ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, August 03, 2012

စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ


From : M Media
စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ... ခပ်ရှင်းရှင်းပြောရရင် ဘယ်သူကမှ မီဒီယာကို စတုတ္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်တာမဟုတ်ပါဘူး... နိုင်ငံတော်တစ်ရပ် အတွက် အဓိမဏ္ဍိုင်ကြီး၃ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတာ ပြည်သူလူထုကရွေးချယ်တင်မြှောက်ခံဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံဝန်ထမ်းအဖြစ် နိုင်ငံတော်ရဲ့ ဘဏ္ဍာတော်ကိုစားပြီး ဆောင်ရွက်ရသူပါ... မီဒီယာဆိုတာကတော့ ပြောရရင် စီးပွါးရေးလုပ်ငန်းတစ်ခုသက်သက်ပါပဲ... ဒါကို မီဒီယာသမားတွေက ကိုယ့်ကိုယ်ကိုဂုဏ်တင်ပြီး

စတုတ္ထမဏ္ဍိုင်ရယ်လို့ အော်ဟစ်နာမည်ကောင်းယူနေတာပါ...

ဒီမိုကရေစီစံနစ်စစ်စစ်မှာ အုပ်ချုပ်ရေးတာဝန်ကိုယူထားရတဲ့ အစိုးရအဖွဲ့ဆိုတာ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခံ သမ္မတ/ဝန်ကြီးချုပ်ရဲ့ ရွေးချယ်မှုပါ... တကယ်လို့ပြည်သူလူထုကမကျေနပ်ရင် လိုအပ်တဲ့အတိုင်းဆောင်ရွက်ပြီး ဖြုတ်ချလို့ရသလို တစ်စုံတစ်ရာအမှားအယွင်းဖြစ်ခဲ့ရင်လည်း တာဝန်ယူပြီးနှုတ်ထွက်ရသူတွေပါ... တရားဥပဒေပြုရေးတာဝန်ကိုယူထားရတဲ့ လွှတ်တော်ထဲက လွှတ်တော်အမတ်တွေဟာဆိုရင်လည်း မဲဆန္ဒနယ်အလိုက် မဲပေးရွေးကောက်ထားတဲ့ ရွေးကောက်ခံတွေဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်မှုအပေါ် လူထုကမကျေနပ်ရင် လူထုက နည်းမှန်လမ်းမှန်နဲ့ ဖြုတ်ချလို့ရသူတွေပါ... တရားစီရင်ရေးတာဝန်ကိုယူထားရတဲ့ နိုင်ငံတော်တရားရုံးနဲ့ တရားသူကြီးချုပ်ကစလို့ တရားစီရင်ရေးဆိုင်ရာဝန်ထမ်းအားလုံးဟာလည်း နိုင်ငံတော်ကချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီရွေးချယ်ထားသူတွေဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာမှာ လူထုကမကျေနပ်ရင် လုပ်ထုံးလုပ်နည်းနဲ့အညီ တရားသူကြီးချုပ်ကစလို့ အောက်ဆုံးတရားရေးဝန်ထမ်းတွေအားလုံးကို နှုတ်ထွက်ရန်တောင်းဆိုခွင့် တင်ပြခွင့်လူထုမှာရရှိထားပြီးဖြစ်ပါတယ်... ကျနော်ပြောတာ ဒီမိုကရေစီစံနှုံးအတိအကျကိုဆိုလိုပါတယ်...

ကဲ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာမှာ လူထုက ဖြုတ်ချခွင့်ရှိလား... သူတို့မှာ ပိုက်ဆံရှိရင် ဆက်လက်လုပ်ကိုင်နိုင်နေမှာပဲဖြစ်သလို လူထုရဲ့ရွေးချယ်တင်မြှောက်ခံတွေလည်းလုံးဝမဟုတ်လို့ လူထုအနေနဲ့ ၎င်းတို့အပေါ်မှာ တရားဥပဒေကြောင်းအရ တရားရင်ဆိုင်တာကလွဲလို့ ဖြုတ်ချခွင့်မရှိပါဘူး... နိုင်ငံတကာမှာ မီဒီယာလောကနဲ့ ဖြစ်ပွါးခဲ့တဲ့ ဥပဒေကြောင်းဆိုင်ရာ အဖြစ်အပျက်တွေကိုကြည့်ရင်လည်း စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာလောကသားတွေဟာ လူထုကိုယ်စားပြုဆိုတဲ့ အရေခွံကိုခြုံထားပြီး လုပ်ဆောင်နေကြပေမဲ့ တကယ့်တကယ်တမ်းမှာတော့ လူထု(လူနည်းစုဖြစ်စေ/လူများစုဖြစ်စေ)အပေါ်မှာ တစ်စုံတစ်ရာအမှားကြူးလွန်မိလို့ တာဝန်ယူတာရှားပါးလှပါတယ်... ဒါ့ကြောင့် မီဒီယာဆိုတာ သူ့ကိုယ်သူ ဂုဏ်မြှင့်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ ဘယ်လိုပဲပြောပြော စီးပွါးရေးလုပ်ငန်းတစ်ခုသက်သက်သာဖြစ်ပါတယ်... ကောင်းတဲ့လူတွေလုပ်ရင် ကောင်းတဲ့ Product ထွက်တဲ့ စီးပွါးရေးလုပ်ငန်းဖြစ်နေမှာဖြစ်သလို မကောင်းတဲ့လူ/အရည်အချင်းမပြည့်မှီသူတွေလုပ်ရင် မကောင်းတဲ့ Product ထွက်တဲ့ စီးပွါးရေးလုပ်ငန်းသာဖြစ်ပါတယ်... :]

No comments:

Post a Comment