ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, March 14, 2012

ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးတင်ယာဉ်တစ်စီး ဓာတ်တိုင်တစ်တိုင်အား ဝင်တိုက်

ရန်ကုန်မြို့တော်၏ ယာဉ်အသွားအလာ ထူထပ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင်၁၃-၃-၁၂ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ၂၃၂ အထူးယာဉ်လိုင်းမှ ခရီးတင်ယာဉ် တစ်စီးသည် ယာဉ်နောက်ဆုတ်ရာမှ မြန်မာနိုင်ငံ ပန်းချီပန်းပု သင်တန်းကျောင်း (ချင်းချောင်းနန်းတော်) အနီးရှိ ဓာတ်တိုင်တစ်တိုင်အား ဝင်တိုက်မိရာ ဓာတ်တိုင် ပြိုလဲပြီး ဓာတ်ကြိုးများ လမ်းပေါ်နှင့် ဖြတ်သန်းသွားလာနေသည့် ကားများပေါ် ကျရောက်လာသဖြင့် ကုက္ကိုင်း မီးပွိုင့်နှင့် ဟာမစ်တစ် မီးပွိုင့်ကြား ကမ္ဘာအေးဘက်မှ ဆူးလေဘက်သို့ လာသည့်လမ်းကြော ပိတ်သွားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ဓာတ်တိုင်လဲပြီး ဓာတ်ကြိုးများ ပြတ်၊ ယာဉ်အသွားအလာ ရပ်ဆိုင်း ရန်ကုန်မြို့တော်၏ ယာဉ်အသွားအလာ ထူထပ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယနေ့မနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ၂၃၂ အထူးယာဉ်လိုင်းမှ ခရီးတင်ယာဉ် တစ်စီးသည် ယာဉ်နောက်ဆုတ်ရာမှ မြန်မာနိုင်ငံ ပန်းချီပန်းပု သင်တန်းကျောင်း (ချင်းချောင်းနန်းတော်) အနီးရှိ ဓာတ်တိုင်တစ်တိုင်အား ဝင်တိုက်မိရာ ဓာတ်တိုင် ပြိုလဲပြီး ဓာတ်ကြိုးများ လမ်းပေါ်နှင့် ဖြတ်သန်းသွားလာနေသည့် ကားများပေါ် ကျရောက်လာသဖြင့် ကုက္ကိုင်း မီးပွိုင့်နှင့် ဟာမစ်တစ် မီးပွိုင့်ကြား ကမ္ဘာအေးဘက်မှ ဆူးလေဘက်သို့ လာသည့်လမ်းကြော ပိတ်သွားကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်

No comments:

Post a Comment