ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, March 29, 2012

မြန်မာနှင့် လာအို မဟာမဲခေါင်မြစ် ဖြတ်ကျော်ချစ်ကြည်ရေးတံတား တည်ဆောက်မည်

From : ခေတ်လူငယ်

 မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံသည် မဟာမဲခေါင်မြစ်ဖြတ် တံတားတစ်စင်း တည်ဆောက်ရန် နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ မဲခေါင်သုံးနိုင်ငံ ခရီးစဉ် နောက်ဆုံးဖြစ်သော လာအိုခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်ချင်း အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းများအရ လာအိုနိုင်ငံမှ ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sommad Pholsena နှင့် အဖွဲ့သည် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်နှင့် လာရောက်တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ မဲခေါင်မြစ်ဖြတ် ချစ်ကြည်ရေး တံတားဆောက်လုပ်ရန် အကြမ်းဖျင်း သဘောတူညီထားခဲ့ကြသည်ဟု သိရသည်။ “မတ်လ တတိယပတ်က လာပြီးဆွေးနွေးခဲ့တာပါ။ လာအိုဝန်ကြီးချုပ် လာပြီးကတည်းက ဒီကိစ္စ အကောင်အထည်ဖော်ဖို့ ပြောဆိုထားတာ တွေ့ရှိခဲ့တာ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လာအိုဝန်ကြီးချုပ် Thongsing Thammovong သည် ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း နှစ်နိုင်ငံ၏ ရှေ့ရေးအလားအလာကို မျှော်ကိုးသောပုံစံနှင့် နှစ်နိုင်ငံ သတင်းအချက်အလက် လုံခြုံရေးကိစ္စများ အပါအဝင် ယင်းတံတားမှ ကုန်သွယ်ရေးကိစ္စများကိုပါ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မဲခေါင်မြစ်ချစ်ကြည်ရေးတံတား ဆောက်လုပ်ခြင်းအတွက် လာအိုနိုင်ငံဘက်မှ သတင်းများအရ မြန်မာသမ္မတ ဦးသိန်းစိန်၏ မဲခေါင်သုံးနိုင်ငံခရီးစဉ်တွင် ခေါင်းဆောင်ပိုင်းမှ သဘောတူညီမှုများ ပြုလုပ်သွားလိမ့်မည်ဟု တွက်ဆထားကာ မြန်မာသမ္မတ အနေဖြင့် ဗီယက်နမ်နိုင်ငံကို မတ်လ ၂၀ ၊၂၁ နှင့် ကမ္ဘောဒီးယားနိုင်ငံကို မတ်လ ၂၁၊ ၂၂ ရက်လည်ပတ်ပြီးနောက် လာအိုနိုင်ငံကို မတ်လ ၂၃ ရက်တွင် အလည်အပတ်ရောက်ရှိ ခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment