ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 05, 2012

KIA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးမှုစတင်လုပ်ဆောင် သွား မည် ဟု ဦးအောင်မင်း ပြောကြား


From : ရန်ကုန်တိုင်း
KIA နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးရေးလမ်း စဉ်ဖြင့် မကြာမီ ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း က ရန်ကုန်တိုင်းမ်ဂျာနယ် ၏မေး မြန်းမှု တွင်ဖြေကြားခဲ့သည်။

“political dialoge ကအခုလည်းတက်နေတာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့ လည်း ဆွေးနွေး နေတာပဲ။ သူတို့အဖွဲ့က seat fire မလုပ်ပဲဆွေးနွေးမယ် ဆိုလည်း ဆွေးနွေးလို့ရတာပဲ။ political dialoge ဆိုလည်း

ဥပဒေ အကြောင်း အမြဲပြောတဲ့ မီဒီယာ သမားများ ဥပဒေ မလိုက်နာတော့ ဘယ်သူတွေက ဝေဖန်ရေးသားကြမှာလဲ


မီဒီယာဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ၊ ဘာဥပဒေ၊ ညာဥပဒေ ဆိုပြီး ဝန်ထမ်းများကိုသော်လည်းကောင်း ၊ အစိုးရအဖွဲ့ကို လည်းကောင်း ဥပဒေ မလိုက်နာသူ နဲ့ ချစား သူများကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်နေတဲ့ မီဒီယာ သမားတွေဟာ ဥပဒေကို မျက်ဝါးထင်ထင် ဆန့်ကျင်မှုတွေကို အယ်ဒီတာတွေက ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။

စီတန်းလှည့်လည် ခြင်း အဆို အကြောင်းကို ဂျာနယ်မျက်နှာဖုံးမှာ ရေးတင်ခဲ့ကြတာလည်း မီဒီယာ သမားတွေ ဖြစ်သလို စီတန်းလှည့်လည်ခွင့် ဥပဒေ အတည်ပြုတဲ့ အကြောင်းကိုလည်း

မြို့ပတ်ဘူတာများ အဆင့်မြှင့်ရန် ပြည်တွင်းကုမ္ပဏီ ၁၈ ခု လျှောက်ထား


From : ခေတ်လူငယ်
မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာများအား အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ ဆက်စပ် အဆောက်အအုံများ ပြုပြင်ခြင်းများအတွက် ဇူလိုင် ၂၀ ရက်ထိ တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းကုမ္ပဏီ ၁၈ ခုခန့် လျှောက်ထားခဲ့ကြကြောင်း သိရသည်။ ထိုသို့ အဆင့်မြှင့်တင်ခြင်းအတွက် မြန်မာ့မီးရထား ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဘတ်ဂျက်ဘဏ္ဍာငွေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကာ ပြုပြင်တည်ဆောက်မှုကို ပြင်ပကုမ္ပဏီအား လုပ်ကိုင်စေမည်ဟု သိရသည်။ ယခုအခါ ဘူတာရုံ၊ စင်္ကြံအမိုး၊ မျက်နှာကြက်နှင့် မြင့်မိုရ်ပိတ်များ ပြုပြင်ခြင်း၊ ရေတံလျှောက်၊ ရေဆင်းပိုက်များ ပြုပြင်ခြင်း၊ ထိုင်ခုံနှင့်

ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့


BGBရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး
ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ
ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ်
သတင်းများအရ သိရှိရသည်။

ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး
တိမ်းရှောင်လာသော ဘင်္ဂလီများမှာ စက်ဘုတ်၊ လှေနှင့် နယ်စပ်ခြံစည်းရိုး
အကြားရှိ မှောင်ခိုလမ်းကြောင်း ၂၀ ကျော်တို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလာသို့

စင်ကာပူ ကုမ္ပဏီကြီး တစ်ခုထံမှ မြန်မာနိုင်ငံမှ Max အုပ်စုက ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းအချို့ လွှဲပြောင်းရယူ

From : Pyi Myanmar Journal

မြန်မာနိုင်ငံမှ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော Max Myanmar စီးပွားရေး လုပ်ငန်းစုက စင်ကာပူ အခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်သော Aussino Group ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းတစ်ခုကို လွှဲပြောင်း ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၂၆-၇-၂၀၁၂ ရက်က သိရသည်။ စင်ကာပူ မှတ်ပုံတင် ကုမ္ပဏီကြီး တစ်ခုဖြစ်သော Aussino Group အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအချို့ကို နောက်ပြန်ဆုတ်လာနေသည့် အနေအထားဖြစ်နေပြီး Max အုပ်စုနှင့် ပူးတွဲ

စာမဖတ် ဗဟုသုတနည်း တဲ့ မီဒီယာ သမားများ ဒါလေး ပြန်ဖတ်ကြပါ


ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဥပဒေပါ ပြဋ္ဌာန်းချက် များ အကောင်အထည်ဖော်ရန် ပြည်ထဲ ရေးဝန်ကြီးဌာနမှလိုအပ်သော နည်း ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် ကြောင်း ဖော်ပြထားသည့်အတွက် ယခု အခါ နည်းဥပဒေများထွက် ပေါ်လာခြင်း ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ အမိန့်ဖြင့်ထုတ်ပြန်သော အဆိုပါနည်း ဥပဒေတွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြ ချက်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ခွင့်ပြု

အမျိုးသား လူငယ် Crazy အဖွဲ့ရှုပ် (သို့)ဘု့ကန့်လန့်တိုက်ပါတီဆိုသည်မှာ


From : Soe Win Maung Soe
အမျိုးသား လူငယ် Crazy အဖွဲ့ရှုပ် (သို့)ဘု့ကန့်လန့်တိုက်ပါတီဆိုသည်မှာ

(၁) ရပ်ကွက်/ကျေးရွာလမ်းများ ပြုပြင်ရန်၊ မူလတန်းကျောင်းပြင်ဆင်ပေးရန် တင်ပြသောသူသည်
NLD ပါတီမှ ဖြစ်နေပါက အောက်ခြေအထိဆင်း၍ အလုပ်လုပ်ခြင်းဖြစ်ပြီး မိမိပါတီက မဟုတ်လျှင်
နိုင်ငံတော်အဆင့်နှင့် မလျော်ညီ၊ အသေးအဖွဲကို တင်ပြ၍ အချိန်ဖြုန်းခြင်းဖြစ်သည်။

(၂) စီမံကိန်းကြီးများကို ဆောင်ရွက်ရန်တင်ပြသူသည် NLD ပါတီမှ ဆိုပါက နိုင်ငံတကာအဆင့်တက်လှမ်းရန်

ဒေါ်စုကိုယ်ရံတော် မောင်လေးတစ်ယောက် မိန်းခလေးများ အိမ်သာတတ်ချိန်ကို ကင်မရာမှတ်တမ်းတင်မှုအား တိုင်ကြားသော်လည်း ဒေါ်စု မသိချင်ယောင်ဆောင်

နိုင်ငံတော်သမ္မတအား ပုတ်ခတ်ပြောဆိုသူကို အရေးယူပေးရန် သမ္မတရုံးသို့စာတင်


From : The Myanmar Post Journal
နိုင်ငံတော်သမ္မတကြီးအားပုတ် ခတ်ပြောဆိုမှုကိုအရေးယူပေးရန် ပြည်သူတစ်ဦးကနိုင်ငံတော်သမ္မတ ထံသို့စာတင်မှုရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးမှ ဒီမို ကရေစီဖြစ်ထွန်းရေးကြိုးပမ်းအား ထုတ်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် သန်္နိဋ္ဌာန်ချမှတ်ဆောင်ရွက် နေမှုများနှင့် ပြည်သူလူထုအကျိုး စီးပွားအတွက်မှန်ကန်စွာထားရှိသော စေတနာများကြောင့် ပြည်သူများက လေးစားနေသည့်

ရွှေကျင်ရေဘေး စစ်တပ်ကပဲ ကူညီရပြန်

From : မြဝတီ


အစိုးရကရဲဝံ့ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်အခြေအနေကိုပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူသုံးသပ်

From - MyanmarPost ဂျာနယ်
သြဂုတ် ၅
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက် အရ  မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့်  မြန်မာနိုင်ငံလူ့အခွင့်
အရေးအခြေအနေဆိုင်ရာ ကုလသ မဂ္ဂအ ထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက သြဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောကြားသည်။
“ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု

အရစ်ကျစနစ်ဖြင့် GSM/ WCDMA မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးတင်ပြချက်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအနက်မှ အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်တယ်လီဖုန်း ကိုင်ဆောင်သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် (၅)ရစ်ပေးချေသည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းလ်တယ်လီဖုန်းကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် (၅)ရစ် ပေးချေသည့်စနစ်ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် (၂)ကြိမ် သုံးစွဲခွင့်ပြုပြီး ဖြစ်ပါသည်။ မိုဘိုင်းလ်တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေစနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ဝန်ထမ်းများတွင်

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ ဂျပန်နိုင်ငံကအပြည့်အ၀ကူညီမည်

From - MyanmarPost ဂျာနယ်


သြဂုတ် ၅
၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ မြန် မာအစိုးရကို ဂျပန်နိုင်ငံကအပြည့်အ ၀ကူညီမည်ဖြစ်ကြောင်း မြန်မာတိုင်း ရင်းသားလူမျိုးများဆိုင်ရာ စေတနာ ရှင်ဂျပန်သံအမတ်ကြီး cc က မြန်မာပို့စ် ဂျာနယ်နှင့်သီးသန့်တွေ့ဆုံစဉ်ပြော ကြားသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံသို့ လာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာ အတွက် မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိ နှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင် ရာညီလာခံတွေမှာ မြန်မာနိုင်ငံကို capacity building မြှင့်တင်ပေးနိုင်

ရခိုင် အရေးအခင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ အမှန်တကယ် လွတ်လပ်ရန် ၈၈ တိုက်တွန်း

From -TheVoiceWeekly
ရန်ကုန်၊ သြဂုတ် ၅

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်အတွင်း တောင်းဆိုသွားခဲ့သော ရခိုင် အရေးအခင်းအတွက် ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် အနေနှင့် အမှန်တကယ် လွတ်လပ်ရန် လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
ယနေ့ ညနေပိုင်းတွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျော
င်းသားခေါင်းဆောင်များ၏ ရခိုင်ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာ ငြင်းစရာမရှိပါဘူး။ အမှန်တကယ် လွတ်လပ်ဖို့။ အလုပ်လုပ်ဖို့ပဲ

၈၈ ကျောင်းသားများရဲ့ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲ

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News Watch ဂျာနယ်မှ မေးမြန်းရာတွင် ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလားဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ " မောင်တော တွင် ၉၇%မှာ ဘင်္ဂါလီများ နေထိုင်ပြီး၊ ဘူးသီးတောင်တွင် ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။
ဘူးသီးတောင် မောင်တောတွင် ဘင်္ဂါလီဒုက္ခသည်မရှိကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့်

နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်

from - Hotnews Journal
နိုင်ငံ ရိုဟင်ဂျာများအရေးနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်မှ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ်  ထားမည်ဟုဆိုကာ မြန်မာနိုင်ငံအတွင်း နေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအားအတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ် တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ  အားရဖြစ်လျက်ရှိပြီး အချို့သော ဒေသ များ၌မူ  သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူ ခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရို ဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား သမ္မတကြီး တပ်မ တော်၌

၈၈ ကျောင်းသားများ အဖွဲ့ မုံရွာသို့ သွားရောက်မည်

From _TheVoiceWeekly
မုံရွာ၊ သြဂုတ် ၎

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း ဖော်ဆောင်ရန်အတွက် သြဂုတ်လ ၉ ရက် နေ့တွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ကျောင်းသား ၁၂ ဦးသည် မုံရွာမြို့သို့ လာရောက်မည် ဖြစ်ကြောင်း မုံရွာမြို့မှ ကြိုဆိုရန်နှင့် ယင်းအဖွဲ့လာရောက်စဉ်တွင် အကူအညီပေးရန် စီစဉ် ဆောင်ရွက်နေသည့် မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။
၈၈ကျောင်းသားများ အဖွဲ့သည် မုံရွာမြို့သိ
ု့ သြဂုတ်လ ၉ရက်နေ့ ညပိုင်းတွင် ရောက်ရှိမည် ဖြစ်ပြီး မြို့ခံ လူထုနှင့် တွေ့ဆုံ စကားပြောရန် သြဂုတ်လ ၁၀ရက်နေ့ နံနက်ပိုင်း ၉နာရီအချိန်တွင် သတ်မှတ်ထားပြီး တွေ့ဆုံမည့် နေရာအား ယခုအချိန်အထိ

UMFCCI ၏ ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီး အချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်မဆောင်နိုင်ကြောင်း ၀င်ငွေခွန်ကြေညာလွှာ တင်ထားသူများနှင့် အခွန်မဆောင်၊ ၀င်ငွေခွန်ကြေညာလွှာပါ မတင်သည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို စတင်စစ်ဆေးနေ

From -ElevenMediaGroup
UMFCCI အသင်းချုပ်တွင် ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီးအချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်အပြည့်အ၀ မဆောင်နိုင်ကြောင်း အခွန်ကြေညာလွှာ တင်ထားသည့် လုပ်ငန်းရှင်များ နှင့် အခွန်အပြေအကြေ ပေးဆောင်မှု မရှိ၊ ပေးဆောင်နိုင်ခြင်း မရှိသည့်အကြောင်းကိုလည်း
အခွန်ကြေညာလွှာ မတင်သော လုပ်ငန်းရှင်များ၏ လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ထမ်းဆောင်ရမည့် အခွန်ထမ်းဆောင်နိုင်ခြင်း မရှိပါက အခွန်ကြေညာလွှာတင်ခွင့်ကို ဧပြီ၊ မေ၊ ဇွန်သုံးလ သတ်မှတ်ပေးထားပြီး လုပ်ငန်းရှုံး၍ အခွန်အပြေ

မြေဈေးနှုန်းအမှန်တကယ် လျော့ကျမည့် ကာလကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျှော်နေ လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ အိမ်ခြံမြေအခွန်စနစ်သစ်မှာ သက်သမ်းတိုးဖွယ်မရှိကြောင်း သိရ

From - ElevenMediaGroup
အနော်ရထာ စက်မှုဇုန်တစ်နေရာကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်း အမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေဈေးနှုန်းများအား ကားဈေးကွက်ကဲ့သို့ ဈေးနှုန်းလျော့ကျသွားအောင် ပြုလုပ်မည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားခဲ့ခြင်းကြောင့် အမှန်တကယ်
ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျော်နေကြကြောင်း၊ ထို့ပြင် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးတော့မည့်

KNU နှင့် အစိုးရ မြ၀တီမှာ ထပ်မံ တွေ့ဆုံ

from -ပေါ်ပြူလာဂျာနယ်
မဲဆောက်၊ သြဂုတ် ၅

အစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေးဆိုင်ရာအလွတ်သဘောဆွေးနွေးပွဲ တရပ်ကို ယနေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်မြ၀တီမြို့တွင်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာအစိုးရပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖေါ်
ဆောင်မှုလုပ်ငန်းကော်မတီဒုဥက္ကဌ
ရထားပိုဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းနှင့်

နိုင်ငံတော်သမ္မတအား ပုတ်ခတ်ပြောဆိုသူကို အရေးယူပေးရန် သမ္မတရုံးသို့စာတင်

 from - မြန်မာပို့စ်ဂျာနယ်
သြဂုတ် ၎

နိုင်ငံတော်သမ္မတကြီးအားပုတ် ခတ်ပြောဆိုမှုကိုအရေးယူပေးရန် ပြည်သူတစ်ဦးကနိုင်ငံတော်သမ္မတ ထံသို့စာတင်မှုရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးမှ ဒီမို ကရေစီဖြစ်ထွန်းရေးကြိုးပမ်းအား ထုတ်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် သန်္နိဋ္ဌာန်ချမှတ်ဆောင်ရွက် နေမှုများနှင့် ပြည်သူလူထုအကျိုး စီးပွားအတွက်မှန်ကန်စွာထားရှိသော  စေတနာများကြောင့် ပြည်သူများက လေးစားနေသည့်အချိန်ကာလတွင် ရွှေပြည်သာမြို့နယ်၌ နေထိုင်သူပါ တီကြီးတစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုအကြည်ညိုပျက်စေ ရန်နှင့် အထင်လွဲမှားစေရန် ပြောဆို

နေပြည်တော်တွင် နိုင်ငံတကာလုပ်ငန်းရှင်အင်အား ၅၀၀ ကျော်တက်ရောက်မည့်ညီလာခံကျင်းပမ ည်

From - မြန်မာပို့စ်ဂျာနယ်
သြဂုတ် ၎

နေပြည်တော်တွင် နိုင်ငံတကာ လုပ်ငန်းရှင်အင်အား ၅၀၀ ကျော် တက်ရောက်မည့် ညီလာခံအားစက် တင်ဘာတွင်ကျင်းပရန် စီစဉ်နေ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရ သည်။
အဆိုပါညီလာခံအတွက် နေ ပြည်တော်ရှိဟိုတယ်များအား အ ဆင့်မြှင့်တင်မှုများကြိုတင်ပြုလုပ် ထားရန် ၀န်ကြီးဌာနမှ ဒုတိယ၀န် ကြီး ဦးဌေးအောင်နှင့်နေပြည်တော် ရှိ ဟိုတယ်လုပ်ငန်းရှင် ၃ ဦးတို့တွေ့

မြောင်းပိတ်ခြင်းကြောင့်ရပ်ကွက်အတွင်း နှင့်လမ်းမကြီးအပေါ်ရေကြီး ရေလျှံနေ

from - HotNews ဂျာနယ်
 
ထောက်ကြန့်မြို့ ၊ မြို့ရှောင် လမ်းတစ်ခုဖြစ်တဲ့ ပဲခူးလမ်း မကြီးမှ ထောက်ကြန့်မြို့မ၀င်ပဲ မှော်ဘီသို့ ကားကြီးကားငယ်များ သွားလာနိုင်သော မြို့ရှောင်လမ်း တစ်ခုကိုဖောက်လုပ်ထားပါသည်။ ပဲခူးလမ်းမကြီးပေါ်မှ မြို့ရှောင် လမ်းအစ မိုင်တိုင် ၀၀ နှင့်မိုင်တိုင် ၀၃ မှ ၀၄ အကြားမှာ ၃ပေ 
အ ချင်းရှိပိုင်လုံးများကို ရေထွက် ပေါက်အဖြစ် မိုင်တိုင် ၀၀ နေရာ တွင် ပိုက်လုံး ၂လုံး ပေ ၂၀၀ ကျော် ကားလမ်းအောက်တွင် လည်းကောင်း၊ ၀၃ /၀၄ မိုင်တိုင် တို့တွင် တစ်လုံးစီရှိပြီး

ဗီယက်နမ်နဲ့ ပြင်သစ် မြန်မာဟိုတယ်လုပ်ငန်းကို မျက်စိကျ

from - HotNews ဂျာနယ်

 
ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်ပြင်သစ်နှင့် အိန္ဒိယတို့ သည် မြန်မာ့ဟိုတယ် လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန်အတွက် အာ ရုံကျနေကြောင်း ဆိုသည်။

ဒီမိုကရေစီ ပွင့်လင်းမြင်သာ မှု ရှိလာသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဧည့်သည်များ အ၀င် များလာရာ မြန်မာ့ဟိုတယ်လုပ် ငန်းတွင် အခန်းလိုအပ်ချက်များ မြင့်တက်နေကြောင်း သိရသည်။ ဗီယက်နမ်မှHAG & Landကုမ္ပဏီက ကန်ဒေါ်လာ သန်း ၃၀၀ ဖိုးရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေ ပြီး၊ အိန္ဒိယမှ Hotel & Resortsကလည်း သန်းရာနှင့်ချီရင်းနှီးမြှုပ် နှံရန်အတွက် သက်ဆိုင်ရာနှင့်

ကချင်ပြည်နယ်မှ ဒေါက်တာမနာမ်တူးဂျာ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမည်ဟုဆို

 From - မြန်မာပို့စ်ဂျာနယ်
သြဂုတ် ၃

နိုင်ငံရေးအရ သဘောထား တိုက်ဆိုင်သူများနှင့်ပူးပေါင်းပြီး မ ကြာမီကာလအတွင်း နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားမည် ဟု ဒေါက်တာမနာမ်တူးဂျာကမြစ် ကြီးနားမြို့၊ ယုဇန ရပ်ကွက်ရှိသူ ၏ နေအိမ်တွင်တွေ့ဆုံစဉ်ပြောကြား သည်။
ဒေါက်တာမနာမ်တူးဂျာသည် ၁၉၉၄ ခုနှစ်၊ တပ်မတော်အစိုးရနှင့် ကေအိုင်အို၊ ကေအိုင်အေ တို့အပစ
် အခတ်ရပ်စဲရေးသဘောတူညီမှုရရှိ ပြီး အမျိုးသားညီလာခံသို့တက် ရောက်ခဲ့သည့် ကေအိုင်အို၊ ကေ အိုင်အေ၊ ထိပ်ပိုင်းခေါင်းဆောင်များ ထဲမှ တစ်ဦးဖြစ်သည်။ အမျိုးသား ညီလာခံပြီးဆုံးသည့်အခါ ဒေါက် တာမနာမ်တူးဂျာသည် ကေအိုင်အို မှ နှုတ်ထွက်အနားယူခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့


ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦး ဆုံးမှန်ကန် တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။

အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture
စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager
ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice President (IT)
Vice President(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director
စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင် ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိုင်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာ သင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ် ထင်ပါတယ်။ မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနိုင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့ ၀င်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။
အခြားအရေးကြီးတဲ့အချက်တွေကတော့...
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘ၀တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့် စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ - ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လ၀ိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး (အတွင်းရေးမှူး  -မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင် များ ဖြေစေဖို့   ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။
http://youth-it-technican.blogspot.com/

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် ပြည်သူများအတွက် တရုတ်နိုင်ငံက လူနေအိမ်များ ဆောက်လုပ်လှူဒါန်းမည်

From : Pyi Myanmar Journal

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေအိမ်မဲ့ ဖြစ်ခဲ့သော ဒုက္ခသည် ပြည်သူများအတွက် တရုတ်နိုင်ငံက လူနေအိမ်များ ဆောက်လုပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း ၃၀-၇-၂၀၁၂ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနနှင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နယ်စပ်ရေးရာဝန်ကြီးနှင့် မြန်မာ့စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားသည်။ “တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ရခိုင်ပြည်နယ်က

ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်း



From : ခေတ်လူငယ်ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်းရှိပြီး တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသားလွှတ်တော်တွင် ဇူလိုင်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ၀င်ထွက်သွားလာမှုများကို ထိန်းချုပ် ကာကွယ်ရန်အတွက် ကာကွယ်ရေးတံတိုင်းကို တောင်ကုတ်ဒေသနဲ့ ဘူးသီးတောင်ဒေသတွေမှာ ဖွဲ့စည်း ကာရံထားပြီး အုပ်ချုပ်ရေး တံတိုင်းအဖြစ် ဌာနဆိုင်ရာများမှ မောင်တောခရိုင် ဖွဲ့စည်းပုံ အင်အားပြည့် ခန့်အပ်ပြီး တည်ဆဲဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားများအပေါ် အန္တရာယ်ပြုလာမည့် ကိစ္စများကို

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်လက်ထက် နိုင်ငံသားများမြှုပ်နှံမှု ကျပ်သန်းပေါင်း ၂၃၀၀၀၀ ရှိ



From : ခေတ်လူငယ်
မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင်သစ်လက်ထက်တွင် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော်ရှိကြောင်း သတင်းရရှိပါသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်တာဝန်ယူခဲ့ပြီး အဆိုပါ ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော်မှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ မြှုပ်နှံထားသည့် ပမာဏဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော်မှာ လုပ်ငန်းပေါင်း ၄၂ ခုအတွက် မြှုပ်နှံထားသည့်

ရေနံသဘာဝ လုပ်ကွက်များတွင် ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဈေးပြိုင်စနစ်ဖြင့်သာ ခေါ်ယူတော့မည်

From : 7 day
ကမ်းလွန်ရေနံ သဘာဝလုပ်ကွက်များတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများ များလာသဖြင့် တိုက်ရိုက်အဆိုပြု ခွင့်ပြုသည့်ပုံစံမှ ဈေးပြိုင်စနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှု ခေါ်ယူသည့်ပုံစံသို့ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း စွမ်းအင်စီမံရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၈ ကွက် လစ်လပ်နေရာမှ ၂၃ ကွက်ကို ပြည်ပမှ ရင်းနှီးမြှုပ်နှံရန် ဈေးပြိုင်စနစ်ဖြင့် ပထမဆုံးအကြိမ် ဖိတ်ခေါ်မည်ဖြစ်ပြီး ယင်းကမ်းလွန် လုပ်ကွက်များသည်

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒယခရီးစဉ် (ဓာတ်ပုံ)


မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်

From : 7 dayကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံအခြေအနေရှိနေချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို