ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 27, 2012

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သမ္မတပြောကြား




မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်သုံးဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလ ၆ ရက်တွင် ပြောကြားသည်။ သမ္မတဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ Ministry of Knowledge Economy မှ ဒုတိယဝန်ကြီး မစ္စတာ Cho Seok ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များအား ယခုလ ၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် ယခုကဲ့သို့ စက်ရုံများ တည်ထောင်ပြီး ပထမအဆင့်အနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးလာရန် ဆောင်ရွက်သွားရန်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကြောင့် မြန်မာနိုင်ငံသား သုံးသန်းနီးပါးသည် ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း၊ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်းစက်ရုံတစ်ရုံလျှင် လုပ်သားအင်အား တစ်ထောင်ခန့် လိုအပ်သည့် စက်ရုံ ၁၀ ရုံ တည်ထောင်မည်ဆိုပါက လုပ်သားတစ်သောင်းနီးပါးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ဒုတိယအဆင့်အနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပစ္စည်းများကို တန်ဖိုးမြင့် ထုတ်လုပ်တင်ပို့နိုင်သည့် အဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့အပြင် ပြည်တွင်းသစ်လုပ်ငန်း ကဏ္ဍတွင်လည်း ထွက်ရှိလာသည့် သစ်ကုန်ကြမ်းအမျိုးမျိုးကို သစ်အချောထည် ထုတ်လုပ်သည့် စက်ရုံများ တည်ထောင်မည်ဆိုပါက စက်မှုကဏ္ဍအဆင့်မြှင့်တင်လာနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

No comments:

Post a Comment