အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး
အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးက
တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လှစ်လျှူရှု့ပြီး
အလုပ်သမားတစ်ဦးကို အနည်းဆုံး လစာငွေ ငါးသောင်းတစ်ထောင် သတ်မှတ်ကြောင်း
မတ်လ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မူလလစာထက်တောင် နှစ်သောင်းကျော်
နည်းသွားတာကြောင့် အလုပ်သမားတွေ မကျေနပ်ဖြစ်နေကြပါတယ်။ တရားမျှတမှုမရှိတဲ့
ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ အဆင့်ဆင့် ဆက်လက် တိုင်ကြားသွားမယ်လို့ တိုင်ရီ
အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပြခဲ့ပါတယ်။http://www.thithtoolwin.com/2012/03/blog-post_9672.html
No comments:
Post a Comment