplaces.com)
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna တက္ကသိုလ်သည် ပညာရေး ဖလှယ်မှု အစီအစဉ်အရ မြန်မာနိုင်ငံ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် မကြာခင် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးရန် စီစဉ် နေ ကြောင်း သိရသည်။
MOUသဘောတူညီမှုအရ နှစ်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာမှုများ ပါဝင်မည် ဖြစ်ကြောင်း Rajamangala တက္ကသိုလ်မှ တာဝန်ရှိသူ Chaiyong Eurviriyanukul က
ဧရာဝတီကို ပြောသည်။
Rajamangala တက္ကသိုလ် အနေနှင့် မြန်မာတက္ကသိုလ် ကျောင်းသားများ အတွက် ပညာတော်သင်ယူခွင့်နှင့် အလုပ်သင် အစီအ စဉ် များကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာကျောင်းသားတွေကို ကျနော်တို့ တက္ကသိုလ်မှာ သင်ကြားဖို့ ဖိတ်ခေါ်မှာဖြစ်ပြီး ထိုင်းကျောင်းသား တွေကိုလည်း မြန်မာ တက္ကသိုလ်တွေမှာ ဘာသာစကား ဖလှယ်ဖို့ စေလွှတ်မှာ ဖြစ်တယ်၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ အထောက်အကူ ပြုမှာဖြစ်တယ်”ဟု Chaiyong က ဆက်ပြောသည်။
ချင်းမိုင်မြို့အပါအ၀င် ချင်းရိုင်း၊ လန်းပန်း၊ နာ့၊ တာ့ခ် နှင့် ဖိစနိုလို ခရိုင်တို့တွင် ရှိသည့် Rajamangala တက္ကသိုလ်ခွဲများတွင် မြန်မာ ကျောင်းသားများ အနေနှင့် ပညာသင်ကြားနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယင်းပညာရေး ဖလှယ်မှု အစီအစဉ်သည် ၂၀၁၅ ခုနှစ် အာဆီယံနိုင်ငံများ စီးပွားရေးဇုန်(AEC) အတွက် အထောက်အကူပြုစေရန်  ရည်ရွယ်ထားကြောင်း Chaiyong က ရှင်းပြသည်။
“နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ၊ ပညာရေးဟာ နိုင်ငံရေးနဲ့ လုံးဝ အသက်ဆိုင်ဘူး၊ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ Rajamangala တက္ကသိုလ်မှ ဒေါက်တာ နုနုယဉ် ကလည်း နားလည်မှု စာချွန်လွှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးပါက ယင်ဘာသာရပ် ဖလှယ်မှု အစီအစဉ်ကို စတင်မည် ဖြစ်ကြောင်း ပြောသည်။
ဒေါက်တာ နုနုယဉ်သည် လတ်တလော ယင်းတက္ကသိုလ်၌ နိုင်ငံတကာ စီးပွားရေးနှင့် ပတ်သက်သည့် အခန်းကဏ္ဍ၌ တာဝန်ထမ်း ဆောင်နေသူ တဦးဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများကိုလည်း ထိုင်းဘာသာရပ်ကို သင်ကြားပေးရန်အစီအစဉ်ရှိပြီး ထိုင်း နှင့် မြန်မာ အကြား လူနေမှုဘ၀နှင့် လုပ်ငန်းဆိုင်ရာကိစ္စများတွင် နားလည်မှုပိုမိုတိုးပွားစေရန် ရည်ရွယ်ကြောင်း Chaiyong က ပြော ဆိုသည်။
အလားတူ ချင်းမိုင်တက္ကသိုလ် (Chiang Mai University) တွင်လည်း မြန်မာဘာသာရပ် သင်ကြားမည့် စင်တာများ ထားရှိရန် စီစဉ် နေကြောင်း ထိုင်းကျောင်းသားများကို မြန်မာဘာသာရပ် သင်ကြားပေးနေသော မြန်မာဆရာမ တဦးဖြစ်သည့် မသဲသဲက ပြော သည်။
ချင်းမိုင် တက္ကသိုလ်တွင် လတ်တလော မြန်မာ ဘာသာရပ်ကို အခြေခံအဆင့်မှ စတင်၍ သင်ကြားနေသည့် ထိုင်း ကျောင်းသူ၊ ကျောင်း သား ဦးရေ ၈၀ ခန့် ရှိနေကြောင်း ၎င်းက ဆိုသည်။
မြန်မာဘာရပ်ကို စိတ်ဝင်စားသည့် ကျောင်းသူ အများစုက မဲဆောက်နှင့် မယ်ဆိုင် မြို့ စသည့် နယ်စပ် ဒေသခံအများ ဖြစ်ပြီး မြန်မာ ဘာသာစကားကို ၎င်းတို့က ပြောတတ်ချင်ကြောင်း ကျောင်းသားများက ပြောဆိုသည်ဟု မသဲသဲက ဆက်ပြောသည်။
from-ဧရာဝတီ

အပစ်ရပ်ကာလအတွင်း ကရင်နီစာပေ ပထမဆုံး စတင်ပို့ချ

ယခင်က သင်ကြားပို့ချခွင့်မရခဲ့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ ထီထွင်ခဲ့သည့် ကရင်နီစာပေကို အပစ်ရပ်ကာလအတွင်း ပထမဆုံး စတင်သင်ကြားပို့ချနေပြီး ဖြစ်သည်။
ထိုစာပေကို ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်အတွင်းတွင် အသုံးလုံးအဆင့်ဖြင့် ကရင်နီစာပေနှင့် ယဉ်ကျေးမှုဌာနတို့၏ ဦးဆောင်မှုဖြင့် အခြေခံအဆင့် စတင် သင်ကြားပေးနေသည်ဟု ကရင်နီစာပေနှင့် ယဉ်ကျေးမှုဌာနညွန်ကြားရေးမှူး ဦးတူးရယ်က ပြော သည်။
ဦးတူးရယ်က “ကျနော်တို့ ဒီစာပေကို လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာတုန်းကတော့ သင်ကြားလာခဲ့တာပဲ။ ဒါပေမယ့် နဝတ၊ နအဖခေတ် ရောက်တော့ သင်ခွင့်မပေးဘူး။ အခု အဲဒီစာကို အ’သုံးလုံးလိုမျိုး သင်ကြားပေးနေတာပါ”ဟု ဆိုသည်။
ထိုကရင်နီစာပေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့် ၆ဆင့်ထိ ခွဲခြားထားပြီး

အစိုးရ စာနယ်ဇင်းကောင်စီ ဖွဲ့စည်း

အစိုးရက မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းလိုက်သည်။ ဥက္ကဌ အနေဖြင့် ဦးခင်မောင်အေး တရားရုံးချုပ် တရားသူကြီး(ငြိမ်း)၊ အတွင်းရေးမှူး ဦကိုကို(စက်မှုတက္ကသိုလ်) ၊ ဒေါက်တာ အောင်ထွန်းသက်၊ မောင်ခင်မင်(ဓနုဖြူ)၊ မောင်ဝံသ၊ ဦးသီဟစော၊ ဦးအောင်လှထွန်း၊ ဖိုးသောကြာ၊ ဒေါက်တာ မျိုးသန့်တင်၊ ဒေါက်တာ ကျော်ဇောနိုင် စသည့် ပညာရှင်များ အပါအ၀င် အဖွဲ့ဝင် ၂၀ ခန့်ဖြင့် ဖွဲ့စည်းကြောင်း သြဂုတ် ၉ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။ ယင်းကောင်စီသည် စာနယ်ဇင်း လွတ်လပ်ခွင့် ကို တည်ဆဲ ဥပဒေနှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ရန်၊ စာနယ်ဇင်း နယ်ပယ်၏
အရည်အသွေး အဆင့်အတန်း မြင့်မားတိုးတက်ရန် စသည့် တာဝန် ၀တ္တရား ၈ ချက်နှင့် လုပ်ပိုင်ခွင့် ၁၁ ချက် ပါဝင် သော အဓိက အချက်ကြီး ၁၁ ချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေါ်မှူး ဦးတင်မျိုးကြည် ၏ လက်မှတ်နှင့် ထုတ်ပြန်ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

from-ဧရာဝတီ

ရန်ကုန်တက္ကသိုလ် ပြန်လည်စည်ကားနေ

ရန်ကုန်တက္ကသိုလ်သို့ လာရောက် လေ့လာကြသူများနှင့် တက္ကသိုလ်ဝင်းအတွင်း ပြန်လည်စည်ကားလျက်ရှိကြောင်း သိရသည်။
သြဂုတ် ၁ ရက်မှ စတင်၍ တက္ကသိုလ်ဝင်းအတွင်း မော်တော်ယာဉ်များ အတားအဆီးမရှိ ပြန်လည်ဝင် ထွက်ခွင့်ပြုလိုက်ခြင်းနှင့် တက္ကသိုလ်ဝင်းအတွင်းသို့လည်း ဒီပလိုမာ၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသားများ၊ ဆရာ၊ ဆရာမများမှလွဲ၍ ဝင်ထွက်ခွင့် ကန့်သတ်ထားသည်ကို ဖယ်ရှားလိုက်သည့် နောက်ပိုင်း သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ လာရောက် လေ့ လာသူများ၊ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိကြောင်း မြ၀တီ သတင်းဌာန အင်တာနက်

တူရကီ နိုင်ငံခြားရေး ၀န်ကြီး ရခိုင်သို့ရောက်ရှိ

တူရကီ နိုင်ငံခြားရေး ၀န်ကြီး H.E.Mr. Ahmet Davutoglu သည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေ ကြောင်း သတင်းရသည်။ ၎င်းသည် ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သက်ပြီး လေ့လာရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကလည်း သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေး၊ စွမ်းအင်ကဏ္ဍ အပါအ၀င် စီးပွားရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
from-ဧရာဝတီ

ပက်စီ မြန်မာပြည် ပြန်လာမည်

အမေရိကန် အချိုရည် ကုမ္ပဏီတခု ဖြစ်သော ပက်စီ ကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် ပြန်လည် စီးပွားရေး ပြုလုပ်ရန် စီနေပြီ ဖြစ်ကြောင်း သိရသည်။ ပက်စီကုမ္ပဏီမှ ထုတ်လုပ်သော ပက်စီကိုလာ၊ ဆဲဗင်း အပ် နှင့် မရင်ဒါ အချိုရည် ၃ မျိုးကို မြန်မာပြည်တွင်း ဖြန့် ချိ ရောင်းချရန် မြန်မာနိုင်ငံမှ Diamond Star Co. Ltd. နှင့် ယမန်နေ့က သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း၊ ဇွန်လအတွင်း ကပင် စတင် စီစဉ်နေခြင်း ဖြစ်ကြောင်း AP သတင်းတွင် ရေးထားသည်။ Diamond Star Co. Ltd သည် မြန်မာနိုင်ငံ၌ တည်ထောင် လုပ်ကိုင်နေသည်မှာ နှစ် ၅၀ နီးပါးရှိပြီဖြစ်သည်ဟု ဆိုသည်။ ပက်စီ သည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည် မှာ ၁၅ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
from-ဧရာဝတီ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ကျေးရွာပေါင်း၁၃ဝကျော်ရှိ နေအိမ် များ ရေနစ်မြုပ်နေ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ကျေးရွာပေါင်း၁၃ဝကျော်ရှိ နေအိမ်များ ရေနစ်မြုပ်နေကြောင်း ယင်းမြို့နယ်အတွင်း ကွင်းဆင်းလေ့လာချက် အရ သိရသည်။





''ရေမနစ်တဲ့ကျေးရွာ မရှိတော့ ပါဘူး။အိမ်တွေအ ကုန်လုံး ရေနစ်နေတာ အမြင်ပဲလေ။ တချို့ဆိုရင်မနေ ရဲတော့ဘူး။အိုးပစ်အိမ်ပြစ်ဖြစ်နေပြီ''ဟုဝေါမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒေသခံတစ်ဦးက ဖလားဝါး နယူးစ်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောမှ ရခိုင်အခြေအနေကို နိုင်ငံတကာ က လာရောက် စုံစမ်းတာကို ကြိုဆိုကြောင်းပြော

 မြန်မာနိုင်ငံကို ရောက်နေတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Ahmet Davutoglu ဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော် သမ္မတ အိမ်တော်မှာ သွားရော က် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကို အဓိက ထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အစ္စလာမ် ဘာသာဝင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အဖွဲ့ကိုယ်စား လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်း နှစ်ခုကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေကို တူရကီ နိုင်ငံခြားရေး

အိမ်ခြံမြေ အခွန် ၃ဆတိုး


ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၄၅ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်နီးစပ်သော သတင်းရပ်ကွက် မှသိရှိ ရသည်။ ယင်းသို့ ပြောင်းလဲလိုက်ခြင်းသည် ၄ နှစ်ခန့်အထိ သက်တမ်းတိုး လာခဲ့ သည့် အိမ် ဝယ်သူများ ကို အခွန်လျှော့ပေါ့သက်သာခွင့် ကို ရပ်ဆိုင်းလိုက် ခြင်းဖြစ်ပြီး ဘန်ကောက်ထက်၂ ဆဖြစ်နေသော ရန်ကုန်ဧည့်အိမ်ခြံမြေ ပူပေါင်း၏ နိဂုံးဟု လည်း ဈေးကွက် လေ့လာသူ များကပြောဆိုကြသည်။


၂ဝဝ၇ ခုနှစ် မတိုင်ခင်က အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေ တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို အမြတ်ခွန်အဖြစ် ပေးဆောင် ခဲ့ရာမှ ၂ဝဝ၇ သြဂုတ်မှ စ၍ ကျပ်သန်း ၅၀၀၀

တာလီဘန်စစ်သွေးကြွများ၏ လက်ဝယ်တွင် ဂျာမနီလုပ်လက်နက်များ ပိုင်ဆိုင်လျက်ရှိ

တာလီဘန်စစ်သွေးကြွများသည် ဂျာမနီနိုင်ငံလုပ် လက်နက်များအပြင် အမေရိကန်နိုင်ငံလုပ် လက်နက်များကို လည်း အသုံးပြုလျက်ရှိကြောင်း ဂျာမနီ နိုင်ငံထုတ် Express သတင်းစာတွင် ဖော်ပြထားသည်။
တာလီဘန် စစ်သွေးကြွများထံမှ သိမ်းဆည်းရမိသော လက်နက်များသည် ဂျာမနီနိုင်ငံလုပ် လက်နက်များဖြစ် ကြောင်း ကိုလုံးမြို့တွင် ထုတ်ဝေသော Express သတင်းစာတွင် သြဂုတ် ၈ ရက်က ဖော်ပြထားသည်။
 

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ မြစ်သားမှာ ပြုလုပ်

၈၈မျိုးဆက်ကျောင်းသားများသည် ယမန်နေ့ (သြဂုတ်လ၊ ၉) ရက်၊ ညနေ ၄း၃၀ နာရီက စစ်ကိုင်းမြို့ စူဠာမဏိေ ကာင်းမှုတော်ဘုရား သို့ ရောက်ရှိခဲ့ကြပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ က စစ်ကိုင်းမြို့တွင် ကျဆုံးသွားခဲ့ကြသူများအတွက် ၂၄ နှစ်မြောက် ၀တ်ပြုဆုတောင်းပွဲကို စစ်ကိုင်းမြို့သူ မြို့သားများနှင့်အတူ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ယမန်နေ့ (သြဂုတ်လ၊ ၉) ရက်၊

ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးအခြေ အနေဆက် သွယ်မေးမြန်းချက် RFA Burmese

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်)ထုတ်ပြန်လိုက်ပြီး အသိုင်းအ၀ိုင်းနှစ်ဘက်ကြား ပဋိပက္ခအခြေအနေတွေကို ဆက်မဖြစ်နိုင်အောင် စစ်တပ်ကနေ ထိန်းချုပ်ထားတယ်လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ မီးရှို့ခံရတဲ့ ရွာတွေက ဒုက္ခသည်တွေအတွက်လည်း စစ်တပ်အကူအညီနဲ့ သွားရောက်ပြီး ထမင်းထုတ်တွေပေးဝေခဲ့ရတယ်လို့ဆိုပါတယ်။
မီးရှို့ခံရတဲ့ မွတ်စလင်အများစုနေထိုင်တဲ့ရွာတွေမှာ သေဆုံးသူစုစုပေါင်း ၁၀ဦးကျော်ရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် ကျောက်တော်ဆေးရုံကို သေဆုံးသူစာရင်းနဲ့ပတ်သက်လို့ အာအက်ဖ်အေက တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ

မြန်မာ့စိုက်ပျိုးရေးဘဏ်က ဖူဂျီဆပ်ပြာရောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရုံးမတိမ် (ရွာသာရွာ)သည် ၉၉ ရေလျှံတွင်း စီမံကိန်းေ ကြာင့် ရေလျှံတွင်းများ စွာရှိပြီး တစ်ရွာလုံးသည် တောင် သူလုပ်ငန်းဖြင့် အသက်ေ မွးကြ ကြောင်း၊ နိုင်ငံတော်မှ စပါးသီးနှံ အတွက် ချေးငွေနှုန်းထားများဖြင့် စိုက်ပျိုးစရိ တ်ချေးရာတွင် တောင် သူကြီးများမှာ တစ်သိန်းခွဲ၊တောင် သူငယ်မှာ ငါးသောင်းနှုန်းမြန်မာ့ လယ်ယာဖွံြ့ ဖိုးေ ရး  ဘဏ်မှ ထုတ် ချေးနေကြောင်း၊ ရုံးမတိမ်ရွာနှင့် မလှမ်းမကမ်းတွင်ရှိသော မင်းဂူး ကျေးရွာရှိ သဲကု န်ြးေ မေ တာင်သူ များမှာ တောင်သူကြီး(၃)သိန်း၊ တောင်သူငယ်(၁)သိန်းရရှိကြောင်း သိရသည်။
““ကျွန်တော်တို့ မြန်မာလယ် ယာဖွံ့ဖြိုးရေးဘဏ်မှာ စိုက်ပျိုး စရိတ်ထုတ်ရာမှာ ကျပ်ငွေ(၃၅၅ ၀၀ိ)

ဦးသိန်းစိန် နဲ့ တူရကီဝန်ကြီးဘာတွေပြောလဲ


ဦးသိန်းစိန် နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu တို့ မနေ့က တွေ့ ဆုံစ ကားပြော ကြတဲ့ ထဲက  စိတ်ဝင်စားစရာကောင်းတာေ တွကို ကောက်နုတ်ေ ဖ်ာပြပေး လိုက်ပါ တယ်။ ၀န်ကြီးရဲ့ ပြောဆိုချက်ထဲ ပါဝင်တဲ့ OIC ဆိုတာ Organization of Islamic Cooperation အဖွဲ့ကို ဆိုလိုတာပါ။ နိုင်ငံ ၅၇ ခု ပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဝန်ကြီး

ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ပြု၍ ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းဒေသ၏ ပကတိအခြေအနေကို သိရှိရလျှင် အခြားနိုင်ငံများသို့ တင်ပြရှင်းလင်းနိုင်မည့် အခွင့်အရေးရရှိ မည် ဖြစ်ပါကြောင်း၊