ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, June 21, 2012

NLD ရုံးချုပ်ရှေ့တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်မည်



ပြည်သူထဲက ပြည်သူ တစ်ဦးဖြစ်သူ ဦးမင်းဆွေ (ငါးမင်းဆွေ) သည် စီးပွားရေးပိတ်ဆို့မှု ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး လိုပြီး ဒေါ်အောင်ဆန်းစုကြည်မှ မလိုက်လျောပါက ယခု နှစ် သြဂုတ်လအတွင်း NLD ရုံးချုပ်ရှေ့၌ အစာငတ်ခံ ဆန္ဒထုတ်ဖော်မည်ဟု ဆိုထားသည်။

အဆိုပါ ပြည်သူ တစ်ဦး ဖြစ်သူ ဦးမင်းဆွေသည် ``ရန်သူစန်ရှင်နှင့် အတူလိုက်ပါ မဆုတ်ခွာစေချင်ပါ´´ ခေါင်းစဉ်ဖြင့် စာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယခုနှစ် မေလ ၁၁ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ယင်းစာတွင် စန်ရှင်သည် အကျပ်ကိုင် အကြမ်းဖက်မှုဖြစ်ကြောင်း အမျိုးသားအကျိုးစီးပွားကို များစွာထိခိုက်နစ်နာစေကြောင်း စန်ရှင်တောင်းဆို အားပေးထောက်ခံသူသည် အကြမ်းဖက်မှု ကျူးလွန်ရာရောက်ကြောင်း အမျိုးသားသစ္စာဖောက် ဖြစ်ကြောင်း ရေးသားခဲ့သည်ဟု သိရသည်။

စန်ရှင် ကိုတောင်းဆိုခဲ့သော ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယင်းအကြောင်းတရားများကို နားလည်သဘောပေါက်ပါက မိမိအမှားကို ၀န်ချတောင်းပန်ရန်နှင့် မိမိအမှားကို ပြုပြင်ပါရန် ဆိုထားသည်။

စန်ရှင်သည် အကျပ်ကိုင် အကြမ်းဖက်မှုမဟုတ်၊ အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိ စန်ရှင်ကို မိမိတောင်းဆိုခဲ့ခြင်းမဟုတ်ဟု ဆိုပါလျှင် ဒေါ်အောင်ဆန်းစုကြည်မှ မိမိအား တရားစွဲပါရန် ငါးမင်းဆွေက ဆိုသည်။

ဒေါ်စုသည် ယခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေးကုမဏီကြီးများအနေဖြင့် သတိထား ဆင်ခြင်သုံးသပ်ပြီး ရင်းနှီးမြှုပ်နှံသင့်ကြောင်း မြန်မာနိုင်ငံတွင် လူငယ်များသည် အလုပ် လက်မဲ့ဖြစ်နေပြီး ထိုအချက်သည် ချိန်ကိုက်ဗုံး တစ်လုံးကဲ့သို့ ပေါက်ကွဲလာတော့မည်ဟု ဆိုခဲ့ကြောင်း မြန်မာနိုင်ငံတွင် သတိထားဆင်ခြင်သုံးသပ်ပြီး ရင်းနှီးမြှုပ်နှံရန် ဒေါ်စုပြောဆို လိုက်ခြင်းသည် နိုင်ငံနှင့်လူမျိုးအပေါ် အလွန်ရက်စက်ရာရောက်ကြောင်း ၄င်းက ဆိုထားသည်။

ထို့အပြင် သူမသည် ၁၉၉၆ ခုနှစ်မှ စတင်၍ ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ မလာရောက်ရန် ပြည်ပကုမဏီကြီးများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမပြုရန် အစဉ် တစ်စိုက်တောင်းဆိုခဲ့သည်ဟုာ ၄င်းက ပြော ထားသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ မိမနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး လိုကြောင်း ဒေါ်စုသည် မိမိနှင့်မတွေ့ဆုံပါက စန်ရှင်သည် အကျပ်ကိုင်အကြမ်းဖက်မှု မတရားမှုကြီးဖြစ်သည်။

စန်ရှင်သည် အမျိုးသား အကျိုးစီးပွားကို များစွာထိခိုက်စေခဲ့သည်။ ဒေါ်စုသည် စန်ရှင်ကိုတောင်းဆိုခဲ့သည်။ စန်ရှင်ကိုတောင်းဆိုသူသည် အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်သည်။ စန်ရှင်ကို တောင်းဆိုခဲ့သူသည် အမျိုးသားသစ္စာဖောက်ဖြစ်သည်ဟု ရေးသားခဲ့သော မိမိအား
ဒေါ်စုမှ တရားစွဲပါရန် တောင်းဆိုထားသည်။

အထက်ပါ အချက်နှစ်ချက်မှ တစ်ခုခုကို ဒေါ်စုအနေဖြင့် ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လုပ်ဆောင်ပေးလိုကြောင်းနှင့် မလုပ်ဆောင်ပေးနိုင်ပါက ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း တွင် မိမိအနေဖြင့် NLD ရုံးချုပ်ရှေ့သို့ လာရောက်ပြီး အစာငတ်ခံ ဆန္ဒထုတ်ဖော်မည်ဟု စာရွက်များ ဝေငှခဲ့သည်။

No comments:

Post a Comment