ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, March 13, 2012

နောက်လိုက်ညီညီ စုပါတီ




အခုအချိန်မှာအန်တီစုဟာ လွှတ်တော်ထဲဝင်ပြီးအမတ်လောင်းရူး ရူးပြီးပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ အန်တီစုအတွေးထဲမှာတော့ မိမိလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံတော်ကိုစိတ်ကြိုက်တည်ဆောက် မယ်ဆိုပြီး အတွေးကျယ်ကျယ်အိပ်မက်နယ်ထဲမှာ
တိုက်အိမ်ဆောက်နေပါတယ်။ ပြည်သူတွေကိုစည်းရုံးရေး ဆင်းပြီးမဲတွေများများရအောင်လုပ်မယ်။ မဲများများရရင် ငါတို့ပါတီအနိုင်ရမယ်ဆိုတာကိုပဲ ခေါင်းထဲတွေး မနေပါနဲ့။ မိမိပါတီဟာ အဆင့်အတန်းရှိရှိထိုက်ထိုက်တန်တန်လွှတ်တော်ထဲဝင်သင့်တဲ့ ပါတီဟုတ်မဟုတ် သုံးသပ်သင့်ပါတယ်။ အသနားခံတောင်းခံမဲတွေနဲ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပြီး စိတ်ဓာတ်ရေးရာ၊ ကိုယ်ကျင့်တရားရေးရာပျက်ဆီးနေရင်တော့ သုံးစားလို့မရတဲ့ NLDပါတီပဲဖြစ်မှာပါ။ အန်တီစုအနေနဲ့ ဘ၀မှာ ကိုယ်ကျင့်တရားတွေ၊ စိတ်ဓာတ်တွေအရေးမပါဘူး အမတ်လုပ်ရဖို့ပဲအရေးကြီးတယ်လို့ တွေးတောနေရင်တော့ မှားသွားပါလိမ့်မယ်။ ခေါင်းဆောင်ထိုက်တဲ့အရည်အချင်းမရှိဘဲ နေရာကောင်းလိုချင်ရင်တော့ တစ်သက်လုံး မရနိုင်ပါဘူး။  
အန်တီစုအပြောသန်ပြီးအလုပ်နည်းတာကတော့ ပါတီအတွင်းမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ကြည့်ရုံနဲ့ သိနိုင်ပါပြီ။ အန်တီစုရဲ့ သမီးလို့လဲ ဆိုလို့ရ၊ ပါတီဝင်ကိုယ်စားလှယ်လောင်းလို့လည်းဆိုလို့ရတဲ့ ပုဗသီရိ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းဟာ အမေ့သမီးပီပီ ဖင်သရမ်းပြီး လင်စမ်းရှာတာကတော့ ကိုယ်စားလှယ် အဆင့်နဲ့ လုံးလုံးမှမထိုက်တန်ပါဘူး။ စန္ဒာမင်းဟာ လုပ်ချင်နေတာအမတ်လောင်းပါ။ ဒါပေမဲ့တရားဝင်လင် ယောင်္ကျားကြီးရှိရက်နဲ့ ပုဂံဟိုတယ်မှာ နှစ်ညအိပ် သုံးရက်ပါတီအတွက် အားကြိုးမာန်တက်လုပ်နေတာကတော့ နေပူပူမှာ ရေမကူဘဲ သေအောင် မဲဆွယ်နေတဲ့ NLD ဥက္ကဌကြီးကိုတစ်ထောင့်တစ်နေရာကနေ အားဖြည့် ကူညီပေးနေတယ်လို့ ထင်မိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အန်တီစုအနေနဲ့  ပါတီ အတွင်းမှာ သြဇာ ဘယ်လောက်ညောင်းတယ်ဆိုတာကိုလည်း ဖော်ပြနေပါတယ်။ အန်တီစုကလည်း အမတ်လုပ်ရရင် ပြီးရော ဆိုပြီးခြေရာနင်းတဲ့ သမီးတွေကို ကိုယ်ချင်းစာခွင့်လွှတ်ပေးနေပါတယ်။ အန်တီစုရဲ့ ကိုယ်ချင်းစာစိတ် ရှိတဲ့ ခွင့်လွှတ်တဲ့ စိတ်တွေကြောင့် NLD ပါတီအာဏာရရင်အမြန်ဆုံးတိုးတက်လာနိုင်တာတော့ ဖာခန်းတွေ၊ အနှိပ်ခန်းတွေပဲဖြစ်ပါတယ်။ အမေစုရဲ့ပါတီဝင်သမီးတွေက Living together နေတာ၊ နောက်မီးလင်းတာ တွေဟာထမင်းစားရေသောက်ဖြစ်နေလို့ NLD ပါတီရဲ့ ဓလေ့ထုံးစံတွေလားလို့ မေးရမလိုဖြစ်နေပါတယ်။ ဒီလိုပုံစံတွေ ဖြစ်နေတာလည်း ဦးဆောင်သူ အန်တီစုရဲ့ ပုံစံအတိုင်းထွက်တာတော့ မဆန်းပါဘူး။ အန်တီစု သမီးတွေဟာ အန်တီစုရဲ့ ဦးဆောင်မှုပုံရိပ်အတိုင်းတညီတညွတ်တည်း လိုက်ပါလုပ်ဆောင်နေတယ်ဆိုတာ ဒီလုပ်ရပ်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။ အန်တီစုအနေနဲ့ အရည်အချင်းမရှိသူ၊ကိုယ်ကျင့်တရားမကောင်းသူ၊ ဦးနှောက်မရှိသူ တွေကိုခေါင်းဆောင်ပြီး ပါတီဥက္ကဌ ဖြစ်လာပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ခေါင်း အနေနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်ရာမှာ မိမိရဲ့ကိုယ်ကျင့်တရား အဖွဲ့ဝင်တွေရဲ့ကိုယ်ကျင့်တရား၊စိတ်ဓာတ်တွေကို သုံးသပ်ပြီး ပါတီဝင်ကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်နဲ့ တန်မတန် အဖန်တစ်ရာလောက်စဉ်းစားပြီးမှ ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။










No comments:

Post a Comment