ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, May 13, 2012

အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်



မြန်မာနှစ်သစ်ကူးရက် ကျရောက်သော ဧပြီလအတွင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် အပါအဝင် နိုင်ငံတကာ ထိပ်တန်းသံအမတ်များ တသီတတန်း လာရောက်မှုအပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသို့ လာရောက်စဉ်အတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးတို့ကို မြန်မာသမ္မတကြီး ဦးသိန်းစိန်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်းမြေထိစပ်နေသည့် တစ်ခုတည်းသော နေရာမြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတိုးတက်ရေး၊ နှစ်နိုင်ငံ ဗီဇာကိစ္စရပ်များ ဖြေလျှော့ရေး၊ ရေကြောင်းနှင့် ကုန်းမြေနယ်စပ်တစ်လျှောက် သတင်းအချက်အလက်နှင့် စုံစမ်းရေးဌာနများ မြှင့်တင်ရေး၊ စွမ်းအင်နှင့် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးတို့ ပြုလုပ်သွားနိုင်ကြောင်း နယူးဒေလီမြို့တော် အခြေစိုက် Vivekananda International Foundation မှ Associate Fellow ဖြစ်သူ Chietigj Bapaee ၏ Asia Tines မီဒီယာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

No comments:

Post a Comment