ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, April 17, 2012

ကော့​မှူး​ သက်ကြီး​ရွယ်အိုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် ဂါရဝပြု

ကော့​မှူး​ သက်ကြီး​ရွယ်အိုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် ဂါရဝပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ ကော့မှူးမြို့နယ်တွင် ယနေ့နံနက်ရှစ်နာရီမှ ဆယ်နာရီအထိ ကျင်းပသော မြန်မာ့နှစ်သစ်ကူးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုကြားထဲတွင် ဤသို့တွေ့ရစဉ် (ဓါတ်ပုံ-Popular Myanmar News Journal )
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ ရန်ကုန်တိုင်း ကော့မှူးမြို့ နယ် ကိုသွားရောက်ပြီး သက်ကြီးပူဇော် ကန်တော့ပွဲနဲ့ ဒေသဖွံ့ ဖြိုးရေးရံပုံငွေပေးအပ်ပွဲတခု သွားရောက်ပြု ရင်းနဲ့ ဒေသခံတွေရဲ့ ထောက်ခံမှုရအောင် စတင်လုပ်ဆောင်ခဲ့ပါ တယ်။

ဒသဖွံ့ ဖြိုးရေးအတွက်ရံပုံငွေပေးအပ်ဖို့  ကော့မှူးမြို့ နယ်အတွင်း ကျေးရွာအုပ်စု ၆၀ကျော်ထဲက ၃ရွာကို မဲနှိုက် ရွေးချယ်ရာမှာ ပထမဆုကို ၀ါးဘလောက် သောက်ေ ကျးရွာ အုပ်စုက ကမာမတ်ရွာ၊ ဒုတိယဆုကို ဆတိုင်မွတ်ကျေးရွာ နဲ့ တတိယဆုကို ပုပါးကျေးရွာအုပ်စု တို့ ကရ၇ှိသွားပါတယ်။ ဒီဆုငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအနေနဲ့ ပေးအပ်တာဖြစ်ပြီး ပထမဆု ကျပ်ငွေ ၁၇၅သိန်း ၊ ဒုတိယဆု- ၇၅ သိန်းနဲ့  တတိယဆု အတွက် သိန်း (၅၀)သတ်မှတ်ထားတာပါ။ ဒီရန်ပုံငွေတွေကို ဆုရတဲ့ ကျေးရွာတွေက အသက်အကြီးဆုံးပုဂိုလ်တွေကိုပေးအပ်ခဲ့ပြီး ကျေးရွာသားရဲ့ ဆန္ဒအတိုင်း
လိုအပ်တဲ့နေရာမှာ သုံးစွဲနိုင်တယ်လို့  အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒေါ် အောင် ဆန်း စုကြည်ကတော့ တိုင်းပြည်ကောင်းကျိုး အတွက် ဆောင်ရွက်ရာမှာ ပထမဦး ဆုံး ခြေလှမ်းကိုဒီနေရာက နေ စတင် လိုက်ပြီ လို့ ၇ွာသားတွေကိုပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးရွာပေါင်း (၆၀)ကျော်ကရာနဲ့ ချီတဲ့သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့ပြီး အနုပညာ၇ှင် တွေဖြစ်တဲ့ လူမင်း၊ ဝေလုကျော်၊ မျိုးကြော့မြိုင်၊ သျှီ၊သံသာဝင်း၊ အနဂ ၊ ဆောင်းဦးလှိုင်၊ လင်းနစ်၊ သားထွေး၊ ကိုရဲလွင် စသူတို့ ကလည်း ရွာသားတွေကို သီဆိုဖျော်ဖြေမှု တွေပြုလုပ်ခဲ့ပါ တယ်။

ကော့မှူးမြို့ နယ် ဟာပြီးခဲ့တဲ့ ဧပြီလ (၁)ရက်ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ် အောင် ဆန်းစုကြည် ရွေးကောက် တင်မြှောက်ခံခဲ့ရ တဲ့ နယ်မြေဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ တိုင်းပြည်ကောင်းကျိုးအတွက်ဘာတွေလုပ်ဆောင် မလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
 

No comments:

Post a Comment