ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, June 23, 2012

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် တာဝန်ရှိသူများ ရခိုင်များကို အားပေး



ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် စစ်တွေမြို့မှတစ်ဆင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပေါက်တောမြို့တို့သို့ လှည့်လည် သွားရောက်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား တွေ့ဆုံပြီး အခြားဒေသများမှ တိမ်းရှောင်ရောက်ရှိနေ သူများအား နှုတ်ဆက်အားပေးကြသည်။ ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှင့်အဖွဲ့ဝင်များ သည် နံနက် ၈ နာရီခွဲတွင် ပုဏ္ဏားကျွန်းမြို့သို့ရောက် ရှိကြပြီး လောကမာရဇိန်ဘုရား သိမ်တော်၌ ယာယီ နေရာချထားပေးသည့် အခြား မြို့နယ်များမှ တိမ်းရှောင်လာသူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေတို့က တိမ်းရှောင်
လာသူများအတွက် ခေါက်ဆွဲခြောက် ထုပ်များ၊ အဝတ်အထည်များနှင့် ပန်း ကန်၊ ဇွန်းများကို တာဝန်ရှိသူများထံ ပေးအပ်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ ဝင်များသည် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား လည်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေး ချမ်းရေး ဆက်လက်ထိန်းသိမ်းဆောင် ရွက်ကြရန် မှာကြားကြသည်။

ထို့နောက် နံနက် ၁ဝ နာရီတွင် ရသေ့တောင်မြို့သို့ရောက်ရှိကြပြီး မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ မြို့နယ်အုပ ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်က မြို့နယ် ၏တည်ငြိမ်အေးချမ်းမှုရှိသည့် အခြေ အနေများ၊ စိုးရိမ်စိတ်ကြောင့် တိမ်း ရှောင်လာသူများအတွက် ကယ်ဆယ် ရေးစခန်းများဖွင့်လှစ်၍ ထိန်းသိမ်း စောင့်ရှောက်ပေးလျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဒုတိယဝန်ကြီးတို့က လတ်တ လောဖြစ်ပွားခဲ့သည့် ပြည်နယ်အတွင်း ရှိ မြို့နယ်အခိျု့၏ အခြေအနေများ၊ မ လိုလားအပ်သည်များ ဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းမှုရှိသည့် ရသေ့ တောင်မြို့နယ်၏ အနေအထားကိုထိန်း သိမ်းထားရန်လိုအပ်မှုများ၊ နေအိမ်မီး လောင်ဆုံးရှုံးသူများနှင့် တိမ်းရှောင်လာ သူများ၏ စားရေး၊ နေရေး၊ ကျန်းမာ ရေး၊ မိမိဒေသသို့ ပြန်လည်နေထိုင်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည် နယ်အစိုးရတို့က ဖြည့်ဆည်းစီမံဆောင် ရွက်ပေးလျက်ရှိသည့် အခြေအနေများ ကို ရှင်းလင်းပြောကြားကြပြီး မြို့မိမြို့ဖ များ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လည်း ရှင်းလင်းဖြေကြားကြသည်။


ထို့နောက် ကယ်ဆယ်ရေးစခန်းဖွင့် လှစ်ထားသည့် အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်၍ အခြား ဒေသများမှ တိမ်းရှောင်လာသူများအား ကျန်းမာရေး၊ နေထိုင်စားသောက်ရေး ကိစ္စများကို မေးမြန်းကာ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ကြသည်။ ဆက် လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ လည်း ဝင်ရောက်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ဒေသတည် ငြိမ်အေးချမ်းရေးကိစ္စများမှာကြားသည်။ ထို့နောက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ် တွင် ပေါက်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ ဒေသခံများနှင့် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီးလှမင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် ပြည် နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့က ယခုအခါ ပြဿနာဖြစ်ပွားသည့် မြို့နယ် အခိျု့တွင် တည်ငြိမ်အေးချမ်းမှုများ ရ ရှိနေပြီဖြစ်ကြောင်း၊ ယနေ့ရောက်ရှိခဲ့ သည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပေါက်တောမြို့နယ် တို့၌ မလိုလားအပ်မှုများ ဖြစ်ပွားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ရရှိထား သည့် တည်ငြိမ်အေးချမ်းမှုများကို ဆက် လက်ထိန်းသိမ်းထားရန်လိုကြောင်း၊ အဖျက်အမှောင့်ကောလာဟလများကို မယုံကြည်ကြရန် အထူးအရေးကြီး ကြောင်းဖြင့် မှာကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး တို့က ဒေသအတွင်းမှ တိမ်းရှောင်လာ သူများအတွက် ထောက်ပံ့ပစ္စည်းများ ကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment