ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 17, 2012

ပြည်ခိုင်ဖြိုးပါတီ အောက်ခြေမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ထိ ပြည်လည်ဖွဲ့စည်းမည်


 From : Popular

 

 ပြည်ခိုင်ဖြိုးပါတီကို ရပ်/ကျေးအဆင့်မှပြည်နယ်နှင့်တိုင်းဒေသကြီး ကော်မတီအဆင့်ထိ ဇွန်လအတွင်းအပြီးသတ်ပြန်လည်ဖွဲ့စည်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းကပြောသည်။
 ”တို့က အသင်းဘဝကနေပြီး တောက်လျှောက်လာပြီးတော့မှပါတီ ပြောင်းတဲ့အချိန်မှာ ဖွဲ့စည်းပုံကိုလုပ် လိုက်ရမှာ အခုမှ လုပ်ရတဲ့ အနေ အထားဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။ပါတီတစ်ရပ်အတွက် ဖွဲ့စည်း ပုံ မှန်မှန်ကန်ကန်ဖြစ်ရန်နှင့် ပြည်သူ တို့၏ဆန္ဒအတိုင်း ဖြစ်ရန်လိုအပ် ကြောင်း ၄င်းကပြောသည်။ ”အောက်ခြေမှာရှိတဲ့ ရပ် ကျေးတွေက အခြေခံစပြီး လုပ်မှာ ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးပါ တယ်။ ရပ်ကျေးတွေကို ပြန်ရွေး မယ်။ ရပ်ကျေးကို အခြေခံပြီး မြို့ နယ်ကို ပြန်ရွေးမယ်။ မြို့နယ် ကို အခြေခံပြီး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့် ပြန်ရွေးမယ်” ဟု ၄င်းက ပြောသည်။ထိုကဲ့သို့ရွေးချယ်ရာတွင်အများ ဆန္ဒနှင့် အညီလျှို့ဝှက်မဲပေးသည့် စနစ်ကိုကျင့် သုံးမည်ဟု သိရသည်။ ”ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နေတဲ့အဆင့်မှာ ဆက်ဆံရေး အဆင်မပြေတာတွေ၊မောက်မာတာ  တွေ၊ပျက်ကွက်တာတွေ ပြန်ကြား ရတယ်”ဟု ၄င်းက ပြောသည်။ပါတီမှ ဖယ်ရှားခံရသည့်သူ များ၏ နေရာကိုလည်း ပါတီဝင် အများစု၏ဆန္ဒဖြင့်သာပြန်လည်ရွေး ချယ်တာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။သင်္ဃန်း ကျွန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီဝင် တစ်ဦးက ”စီးပွားရှာ ချင်ရင် ပါတီက အရင်ထွက်တာ ကောင်းတယ်။ လျှို့ဝှက်မဲပေးတဲ့ စနစ်နဲ့ ဆိုတော့ ဘယ်သူဘာလုပ် ထားတယ် ဆိုတာ ပေါ်ပြီလေ။ အခုမှ သွားကောင်းပြနေလို့မရ ဘူး”ဟု ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ပါတီအဖြစ်သို့ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် လ ၆ ရက်နေ့တွင် ပြောင်း လဲခဲ့သည်။

No comments:

Post a Comment