ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 31, 2012

အာရှဖွံ့ဖြိုးရေးဘဏ်က လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်သွားမည်



From : ခေတ်လူငယ်


အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရန်ကုန်တိုင်းဒေသကြီးတွင် Center Point တစ်ခုအဖြစ် သတ်မှတ်ထားရှိကာ လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများကို ပေးအပ်သွားရန်ရှိနေကြောင်း သိရသည်။ ADB မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ယခုလအစောပိုင်းအတွင်းက လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကြိုသဘောတူညီမှု ရရှိထားသည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ADB မှ တာဝန်ရှိသူများအား လျှပ်စစ်မီးရရှိရေးကိစ္စကို အဓိက ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာပင် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ ၇၀၀ ရှိနေကြောင်း၊ လျှပ်စစ်မီးရရှိပါမှ စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်ပြီး လုပ်သားအခွင့်အလမ်း ကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းအပြင် လတ်တလော လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ ထိရောက်သော စွမ်းဆောင်မှုများပြုလုပ်နိုင်ခြင်း မရှိသေးသည့် အတွက် ပြည်သူတို့၏ အငြိုငြင်ခံနေရပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနက ရောင်းထားခဲ့သော လျှပ်စစ်ဓာတ်အားများကြောင့် ယခုကဲ့သို့ အခက်ကြုံနေရခြင်း ဖြစ်ခဲ့သည်ဟု အစိုးရအဖွဲ့က ဖြေရှင်းပြောကြားကြောင်း သိရသည်။ ADB အနေဖြင့်လည်း ၎င်းတို့မှာ စီးပွားရေးအရ အလုပ်လည်ပတ်နေသော ဘဏ်တစ်ခုမဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသော ဘဏ်တစ်ခုဖြစ်ကာ ရန်ကုန်မြို့၏ လျှပ်စစ်မီးအခက်အခဲကိစ္စကို ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း၊ ပြီးခဲ့သော နှစ်ပေါင်း ၂၀ ကျော်အထိ ထောက်ပံ့ကူညီမှု မလုပ်ဘဲ နေခဲ့ရခြင်းကို အားနာမိပါကြောင်းတို့ကို ပြောကြားခဲ့သည်။

No comments:

Post a Comment