ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, March 16, 2012

စည်းလုံးသင့်ပြီ မြန်မာပြည်

 ဒို့မြန်မာနိုင်ငံသမိုင်းမှာ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်ကနေ ယနေ့ အထိနိုင်ငံရေးလမ်းကြောင်း တစ်လျှေက်လုံး နှစ်အနည်းငယ်ကလွဲရင် ဘယ်တော့မှ မစည်းရုံးခဲဘူး ။
ဒါကြောင့်နိုင်ငံတော့ကြီး ခဏခဏပြိုကွဲနေပြီး အကြိမ်ကြိမ်ပြန်လည်ထူထောင်ဖို့
ကြိုးစားနေခဲ့ရတယ်။ ဒို့ နိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ ဘုရင်၊ မင်း၊ အစိုးရ၊ သမ္မတ၊ တွေအရေအတွက်မမှတ်မိနိုင်လောက်အောင် များခဲ့ပေမယ့် တကယ်အရည်အချင်းမရှိခဲ့လို့ တိုင်းသူပြည်သားတွေကို စည်းလုံးအောင် မလုပ်နိုင်ခဲ့လို့၊ ပြည်သူတွေကို ပညာတတ်အောင်မသင်ပေးနိုင်ခဲ့လို့၊ အဘက်ဘက်မှာညံ့ခဲ့လို ကျွန်ဘ၀ထက်နိမ့်တဲ့ (ကျွန်သားပေါက်) ဘ၀ကိုလည် နှစ်ပေါင်းများစွာရောက်ခဲ့ရပြီးပြီ။
 အဓိက ကတော့ တိုင်းသူပြည်သားတွေ ပညာမတတ်လို့၊ ခေတ်နောက်ကျလို့၊ မစည်းလုံးခဲ့လို့ပဲလေ။
ပညာမတတ်တော့ မတိုးတက်ဘူး သူမျာလိမ်တာညာတာခံရတယ်။ မြန်မာက ဓားနှင့်တက်ခုတ်တဲ့အချိန်မှာ  အင်္ဂလိပ်က သေနတ်နှင့်ပစ်ခဲ့လို့ ရှုံးခဲ့ရပြီးပြီ၊ မြန်မာက သေနတ်လုပ်တတ်လာတော့ သူများက ဒုံးပျံလုပ်နေပြီ နောက်ကျပြန်ပြီ၊ ကိုယ်က ဒုံးပျံကိုထွင်ဖို့ကြိုးစားတုန်းရှိသေးတယ် သူများက ဂြိုလ်တုနဲ့ထိန်းချုပ်ပြီး စစ်တိုက်တော့မယ်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အဘက်ဘက်ကနိမ့်ကျနေတာကို ပြုပြင်ကယ်တင်နိုင်အောင် နိုင်ငံခေါင်းဆောင်တွေအားလုံး၊ ပါတီတွေအားလုံး၊ တိုင်းသူပြည်သားတွေအားလုံး စည်းလုံးကြပါစိုဗျာ....
အခုတော့ နိုင်ငံတော်နှင့်နိုင်ငံသားအရေး ကိုအလေးမထားပဲ ကိုယ်အာဏာရရှိရေး၊ ပါတီအားဏာရှိရေးပဲလုပ်နေကြပြီး စည်းရုံးနေကြတယ်။  စည်းရုံးရေးလုပ်တော့လည်း နိုင်ငံတော့်ကိုအကျိုးရှိအောင် ကိုယ့်ပါတီးရဲ့ တကယ်စစ်မှန်တဲ့ စိတ်စေတနာ၊ တကယ်လုပ်မပြဘူး၊ လေလုံးထွားပြီး ပညာမတတ်တဲ့ပြည်သူကို အမျိုးမျိုးညာပြီး စည်းရုံးနေကြတယ်။ အချင်းချင်းတိုက်ခိုက်နေကြတယ်  ကောင်းကြသေးလား။
NLD ကလည်းသူ့ပါတီ အနိုင်ရရေးအတွက် တစ်ခြားပါတီကို မကောင်းကြောင်းပြောတယ်၊ အစိုးရကိုမကောင်းကြောင်းပြောတယ်၊ အတိတ်အခံလုပ်တယ်။ ကြံ့ဖွံ့လည်း အတူတူပဲ သူပါတီအာဏာဆက်လက်ရရေးပဲအလေးထားလုပ်တယ်။ ပါတီတွေအားလုံး အတူတူပဲ။ ဘယ်ပါတီမှ မကောင်းကြဘူး။ နိုင်ငံရေးပါတီတွေ အချင်းချင်း အားနည်းချက်တွေကို ထိုးနှက်တိုက်ခိုက်နေမဲ့အစား အမှားတွေကို အပြန်အလှန်ခွင့်လွှတ်ကြ၊ ပါတီအားနည်းချက်တွေကို အပြန်အလှန်ပြင်ဆင်ပြီး နိုင်ငံရေးပါတီအားလုံး စည်းစည်းလုံးလုံးနှင့် တကယ်နိုင်ငံအကျိုးကို သယ်ပိုးကြရင် ကမ္ဘာမှာမြန်မာရယ်လို ထည်ထည်ဝါ၀ါရပ်တည်နေနိုင်တာ ကြာလောက်ပြီ။
အခုတော့  နိုင်ငံရေးပါတီတွေအချင်းချင်း၊ တိုင်းရင်းသားတွေအချင်းချင်း၊ တိုက်ခိုက်မှု၊ မစည်းလုံးမှုကို ပြည်ပနိုင်ငံတွေက စောင့်ကြည့်ပြီးနိုင်ငံရေး သွေးခွဲမှု၊ စီးပွားရေးအမြတ်ထုတ်မှုတွေကြောင့် နောက်ဆုံးတော့ နိုင်ငံတော်နှင့် နိုင်ငံသားတွေပဲ နစ်နာနေရတယ်။
ကိုယ်အာဏာရဖို့၊ ကိုယ့်ပါတီအာဏာရဖို့ပဲဆက်လုပ်နေရင်း စည်းလုံးမှုမရှိရင် နောင်နှစ်အနည်းငယ်အတွင်းမှာ မြန်မာလူမျိုးနှင့်မြန်မာနိုင်ငံပျောက်ကွယ်တော့မယ်ဆိုတာ သတိထားသင့်တယ်။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံရေးပါတီအားလုံး စည်းလုံးညီညာစွာနှင့် နိုင်ငံတော့ကိုတည်ဆောက်ကြပါစို......

တိုင်းမြန်မာ


No comments:

Post a Comment