ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, April 22, 2012

ဒီမိုး..ဒီလှေ..ဒီလူတွေနဲ့...ဒီအချိုးပဲလား.... NLD (ပေးစာ - ၁၃၃)


From : သီဟသစ်
 

အခုရက်ပိုင်း ဧပြီ ၂၃ မှာပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးကို NLD ပါတီ အနေနဲ့ တက်မယ်/ မတက်ဖူး ဆိုတာ
ကွဲကွဲပြားပြားမဖြေပဲ ဝေ့လည် ကြောင်ပတ်လုပ်နေတဲ့ အနေအထားမျိုးကိုတွေ့နေရတယ်။

ဖြစ်နေတဲ့ ပြသာနာက လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ တွေထဲက လွှတ်တော် ကိုယ်စားလှယ်
ကတိ သစ္စာပြုချက်နည်းဥပဒေ ၅(ဂ)နှင့် ၉(က)မှာ

"ကျွန်ုပ်…..သည် လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"လို့ပြဌန်းထားတယ်။
 ဒီစာပိုဒ်ကိုမကျေနပ်လို့ NLD က ပြင်ပေးဖို့တောင်းဆိုထားတာပါ။

“အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည်”  ဆိုတဲ့ စကားစုနေရာမှာ“အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ” ဆို ပြီး အစားထိုးပေးဖို့ နားပူနားဆာတိုက်နေပါတယ်။

ဒီရွေးကောက်ပွဲဝင်ပြီးမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမကာကွယ် မစောင့်ရှောက်ချင်ရင် ဘာကိုကာကွယ်ချင်သေးတဲ့ သဘောလဲ။မကာကွယ် မစောင့်ရှောက်ချင်ရင်  အစကတည်းကရွေးကောက်ပွဲကိုဝင်မနေနဲ့။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒါနိင်ငံရေးချုံခိုတာ ။

မဏ္ဍပ်လည်းပြင်ပြီးပြီ။ ဧည့်သည်တွေလဲဖိတ်ပြီးပြီ။ ကတုံးလည်းတုံးပြီးပြီ။ ဒါကိုမှ သင်္ကန်းတောင်းမရွတ်ချင်ဘူး....
ဆိုပြီး ဂဂျီဂဂျောင်လုပ်တဲ့ သဘောပါပဲ။

NLD ရဲ့ ဒီလို နိင်ငံရေးဂဂျီဂဂျောင် ကျတဲ့အကျင့်က အခုမှ စ ခဲ့တာမဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း တကြိမ်လုပ်ခဲ့ပြီးပြီ။ အဲ့ဒီတုန်းက မာရှယ်လောနဲ့ဆက်ပြီး အုပ်ချုပ်ဖို့မဖြစ်နိင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခု ဆွဲရမယ့် အနေအထားဖြစ်လာတယ်။နောက်တော့ မူကြမ်းဆွဲမယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးဖို့ ၁၉၉၀ ရွေးကောက်ပွဲကိုလုပ်ခဲ့တယ်။အဲ့ဒီမှာ ပြသာနာစတာပါပဲ။

ကိုယ်စားလှယ်လောင်းအများဆုံးရွေးခံရတဲ့ NLD က ရွေးကောက်ပွဲရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မူကြမ်းရေးဆွဲ ဖို့ကို လေသံပြောင်းပြီး အာဏာလွှဲပေးဖို့ ပြောတော့တာပါပဲ။နိင်ငံရေးကလိန်ကကျစ် NLD ရဲ့ဗီဇက အဲ့ဒီမှာ စ ခဲ့တာပဲ။တိုင်းပြည်ဗရမ်းဗတာနဲ့ အုပ်ချုပ်မှုစနစ်တွေ ဖရိုဖရဲအချိန်မှာ ဖျာဝင်ခင်းတဲ့အကွက် နဲ့ နိင်ငံရေးအကြပ်အတည်းဖြစ်အောင်လုပ်ခဲ့တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ ဘာနဲ့နိင်ငံကို အုပ်ချုပ်ချင်တာကိုတော့ အဲ့ဒီတုန်းက NLD ညဏ်ကြီးရှင်တွေပဲ သိလိမ့်မယ်။အဲ့ဒီကာလမှာ နိင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေအားလုံး ဝိုင်းပြီးထောက်ပြခဲ့တာ မေးခွန်းနှစ်ခုထဲ ပါပဲ။

(၁)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ အစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့စည်းမလဲ။

(၂) NLD အနေနဲ့ ကြားကာလမှာ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး နှစ်ပေါင်း ဘယ်လောက်ကြာအောင် တိုင်းပြည်ကိုအုပ်ချုပ်မလဲ။

ဒီအခြေခံအကျဆုံးမေးခွန်းနှစ်ခုကိုတောင် NLD က ဝေ့လည်ကြောင်ပတ်နဲ့ အဖြေမပေးခဲ့ဘူး။ အာဏာလွှဲပေးဖို့ပဲ တောက်လျှောက်တောင်းဆိုခဲ့တယ်။ တွေးကြည့်ရင်တော့ NLD အခုလုပ်နေတဲ့အကွက်က အရမ်းတော့မထူးဆန်းပါဘူး။ နည်းဟောင်းကိုပြန်သုံးခဲ့တာပါပဲ။

၁၉၉၀ မှာတကြိမ်ကျရှုံးခဲ့ပြီး ၂၂ နှစ်အကြာမှာမှ နလံပြန်ထတုန်း ရှိပါသေးတယ်။
မနူးမနပ်အကွက်နဲ့နိင်ငံရေးအကြပ်အတည်းကိုထပ်ပြီး ဖန်တီးနေမယ်ဆိုရင်တော့
NLDအနေနဲ့အလားအလာမကောင်းနိင်ပါဘူး။

အားလုံးအပြုသဘောဆောင်နေချိန်မှာ  ဖောက်မလာဖို့ မျှော်လင့်မိပါတယ်။

No comments:

Post a Comment