ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, September 09, 2012

ကျောင်းဆရာ၊ ဆရာမတွေ လစာတိုးပြီ

အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။
ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။
မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို

မီဒီယာ ဥပဒေ အသစ်ပြန်လည် ရေးဆွဲမည်

သတင်းမီဒီယာများ ပါဝင်ခြင်း မရှိဘဲ ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ ခဲ့သော မီဒီယာ ဥပဒေကို မြန်မာ
နိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က အသစ် ပြန်လည် ရေးဆွဲမည် ဖြစ်ကြောင်း မကြာသေးခင်က ခန့်အပ်
ြုခင်း ခံရသော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ကိုယ်စားလှယ်တို့ တွေ့ဆုံမှု အစီရင်ခံစာမှ သိရသည်။

ယင်းကောင်စီ၏ လတ်တလော တာဝန်များမှာ စာနယ်ဇင်း လောကသားများ လိုက်နာမည့် Code of Conducts ရေးဆွဲရန်၊ မီဒီယာ ဥပဒေ ရေးဆွဲမည့် အခြေခံ မူဘောင် frame work (ပြန်ကြားရေး ဝန်ကြီး ဌာနမှ ချပေး လာမည် ) ကို ပုံနှိပ် မီဒီယာ ဥပဒေ 'သုည' မူကြမ်း ရေးဆွဲရန် ဖြစ်သည်ဟု ဝန်ကြီးက ပြော

ပထမဆုံးအကြိမ် ကရင်နီအမျိုးသား အာဇာနည်နေ့ ပြည်တွင်းတွင်ကျင်းပ


မြန်မာပြည်တွင်းတွင် (၆၄)နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် မြလဲကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။
ကရင်နီတော်လှန်ရေးအတွင်း အသက်ပေး ကျဆုံးသွားခဲ့ကြသည့် ကရင်နီ အာဇာနည် သူရဲကောင်းများကို သတိရအောက်မေ့သည့်အနေ နှင့် ကရင်နီအမျိုးသား အာဇာနည်နေ့ကို ကရင်နီပြည်

မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။
စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း သိရသည်။ "ကလေးကို တူးမြောင်းထဲမှာ အရင် တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက ခြောက်လက်မလောက်ရှိတယ်။ အဲဒီက မှ ချောင်းကြီးထဲကို စီးဝင်တာ။ နည်းနည်းပဲလိုတော့တယ်။

ပထမအရုပ်လေး ပဲထင်ကြတာ။ ကလေးအသံကြားမှ သိရတယ်။ ကလေးက မျက်နှာတွေ

ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား

မာဂျေ
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
ရှေးစကားတစ်ခုရှိသည်။ ရာဇ၀တ် ဘေး ပြေးမလွတ်ဟု ဖြစ်သည်။ သို့သော် မာဂျေမြင်နေရသည်က ရာဇ၀တ်ဘေး ပြေးလျှင် လွတ် တတ်သည်ဟု ဆိုရမလို ဖြစ်နေသည်။ ရှေးစကားနှင့်တော့ ဖီလာ ဆန့်ကျင်ဖြစ်နေသည်။ ရှင်းပါအံ့။

တစ်ခေတ်က အကောက်ခွန်ဝန်ထမ်း များကို အစုလိုက် အပြုံလိုက် ထောင်ထဲ ထည့်ခဲ့သည်။ အချို့ဆိုလျှင် ယခုထိ မလွတ်ကြသေး။ သို့သော် အရိပ်သုံးပါး နားလည်သူတို့က အဖမ်းတော့ မခံနိုင်ဟု ဆိုကာ ပြေးကြသည်။ ကိစ္စ၀ိစ္စများ အေးချမ်းသွားသော်

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်အကြောင်း

အမေရိကန် အထက်နှင့် အောက်လွတ်တော်များတွင် မိန့်ခွန်းပြောမည်။ ကုလ အထွေထွေ ညီလာခံတွင်လည်း စကားပြောမည်။ နယူးယောက် Exchange တစ်ရက်ဖွင့်ပေးမည်။ White House ရှိ FDR အခန်းတွင် အထူးဧည့်သည်တော်အဖြစ် တစ်ည လာရောက်တည်းခိုရန် အိုဘားမား ကတော်မှ ဖိတ်ကြားထားသည်။ သမ္မတအိမ်တော်၏ အထူးညစာစားပွဲတွင် GW Bush တို့နှင့်လည်း တွေ့ဆုံမည်။ ကလင်တန် လင်မယားနှင့် တွေ့ဆုံမည်။ Billgate နှင့် Melinda တို့နှင့်လည်း တွေ့ဆုံမည်။
From-ဒီမိုဖက်တီးFacebook

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်

ဓာတ်ပုံ- ညီညီဇော်

မန္တလေး စက်တင်ဘာ(၉)ရက်

၁၉၉၂ ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင် ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှု များအား အဖွဲ့လိုက် စုပေါင်း ဖော်ထုတ် တရားစွဲဆိုရန်အတွက် ရဟန်း၊ ရှင်လူ ပြည်သူ တို့၏ ထောက်ခံဆန္ဒမဲ လက်မှတ်များ တောင်းခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (  ၉) ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမဘုရားကြီးတိုက် တွင် မြောက်ပိုင်း အမှုမှန် ဖော်ထုတ်ရေး အဖွဲ့က ပြုလုပ်သည့် ပါဂျောင်ရှင်းတမ်း အခမ်းအနားတွင် ပါဂျောင် ဒေသမှ လွတ်

BBC သတင်းဌာန ရန်ကုန်တွင် ရုံးခွဲ ဖွင့်မည်

ယခင် တပ်မတော် အစိုးရ လက်ထက် အတိုက်အခံ မီဒီယာအဖြစ် သတ်မှတ်ထားသော ဘီဘီစီ သတင်းဌာန၏ မြန်မာပိုင်း အစီအစဉ် ရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် လာရောက် ဆွေးနွေး နေပြီဖြစ်ကြောင်း BBC Global News မှ ဒါရိုက်တာ PETER HORROCKS က The Voice Weekly သို့ ပြောကြားသည်။
from : thevoiceweekly

ယနေ့မွန်းလွဲ ၁၂ နာရီကျော်ခန့်က အလုံမြို့နယ်အတွင်း ခြောက်ထပ်တိုက်ပေါ်မှ အမျိုးသမီးငယ် ပြုတ်ကျ


ယနေ့မွန်းလွဲ ၁၂ နာရီကျော်ခန့်က အလုံမြို့နယ်အတွင်း ခြောက်ထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့သည့် အမျိုးသမီး ငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်း မှ အတည်ပြုပြောကြားသည်။
အလုံမြို့နယ်၊ စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါလမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး သည် နေအိမ်တိုက်ခန်း ခြောက်လွှာ အိမ်နောက်ဖေး ၀ရန်တာ မှ ပြုတ်ကျခဲ့ခြင်း
ဖြစ်သည်။ ပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းက စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါ အမျိုး သမီးငယ်သည် အဆိုပါနေအိမ်တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး တိုက်ခန်းပေါ်မှ ပြုတ်မကျမီ သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူကပြောကြားသည်။

from - 7Day News Journal

ဝရမ်းပြေးဖိုးအေးနှင့်အဖွဲ့ ခေါင်းထောင်လျှက်ရှိ

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက  လှိုင်သာယာမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး မော်တော်ယာဉ်ဖြင့် တရားမ၀င် ကျွန်းခွဲသားများ ၃ တန်ကျော်တင်ဆောင်လာစဉ် တာဝန်ကျ ရဲတပ်ဖွဲဝင်များက ဖမ်းဆီးရာ ကားပေါ်ပါသူ သစ်ပိုင်ရှင်ဖိုးအေး၏တပည့် ကုလားပုနှင့် ပိစိတို့မှာ ထွက်ပြေးလွတ်မြောက်သွား ကြောင်းသိရပါတယ်။

အဆိုပါ ကားရှေ့တွင် ဆလွန်းကားဖြင့်လမ်းကြောင်းသူ သစ်ပိုင်ရှင်ဖိုးအေးမှာလည်း လွတ်မြောက်လျှက်ရှိကာ တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်နှင့် ရှမ်းစုရပ်ကွက်တွင် သွားလာနေထိုင်လျှက်ရှိကြောင်း မျက်မြင်တွေ့ ရှိသူများက Myanmar News Now ကို ပြောပါတယ်။

ဝရမ်းပြေး ဖိုးအေးနဲ့ အဖွဲ့ ရပ်ကွက်တွင်မှာ သူတို့ ရောက်ရှိနေကြောင်း သတင်းပို့ ပါက ရပ်ကွက်ကို

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး

သည်ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။

တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး

သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်

_Labour_Ministry_gh
ပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်

သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။
 
“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား

'ဒီလိုလေးတွေးကြည့်ရအောင်'





၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က The Nation သတင်းစာတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံ (၀ဲမှယာ - ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)
ယခုတလော အင်တာနက်မှာရော၊ ပြည်တွင်းထုတ် ဂျာနယ်တွေမှာရော ABSDF(မြောက်ပိုင်း)မှာ ဖြစ်ပွားသွားခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရှိ ဖတ်ရှုရပါတယ်။

ဒီလိုပါလာတဲ့ ဆောင်းပါး၊ အင်တာဗျူးတွေမှာ သမိုင်းတစ်ခုရဲ့ ဖြစ်ရပ် (event) ကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတဲ့သူရော၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူဖို့၊ ခွင့်လွှတ်သင်ပုန်းချေဖို့၊ အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဖို့ ကြိုးစားရင်း ရေ တိမ်နစ်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ခံစားမှုစသဖြင့် အကြောင်းအရာ ရှုထောင့်မျိုးစုံက ဖော်ပြနေတာတွေကို ဖတ်ရပါတယ်။
တစ်ခုပဲ ဒီလိုလေးတွေးစေချင် ပါတယ်။ အကယ်၍များ အသတ်ခံ ရသူတွေဟာ ပြန်လည်ရှင်သန်လာ ပြီး

ပုဂ္ဂလိက၀န်ထမ်းများပါ သက်ကြီး ပင်စင်လစာ ခံစားခွင့် ရရှိမည့် လူမှုဖူလုံရေး နည်းဥပဒေ(မူကြမ်း) ရေးဆွဲလျက်ရှိ၊ ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်းသိရ


74911
အငြိမ်းစားဝန်ထမ်းတစ်ဦး ပင်စင်လစာ ထုတ်ယူနေသည်ကို သြဂုတ်လ အတွင်းက တွေ့ရစဉ် ဓာတ်ပုံ-ကျော်ထင်
လူတိုင်းသက်ကြီး ပင်စင်လစာ ခံစားခွင့်အပြင် အခြားအာမခံစနစ်များ ပါဝင်သည့် လူမှုဖူလုံရေး နည်းဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပြီး ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်း သိရသည်။
လူတိုင်းပင်စင်လစာ ခံစားခွင့်ဆိုသည်မှာ ယခင်က သက်ကြီးပင်စင် လစာအား အစိုးရ၀န်ထမ်းများကသာ
ခံစားခွင့်ရရှိသော်လည်း လူမှုဖူလုံ ရေးဥပဒေသစ်အရအစိုးဝန်ထမ်းများ သာမက ပုဂ္ဂလိက၀န်ထမ်းများပါ ပင်စင်လစာခံစားရရှိမည်ဖြစ်သည်။
လူမှုဖူလုံရေးဥပဒေသစ်အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတော်သမ္မတက အတည်ပြု ခဲ့ပြီးဖြစ်ပြီး အဆိုပါဥပဒေကိုအ ကောင်အထည်ဖော်ဆောင်ရွက်ရန် လူမှု့ဖူလုံရေးနည်းဥပဒေများ(မှုကြမ်း)

စစ်တွေမြို့တွင် ဆရာတော် ဦးဥတ္တမ နေ့ အခမ်းအနား ကို လူပေါင်းထောင်ချီ တက်ရောက်


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ယနေ့နံနက် (၉) နာရီတိတိတွင် ကျင်းပကာ လူပေါင်းထောင်ချီ တက်ရောက်ခဲ့
ကြောင်း သိရသည်။

အခမ်းအနားကို ရခိုင်တေးသံချင် ကိုဝင်းကိုခိုင်က ဆရာတော် ဦးဥတ္တမတေးသီချင်းအား အမျိုးသားရေး မာန်၊ ဟန်၊ ခံစားချက်အပြည့်ဖြင့် သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ဦးဥတ္တမပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်တုအား အဖွဲ့ပေါင်းစုံမှ လာရောက်ကာ လွမ်းသူ့ပန်းခွေများဖြင့် ဂါရဝပြုခဲ့ကြကြောင်း စစ်တွေမှ အာရ်ကန်တိုင်းမ်စ်

ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံဖို့ လိုသည်

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ထောက်လှမ်းရေးအဖြစ် စွပ်စွဲ၊ စစ်ဆေး၊ ကွပ်မျက်သည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၁ အကုန်မှစပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်။ ပြုလုပ်သူ၊ အပြုခံရသူ ယင်းတို့နှင့် ပတ်သက်သူများ ထံမှလည်း ပြောဆိုချက်များ၊ အထောက်အထားများ၊ အမှတ်တရပွဲများ၊ ဖြေရှင်းရေးကိစ္စများ ပြောဆိုလာကြသည်။
ယင်းကိစ္စဖြစ်ပွားစဉ်က ABSDF မြောက်ပိုင်းတွင် တာဝန်ယူခဲ့သူတချို့သည်လည်း ယခုအခါ ပြည်တော်ပြန်လာကြပြီဖြစ်ပြီး ကာကယံရှင်များ

ရှစ်နှစ်ကြာ ခေါင်းကိုက်ဝေဒနာခံစားနေရသော စကော့တလန်မှ အသက် ၁ဝ နှစ်အရွယ် ကျောင်းသားလေး ကြိမ် (၄ဝ) ခွဲစိတ်ကုသမှု ခံယူပြီးနောက် ရောဂါပျောက်ကင်းသွား


ရှစ်နှစ်ကျော်ကြာ ခေါင်းကိုက်ဝေဒနာ ခံစားနေရသော စကော့တလန်နိုင်ငံမှ အသက် ၁ဝနှစ်
အရွယ် လက်ဖ်လန် ဒိုဂေါဆိုသူ ကျောင်းသားလေး တစ်ဦးသည် ဂလက်စ်ဂိုမြို့ရှိ ယော့စ်တေးလ် ရိုင်ရယ်လ် ကလေးဆေးရုံ၌ ဦးခေါင်း ခွဲစိတ်ကုသမှု အကြိမ်(၄ဝ) ခံယူခဲ့ပြီးနောက် ယခုအခါတွင် ခံစားနေရသော ခေါင်းကိုက် ဝေဒနာများပျောက်ကင်း သွားခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ ကျောင်းသားလေးသည် အသက်နှစ်နှစ် အရွယ်မှစတင်၍ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရ သောကြောင့် ဆေးရုံသို့သွားရောက် စစ်ဆေး ခဲ့ကြောင်း၊ ဆေးစစ် ချက်များအရ ၄င်း၏ဦးနှောက်

ပုစွန်တောင် လူသတ်မှု ကျူးလွန်သူကို ၃၄ နာရီကြာ ပေါ်ပေါက်


လွန်ခဲ့သော သုံးရက်ခန့်က ဖြစ်ပွားခဲ့သော ပုစွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည် ရဲမှူးကြီး (အငြိမ်းစား) ဇနီး လူသတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ အသက်၂၂ နှစ် အရွယ် အမျိုးသားကို လူသတ်မှု ဖြစ်ပွားပြီး ၃၄ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ယင်းရဲတပ်ဖွဲ့မှူး ရုံး ၊ ဌာနခွဲမှူး ဦးစီး(၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍ သံသယ ရှိသူ ကို ယင်းအမျိုးသမီးကြီး အသတ်မခံရမီ် တစ်ရက်တွင် အဲယားကွန်း လာရောက် ပြုပြင်သည့် အဖွဲ့ကို စစ်ဆေးခဲ့ရာမှ တစ်ယောက် ပျောက်ဆုံးခဲ့ပြီး

နိုင်ငံပိုင်သတင်းစာများ နှစ်လ အတွင်းပြုပြင်ပြောင်းလဲမည်

ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU) မှ ဖြစ်မြောက်ရေး အဖွဲ့ဝင် ဒေါ်အေးအေးဝင်း၊ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးတို့တွေ့ဆုံ (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ဆယ်စုနှစ်များစွာအစိုးရ၏ဝါဒဖြန့်ချီရေးအနေနှင့်သာရပ်တည်ခဲ့သောနိင်ငံပိုင်သတင်းစာများကို ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ၂ လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမည်ဟု ၎င်း၏စကားကို ကိုးကားကာ

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင် ခါးပိုက်နှိုက်ခံရ


လွတ်ငြိမ်းချမ်းသာခွင့်နဲ့  သရက်ထောင်က လွတ်မြောက်လာစဉ်  က  သူ့ကို ကြိုဆိုသူတွေ ထဲကြား ထဲ မှာ  ငွေတစ်သိန်း ခါးပိုက်နှိုက်ခံခဲ့ရကြောင်း Facebook တွင်ပြောဆိုနေကြသည်။

ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံ ထူထောင်ရန် အကြမ်းဖက်ဘင်္ဂလီ (၁၁) ဖွဲ့ ပူးပေါင်း


Arakan Times, 8 September 2012  —   ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်ဒရော်ဘင်တောင်တန်းဒေသ (ရွာတော်ခရိုင်)နှင့် ဖလောင်းချိတ်မြို့ (Cox’s Bazar) ကြားတွင် တိမ်မြုပ်နေသည့် ရခိုင်ပြည်နယ်ကို အစ္စလမ်မိတ်နိုင်ငံ တစ်ခုအဖြစ်ထူထောင်ရန် စိုင်းပြင်နေကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၁) ဖွဲ့ ပူးပေါင်းပြီး လှုပ်ရှားမှု တချို့အား ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သြဂုတ်လ ၅ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ခ်ျ ဖလောင်းချိတ်သတင်း(Cox’s Bazar news) စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။
ဘန်ဒရော်ဘင်ခရိုင် အလယ်ခိုတောင်မြို့နယ် တွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့တစ်ခုသည် ပြန့်ကြဲနေသော ဘင်္ဂလီအဖွဲ့များကို စုစည်းပြီး စခန်းတစ်ခု တည်ဆောက်နေကြောင်းနှင့် အဆိုပါအဖွဲ့အား ကြိုးကိုင်ခိုင်းစေနေသော ဘင်္ဂလီ (၃) ဦးမှာ ဘင်္ဂလားဒေ့ခ်ျ အစိုးရက

တရုတ် သဘောထား ပြောင်းလဲနေသလား


VOA News, 8 Septembe 2012 —-  ( သတင်းသုံးသပ်ချက်)  အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ငြိမ်းချမ်းစွာ ပူးပေါင်းလုပ်ကိုင်ရေးကို တရုတ်က အဓိကထားတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံ စီးပွားရေးမှာ အပြန်အလှန် မှီခိုကြပါတယ်။ တရုတ်ကလည်း အရှေ့ တောင်အာရှနိုင်ငံတွေရဲ့  ယုံကြည်မှုရရှိအောင် အထူးကြိုးပမ်းပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာတော့ နယ်စပ်ဒေသတည်ငြိမ်ရေးကို အဓိကထားပါတယ်။ ဒါပေမဲ့ မိမိရည်မှန်းချက် မအောင်မြင်တဲ့အခါမှာတော့ တရုတ်ဖက်က အကျပ်ကိုင်ဖိအားပေးတာမျိုးတွေ လုပ်လာတာတွေ့ရပါတယ်။
၂၀၁၁ ဇွန်လကစပြီး KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာအစိုးရတပ်တို့ တိုက်ကျခိုက်ကျတဲ့အတွက် စစ်ပြေးဒုက္ခသည် ကချင်တိုင်းရင်းသားတွေ ထောင်သောင်းချီပြီး ယူနန်ပြည်နယ်မှာ ခိုလှုံကြပါတယ်။ ဒါပေမဲ့

မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို SME ဘဏ်အဖြစ် ပြောင်းလဲမည်



မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အရင်းအနှီးနှင့် နည်းပညာအကူအညီများပေးရန် ရည်ရွယ်၍ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME ဘဏ်) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောကြားသည်။ နေပြည်တော်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၌ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ငွေကြေးဝန်ဆောင်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

“ မြန်မာနိုင်ငံတွင်ပထမဦးဆုံး ထူးခြားသည့်အလှူအဖြစ်ပခုက္ကူမြို့တွင် သံဃာတော်များနှင့် သီလရှင်များအား ဘီပိုးကာကွယ်ဆေးထိုးလှူဒါန်းမည်”


မြန်မာနိုင်ငံတွင်ပထမဦးဆုံး ထူးခြားသည့် အလှူအဖြစ် သတ်မှတ်နိုင်မည့်မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရှိ ရဟန်းသံဃာတော် အပါး(၂၄၀၀)ကျော်နှင့် သီလရှ င် အပါး(၃၀၀)ကျော် တို့အား အသည်းရောင် အသားဝါ ရောဂါ ( B ) ပိုး ကာကွယ်ဆေး ထိုးပေးမည့် လှူဒါန်းမှု ကို ပြုလုပ်မည်ဖြစ်ကြောင်းသိ
ရသ ည်။


ထိုင်ဝမ်နိုင်ငံ၊ ထိုင်ဝမ်ဘုန်းတော်ကြီး Ven-Hai-Tao အမှူး ရှိသော ဒကာ ဒကာမ များဧ။် ကောင်းမှု ဖြင့် လှူဒါန်းမည့်အဆိုပါ အစီအစဉ်အား ပခုက္ကူမြို့ ရှိ ဆရာတော်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊
မြို့မိမြို့ဖ များ ၊ အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍လိုအပ်သည်များ ကူညီဆောင်ရွက်ရန် လုပ်ငန်းညှိနိုင်း

စေတနာရှင် ကုသိုလ်ရှင်များ ခိုကိုးရာမဲ့နေသည့် ဝေဒနာရှင်များအား မိမိတတ်အားသရွေ့ သွားရောက် လှူဒါန်းပေးကြပါရန် တိုက်တွန်း နိုးဆော်ပါသည်။

 
မင်္ဂလာတောင်ညွန့် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း တည်ထောင်ထားသော HIV AIDS PREVENTION AND CARE SECTION သည် HIV AIDS ရောဂါ ဝေဒနာ ခံစားနေရသည့် လူများကို ပြုစု စောက်ရှောက်သည့် ဂေဟာ တစ်ခုဖြစ်သည်။ 
 
အဆိုပါ ဂေဟာတွင် လူနာရှင်(180) ခန့်ရှိပြီး ၄င်းတို့အတွက် နေထိုင် စားသောက် စရိတ်များနှင့် ဆေးဝါး များ၏ကုန်ကျစရိတ်မှာ သိန်း(200)နှင့် သိန်း(300)ခန့်ကြားတွင်ရှိပါသည်။ အဆိုပါ ကုန်ကျစရိတ်များကို နိုင်ငံတကာမှ အလှူရှင်များ ၊ အဖွဲ့အစည်းများနှင့် NGO များမှ ကူညီ ထောက်ပံ့ နေကြသည်ဟု အများက ထင်မှတ်လျက် ရှိကြသည်။ သို့သော် အဆိုပါ အဖွဲ့စည်းများထံမှ

ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား(တိုကျို)


(၇၃)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံရောက် ရခိုင်ဒီမိုကရေစီအခွဲ့ချုပ် (ပြည်ပ) ဂျပန်ဌာနခွဲမှ ဦးစီး၍ တိုကျိုမြို့ KOmagome Bumka Center 4F ခမ်းမ၌ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ပါသည်။
ယနေ့ အခမ်းအနားတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်ဆုတောင်း မေတ္တာပို့သခြင်း လွမ်းသူ့ပန်းခွေချခြင်း ပြီးသည့်နောက် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကြိုးပမ်း ထမ်းဆောင်ခဲ့တဲ့ ဆရာတော်၏ စိတ်ဓါတ်တွေကို ယနေ့လူငယ် လူလတ်ပိုင်းတွေက ဆရာတော်ရဲ့ စိတ်ဓါတ်တွေကို လက်ဆင့်ကမ်းနိုင်အောင် ရည်ရွယ်ချက်ဖြင့် ယနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းကို ALD(Exile)Japan ဥက္ကဌ ဦးလှအေးမောင်မှ ရှင်းလင်းပြောကြား ပြီးသည့်နောက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကိုရောက်ရှိ



Photo: U.S Department of State အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun
RFA News, 8 September 2012  —-   အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။
အဲဒီ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ များမကြာခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့အမြင်ကို လေ့လာဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြို့ပေါ်က

ရိုသေစွာ ဦးတင်လျှောက်ထားခြင်း

သို့/
ဦးဝီရသူ
မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်
မန္တလေးမြို့။
ရက်စွဲ၊ ၂၀၁၂-ခုနှစ်၊ စတင်ဘာလ(၂)ရက်
ရိုသေစွာ ဦးတင်လျှောက်ထားအပ်ပါသည် ဘုရား…..

၁။ ဘုရား တပည့်တော်မသည် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အိမ်အမှတ်(-----)၊ စန္ဒာလမ်း၊ ရက်ကွက်ကြီး(----)တွင် နေထိုင်သည့် အဘ ဦး……၊ အမိ ဒေါ်…….တို့၏ သားသမီး (၄) ဦးအနက် သမီးအကြီးဖြစ်သူ မ…….(ခ)……..၊ အသက် (၃၄) နှစ်၊ မှတ်ပုံတင်အမှတ်(…………….)ဖြစ်ပါသည် အရှင်ဘုရား။
၂။ ဘုရား တပည့်တော် မသည် မိသားစုတွင် သမီးအကြီးဆုံး ဖြစ်သည်က တစ်ကြောင်း၊ မိသားစု (၆) ဦးအတွက် ဖခင် တစ်ဦးတည်း၏ ဝင်ငွေနှင့် မိသားစု စားဝတ်နေရေး အတွက် ရပ်တည်ရန် ခက်ခဲသည်က တစ်ကြောင်း၊ ညီမအငယ် (၃) ဦး၏ ပညာရေးအတွက် ကူညီပံ့ပိုးလိုသည်က တစ်ကြောင်း၊ ထို့ကြောင့် တစ်ဘက်တစ်လမ်းမှ မိသားစု ဝင်ငွေတိုးစေရန် ပြင်ဦးလွင်မြို့၊ ဂေါက်ကွင်းအတွင်း ဖွင့်လှစ်ထားသော