ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, August 18, 2012

ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး

အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေးအရာကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကျောင်းသား ၃၇ ဦးဖြင့် သောကြာနေ့က ဖွဲ့စည်းလိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။ “ဒီအဖွဲ့စည်းကို ဖွဲ့စည်းခဲ့တယ်ဆိုတာကလည်း ခက်ခက်ခဲခဲနဲ့ပါ။ သမဂ္ဂတခု ဖွဲ့စည်းဖို့ဆိုတာ အင်မတန် ခက်ပါ တယ်။ ကျောင်း သားမိဘတွေ၊ ဆရာဆရာမတွေရဲ့ အတားအဆီး အခက်အခဲတွေလည်း အများကြီး ကြုံရပါတ ယ် ” ဟု သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်း က ပြောသည်။
မင်္ဂလာတောင်ညွှန့် မြို့နယ် ၉၈ လမ်းရှိ အဖွဲ့ဝင်တဦး အိမ်တွင် ဖွဲ့စည်းခဲ့သော သမဂ္ဂအနေဖြင့် ကွန်ပျူတာ
ကျောင်းသားများ၏ အခွင့်အရေးများကို အဓိကတောင်းဆိုရန်နှင့် ပညာရေးစနစ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ
ကို ဝန်ကြီးဌာနများနှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့်

မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြီးမှု ထူးကဲဒီရေတက်နိုင်


မကြုံစဖူး ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်က မြို့နယ်တော်တော် များများမှာ ရေလွှမ်းမိုးမှုဒဏ် ခံနေရပါ တယ်။ နေအိမ်တွေ ထောင်ချီနစ်မြုပ်ပြီး စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရပါတယ်။ အရေးပေါ်ဒုက္ခသ ည်စခန်းတွေ ဖွင့်လှစ်ထားရပြီး ရေေ ဘးဒုက္ခသည် ထောင်ချီပြီး ရှိနေတယ်လို့ ရေဘေး ဒုက္ခသည်ကူညီရေး လုပ်ဆော င်ပေးေ နတဲ့  စေတနာ့ဝန် ထမ်းတွေက VOA ကိုပြောပါတယ်။


သာပေါင်း မြို့ရဲ့ ၉၀ % ကျော်လောက် ရေလွှမ်းမိုးမူ ဒဏ်ခံလိုက်ရပြီး ရွာပေါင်း ရာနဲ့ချီပြီး ရေနစ်မြုပ် ကုန်ပါတယ်။ စပါးခင်းတော်တော် များများလည်း မြစ်ရေလွှမ်းသွားတဲ့အတွက် လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ရေဘေးဒဏ်သင့်တဲ့ သာပေါင်းမြို့နယ်တွင်း က ထောင်ချီ

ဂျပန်နာမည်ကြီး ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ သြဂုတ်(၁၉)ရက်နေ့ ရောက်မည်

ဂျပန်နာမည်ကြီး ဘောလုံးသမားေ ဟာင်းတစ်ဦးဖြစ်သော နာကာတာ သည် မြန်မာနို င်ငံသို့ သြဂုတ်(၁၉)ရက်နေ့ ညနေ(၆း၎ ၅)တွင် ရော က်ရှိမည်ြ ဖစ် သည်။ ယခုခရီးစဉ်သည် နာကာတာ၏ မြန်မာနိုင်ငံသို့ ဒုတိ အကြိမ် မြောက်လာရောက်သော ခရီးစဉ်လည်းဖြစ်သည်။ နာကာ တာနှင့်အ ဖွဲ့ သည်ြ သဂုတ်လ(၂၀ )ရ က်နေ့ နေ့လည်(၁၁း၀၀ )တွ င် မြန် မာနို င် ငံေ ဘာ လုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၊ အတွင်းရေးမှုး ဦးတင်အောင် ၊ နိုင်ငံတကာဆက်ဆံရေးဌာန ဒါရိုက်တာ ဦးစိုးဝင်း ၊ သတင်းနှင့်ပြန်ကြားေ ရးဌာန ဒါရိုက်တာ ဦးစိုးမိုးနှင့်တွေ့ဆုံကာ မြန်မာ့ ဘောလုံးလောကတိုးတက်ရေး
အကူအညီပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။  နာကာတာနှင့်အဖွဲ့သည် ညနေ(၃း၃၀)တွင် ပဒုမ္မာကွင်းသို့သွားရောက်ပြီး ယူ-၁၉အသင်း၏နည်းပြ

လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားအားကစားသမားများအား ဇိမ်ခံကားများချီးမြှင့်

လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရုရှားနိုင်ငံမှ အားကစားသမားများအား သြဂုတ် ၁၅ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် Audi ဇိမ်ခံကားများကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။အဆိုပါ ချီးကျူးဂုဏ်ပြုသည့်အခမ်းအနားကို မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်

ကေအိုင်အေမှ ၀န်ဂေါဘွမ်တွင် ကချင်အမျိုးသမီးမိုင်းသင်တန်းဖွင့်လှစ်




 
သြဂုတ်လ (၁၅)ရက်နေ့က ကေအိုင်အေ တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ၀န်ဂေါဘွမ်မှာ အသက် (၁၆)နှစ် မှ (၂၃)နှစ်ကြား အရွယ်ရှိတဲ့ ကချင်အမျိုးသမီး (၁၂)ဦးကို ကေအိုင်အေ တပ်မဟာ(၃)မှမိုင်း သင်တန်း သင်ကြားပို့ချပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်။

          အဆိုပါမိုင်းသင်တန်းကို သင်တန်းနည်းပြဆရာအဖြစ် ယခင်ကေအိုင်အေထောက်လှမ်းရေး မှူး ဟောင်းဖြစ်သူ ဦးတူးလွမ်နှင့် ထောက်လှမ်းရေးတပ်ကြပ်ကြီးဟောင်းတို့မှ သင်ကြားပို့ချပေးသွားမှာဖြစ် တယ်လို့ သတင်းရရှိပါတယ်။
          သင်တန်းကို ကချင်အမျိုးသမီးဦးရေ အယောက် ၅၀ ခန့်ထိ တိုးချဲ့သင်ကြားပေးသွားမှာဖြစ်ပြီး

သီလဝါ အထူးစီးပွားရေးဇုန်ကို အများပိုင်ကုမ္ပဏီဖြင့် အကောင်အထည်ဖော်မည်




ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့နယ်၌ တည်ထောင်မည့် သီလဝါ အထူးစီးပွားရေးဇုန်ကို ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
(UNFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က သြဂုတ်လ ၁၃ ရက်နေ့က ပြောသည်။ ဂျပန်နှင့် မြန်မာဖက်စပ် အကောင်အထည်ဖော်မည့် အဆိုပါဇုန်အတွက် မြန်မာဘက်မှ အများပိုင်ကုမ္ပဏီအနေဖြင့် ပါဝင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံဘက်မှလည်း ကုမ္ပဏီအများ ဖက်စပ်အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၄င်းကပြောသည်။ “သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း စတုရန်းဟက်တာ ၂၄၀၀ လုံးကို အကောင်အထည်ဖော်မှာပါ။ ဂျပန်နဲ့ မြန်မာနိုင်ငံ အစိုးရတို့ရဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ဂျပန်ဘက်ကလည်း

လျှပ်စစ်သုံးစွဲမှုမှန်ကန်စေရေး ဒစ်ဂျစ်တယ်မီတာ တစ်သိန်းချပေးမည်



လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မျှတမှန်ကန်စေရေး အတွက် အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဒစ်ဂျစ်တယ်မီတာအလုံးရေ တစ်သိန်းကို နေရာဒေသအလိုက် ခွဲဝေတပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်မီတာကို ရန်ကုန်မြို့ စက်မှုဇုန်များနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများသည့် ရပ်ကွက်များကို အလုံးရေ ၅ဝဝဝဝ တပ်ဆင်မည်ဖြစ် ပြီးကျန် ၅ဝဝဝဝ ကို မန္တလေးနှင့် နေပြည်တော်သို့ ဖြန့်ဝေ တပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မီတာဖတ်သူများအမှန်တကယ်

ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ




လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင် ပြည် နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီး ယားနိုင်ငံ ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။ 
ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟော်နမ်းဟုန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ အပြန်အလှန် ပေးစာများအရ အာဆီယံအနေဖြင့် ရခိုင်အရေးကို ယဉ်ကျေးမှုနှင့် ဘာသာရေးအပြင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မေးခွန်းထုတ်စရာဖြစ် နေ၍

စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀၀နီးပါး တက်ရောက်



ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်အမျိုးသားလွတ် မြောက်ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံရေးရုံးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀၀နီးပါး တက် ရောက်ခဲ့ကြသည်။

ယနေ့ မြန်မာစံတော်ချိန် ၁၀နာရီကျော်မှစတင်၍ စက်ခလုတ်နှိပ်ကာ တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ၀န်ကြီး ဦးအောင်မင်းက အစိုးရနှင့် KNU ကြား ဆက်သွယ်ရေး ပုံမှန်လုပ်ဆောင်သွားနိုင်ရန် ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ သလို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက “ကျနော်တို့ အခုလို ဆက်ဆံရေးရုံးတွေ လိုက်လံဖွင့်လှစ်ရတာက တစ်တချက်

ကမ္ဘာတစ်ပတ်ခရီးဆန့်ခဲ့သည့် ကမ္ဘာ့အသက် အကြီးဆုံး ဂျပန်အမျိုးသား



ဂျပန်နိုင်ငံမှ ဆာဘူရို ရှိုချီသည် ကမ္ဘာ တစ်ပတ်သို့ ခရီးဆန့်ခဲ့သည့်   ကမ္ဘာ့ အသက် အကြီးဆုံး ခရီးသွား သူအဖြစ်  ဂင်းနစ် စံချိန်တင် ခဲ့ကြောင်း ဒေသတွင်း သတင်းစာ တစ်စောင်က  သြဂုတ် ၁၇ ရက်တွင် ဖော်ပြခဲ့ ကြောင်း သိရသည်။
ရှိုချီသည် အသက် ၉၉ နှစ် အရွယ်တွင်  ၎င်း၏ ခရီးစဉ်ကို စတင်ခဲ့ပြီး နိုင်ငံခြား တိုင်းပြည် များတွင် ကလေး ကျန်းမာ ရေးနှင့် ပညာရေး သင်ခန်း စာများ ပို့ချခဲ့ပြီး မြောက်အမေရိက၊ ဥရောပနှင့် အာဖရိက တစ်လွှား သွားရောက် ခဲ့ကြောင်း  သိရသည်။ ရှိုချီသည် ဖူကူ အိုကာ ပညာရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တစ်ဦးဖြစ်ပြီး သြဂုတ် ၁၆ ရက်တွင် အသက် ၁ဝ၆  နှစ်ပြည့်ခဲ့ ကြောင်းသိ ရသည်။    

MWD

မန္တလေးမြို့ရှိ ကျူးကျော်မြေများကို အင်အားသုံး ဖယ်ရှားရန် မြို့တော်ဝန်ထံ စာတင်


မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလွတ် မြေရိုင်းများ ပေါကြယ်ဝသည့် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် သုံးမြို့နယ်တွင် တရားမ၀င် ရယူထားသော မြေကွက် သုံးထောင်ကျော် ပေါ်၌ ဆောက်လုပ်နေ ထိုင်သည့် ကျူးကျော် နေထိုင်သူများကို ဖယ်ရှားရန် မန္တလေးမြို့ မြို့တော်ဝန်ထံ သို့ စီမံချက် တင်ထားသည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး
ကော်မတီ (MCDC) ဌာနမှူးများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ဖယ်ရှားရာတွင် ဌာနစုံ ၀န်ထမ်း အင်အား ၆၀၀ ခန့်ဖြင့် စက် ယန္တရားများ အသုံးပြု၍ ဖယ်ရှားမည် ဖြစ်ဖြစ်ကြောင်း ယင်းဌာနမှူးများ ထံမှ သိရသည်။အဆိုပါ ဖယ်ရှားမည့် မြို့နယ် သုံးမြို့နယ်မှာ

မွတ်ဆလင်များ အစွန်းရောက်ခြင်း ၊ အစွန်းမရောက်ခြင်းသည် မွတ်ဆလင်လူဦးရေအချိုးအစားနှင်တိုက်ရိုက်အချိုးကျပါသည်



အလယ်အလတ်မွတ်ဆလင်နဲ့ အစွန်းရောက်မွတ်ဆလင်
မွတ်ဆလင်များ အစွန်းရောက်ခြင်း ၊ အစွန်းမရောက်ခြင်းသည်မွတ်ဆလင်လူဦးရေအချိုးအစား နှင်တိုက်ရိုက်အချိုးကျပါသည်
မွတ်ဆလင်လူအင်အားမကောင်းသေးသော ၊ မွတ်စလင်လူဦးရေ ၅၀% မစွန်းသေးသောနိုင်ငံ၊ မြို့၊ ဒေသများမှ မွတ်စလင်များမှာ ( မွတ်စလင်လူဦးရေ ၅၀%မစွန်းသေးသောကြောင့်) ၊ အချိန်မတန်သေးသောကြောင့် အစွန်းမရောက်သေးပါနိုင်ငံ၊ မြို့၊ ဒေသများတွင်း မွတ်ဆလင်လူအင်အားများလာသော၊ မွတ်စလင်လူဦးရေ၅၀% စွန်းသွားသော ကျော်သွားသော နိုင်ငံ၊ မြို့၊ ဒေသများမှာ မူအစွန်းရောက်ဖို့ အချိန်တန်ပြီဖြစ်သဖြင့် ဘူးသီးတောင် မွတ်စလင် ၉၅%မောင်တော ၉၅%၊ သံတွဲ

စင်ကာပူနိုင်ငံသည် တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနိုင်ငံဖြစ်

ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်ပါက စင်ကာပူနိုင်ငံသည် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂ဝ၅ဝ ပြည့်နှစ်အထိ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်မည့်အလား အလာရှိကြောင်း ကမ္ဘာ့စီးပွားရေးလေ့ လာချက်တစ်ခုအရ သိရသည်။

စင်ကာပူ၏နောက်တွင် နော်ဝေနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂၂၆ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၅၅၁၁ ဖြင့် တတိယနေရာကို အသီးသီးရပ်တည် လျက်ရှိသည်ဟု သိရသည်။ ထို့အတူ ဟောင်ကောင်ကျွန်းသည်လည်း တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၃ဝ၁ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁ဝ နိုင်ငံတွင် ပါဝင်လာခဲ့သည်ဟု သိရသည်။
လာမည့် ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် စင်ကာပူ၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယားနိုင်ငံတို့ သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများဖြစ်လာနိုင်ဖွယ် ရှိကြောင်း လေ့လာခန့်မှန်းချက် အရသိရသည်။

From : မြဝတီ

ဖုန်းဈေးနှုန်းအပြောင်းအလဲရှိပါက မြန်မာ့ဆက်သွယ်ရေးမှ တရားဝင်ကြေညာမည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ရှစ်သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေသည်ဆိုသော သတင်းအပေါ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဖုန်းဈေးနှုန်း အပြောင်းအလဲရှိပါက တရားဝင် ကြေညာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။ CDMA ဖုန်းများကို ရှစ်သောင်းကျပ်ဖြင့် ချထားပေးမည်ဆိုသော သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက “အဲဒီသတင်းက မှားပါတယ်။ ကောလဟလပါ။ တဖြည်းဖြည်းခြင်း လျှော့ချလာမှာပေါ့။ တကယ်လို့ တရားဝင်ဆိုရင်လည်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လက်တွဲတည်ဆောက် နိုင်မည့် ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်းလေကြောင်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်မှ ပြောသည်။

““အပြည်ပြည်ဆိုင်ရာ လေဆိပ် သစ်တစ်ခု တည်ဆောက်ဖို့ ၁၉၉၀ ခုနှစ် လောက်ကတည်းက ဆန္ဒ ရှိခဲ့တာပါ။ရန်ကုန်မြို့ကနေ မိုင် (၅၀)လောက်ကွာဝေးတဲ့နေရာမှာ နေရာကိုးခုလောက်ရွေးပြီး မြေပြင်

မနေ့က ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ဘန်ကီမွန်းအပါအဝင် ပြည်တွင်း ခေါင်းဆောင်း အများအပြား ကြိုဆို



မနေ့က ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် စစ်ဗိုလ်ချုပ်ကြီးဟောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ရဲ့ အတွေးခေါ်နဲ့ ထက်မြတ်မှုကို ဘန်ကီမွန်းအပါအဝင် ပြည်တွင်း ခေါင်းဆောင်း အများအပြား ကြိုဆို လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ

ပြည်ပရောက် မြန်မာရဟန်းတော်များသို့ အသိပေးခြင်း



ရွှေဟင်္သာသတင်းဌာန. ၁၈ရက်နေ့ သြဂုတ် ၂၀၁၂  —–  ယနေ့ ( သြဂုတ်လ ၁၅ ရက် ) ညနေပိုင်းက ဘုန်းဘုန်းတပါးမွန်ဘိုင်း ( ဘုံဘေ ) လေဆိပ်ကပြန်အလာ Taxi ကားငှါးစီးလာရင်း မွတ်စလင်ကုလားက မွတ်စလင်ရပ်ကွက်အတွင်း ကားကို ရပ်ပေးပြီး မွတ်စလင် ၅ ယောက်ခန့် စစ်ဆေးခံခဲ့ရသည်၊
ကားပေါ်လိုက်ပါလာသော ဘုန်းဘုန်းက ဒလိုင်းလားမား ဘုန်းတော်ကြီး အမျိုးအနွယ်တွေပါ ဟု ဖြေဆိုခဲ့သောကြောင့်သာ အသက်ချမ်းသာရာ ရခဲ့ (ဒလိုင်းလားမားသည် အိန္ဒိယ အနွယ်ဝင်ဖြစ်သောကြောင့် အိန္ဒိယ အစိုးရနှင့် ပြဿနာ တက်မည် စိုး၍ ရန်မရှာခြင်း ဖြစ်ဟန်တူသည် )
မြန်မာပြည်က Buddhist ဟုဆိုလျင် လည်ပင်းဖြတ်သတ်ခံရမည်မှာ သေချာသည်၊

ပဋိပက္ခကြောင့် ပညာရေး၊ ကျောင်းဆရာ/မများနှင့် ကျောင်းသားများ အခက်အခဲကြုံနေရဆဲ



Arakan Times, 18August 2012 —–  ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂလီများ စတင်အကြမ်းဖက်သည့်နေ့မှစတင်၍ ကျောင်းသူ/သားများ ပညာရေးနှင့် ကျောင်း ဆရာ/မများ၏ အခက်အခဲများမှာ ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်တွင်းမှ ပညာရေးအသိုင်းအ၀ိုင်းများက ပြောသည်။
သမ္မတ ဦးသိန်းစိန်မှ ယင်းအကြမ်းဖက်မှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှစ၍ ပုဒ်မ (၁၄၄)နှင့် အရေးပေါ် အခြေအနေများကို ထုတ်ပြန်ထားချိန်တွင် ဇူလိုင်လ တတိယအပတ်က မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပဋိပက္ခဖြစ်ပေါ်ခဲ့သော မြို့နယ်အသီးသီးတို့တွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများမှာ

ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်သည့် လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ တောင်းဆို

Yangon Media Group,18August 2012  —-  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသော ဘာသာများဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် မဟုတ်မမှန်သော ဓာတ်ပုံများ ထည့်သွင်းဖော်ပြထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ မကြာသေးမီက ဝက်ဘ်ဆိုက် အချို့တွင် မြန်မာနိုင်ငံ နှင့် မသက်ဆိုင်သော အခြားပြည်ပနိုင်ငံအချို့မှ လူအများ အစုလိုက် အပြုံလိုက် သေဆုံးနေသည့် ပုံများကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်ဟန်ဖြင့် ထင်ယောင် ထင်မှား ဖြစ်စေရေန် အင်တာနက်သတင်း ဝက်ဘ်ဆိုက်များ၌ ရုပ်ပုံများ ထည့်သွင်း ဖော်ပြခဲ့ပါသည်။
ထိုသို့ ထည့်သွင်း ဖော်ပြသည့် ဓာတ်ပုံများအနက် လူများ အစုလိုက် သေဆုံးနေသည့် ရုပ်အလောင်းများ ရှေ့တွင် ရပ်ကြည့်နေသော တိဘက် ဘုန်းတော်ကြီးပုံမှာ တိဘက်ဒေသ အရှေ့ပိုင်းတွင်

မြန်မာနှင့်ဖိလစ်ပိုင် သင်္ဘောသားများကို ချီလီရေတပ် ကယ်တင်


 ချီလီနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရို့ရေးမြို့ ကမ်းခြေအနီးမှာ သောင်တင်ခဲ့တဲ့ Ocean Breeze ကုန်တင်သင်္ဘောပေါ်က မြန်မာနဲ့ ဖိလစ်ပိုင် သင်္ဘောသားတွကို ချီလီရေတပ်က ကယ်တင်လို က်ပါတ ယ်။ချီလီနိုင်ငံ ကမ်းရိုး တန်းကို တိုက်ခတ်ခဲ့တဲ့ လေပြင်း မုန်တိုင်းကြောင့် ချီလီနိုင်ငံရဲ့ အဓိက ဆိပ် က မ်းဖြစ်တဲ့ ဆန်အန်တိုနီယို (San Antonio) ဆိပ်ကမ်းနားက ရို့ရေးမြို့ ကမ်းခြေမှာ မနေ့က သောင်တင်ခဲ့တာပါ။
ဒီသင်္ဘောပေါ်မှာ မြန်မာနဲ့ ဖိလစ်ပိုင် သင်္ဘောသား ၂၄ ဦးပါရှိပြီး ချီလီရေတပ်ရဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက အတော်လေး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတယ်လို့ ချီလီအာဏာပိုင်တွေက ဆိုပါတယ်။
သင်္ဘောဟာ ရို့ရေးကမ်းခြေရဲ့ မီတာ ၃၀ဝ လောက်အကွာမှာ အန္တရာယ်ရှိတဲ့

ကြက်ကင်စီးပွားရေး


အိမ်မှာ ကြက်သားချက်တတ် ပေမယ့် တစ်ခါတစ်ရံ ညီမလေး ယုက ''အပြောင်းအလွှဲ ချဉ် ချဉ် လေးစား ချင်တယ် မမ၊ ဒီည ကြက်သုပ် ဝယ်စားရေ အာင်'' လို့ပြောတာနဲ့ ကျွန်မလှည်းတန်းဘက် ကို သွားလို က်ပါတ ယ်။ကြက်သုပ်သ ည်ဆီမှာ အသား၊ အရေခွံ၊ အရိုး၊ အသ ည်းအမြစ် ကြိုက် ရာဝယ်စားလို့ ရတာ ပါ။ အားလုံးက တော့ ဝါဝါထိ န်ထိန် ပါပဲ၊ ဒါကို ငရုတ် သီးမှု န့်အကျက်ေ ထာင်း၊ မန် ကျည်းေ ရ၊ ဂေါ်ဖီ ထုပ်နဲ့ ကြက်သွ န် ပါးပါးလှီး၊ ငရုတ်ရည်၊ ငံပြာ ရည် ကို ပဲဟင်းရည်ဆမ်းပြီး သုပ်တာမျိုး ပါ။
ကြက်ကင်စားပြန်တော့လဲ ကြက်ရင်ပုံ၊ ပေါင်၊
အတောင်ပံ ကင်တွေကလဲ အသုပ်များလိုလို ဝါဝါထိန်ထိန်ပဲတွေ့ရပါတယ်၊ တစ်ချိန်က ပျားဂေဟာ

FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ

လှိုင်သာယာမြို့နယ် FMI City ပဒေသာပင်မြို့တော် အလုပ်သမား စံပြနေအိမ်စုက ဆောက်လုပ်ရေး လုပ်သားဟောင်းတွေဟာ သူတို့ နေထိုင်မှုဘဝ မြှင့်တင်ပေးဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ဘုရင့်နောင်တံတားအနီးမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ အလုပ်သမား အယောက် (၇၀) ကျော်ပါဝင်ပြီး အချက် ၅ ချက် တောင်းဆိုတယ်လို့ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက RFA ကိုပြောပါတယ်။
“အချက် ၄ မှာ သူတို့ ဘာရေးထားသလဲဆိုရင် ယခုအခါ ပဒေသာပင်မြို့တော်သည် ထည်ဝါခန့်ငြား စည်ပင်သော အိမ်ရာကြီးအဖြစ် ဖြစ်ထွန်းချိန်တွင် ကျွန်တော် ကျွန်မ၏ အလုပ်သမား စံပြနေအိမ်စုကြီးမှာ မီးမရှိ ရေမရှိ တဲစုတ်များအနေဖြင့် နုံချာစွာ နေရတဲ့ အပြင် FMI ကုမ္ပဏီမှ လုပ်ငန်းရှင်တွေရယ်၊ ရပ်ကွက်

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို



သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။

အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ၀န်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။
ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က
မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့

ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လို



ထိုင်းနှင့် အမေရိကန်တို့၏ ‘ရွှေမြွေဟောက်’ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး အမေရိကန်နှင့် ညှိနှိုင်းပေးရန် ထိုင်း ကာကွယ်ရေးဝန်ကြီးအား မြန်မာ စစ်ခေါင်းဆောင်များက ပြောကြား လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
ထိုင်း ကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝါနာတတ် Sukumpol Suwanatat ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ထိုသို့ အကူအညီတောင်းခံလိုက်ခြင်းဖြစ်ပြီး ဆူခွန်ပိုး အနေနှင့်လည်း ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ကြာသပတေးနေ့က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအနေနှင့် အမေရိကန်တို့ လိုလားသည့် ဒီမိုကရေစီ စံချိန်ကိုက်

စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ဒလကြမ်း ဖြစ်ပွားနေ

 

စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအားအကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက်မှာ  ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးဌာန

နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏အတည်ပြုချက်ကိုမူ

အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး တွေလာပြီ

အင်္ဂလန်အခြေစိုက် Globe Education Consultancy နှင့် CROWN Education တို့ အစီအစဉ်ဖြင့်ပေးအပ်မည့် အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး


အင်္ဂလန်နိုင်ငံ အခြေစိုက် Globe Education Consultancy နှင့်   CROWN Education တို့ ၏ စီစဉ်ဆောင်ရွက်မှု့ ဖြင့် အင်္ဂလန်တွင် MBA, BA, Degree Foundation ပရိုဂရမ်များကို သင်ယူမည့်ကျောင်းသူကျောင်းသားများ ကုန်ကျစရိတ်စရိတ်သက်သာစွာဖြင့် ပညာသင် ယူနိုင်ရန် ၀န်ဆောင်မူ့ ပေးမည့်ရှင်းလင်းပွဲကို August 22, 2012 (Wednesday), ညနေ (၃) နာရီမှ (၅) နာရီအထိ Summit Parkview Hotel, Meeting Room တွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး  August 23-24  ရက်များတွင် တစ်ဦးချင်းစီ ဆွေးနွေးပေးမည့်အစီအစဉ်ရှိကြောင်းသိရသည်၊၊
ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမူဝါဒများအပေါ် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များမှ မြန်မာနိုင်ငံအား ပိုမိုစိတ်ဝင်စား လာကြပြီး ပညာသင်ထောက်ပံ့ကြေးများ

ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ


၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ (ဓာတ်ပုံ- Reuters)
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟော်နမ်းဟုန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ အပြန်အလှန် ပေးစာများအရ အာဆီယံအနေဖြင့် ရခိုင်အရေးကို ယဉ်ကျေးမှုနှင့် ဘာသာရေးအပြင်

အသက် ၁ဝ နှစ်အရွယ် အမျိုးသမီးငယ်နှင့် အေစီမီလန်ဘော လုံးအကယ်ဒမီ စာချုပ်ချုပ်ဆို


အေစီမီလန်အသင်းသည် စကော့တလန်မှ အသက် ၁ဝ နှစ်အရွယ်ရှိ အီရှာ ဆိုင်နီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အေစီမီလန်ဘောလုံး အကယ်ဒမီ၏ နည်းပြချုပ်သည် သူမအား အရှေ့ ဒမ်ဘာတွဒ်ရှိုင်းယားရှိ လန်ဇီမြို့၌ ၎င်း၏ လူငယ်အသင်းတွင် ကစားစဉ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က အေစီမီလန်ဘောလုံး အကယ်ဒမီတွင် တက်ရောက်ရန် မိန်းကလေးတစ်ဦးကို စကော့တလန်မှ ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း အီရှာ၏ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။ နည်းပြများအနေဖြင့် သူမ၏နောက်ဆုံး လေ့ကျင့်ချိန်အထိ စောင့်ကြည့်ခဲ့ခြင်းကို မသိရှိခဲ့ကြောင်း အီရှာက ပြောကြားခဲ့သည်။
အီရှာသည် အောက်တိုဘာတွင်ကျင်းပမည့် ပြိုင်ပွဲတွင် ပထမဆုံးကစားမည့် လူငယ်အမျိုးသမီး ကစားသမား တစ်ဦးဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

မြအေးရဲ့ “လိုင်ဇာခရီး”… KIA လူကြီးတွေအတွက်တော့ ဗျာပါမီး

 

အခုတလော ဆဒုံးနှင့် စကားပါဘက်မှာ တိုက်ပွဲတွေဖြစ်နေကြောင်း၊ စစ်တပ်က အင်အားတိုး လာကြောင်း၊ တစ်ချို့ကလည်း စစ်တပ်က လမ်းကြောင်း ၃ ကြောင်းနဲ့ လိုင်ဇာဘက်ကို စစ်ဆင်နေကြောင်း၊
လိုင်ဇာကို ၀န်းရံထားတဲ့ နေရာ ၅ နေရာကို တိုက်ခိုက်ဖို့ဖြစ်ကြောင်း၊ လိုင်ဇာကို စစ်တပ်ကစစ်ကြောင်းတွေ ချီတက်လာပြီး တိုက်တော့မယ်… အခုပဲ လာဝိုင်းနေပြီ ကယ်ပါ…ယူပါ အသံတွေ ပွက်လောရိုက်နေ

နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေး



myanmar snack vendor

လွန်ခဲ့တဲ့နှစ် မတ်လကစပြီး သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားတပိုင်းအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်။ ရည်ရွယ်ချက်အောင်မြင်ရင် အများအပြား အကျိုးခံစားကြရပါလိမ့်မယ်။ ဒါပေမဲ့ စစ်အစိုးရဟောင်းလက်ထက်မှာ အခွင့်ထူးရခဲ့သူတွေကတော့ စည်းကမ်းနည်းလမ်းအတိုင်းလုပ်ရမှာမို့ အရင်လို လက်ဝါးကြီးအုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို ICG (International Crisis Group)  ခေါ် အပြည်ပြည်ဆိုင်ရာ ပြဿနာလေ့လာရေးဌာနက