ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 23, 2012

မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေး အတွက် နိုင်ငံခြား သားများက ပင် တောင်းဆိုပေးနေသော်လည်း မြန်မာနိုင်ငံသား ဒေါ်စု မှ ဆိုင်းငံ့ဖို့သဘောတူ



မြန်မာနိုင်ငံသားတို့ အပေါ် အနောက်နိုင်ငံများ၏ စီးပွား ပိတ်ဆိုထားမှုတွေကို ရပ်ဆိုင်း ဖို့အတွက် အာဆီယံနိုင်ငံ အားလုံး အပါအဝင် တရုတ်နိုင်ငံတို့ က မြန်မာနိုင်ငံသား အားလုံး ကောင်းစားစေဖို့ ရှေ့ရှုကာ တောင်းဆိုပေးနေ ပေမယ့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ စီးပွားပိတ်ဆို့မှုကို မဖွင့်စေပဲ ဆိုင်းငံ့မယ့် အဆိုကို ထောက်ခံလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကဲန်မရွန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်၏ စီးပွားရေး ပိတ်ဆို့မှုကို မပယ်ဖျက်ဘဲ ဆိုင်းငံ့ထားရန် ဆုံးဖြတ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ အပြည့်အဝ ထောက်ခံကြောင်း သတင်းသမားတွေကို မျက်နှာပြောင်တိုက် ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေး တိုးတက်မှုများကြောင့် အမေရိကန်နိုင်ငံကတောင် ပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းလိုက်ကြောင်း ကြေညာကာ သမ္မတဦးသိန်းစိန်ကို လေးစား ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ် အဲရစ် နဲ့ ရထားသော သားအကြီး အလက်စန္ဒားအဲရစ် နဲ့ သားအငယ် ကမ်င်အဲရစ် တို့နေထိုင် ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ယောင်္ကျား၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမက် မိုက်ကယ် အဲရစ် ဘက်မှ အမျိုးတွေ အများကြီး နေထိုင်နေတဲ့ နိုင်ငံဖြစ်ပြီး မြန်မာပြည်သူတွေ စီးပွားဖွံဖြိုးမှု ကျဆင်းစေရန်အတွက် အနှစ် ၂၀ ကျော် စီးပွားပိတ်ဆို့ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အနှစ် ၂၀ ကျော် စီးပွားပိတ်ဆို့ခံရမှုကြောင့် မြန်မာနိုင်ငံဟာ တိုးတက်သင့်သလောက် တိုးတက်မလာကြောင်း ပြီးခဲ့တဲ့ အာစီယံထိပ်သီး အစည်းအဝေးအဝေး မှာ သမ္မတကြီး ဦးသိန်းစိန်က ပြောကြားခဲ့သလို ဒေါက်တာဦးမြင့်ကလည်း စီးပွားပိတ်ဆို့မှု ရိတ်သိမ်းဖို့ အချိန်ရောက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဌ ဦးသုဝေ ကလည်း စီးပွားပိတ်ဆို့မှု ကို ရုတ်သိမ်းသင့်ကြောင်း ပြောထားပြီး ဖြစ်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုဥက္ကဌ ဦးအုန်းတင် ကလည်း မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာရသည့် စီးပွားပိတ်ဆို့မှုကို ပယ်ဖျက်သင့်ကြောင်းပြောဆိုထားပြီးဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဦးခင်မောင်ဆွေမှ "မြန်မာနိုင်ငံ အပေါ် စီးပွားပိတ်ဆို့မှု လုပ်ထားခြင်းကြောင့် မြန်မာပြည် ဖွံဖြိုးတိုးတက်ရေး နှောင့်နှေးစေကြောင်းနှင့် အနောက်နိုင်ငံများက ပိုမိုကူညီသင့်ပြီး sanction ကို ပယ်ဖျက်သင့်ကြောင်း" ပြောဆိုခဲ့ပါတယ်။

တစည ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြည်ကလည်း "မြန်မာနိုင်ငံအနေနှင့် အင်အားကြီးနိုင်ငံများ၏ ပတ်လည်တွင် ရှိနေခြင်းကြောင့် ဒေသတွင်းနိုင်ငံများနှင့်လည်း ရင်းနီးပူးပေါင်းကာ စီးပွားလုပ်ဆောင်ရမှာဖြစ်သည်ကို အနောက်နိုင်ငံများအနေနှင့် နားလည်ပေးရန်လိုအပ်ကြောင်းနှင့် အနောက်နိုင်ငံများအနေနှင့်လည်း မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း" ပြေဆိုခဲ့ပါတယ်။

မြန်မာပြည်သူတို့အပေါ် ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခု (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ) မှ မနှစ် တုန်းက တောင်းဆို ခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက လည်း "တိုင်းရင်းသားဒေသ ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတဲ့ အချက်အလက်တွေထဲတွင် Sanction ဆိုတာလည်း ပါဝင်ကြောင်း" ပြောဆိုခဲ့ပါတယ်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ဦးအောင်မျိုးဦး ကလည်း "စီးပွားပိတ်ဆို့မှုက ပြည်သူကို အကျိုးမပြုတဲ့အပြင် အကျိုးယုတ်စေကြောင်း" ပြောဆိုခဲ့ပါတယ်။

ခေတ်သစ်ပြည်သူ့ပါတီ မှ ဦးထွန်းအောင်ကျော် ကတော့ "ဒီစီးပွားရေး ပိတ်ဆို့မှု အရေးယူလိုက်တဲ့ အတွက်ကြောင့် ပထမ အချက်က ပိတ်ဆို့ခံရတဲ့ နိုင်ငံမှာ စီးပွားရေး ကျဆင်းရကြောင်း၊ အဲဒီနောက် စာရိတ္တတွေ ပျက်ပြားလာကြောင်း၊ ပညာ မသင်နိုင်တဲ့ အတွက်ကြောင့် အသိတရားတွေ နိမ့်ကျသွားကြောင်း" ထောက်ပြ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးပါတီများ သာမက ပြည်တွင်းမှ မြန်မာပြည်သူများ အပါအဝင် ပြည်ပ မှ မြန်မာပြည်သူတို့အကျိုး လိုလားသူများက စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေး ကို အပြင်းအထန် ကန့်ကွက်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောက်ခံလျှက်ရှိပါတယ်။

ဗြိတိန်အစိုးရ၏ အထောက်အပံ့များကို စားသုံးက ကြီးပွားအဆင်ပြေနေသည့် ဘားမား ကန်ပိန်း ယူကေ မှ မြန်မာ များကလည်း မြန်မာနိုင်ငံအပေါ် စီးပွား ပိတ်ဆို့မှု ရုတ်သိမ်းရေး အစီအစဉ် ဆိုင်းငံ့ထားသည့် ဗြိတိန်ဝန်ကြီးချုပ်၏ အဆုံးအဖြတ်မှာ အလွန် ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မျက်နှာလို အားရ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment