
KIA က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အဇီးဇော်နော်ကတော့ သူတို့အဖွဲ့အနေနဲ့ ထိုင်ရာယန်ဒေသနဲ့ ဒါဝယ်ဒေသတွေမှာ တာဝန်ယူရမှာဖြစ်ပြီး သူတို့နယ်မြေထဲမှာရှိနေတဲ့ ကချင်တွေအနေနဲ့ သွားလားလှုပ်ရှားမှုတွေ ဆင်ခြင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ အလားတူပဲ ဗိုလ်မှူးအဆင့်ရှိ မခေါတူးကလည်း သူတို့ရဲ့ နယ်မြေမှာရှိနေတဲ့ ခရစ်ယာန်ကချင်တွေကို မှာထားတယ်လို့ သိရှိရပါတယ်။ ဗိုလ်မှူးအဆင့်ရှိ အနှိုင်းဇော်ခေါင်နဲ့ အဖွဲ့ကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆင်ဘိုမြို့နယ်ထဲ ဝင်ရောက်လာတဲ့ လှေ/သင်္ဘောတွေကို ပစ်ခတ်ဖို့တာဝန်ယူထားရတယ်လို့ သိရပါတယ်။

နောက်ပြီး KIA က ဂမ်ရှောင်နဲ့ အင်ဘန်လတို့က ကချင်လူမျိုး အချင်းချင်း သွေးခွဲဆက်ဆံအုပ်ချုပ်၊ အကြမ်းဖက်လုပ်ရပ်တွေကို လည်း အဆက်မပြတ်လုပ်ဆောင်နေတော့ ကချင်ပြည်သူပြည်သားတွေအားလုံး မြေဇာပင်ဖြစ်နေရပါတယ်။ အစိုးရတပ်စခန်းတွေကို မတိုက်ရဲတာနဲ့ သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ ရထားလမ်း၊ ကားလမ်းတွေ ဖောက်ခွဲဖျက်ဆီး နေတော့ ကချင်ပြည်နယ်ကောင်းစားရေးလား၊ ကချင်လူမျိုးကောင်းစားရေးလားဆိုတာ KIA ခေါင်းဆောင်ကြီးများ ကွဲကွဲပြားပြား သိသင့်ပါတယ်။ ကိုယ့်လူမျိုးစုတွေကို ဒုက္ခရောက်သေကြေပျက်ဆီးအောင် လုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်ကြီးများရဲ့ဘဝဟာ ဇာတ်သိမ်းမလှနိုင်ဘူးဆိုတာ ထာဝရဘုရားသခင်ကိုယ်တော်တိုင်က အမိန့်ချဒဏ်ခတ် ပါလိမ့်မယ်။
No comments:
Post a Comment