ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 29, 2012

မြစ်ကြီးနားသို့ကျောင်းတက်ရန်သွားသည့်ကားကို KIA မှပစ်ခတ်...


From : ကချင်ပြည်သူတစ်ဦး


မနေ့ နေ့လည်၁၂နာရီလောက်က ဆဒုံးမြို့နယ်ခွဲ ဝေမိုးရွာ တွင်နေထိုင်သော ကျောင်းသား ကျောင်းသူလေးများကို မြစ်ကြီးနား တွင်ကျောင်းတက်ရန်အတွက် ကားဖြင့် မြစ်ကြီးနား-ကန်ပိုက်တီးလမ်း အတိုင်းလာစဉ်အတွင်းမှာ ဆဒုံးမြို့နယ် လနပါ ရေတံခွန်နဲ့ ဆနာရွာကြားမှာ KIA က လမ်းဘေး ကနေ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။ ကားပေါ်မှာပါလာတဲ့ ကျောင်းသားကျောင်းသူများကတော့ထိခိုက်မှုမရှိပေမယ့်ကားတော့အနည်းငယ်ထိမှန်ခဲ့ပါတယ်။
သူတို့အချင်း ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ကျောင်းသားကျောင်းသူတွေနဲ့မဆိုင်ပါဘူး။ ကျောင်းသား ကျောင်းသူတွေပညာရာရေးအရသွားရောက်သင်ယူမယ့်လမ်းကိုမပိတ်သင့်ပါဘူး။ KIAက ပြည်သူတွေအသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊မိုင်းထောင်မှုတွေလုပ်နေတာအကြမ်းဖက်အဖွဲ့ပုံဖြစ်နေပါတယ်။ အခုလဲကချင်ပြည်နယ်ရဲ့အနာဂတ်ကြယ်ပွင့်လေးတွေကိုအနာဂတ်ပျောက်အောင်လုပ်နေတာနဲ့တူနေပါတယ်။ ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားဘဲ သူတို့အာဏာတည်မြဲရေးကိုဘဲ လုပ်ဆောင်နေတယ်လို့ ဆဒုံးမြို့ကလူတွေကပြောနေကြပါတယ်။

No comments:

Post a Comment