ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, March 25, 2012

NLD ပါတီသည် NNDP ၏ မဲဆွယ်ခရီးကို နှောင့်ယှက်မှူပြုလုပ်

အမျိုးသားဒီမိုကရေစီပါတီသစ်(ခမောက်သုံးလုံး) သည် ဆိပ်ကမ်းမြို့နယ် အောင်နိုင်ရေး ခရီးစဉ်
တွင် NLD ၏ နှောင့်ယှက်မှူကို ကြုံတွေ့ခဲ့ရသည် ။


 ဒဂုံဆိပ်ကမ်းမြို့နယ် သို့ NNDP အနေဖြင့် အောင်နိုင်ရေး ခရီးဆင်းရာတွင် NNDP အရှေ့မှနေ၍NLD လူတစ်ချို့က အောက်ပါအတိုင်း သူနယ့်မြေ ကိုယ့်နယ်မြေ ဆိုသလို သဘောထားပြီး မဝင်ရန် လမ်းအား ဝါးလုံးတားပိတ်ခဲ့ပါသည် ။ သို့ဖြစ်ပါသောကြောင့် NNDP အနေဖြင့် ၄င်းတို့၏ အောင်နိုင်ရေး ခရီးစဉ်အား A ဘလာက်ရဲ့ ၈ လမ်းမြောက်မှာ အဆုံးသတ်ခဲ့ရပါတယ်။

 
NNDP အနေဖြင့် အဆိုပါ ဝါးလုံးအားဖယ်ရှား၍ ရသော်လည်း NLD ၏ ယုတ်မာရိုင်းစိုင်းမှုကို လူအများသိစေရန် မဖယ်ပဲလှည့်ပြန်ခဲ့ကြကြောင်း သိရပါတယ် ။ ပိတ်ဆို့သွားသူများမှာ NLD လူငယ်များ ကိုယ်တိုင်ဖြစ်ကြောင်း NNDP အောင်နိုင်ရေး ခရီးစဉ်မှာ ပါဝင်ခဲ့သူများကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

NLD အနေဖြင့် တမင်ပင် အစိုးရက သူတို့၏ မဲဆွယ်ခရီးစဉ် အား နှောင့်ယက်သယောင် ဖန်တီးမှူ သတင်းများ ထုတ်လွှင့်ကာ အစိုးရနှင့် ပြည်သူကို ရန်တိုက်ပေးနေပါတယ် ။ NLD ရဲ့
မဲဆွယ် တရားများမှာ အဆင့်အတန်းမရှိပဲ အစိုးရ နှင့် တစ်ဖက်ပါတီများကို စောင်းမြောင်းပြော
ဆို ပုတ်ခတ်ပြီးမှ မဲဆွယ်နေပါတယ် ။ ဒီလို တဖက်ကို ပုတ်ခတ်မဲဆွယ်နေတာလည်း NLD တစ်ခု သာဖြစ်ပြီး ကျန်သော ပါတီ ၁၆ ခုမှာ မိမိတို့ ပါတီ အစီအစဉ်ဖြင့် မိမိတို့ ပါတီရဲ့ လုပ်ငန်း
စဉ်များနှင့် သာ ဟောပြောကြပါတယ် ။ NLD အနေနှင့် သူတကာကို မကောင်းပြောတဲ့ အပြင်
သူများပါတီ၏ မဲဆွယ်မှူကို ကိုယ်ထိလက်ရောက် ပြုလုပ်ပြီး သူတို့ပါးစပ်မှ သူတို့ပါတီသာလျှင်
အနှောင့်အယှက် ခံနေရကြောင်း ဖာသယ်မ ပါးစပ်နှင့်လျှောက်ပြောနေ ကြောင်း တွေ့နေရပါတယ်

No comments:

Post a Comment